သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အၾကမ္းဖက္မႈ မရပ္လွ်င္ ျမန္မာေႏြဦးလႈပ္ရွားသူေတြနဲ႔ ပူးေပါင္းမည္ဟု ညီေနာင္မဟာမိတ္သံုးဖဲြ႔ထုတ္ျပန္


စစ္ကိုင္းတိုင္း မံုရြာၿမိဳ႕က ဆႏၵျပ သပိတ္စစ္ေၾကာင္း။ (မတ္ ၃၀၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈ ဆန္႔က်င္တဲ့ေနသူေတြအေပၚ စစ္တပ္နဲ႔ ရဲက အၾကမ္းဖက္ ပစ္ခတ္ႏွိမ္နင္းတဲ့အတြက္ ကေလးငယ္ေတြ၊ အမ်ဳိးသမီးေတြပါ ေသဆံုးရတဲ့အေပၚ ျပင္းထန္စြာ ရႈတ္ခ်တယ္လို႔ တိုင္းရင္းသားလက္နက္ကိုင္ ၃ ဖဲြ႔က ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။ ညီေနာင္မဟာမိတ္ ၃ ဖဲြ႔ျဖစ္တဲ့ ရခိုင္လက္နက္ကိုင္ AA၊ ကိုးကန္႔လက္နက္ကိုင္ MNDAA နဲ႔ တအာင္းလက္နက္ကိုင္ TNLA တို႔က အၾကမ္းဖက္ ပစ္သတ္ေနတာေတြကို မရပ္ရင္ ေႏြဦးေတာ္လွန္ေရးဆင္ႏဲႊေနၾကတဲ့ တိုင္းရင္းသားလူမ်ဳိးေပါင္းစံု ဘဝတူညီေနာင္ေတြဘက္က မိမိကိုယ္ကို ခုခံကာကြယ္ေရးအတြက္ ရပ္တည္သြားမယ္လို႔ ေၾကညာခ်က္ထဲမွာ ေျပာထားပါတယ္။ ရန္ကုန္ကလာတဲ့ သတင္းအျပည့္အစံုကို မစုျမတ္မြန္က ေျပာျပပါလိမ့္မယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း အာဏာရွင္ဆန္႔က်င္လႈပ္ရွားသူေတြကို အၾကမ္းဖက္ ပစ္ခတ္ၿဖိဳခြင္းေနတာေတြကို ရႈတ္ခ်ၿပီး တိုင္းရင္းသားျပည္သူေတြနဲ႔ အတူ ပူးေပါင္းေဆာင္ရြက္သြားမယ္လို႔ ရခိုင္လက္နက္ကိုင္ AA၊ တအာင္း လက္နက္ကိုင္ TNLA၊ ကိုးကန္႔လက္နက္ကိုင္ MNDAA တို႔ေပါင္းထားတဲ့ ေျမာက္ပိုင္းညီေနာင္မဟာမိတ္အဖဲြ႔က ဒီကေန႔ ထုတ္ျပန္လိုက္တာပါ။ ခုလို ျပည္သူေတြ သတ္ျဖတ္ခံေနရတာ ကာကြယ္ ေပးသြားမယ္လို႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။

“အျပစ္မဲ့ ျပည္သူေတြကို ျမန္မာစစ္တပ္က ဆက္ၿပီးေတာ့ သတ္ျဖတ္ေနမယ္ဆိုရင္ က်ေနာ္တို႔ကေတာ့ က်ေနာ္တို႔ရဲ႕ အဖိႏိွပ္ခံ ျပည္သူေတြကို... ဒီလိုမ်ိဳးဆက္ၿပီးေတာ့ အသတ္ျဖတ္မခံရဖို႔အတြက္ အေကာင္းဆံုးခုခံကာကြယ္ႏိုင္ေအာင္ က်ေနာ္တို႔အားလံုး ညီညီညႊတ္ညႊတ္နဲ႔ အားလံုးဝိုင္းဝန္းၿပီးေတာ့မွ ဒါ ကိုယ့္ကိုယ္ကို ကာကြယ္ဖို႔အတြက္ ဆက္ၿပီးေတာ့ လုပ္ေဆာင္သြားရမယ့္ အေနအထားျဖစ္တယ္ဗ်ာ။”

တပ္မေတာ္နဲ႔ တိုက္ပြဲေတြျပင္းထန္ခဲ့တဲ့ AA နဲ႔ TNLA တို႔ပါတဲ့ မဟာမိတ္ညီေနာင္ ၃ ဖဲြ႔ဟာ ၂၀၁၉ စက္တင္ဘာလ ၉ ရက္ထဲက ျမန္မာအစိုးရတပ္နဲ႔ တိုက္ပြဲေတြကို တဘက္သတ္ရပ္စဲထားတာျဖစ္ပါတယ္။ မနက္ျဖန္ မတ္လ ၃၁ ရက္ေန႔မွာ အျပစ္အခတ္ရပ္စဲထားတဲ့ ကာလသက္တမ္းၿပီးဆံုးမွာ ျဖစ္တာမို႔ ဆက္ရပ္ထားသင့္ မသင့္ဆိုတာ ျပန္လည္သံုးသပ္ေနတယ္လို႔ တအာင္းအမ်ိဳးသားလြတ္ေျမာက္ေရး တပ္မေတာ္ TNLA အဖြဲ႔ ေျပာခြင့္ရ ဗုိလ္မွဴး တာအိုက္ေက်ာ္ကလည္း ေျပာပါတယ္။

“အကုန္လံုးၿခံဳၿငံဳၿပီး သံုးသပ္ရမယ္ဆိုရင္လည္း တပ္က အာဏာသိမ္းတယ္။ အဲဒါကို ျပည္သူလူထုက မေက်နပ္လို႔ ဆႏၵျပတာကုိ တပ္ဘက္က အၾကမ္းဖက္ ၿဖိဳခြင္းတယ္။ အဲဒီလိုၿဖိဳခြင္းတာကို က်ေနာ္တို႔က ရႈတ္ခ်တယ္။ အသက္စြန္႔ၾကတဲ့ လူထုနဲ႔အတူ က်ေနာ္တုိ႔ ဝမ္းနည္းတယ္။ အဲဒီလိုမ်ိဳး အၾကမ္းဖက္ ပစ္တာေနတာေတြ ရွိတဲ့အတြက္ေၾကာင့္ က်ေနာ္တို႔ နဂိုကတည္းက ထုတ္ျပန္ေနတဲ့ ထုတ္ျပန္တာကို ျပန္ၿပီးေတာ့မွ က်ေနာ္တို႔က စက္တင္ဘာ ၉ ရက္ေန႔ကတည္းက ဒီလအထိ ထုတ္ျပန္လာတာရွိတယ္။ မနက္ျဖန္ဆိုရင္လည္း ကုန္ေတာ့ အဲဒီလိုမ်ိဳးထုတ္တဲ့ဟာကို ဆက္ထုတ္မထုတ္ဆိုတာကေတာ့ ေဆြးေႏြးေနတယ္။ တပ္က အၾကမ္းဖက္တာေတြကို မရပ္မခ်င္းေတာ့ က်ေနာ္တို႔က ဒီဘဝတူ ညီေနာင္ တိုင္းရင္းသားေတြနဲ႔ အတူရွိေနမယ္... အဲဒီလိုမ်ိဳးေပါ့ေနာ္။”

အာဏာသိမ္းအဖဲြ႔စစ္တပ္နဲ႔ တခ်ဳိ႕တိုင္းရင္းသား လက္နက္ကိုင္အဖဲြ႔ေတြၾကား တိုက္ပြဲေတြ လက္႐ွိျဖစ္ေနသလို ေျမာက္ပိုင္း ညီေနာင္မဟာမိတ္ ၃ ဖဲြ႔နဲ႔ တိုက္ပြဲ ျဖစ္မျဖစ္ဆိုတာ စစ္တပ္အေပၚမွာ မူတည္ေနတယ္လို႔ AAအဖြဲ႔ေျပာခြင့္ရ ခိုင္သုခကေျပာပါတယ္။

“က်ေနာ္တို႔ ေတာက္ေလွ်ာက္ေနၿပီးေတာ့မွ တိုက္ပြဲေတြ ျဖစ္လာတယ္ဆိုတာကလည္း ျမန္မာစစ္တပ္ဘက္ကေနၿပီးေတာ့ ထိုးစစ္ဆင္လို႔ တိုက္ပြဲေတြ ျဖစ္လာတာျဖစ္တယ္။ အခုလည္းပဲ အေျခအေနဆိုးရြားေနတဲ့ အေျခအေနမ်ိဳးမွာ တိုက္ပြဲျဖစ္မလားဆိုတာကေတာ့ ျမန္မာစစ္တပ္ရဲ႕ လုပ္ရပ္အေပၚမွာပဲ မူတည္တယ္။ ျမန္မာစစ္တပ္ဘက္ကေနၿပီးေတာ့ က်ေနာ္တို႔ ေဒသခံျပည္သူေတြကို ဒီလိုမ်ိဳး ရက္ရက္စက္စက္ သတ္ျဖတ္တာေတြလုပ္ လာမယ္။ ထိုးစစ္ေတြ လုပ္လာမယ္ဆိုရင္ေတာ့ က်ေနာ္တို႔ ျပည္သူေတြရဲ႕ အသက္အိုး အိမ္စီးစိမ္ေတြကို ကာကြယ္ဖို႔အတြက္ က်ေနာ္တို႔ကလည္း အေကာင္းဆံုးခုခံ ကာကြယ္သြား ရမွာျဖစ္တယ္။”

စစ္အာဏာသိမ္းၿပီးေနာက္ မတ္လ အေစာပိုင္းက ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ကို အၾကမ္းဖက္အုပ္အျဖစ္ကေန န.စ.က စစ္ေကာင္စီက ဖယ္႐ွားထားပါတယ္။ စစ္တပ္ရဲ႕ရက္စက္တ့ဲ လုပ္ရပ္ေတြကို မရပ္ရင္ ကုိယ့္ကိုယ္ကို ခံုခံကာကြယ္ႏုိင္ဖုိ႔အတြက္ ေႏြဦးေတာ္လွန္ေရးဆင္ႏဲြေနၾကတဲ့ တိုင္းရင္းသားလူမ်ဳိးေပါင္းစံု ဘဝတူညီေနာင္ေတြဘက္က ရပ္တည္မယ္ဆိုတဲ့ ေျမာက္ပိုင္းညီေနာင္မဟာမိတ္ သံုးဖြဲ႔ရဲ႕ ဒီေန႔ ထုတ္ျပန္ခ်က္ကို ျပည္ေထာင္စုလြတ္ေတာ္ကိုယ္စားျပဳ ေကာ္မတီ CRPH ကလည္း ႀကိဳဆိုခဲ့ၿပီး ဖက္ဒရယ္ဒီမိုကေရစီျပည္ေထာင္စုအတြက္ အတူလက္တြဲဖို႔ ဖိတ္ေခၚခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အကြမ်းဖက်မှု မရပ်လျှင် မြန်မာနွေဦးလှုပ်ရှားသူတွေနဲ့ ပူးပေါင်းမည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့ထုတ်ပြန်

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့နေသူတွေအပေါ် စစ်တပ်နဲ့ ရဲက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းတဲ့အတွက် ကလေးငယ်တွေ၊ အမျိုးသမီးတွေပါ သေဆုံးရတဲ့အပေါ် ပြင်းထန်စွာ ရှုတ်ချတယ်လို့ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ ရခိုင်လက်နက်ကိုင် AA၊ ကိုးကန့်လက်နက်ကိုင် MNDAA နဲ့ တအာင်းလက်နက်ကိုင် TNLA တို့က အကြမ်းဖက် ပစ်သတ်နေတာတွေကို မရပ်ရင် နွေဦးတော်လှန်ရေးဆင်နွဲှနေကြတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ ဘဝတူညီနောင်တွေဘက်က မိမိကိုယ်ကို ခုခံကာကွယ်ရေးအတွက် ရပ်တည်သွားမယ်လို့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို မစုမြတ်မွန်က ပြောပြပါလိမ့်မယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အာဏာရှင်ဆန့်ကျင်လှုပ်ရှားသူတွေကို အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းနေတာတွေကို ရှုတ်ချပြီး တိုင်းရင်းသားပြည်သူတွေနဲ့ အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ရခိုင်လက်နက်ကိုင် AA၊ တအာင်း လက်နက်ကိုင် TNLA၊ ကိုးကန့်လက်နက်ကိုင် MNDAA တို့ပေါင်းထားတဲ့ မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့က ဒီကနေ့ ထုတ်ပြန်လိုက်တာပါ။ ခုလို ပြည်သူတွေ သတ်ဖြတ်ခံနေရတာ ကာကွယ် ပေးသွားမယ်လို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“အပြစ်မဲ့ ပြည်သူတွေကို မြန်မာစစ်တပ်က ဆက်ပြီးတော့ သတ်ဖြတ်နေမယ်ဆိုရင် ကျနော်တို့ကတော့ ကျနော်တို့ရဲ့ အဖိနှိပ်ခံ ပြည်သူတွေကို... ဒီလိုမျိုးဆက်ပြီးတော့ အသတ်ဖြတ်မခံရဖို့အတွက် အကောင်းဆုံးခုခံကာကွယ်နိုင်အောင် ကျနော်တို့အားလုံး ညီညီညွှတ်ညွှတ်နဲ့ အားလုံးဝိုင်းဝန်းပြီးတော့မှ ဒါ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် ဆက်ပြီးတော့ လုပ်ဆောင်သွားရမယ့် အနေအထားဖြစ်တယ်ဗျာ။”

တပ်မတော်နဲ့ တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ AA နဲ့ TNLA တို့ပါတဲ့ မဟာမိတ်ညီနောင် ၃ ဖွဲ့ဟာ ၂၀၁၉ စက်တင်ဘာလ ၉ ရက်ထဲက မြန်မာအစိုးရတပ်နဲ့ တိုက်ပွဲတွေကို တဘက်သတ်ရပ်စဲထားတာဖြစ်ပါတယ်။ မနက်ဖြန် မတ်လ ၃၁ ရက်နေ့မှာ အပြစ်အခတ်ရပ်စဲထားတဲ့ ကာလသက်တမ်းပြီးဆုံးမှာ ဖြစ်တာမို့ ဆက်ရပ်ထားသင့် မသင့်ဆိုတာ ပြန်လည်သုံးသပ်နေတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA အဖွဲ့ ပြောခွင့်ရ ဗိုလ်မှူး တာအိုက်ကျော်ကလည်း ပြောပါတယ်။

“အကုန်လုံးခြုံငြုံပြီး သုံးသပ်ရမယ်ဆိုရင်လည်း တပ်က အာဏာသိမ်းတယ်။ အဲဒါကို ပြည်သူလူထုက မကျေနပ်လို့ ဆန္ဒပြတာကို တပ်ဘက်က အကြမ်းဖက် ဖြိုခွင်းတယ်။ အဲဒီလိုဖြိုခွင်းတာကို ကျနော်တို့က ရှုတ်ချတယ်။ အသက်စွန့်ကြတဲ့ လူထုနဲ့အတူ ကျနော်တို့ ဝမ်းနည်းတယ်။ အဲဒီလိုမျိုး အကြမ်းဖက် ပစ်တာနေတာတွေ ရှိတဲ့အတွက်ကြောင့် ကျနော်တို့ နဂိုကတည်းက ထုတ်ပြန်နေတဲ့ ထုတ်ပြန်တာကို ပြန်ပြီးတော့မှ ကျနော်တို့က စက်တင်ဘာ ၉ ရက်နေ့ကတည်းက ဒီလအထိ ထုတ်ပြန်လာတာရှိတယ်။ မနက်ဖြန်ဆိုရင်လည်း ကုန်တော့ အဲဒီလိုမျိုးထုတ်တဲ့ဟာကို ဆက်ထုတ်မထုတ်ဆိုတာကတော့ ဆွေးနွေးနေတယ်။ တပ်က အကြမ်းဖက်တာတွေကို မရပ်မချင်းတော့ ကျနော်တို့က ဒီဘဝတူ ညီနောင် တိုင်းရင်းသားတွေနဲ့ အတူရှိနေမယ်... အဲဒီလိုမျိုးပေါ့နော်။”

အာဏာသိမ်းအဖွဲ့စစ်တပ်နဲ့ တချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ လက်ရှိဖြစ်နေသလို မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ တိုက်ပွဲ ဖြစ်မဖြစ်ဆိုတာ စစ်တပ်အပေါ်မှာ မူတည်နေတယ်လို့ AAအဖွဲ့ပြောခွင့်ရ ခိုင်သုခကပြောပါတယ်။

“ကျနော်တို့ တောက်လျှောက်နေပြီးတော့မှ တိုက်ပွဲတွေ ဖြစ်လာတယ်ဆိုတာကလည်း မြန်မာစစ်တပ်ဘက်ကနေပြီးတော့ ထိုးစစ်ဆင်လို့ တိုက်ပွဲတွေ ဖြစ်လာတာဖြစ်တယ်။ အခုလည်းပဲ အခြေအနေဆိုးရွားနေတဲ့ အခြေအနေမျိုးမှာ တိုက်ပွဲဖြစ်မလားဆိုတာကတော့ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်အပေါ်မှာပဲ မူတည်တယ်။ မြန်မာစစ်တပ်ဘက်ကနေပြီးတော့ ကျနော်တို့ ဒေသခံပြည်သူတွေကို ဒီလိုမျိုး ရက်ရက်စက်စက် သတ်ဖြတ်တာတွေလုပ် လာမယ်။ ထိုးစစ်တွေ လုပ်လာမယ်ဆိုရင်တော့ ကျနော်တို့ ပြည်သူတွေရဲ့ အသက်အိုး အိမ်စီးစိမ်တွေကို ကာကွယ်ဖို့အတွက် ကျနော်တို့ကလည်း အကောင်းဆုံးခုခံ ကာကွယ်သွား ရမှာဖြစ်တယ်။”

စစ်အာဏာသိမ်းပြီးနောက် မတ်လ အစောပိုင်းက ရခိုင်လက်နက်ကိုင် AA အဖွဲ့ကို အကြမ်းဖက်အုပ်အဖြစ်ကနေ န.စ.က စစ်ကောင်စီက ဖယ်ရှားထားပါတယ်။ စစ်တပ်ရဲ့ရက်စက်တဲ့ လုပ်ရပ်တွေကို မရပ်ရင် ကိုယ့်ကိုယ်ကို ခုံခံကာကွယ်နိုင်ဖို့အတွက် နွေဦးတော်လှန်ရေးဆင်နွဲနေကြတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ ဘဝတူညီနောင်တွေဘက်က ရပ်တည်မယ်ဆိုတဲ့ မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့ရဲ့ ဒီနေ့ ထုတ်ပြန်ချက်ကို ပြည်ထောင်စုလွတ်တော်ကိုယ်စားပြု ကော်မတီ CRPH ကလည်း ကြိုဆိုခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် အတူလက်တွဲဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG