သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲအလွန် မတည်မငြိမ်ဖြစ်မယ့်အပေါ် ရွေးကောက်ပွဲစောင့်ကြည့်သူတွေ စိုးရိမ်


နိုဝင်ဘာလ ၈ ရက်နေ့မှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးနေသည့် မဲဆန္ဒရှင်တစ်ဦးကို ရန်ကုန်မြို့ရှိ မဲရုံတခုမှာ တွေ့ရ။ (နိုဝင်ဘာ ၈၊ ၂၀၂၀)
နိုဝင်ဘာလ ၈ ရက်နေ့မှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးနေသည့် မဲဆန္ဒရှင်တစ်ဦးကို ရန်ကုန်မြို့ရှိ မဲရုံတခုမှာ တွေ့ရ။ (နိုဝင်ဘာ ၈၊ ၂၀၂၀)

[Zawgyi/Unicode]

ရွေးကောက်ပွဲရလဒ်ဆိုင်ရာ အငြင်းပွားမှုတွေကြောင့် ရွေးကောက်ပွဲအလွန် မတည်မငြိမ်ဖြစ်ပြီး အစိုးရသစ်ပြောင်းရေးကြန့်ကြာစေမှာကို စိုးရိမ်ကြောင်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ခဲ့တဲ့ ပြည်တွင်းကအဖွဲ့တွေရဲ့ ဒီကနေ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်တခုလုံး နှောင့်နှေးတုံ့ဆိုင်းသွားမှာကိုလည်း နိုင်ငံထဲမှာ စိုးရိမ်ပူပန်မှုတွေ ပေါ်ပေါက်နေတယ်လို့ ဒီကြေညာချက်ထဲမှာဖော်ပြထားပါတယ်။

ရွေးကောက်ပွဲအဆင့်ဆင့်ကို စောင့်ကြည့်ခဲ့တဲ့ PACE ခေါ် ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ နယူးမြန်မာဖောင်ဒေးရှင်း၊ ငြိမ်းချမ်းမျှတ လူမှုအဖွဲ့အစည်းနဲ့ ဖန်တီးအိမ်တို့လည်းပါတဲ့ ဒီအဖွဲ့တွေရဲ့ ပူးတွဲကြေညာချက်ထဲမှာ ရွေးကောက်ပွဲ ဥပဒေမူဘောင်၊ လုပ်ထုံးလုပ်နည်းတွေ အားနည်းချက်နဲ့ ကိုဗစ်အကန့်အသတ်တွေကြောင့်တော့ အားနည်းချက်တွေရှိခဲ့တယ်လို့ ထောက်ပြခဲ့ပါတယ်။

ဒါပေမဲ့ ဒီအားနည်းချက်ကြောင့် ရွေးကောက်ပွဲရလဒ်အပေါ် ထိခိုက်မှု မရှိသလို နောက်ဆုံးမဲရလဒ်တွေက မဲဆန္ဒရှင်အများစုရဲ့ သဘောထားကို ထင်ဟင်တာကြောင့် အစိုးသစ်ငြိမ်းချမ်းစွာပြောင်းလဲနိုင်ရေး တပ်မတော်အပါအဝင် ပါတီအားလုံးအနေနဲ့ ဒီရလဒ်ကို လက်ခံရှေ့ဆက်ကြဖို့ ဒီအဖွဲ့တွေက တိုက်တွန်းထားပါတယ်။

ခုလိုအခြေအနေကြောင့် လက်ရှိအငြင်းပွားမှုအစား ဒီ လက်ရှိရွေးကောက်ပွဲဥပဒေမူဘောင် လုပ်ထုံးလုပ်နည်း အားနည်းချက်တွေအပေါ် သင်ခန်းစာယူပြီး နိုင်ငံရေးပါတီတွေပေါင်းကာ ဆွေးနွေးညှိနှိုင်းပြင်ဆင်သင့်တယ်။ ဒါကပဲ အနာဂတ်ရွေးကောက်ပွဲတွေ ပိုကောင်းနိုင်ရေးနည်းလမ်းဖြစ်တယ်လို့ အကြံပြုထားပါတယ်။

ဒီအဖွဲ့တွေထဲမှာ ပဲခူးဒေသလေ့လာစောင့်ကြည့်ရေးအဖွဲ့၊ CAN Myanmar (လူထုရပိုင်ခွင့် ညှိနှိုင်းဖော်ဆောင်ရေးအဖွဲ့)၊ အောက်ချင်း အရပ်ဘက်လူမှုအဖွဲ့အစည်း၊ ကဒူးလူငယ်ဖွံ့ဖြိုးရေးအသင်း၊ မြန်မာနိုင်ငံ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများကွန်ရက်၊ မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့၊ မြန်ဖရယ်နဲ့ Rainmaker အဖွဲ့တို့လည်း ပါပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG