သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေရးနည္းလမ္းနဲ႔ အေျပာင္းအလဲ လုပ္ႏိုင္မလား


၁၉၉၀ ျပည့္ ေ႐ြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာတင့္ေဆြ
တိုက္႐ိုက္ လင့္ခ္

အခု ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈကို ဆန႔္က်င္ကန႔္ကြက္သူေတြက တိုင္းရင္းသားလက္နက္ကိုင္ အင္အားစုေတြအားလုံးပါဝင္တဲ့ ဖယ္ဒရယ္တပ္မေတာ္
တရပ္ေပၚထြန္းၿပီ အာဏာသိမ္းစစ္တပ္ကို တိုက္ခိုက္ဖို႔ ေမွ်ွာ္မွန္းေနၾကသလို၊ ႏိုင္ငံတကာက လက္နက္အင္အားနဲ႔ ဝင္ေရာက္စြက္ဖက္ေရးကို ေတာင့္တသံေတြလည္း ၾကားေနရပါတယ္။ အခုျမန္မာႏိုင္ငံရဲ႕ အက်ပ္အတည္းကို လက္နက္အင္အား အသုံးျပဳတဲ့နည္းနဲ႔ ေက်ာ္လႊားႏိုင္မလား ဆိုတာကို ၁၉၉၀ ျပည့္ ေ႐ြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္၊ အေဝးေရာက္ၫြန႔္ေပါင္းအစိုးရအဖြဲ႔ဝင္ တဦးျဖစ္ခဲ့တဲ့ ေဒါက္တာတင့္ေဆြနဲ႔ ဦးေက်ာ္ဇံသာ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ အခုျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေနတဲ့ လႈပ္ရွားမႈက အရိွန္မရပ္ပါဘူး။ တဘက္က ႏိွမ္နင္းမႈေတြ ပိုၿပီးျပင္းထန္လာေပမယ့္ ဆန္႔က်င္အံုၾကြမႈဘက္ကလဲ ေနာက္မဆုတ္တာကို ေတြ႔ရပါတယ္။ ဒါေပမဲ့ ေလာေလာဆယ္မွာ ပြဲျပတ္သြားႏိုင္တဲ့ အေျခအေန မရိွဘူးလို႔လဲ တြက္ၾကပါတယ္။ ျပည္တြင္းမွာေနတဲ့ လူေတြရဲ ႔ တြက္ခ်က္မႈေတြပါ။ ျပည္ပက ျမင္ႏိုင္တာကေတာ့ ဖိအားေတြ သိပ္ျပင္းျပင္းထန္ထန္ ျဖစ္လာႏိုင္တာေလာက္ပဲ သိတယ္။ ဒါေပမဲ့ သိပ္လဲထိေရာက္ပါ့မလားဆိုတာလဲ သံသယ ရိွတယ္။ ဆိုေတာ့ ဒီအေျခအေနမွာ စစ္အာဏာရွင္စနစ္ ဖ်က္သိမ္းေရးဟာ ရုတ္တရက္ လြယ္လြယ္ကူကူနဲ႔ ျဖစ္လာႏိုင္တဲ့ အေျခအေနကို ျမင္ပါသလား။

ေျဖ ။ ။ က်ေနာ္လည္း မထူးဘူး။ လြယ္လြယ္ကူကူ ၿပီဆံုးသြားမယ္လို႔ လံုးဝမထင္ပါဘူး။ စစ္တပ္ကလဲ ဘယ္ေတာ့မွ ေနာက္ဆုတ္မယ့္လူ မဟုတ္သလုိ။ ဒီတႀကိမ္မွာ ျပည္သူလူထု လႈပ္ရွားမႈႀကီးက အင္မတန္မွ သံဓိဌာန္ ျပတ္ျပတ္သားသား ခ်ထားတဲ့ လူေတြက အမ်ားစုႀကီး ျဖစ္ေနတယ္။ ထိပ္တိုက္ရင္ဆိုင္ဖို႔က ေသေသေၾကေၾက၊ အသက္ေတြေပးတဲ့ ရင္ဆိုင္မႈႀကီးကလဲ ေသနတ္ေတြ ဒီေလာက္ပစ္ရံုေလာက္နဲ႔ အညံ့ခံအေလွ်ာ့ေပးသြားမယ္လို႔ မထင္ပါဘူး။

ေမး ။ ။ အဲဒီေတာ့ ေသေၾကတဲ့ကိစၥေတြကလဲ အင္မတန္မွ ေၾကကြဲဖြယ္ရာ ေကာင္းပါတယ္။ တခါ ဝန္ထမ္းေတြ သပိတ္ေမွာက္တဲ့အတြက္ေၾကာင့္ ျပည္သူေတြ အခက္အခဲေတြ႔ရတဲ့ အပိုင္းလဲ ရိွပါတယ္။ အထူးသျဖင့္ ဆရာဝန္ေတြ CDM လုပ္လိုက္ေတာ့ က်န္းမာေရးအတြက္ ေလာေလာဆယ္ အခက္ႀကံဳတာေတြလည္း ၾကားရပါတယ္။ အလုပ္သမားေတြ ေငြေရးေၾကးေရး ထုတ္ယူတဲ့ကိစၥ။ လစာကိစၥ၊ ဘဏ္ေတြပိတ္တဲ့ကိစၥ။ ဒီဟာေတြကို ေက်ာ္လႊာႏိုင္ဖို႔အတြက္ ထြက္ေပါက္အေနနဲ႔ တခ်ဳိ ႔က စဥ္းစားလာၾကတယ္ ထင္ပါတယ္။ တုိင္းရင္းသားေတြရဲ ႔ အင္အားကိုလည္း လိုခ်င္ၾကတယ္။ တခါ တိုင္းရင္းသားလက္နက္ကိုင္ေတြပါ စုစည္းၿပီးေတာ့ ဖယ္ဒရယ္တပ္မေတာ္ဆိုတာ ဖြဲ႔စည္းၿပီးေတာ့ စစ္ေရးနဲ႔ လုပ္ယူရင္ ထိေရာက္ေလမလား ဆိုၿပီးေတာ့ ယူဆၾကဟန္တူပါတယ္။ ဒါေၾကာင့္လဲ ဖယ္ဒရယ္တပ္မေတာ္ကို တမ္းတတဲ့ အသံေတြ ၾကားလာရပါတယ္။ ဒီဟာေကာ ဘယ္ေလာက္ ျဖစ္လာႏိုင္မလဲ။ ဆရာနဲ႔ ဆက္လက္ၿပီး ေဆြးေႏြးခ်င္ပါတယ္။

ေျဖ ။ ။ ဒီေခါင္းစဥ္ကို ေဆြးေႏြးရတာေတာ့ အင္မတန္မွ ေလးနက္က်ယ္ျပန္႔လွပါတယ္။ သို႔ေသာ္လဲ ရသမွ်အခ်ိန္အတြင္းမွာ အတုိခ်ဳပ္ေျပာရရင္ေတာ့ ၁၉၈၈ တုန္းကလဲ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အစည္းေတြကို အားကိုးေမွ်ာ္မွန္းခဲ့ၾကပါတယ္။ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အစည္းေတြက ထြက္ေျပးလာတဲ့ လူေတြကို ခိုလႈံခြင့္ေပးတယ္။ တတ္စြမ္းသမွ် အကူအညီေပးတယ္။ ဥပမာ KNU ဆိုရင္ ညႊန္႔ေပါင္းအစိုးရအတြက္ အင္မတန္မွ ေက်းဇူးႀကီးမားလွတဲ့ အဖြဲ႔ႀကီး ျဖစ္ပါတယ္။ သို႔ေသာ္လဲပဲ ဗမာစစ္တပ္ကို ဝင္ၿပီးေတာ့ ထူးၿပီးေတာ့ တိုက္ႏိုင္ခဲ့ျခင္း မရိွပါဘူး။ အခုတႀကိမ္ကေတာ့ အရင္ကထက္ ပိုၿပီးေတာ့ ေလးနက္က်ယ္ျပန္႔ၿပီးေတာ့ အနာဂတ္အတြက္ လက္ေတြ႔က်မယ့္ ေမးခြန္းထဲမွာပါတဲ့ ဖယ္ဒရယ္တပ္မေတာ္ Federal Army ကို ေျပာဆိုလာျခင္းဟာ ၈၈ တုန္းက ကိုယ့္ဘက္က ဝင္ကူတိုက္ေပးမယ့္ တိုက္ေစခ်င္တယ္ဆိုတဲ့ ဆႏၵထက္ ပိုကဲၿပီးေတာ့၊ အနာဂတ္ျပည္ေထာင္စု ပံုေဖာ္မႈကိုပါ တကယ့္ကို ႀကီးမားတဲ့ ေျခလွမ္းႀကီးတခုကို လွမ္းၾကတယ္လို႔ က်ေနာ္ ျမင္ပါတယ္။

ေမး ။ ။ အနာဂတ္ျပည္ေထာင္စု ဖယ္ဒရယ္ျပည္ေထာင္စု ျဖစ္လာတဲ့အခါမွာေတာ့ ဖြဲ႔စည္းပံု ဘာညာနဲ႔ တပ္မေတာ္ရဲ ႔ ဖြဲ႔စည္းပံုလည္း ဖယ္ဒရယ္တပ္မေတာ္ ေျပာင္းလဲဖြဲ႔စည္းလာစရာ အေၾကာင္းရိွတာေပါ့။ ဒါေပမဲ့ ေလာေလာဆယ္မွာ တကယ္လို႔ ဖယ္ဒရယ္ျပည္ေထာင္စု တပ္မေတာ္လို စုစုစည္းစည္း မဟုတ္ဘဲနဲ႔ တိုင္းရင္းသားနယ္ေျမေတြက တုိင္းရင္းသားလက္နက္ကိုင္ အင္အားစုေတြ၊ ေတာ္လွန္ေရး အင္အားစုေတြက သူ႔နယ္ေျမက သူတိုက္၊ ကိုယ့္နယ္ေျမက ကိုယ္တိုက္ဆိုတဲ့ ပံုစံမ်ဳိးဆိုရင္ေကာ အာဏာသိမ္းတဲ့ စစ္ေကာင္စီေပၚ ဖိအားပိုၿပီး သက္ေရာက္လာႏိုင္စရာ ဘယ္ေလာက္အထိ ထိထိေရာက္ေရာက္ ျဖစ္လာႏုိင္မလဲ။

ေျဖ ။ ။ ဖိအားသက္ေရာက္မႈကေတာ့ ရိွလာႏိုင္ပါတယ္။ မလႊဲမေသြ ရိွလာႏိုင္ပါတယ္။ ဒါေပမဲ့ က်ေနာ္တုိ႔ မဟာဗ်ဴဟာက်က် စဥ္းစားလို႔ရိွရင္ စစ္တပ္ဟာ သူ႔ရဲ ႔အားအသာဆံုးက လက္နက္နဲ႔ လက္နက္ကိုင္အင္အား။ သူ႔မွာ (၄) သိန္းကေန (၅) သိန္းေလာက္ ရိွတယ္။ သူ႔ရဲ ႔ အားသာခ်က္ကို ယူၿပီးေတာ့ တိုက္မယ္ဆိုရင္ သူအႀကိဳက္ဆံုး တိုက္ကြက္ကို က်ေနာ္တုိ႔က ေရြးရာက်လိမ့္မယ္။ ဒါက တစ္ခ်က္။

သို႔ေသာ္လဲပဲ ျပည္တြင္းဖိအားမွာ တုိင္းရင္းသားလက္နက္ကိုင္ေတြက သူ႔ေနရာသူ ခုခံကာကြယ္မႈ သူ႔ေနရာမွာရိွတဲ့ သူ႔လူမ်ဳိးစုကို အကာအကြယ္ေပးမႈေတြ လုပ္ျခင္းအားျဖင့္လဲ ျပည္သူလူထု လႈပ္ရွားမႈႀကီးကို ပိုၿပီးေတာ့ ႀကီးမားလာၿပီးေတာ့ အေသအေပ်ာက္နည္းတဲ့ ခုခံကာကြယ္မႈကို ျဖစ္ေစႏုိင္သလို၊ ေနာင္ က်ေနာ္တို႔ ေမွ်ာ္မွန္းၾကတဲ့ ဖယ္ဒရယ္ျပည္ေထာင္စုနဲ႔ ဖယ္ဒရယ္တပ္မေတာ္အတြက္လဲ သူတုိ႔ဟာ အခုကတည္းက လုပ္ခဲ့ၾကတယ္ဆိုတဲ့ သမုိင္းေၾကာင္းဂုဏ္ကလဲ ႀကီးက်ယ္တဲ့အတြက္ ဒါဟာ က်ေနာ္ထင္တယ္ ဒီိစစ္တပ္ႀကီးကို ႏိုင္ေအာင္ တိုက္ႏိုင္အံုးေတာ့ အနာဂတ္ ပံုေဖာ္မႈပါ ႀကီးမားတယ္လို႔ က်ေနာ္ျမင္ပါတယ္။

ေမး ။ ။ စစ္အာဏာရွင္စနစ္ကို ဆန္႔က်င္တဲ့ လူတခ်ဳိ ႔က ျပည္ပအင္အားကို ေမွ်ာ္မွန္းၾကတာလည္း ၾကားရပါတယ္။ အဲဒီလို ျပည္ပကေန အင္အားနဲ႔ ဝင္ေရာက္စြက္ဖက္ လာမယ္ဆိုတဲ့ ေမွ်ာ္မွန္းခ်က္ေတြကို ဆရာ ဘယ္လိုျပန္ေျပာခ်င္ပါလဲ။

ေျဖ ။ ။ ေမွ်ာ္တဲ့လူေတြကိုလည္း က်ေနာ္ အျပစ္ေတာ့ မျမင္ပါဘူး။ သို႔ေသာ္ လက္ေတြ႔က်မႈ အပိုင္းကေတာ့ အခုန ဦးေက်ာ္ဇံသာ ေျပာသလို တကယ္တမ္းၾကေတာ့ ႏိုင္ငံတကာတပ္ဆိုတာ လာၿပီးေတာ့ဝင္ဖို႔ ျဖစ္ႏိုင္ေခ်အလားအလာ အင္မတန္မွ ေမွးမိွန္ပါတယ္။ က်ေနာ္ စိုးရိမ္တာတခုက အခုက်ေနာ္တင္ျပခဲ့တဲ့ UN, US တို႔ မဟုတ္တဲ့ တျခားတပ္မ်ား ဝင္လာရင္၊ က်ေနာ္ကေတာ့ အဆံုးစြန္းအထိ တြက္တယ္။ ၁၉၅၉ ႏွစ္က တိဘတ္နယ္ေျမကို တရုတ္တပ္ႀကီးက ဝင္သိမ္းတဲ့ အျဖစ္အပ်က္ႀကီးက အခုထိ ရိွခဲ့တယ္။ က်ေနာ္ စိုးရိမ္ခ်က္က ဒါပါပဲ။ ဒါေၾကာင့္ ႏုိင္ငံျခားတပ္ကို ေမွ်ာ္တာထက္၊ ကိုယ့္တိုင္းရင္းသားတပ္ေတြက တတ္စြမ္းသေလာက္ ေဆာင္ရြက္ျခင္းက ပိုၿပီးေတာ့ လက္ေတြ႔က်ၿပီးေတာ့ ပိုၿပီးေတာ့ ႏုိင္ငံနဲ႔ ဆက္စပ္မလားလို႔ က်ေနာ္ကေတာ့ ယူဆပါတယ္။

ေမး ။ ။ ဆရာေျပာသလို တရုတ္လို႔ နာမည္ထုတ္ေျပာလိုက္ေတာ့ က်ေနာ္လည္း ထုတ္ၿပီးေျပာပါရေစ။ အဲဒီလို တဘက္သတ္ ဝင္လာရင္ေတာ့ ဒီဘက္ကလဲ သည္းခံမွာ မဟုတ္ဘူးဆိုေတာ့ ျမန္မာႏိုင္ငံက Proxy War ျဖစ္မယ့္ စစ္ေျမျပင္ ျဖစ္သြားႏိုင္္စရာ ရိွသြားမယ္လို႔ ထင္စရာရိွတာေပါ့။ ယူဆစရာ ရိွတာေပါ့။

ေျဖ ။ ။ သို႔ေသာ္လဲပဲ က်ေနာ္ အခုနေပးတဲ့ ၁၉၅၉ ဝန္းက်င္က တိဘက္ အခင္းအက်င္းမ်ဳိး အခု ႏိုင္ငံတကာမွာ မရိွေတာ့ဘူး။ အေမရိကမွာလည္း အစိုးရသစ္ တက္လာၿပီးေတာ့ ေဒသတြင္း ပထဝီ ႏုိင္ငံေရး၊ စစ္ေရး၊ လံုၿခံဳေရးက ေျပာင္းလာပါတယ္။ အခု အင္ဒိုပစိဖိတ္လို႔ေခၚတဲ့ အိႏိၵယသမုဒၵရာနဲ႔ ပစိဖိတ္သမုဒၵရာ ၾကားဆက္တဲ့ ဗ်ဴဟာအခင္းအက်င္းထဲမွာ ျမန္မာႏိုင္ငံက ပါေနတယ္။ အဲဒီမွာ တရုတ္ႏုိင္ငံကို ေတာက္ေလွ်ာက္ဆက္က်မလပ္ အေမရိကန္ဘက္ကလဲ ၾကည့္ေနတယ္။ ဆိုေတာ့ တရုတ္က တိဘက္ သိမ္းသလိုေတာ့ သိမ္းႏိုင္မယ္လို႔ က်ေနာ္ မထင္ဘူး။ အေမရိကန္ဘက္ကလဲ စြက္ဖက္မႈ လာလိမ့္မယ္လို႔ က်ေနာ္ မထင္ဘူး။ တကယ္လိုသာ ႏွစ္ႏိုင္ငံ ႏုိင္ငံႀကီးႏွစ္ခုက မထိန္းမသိမ္းရင္ေတာ့ က်ေနာ္တို႔က တကယ့္ကို Killing Field ျဖစ္ေကာင္းျဖစ္လာမယ္လို႔ က်ေနာ္ စိုးရိမ္ပါတယ္။

ေမး ။ ။ ဆိုေတာ့ အခု အသက္ေတြလည္း ေသထားၿပီးၾကၿပီ။ သူတို႔ရဲ ႔ ေမွ်ာ္မွန္းခ်က္ ေပါက္ေျမာက္ဖို႔ ဒီစစ္အာဏာရွင္စနစ္ က်ဆံုးဖို႔ အလားအလာက ဘာရိွေသးလဲ။ အျခားထြက္ေပါက္ေတြ။

ေျဖ ။ ။ က်ေနာ္ ျမင္တာကေတာ့ ကုလသမဂၢနဲ႔ အေမရိကန္ျပည္ေထာင္စု၊ ဥေရာပသမဂၢ ရပ္တည္ခ်က္က ဒီမိုကေရစီနည္းက် ေရြးခ်ယ္တင္ေျမွာက္ထားတဲ့ အစိုးရကို အာဏာျပန္လႊဲလိုက္ပါလို႔ ေျပာတာက တစ္ခ်က္။ ေနာက္တခါ အာဆီယံနဲ႔ တရုတ္တို႔ဘက္ကေတာ့ ေတြ႔ဆံုေဆြးေႏြးေရး လမ္းေၾကာင္းလုပ္ပါလို႔ ေျပာတယ္။ သို႔ေသာ္လဲပဲ စစ္ေကာင္စီကေတာ့ သတင္းစာရွင္းလင္းပြဲ ဒုတိယအႀကိမ္မွာ ဘယ္သူလာလာ၊ ဘယ္သူေစ့စပ္ေစ့စပ္ လက္မခံဘူးလို႔ ေျပာထားတယ္။ အဲဒီေတာ့ ျပန္အာဏာအပ္မယ့္ အလားအလာ၊ ေစ့စပ္ေဆြးေႏြးမႈ အလားအလာလည္း ေတာ္ေတာ္ေလး အခုအခ်ိန္အထိေတာ့ မေကာင္းပါဘူး။ သို႔ေသာ္လဲ က်ေနာ္တို႔ မပါမၿပီ တရုတ္ကိုပဲ ျပန္ေျပာရရင္ အာဏာသိမ္း စစ္ေကာင္စီေခါင္းေဆာင္ကို ေခါင္းေခါက္ နားရြက္တံေတြးစြတ္ရဲတာ တရုတ္ပဲ ရိွပါတယ္။ တရုတ္ဟာ သူ႔ရဲ ႔ ျမန္မာႏိုင္ငံမွာရိွတဲ့ အက်ဳိးစီးပြားအလို႔ငါ ျမန္မာႏုိင္ငံမွာ ဘယ္သူအုပ္ခ်ဳပ္ အုပ္ခ်ဳပ္ တည္ၿငိမ္တာကို လိုခ်င္တယ္။ အခုပံုအတိုင္းဆိုရင္ ျပည္သူလူထုဘက္က ဘယ္လိုမွ ရပ္ၾကမယ့္ပံုမရိွေတာ့ စီးပြားေရးလုပ္ဖို႔ အေတာ္ကိုခက္တဲ့အခါမွာ တရုတ္က သူ႔ရဲ ႔ ေျပာထားၿပီသားျဖစ္တဲ့ ေတြ႔ဆံုေဆြးေႏြးေရးလမ္းကို စစ္ေကာင္စီ မလိုက္လိုက္ေအာင္ ဖိအား၊ တြန္းအား၊ ဆြဲအား သို႔မဟုတ္ သူကိုယ္တိုင္ကိုယ္က Smart Sanction ေတြမ်ား လုပ္လာရင္ေတာ့ ေတြ႔ဆံုေဆြးေႏြးေရးလမ္းေၾကာင္း ေပၚေကာင္းတယ္လို႔ ယူဆပါတယ္။

ေနာက္ဆံုးတခုကေတာ့ ျဖစ္ႏုိင္ေခ် နည္းေတာ့နည္းပါတယ္။ တပ္တြင္းပုန္ကန္မႈနဲ႔ အာဏာသိမ္းမႈေပါ့။ ဒါကလဲ မျဖစ္ႏိုင္ဘူးလို႔ေတာ့ က်ေနာ္တို႔က ေျပာမရတဲ့ အေျခအေန။ ဒါေၾကာင့္ ဒီႏွစ္ခုကို က်ေနာ္ ျမင္ပါတယ္။

ေမး ။ ။ တရုတ္ဝင္ေရာက္ ေစ့စပ္ေဆြးေႏြးမယ္ဆိုတာကေတာ့ ျပည္သူကေတာ့ တရုတ္ကိုိ မုန္းတာပဲ။ ဒါေပမဲ့လဲ ဝင္ေရာက္ျဖန္းေျဖေပးမယ္ဆိုရင္ေတာ့ သက္သာရာ သက္သာေၾကာင္း ထြက္ေပါက္တခုအေနနဲ႔ လက္ခံေကာင္း လက္ခံၾကမွာေပါ့။ ဒါေပမဲ့ စစ္တပ္ထဲမွာ အာဏာသိမ္းတယ္ဆိုတာကေတာ့ တခ်ဳိ ႔က စစ္တပ္ထဲက ထြက္ၿပီးေတာ့ ေနာက္တေယာက္ တက္လာရံုနဲ႔ ဒီလမ္းေၾကာင္းပဲ သြားလိမ့္မယ္လို႔ တြက္ၾကပါတယ္။ ဖိလစ္ပိုင္မွာ လုပ္ခဲ့တဲ့ Ramos တို႔ Enrile တို႔လို ျဖစ္လာလိမ့္မယ္လို႔ ေမွ်ာ္လင့္ႏိုင္ပါရဲ ႔လား။

ေျဖ ။ ။ ေမွ်ာ္လင့္ခ်က္ကေတာ့ ရာခိုင္ႏႈန္းကေတာ (၁၀) ရာခိုင္ႏႈန္းေအာက္မွာပဲ ရိွတယ္လို႔ က်ေနာ့္အျမင္ေပါ့။ ပြင့္ပြင့္လင္းလင္း ေျပာရရင္။

ေမး ။ ။ အဲဒီေတာ့ ဒီတုိက္ပြဲဟာ ပဋိပကၡဟာ အဓြန္႔ရွည္လာေတာ့ တိုင္းျပည္ရဲ ႔ အေျခအေနဟာ ေတာ္ေတာ့ကို ဆုိးသထက္ဆိုးလာလိမ့္မယ္လို႔ ယူဆရပါတယ္။ ျမန္မာႏုိင္ငံသားေတြ ဘယ္ေလာက္အထိ ဆိုးဝါးမႈဒဏ္ကို ဘယ္ေလာက္ တာရွည္ခံႏုိင္ရမလဲ။ အဲဒီတခုလဲ စဥ္းစားစရာလို႔ ထင္ပါတယ္။

ေျဖ ။ ။ မွန္ပါတယ္။ သို႔ေသာ္လဲ က်ေနာ္ျမင္တာက မလြယ္တဲ့အေနအထားတခု ျဖစ္ေနပါတယ္။ အထူးသျဖင့္ စားဝတ္ေနေရး၊ စီးပြားေရး အဲဒီကေန ေက်ာ္လြန္ၿပီးေတာ့ ရိုက္ခတ္လာႏိုင္တဲ့ ေဒသတြင္း ႏိုင္ငံေရး ျပႆနာကေန ကမာၻ႔ျပႆနာတခုအထိ ေရာက္ေနၿပီဆိုေတာ့ ဘယ္သူမွ မေနသာေတာ့ ဝိုင္းၿပီးဝန္းၿပီးေတာ့ ေျပာၾကတိုက္ၾကဆြဲၾက နည္းေတြ လုပ္လာႏိုင္တယ္။ ဒီလိုမ်ဳိး လမ္းပြင့္လာႏိုင္တယ္။ အဲဒီအခ်ိန္အထိ ျပည္သူလူထုကလည္း တကယ့္ကို သံဓိဌာန္ ခိုင္ခိုင္မာမာနဲ႔ ေဆာင္ရြက္ၾကမယ္ဆိုတဲ့အတြက္ က်ေနာ့္အျမင္ကေတာ့ False Hope လို႔ေခၚတဲ့ မျဖစ္ႏိုင္တဲ့ ေမွ်ာ္လင့္ခ်က္ မဟုတ္ဘဲနဲ႔ ျဖစ္ႏို္င္တဲ့ ေမွ်ာ္လင့္ခ်က္အရာ။ ျပည္သူလူထုဘက္က အႏုိင္ရမယ့္လမ္းကိုေတာ့ ျမင္တယ္လို႔ ေျပာပါရေစ။

==Unicode==

စစ်ရေးနည်းလမ်းနဲ့ အပြောင်းအလဲ လုပ်နိုင်မလား
အခု မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သူတွေက တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေအားလုံးပါဝင်တဲ့ ဖယ်ဒရယ်တပ်မတော်
တရပ်ပေါ်ထွန်းပြီ အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်ဖို့ မျှှော်မှန်းနေကြသလို၊ နိုင်ငံတကာက လက်နက်အင်အားနဲ့ ဝင်ရောက်စွက်ဖက်ရေးကို တောင့်တသံတွေလည်း ကြားနေရပါတယ်။ အခုမြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို လက်နက်အင်အား အသုံးပြုတဲ့နည်းနဲ့ ကျော်လွှားနိုင်မလား ဆိုတာကို ၁၉၉၀ ပြည့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်၊ အဝေးရောက်ညွန့်ပေါင်းအစိုးရအဖွဲ့ဝင် တဦးဖြစ်ခဲ့တဲ့ ဒေါက်တာတင့်ဆွေနဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
spellings : Ramos/Enrile (Philippine general/defense minister)

မေး ။ ။ အခုမြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်နေတဲ့ လှုပ်ရှားမှုက အရှိန်မရပ်ပါဘူး။ တဘက်က နှိမ်နင်းမှုတွေ ပိုပြီးပြင်းထန်လာပေမယ့် ဆန့်ကျင်အုံကြွမှုဘက်ကလဲ နောက်မဆုတ်တာကို တွေ့ရပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာ ပွဲပြတ်သွားနိုင်တဲ့ အခြေအနေ မရှိဘူးလို့လဲ တွက်ကြပါတယ်။ ပြည်တွင်းမှာနေတဲ့ လူတွေရဲ့ တွက်ချက်မှုတွေပါ။ ပြည်ပက မြင်နိုင်တာကတော့ ဖိအားတွေ သိပ်ပြင်းပြင်းထန်ထန် ဖြစ်လာနိုင်တာလောက်ပဲ သိတယ်။ ဒါပေမဲ့ သိပ်လဲထိရောက်ပါ့မလားဆိုတာလဲ သံသယ ရှိတယ်။ ဆိုတော့ ဒီအခြေအနေမှာ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဟာ ရုတ်တရက် လွယ်လွယ်ကူကူနဲ့ ဖြစ်လာနိုင်တဲ့ အခြေအနေကို မြင်ပါသလား။

ဖြေ ။ ။ ကျနော်လည်း မထူးဘူး။ လွယ်လွယ်ကူကူ ပြီဆုံးသွားမယ်လို့ လုံးဝမထင်ပါဘူး။ စစ်တပ်ကလဲ ဘယ်တော့မှ နောက်ဆုတ်မယ့်လူ မဟုတ်သလို။ ဒီတကြိမ်မှာ ပြည်သူလူထု လှုပ်ရှားမှုကြီးက အင်မတန်မှ သံဓိဌာန် ပြတ်ပြတ်သားသား ချထားတဲ့ လူတွေက အများစုကြီး ဖြစ်နေတယ်။ ထိပ်တိုက်ရင်ဆိုင်ဖို့က သေသေကြေကြေ၊ အသက်တွေပေးတဲ့ ရင်ဆိုင်မှုကြီးကလဲ သေနတ်တွေ ဒီလောက်ပစ်ရုံလောက်နဲ့ အညံ့ခံအလျှော့ပေးသွားမယ်လို့ မထင်ပါဘူး။

မေး ။ ။ အဲဒီတော့ သေကြေတဲ့ကိစ္စတွေကလဲ အင်မတန်မှ ကြေကွဲဖွယ်ရာ ကောင်းပါတယ်။ တခါ ဝန်ထမ်းတွေ သပိတ်မှောက်တဲ့အတွက်ကြောင့် ပြည်သူတွေ အခက်အခဲတွေ့ရတဲ့ အပိုင်းလဲ ရှိပါတယ်။ အထူးသဖြင့် ဆရာဝန်တွေ CDM လုပ်လိုက်တော့ ကျန်းမာရေးအတွက် လောလောဆယ် အခက်ကြုံတာတွေလည်း ကြားရပါတယ်။ အလုပ်သမားတွေ ငွေရေးကြေးရေး ထုတ်ယူတဲ့ကိစ္စ။ လစာကိစ္စ၊ ဘဏ်တွေပိတ်တဲ့ကိစ္စ။ ဒီဟာတွေကို ကျော်လွှာနိုင်ဖို့အတွက် ထွက်ပေါက်အနေနဲ့ တချို့က စဉ်းစားလာကြတယ် ထင်ပါတယ်။ တိုင်းရင်းသားတွေရဲ့ အင်အားကိုလည်း လိုချင်ကြတယ်။ တခါ တိုင်းရင်းသားလက်နက်ကိုင်တွေပါ စုစည်းပြီးတော့ ဖယ်ဒရယ်တပ်မတော်ဆိုတာ ဖွဲ့စည်းပြီးတော့ စစ်ရေးနဲ့ လုပ်ယူရင် ထိရောက်လေမလား ဆိုပြီးတော့ ယူဆကြဟန်တူပါတယ်။ ဒါကြောင့်လဲ ဖယ်ဒရယ်တပ်မတော်ကို တမ်းတတဲ့ အသံတွေ ကြားလာရပါတယ်။ ဒီဟာကော ဘယ်လောက် ဖြစ်လာနိုင်မလဲ။ ဆရာနဲ့ ဆက်လက်ပြီး ဆွေးနွေးချင်ပါတယ်။

ဖြေ ။ ။ ဒီခေါင်းစဉ်ကို ဆွေးနွေးရတာတော့ အင်မတန်မှ လေးနက်ကျယ်ပြန့်လှပါတယ်။ သို့သော်လဲ ရသမျှအချိန်အတွင်းမှာ အတိုချုပ်ပြောရရင်တော့ ၁၉၈၈ တုန်းကလဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို အားကိုးမျှော်မှန်းခဲ့ကြပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ထွက်ပြေးလာတဲ့ လူတွေကို ခိုလှုံခွင့်ပေးတယ်။ တတ်စွမ်းသမျှ အကူအညီပေးတယ်။ ဥပမာ KNU ဆိုရင် ညွှန့်ပေါင်းအစိုးရအတွက် အင်မတန်မှ ကျေးဇူးကြီးမားလှတဲ့ အဖွဲ့ကြီး ဖြစ်ပါတယ်။ သို့သော်လဲပဲ ဗမာစစ်တပ်ကို ဝင်ပြီးတော့ ထူးပြီးတော့ တိုက်နိုင်ခဲ့ခြင်း မရှိပါဘူး။ အခုတကြိမ်ကတော့ အရင်ကထက် ပိုပြီးတော့ လေးနက်ကျယ်ပြန့်ပြီးတော့ အနာဂတ်အတွက် လက်တွေ့ကျမယ့် မေးခွန်းထဲမှာပါတဲ့ ဖယ်ဒရယ်တပ်မတော် Federal Army ကို ပြောဆိုလာခြင်းဟာ ၈၈ တုန်းက ကိုယ့်ဘက်က ဝင်ကူတိုက်ပေးမယ့် တိုက်စေချင်တယ်ဆိုတဲ့ ဆန္ဒထက် ပိုကဲပြီးတော့၊ အနာဂတ်ပြည်ထောင်စု ပုံဖော်မှုကိုပါ တကယ့်ကို ကြီးမားတဲ့ ခြေလှမ်းကြီးတခုကို လှမ်းကြတယ်လို့ ကျနော် မြင်ပါတယ်။

မေး ။ ။ အနာဂတ်ပြည်ထောင်စု ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်လာတဲ့အခါမှာတော့ ဖွဲ့စည်းပုံ ဘာညာနဲ့ တပ်မတော်ရဲ့ ဖွဲ့စည်းပုံလည်း ဖယ်ဒရယ်တပ်မတော် ပြောင်းလဲဖွဲ့စည်းလာစရာ အကြောင်းရှိတာပေါ့။ ဒါပေမဲ့ လောလောဆယ်မှာ တကယ်လို့ ဖယ်ဒရယ်ပြည်ထောင်စု တပ်မတော်လို စုစုစည်းစည်း မဟုတ်ဘဲနဲ့ တိုင်းရင်းသားနယ်မြေတွေက တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေ၊ တော်လှန်ရေး အင်အားစုတွေက သူ့နယ်မြေက သူတိုက်၊ ကိုယ့်နယ်မြေက ကိုယ်တိုက်ဆိုတဲ့ ပုံစံမျိုးဆိုရင်ကော အာဏာသိမ်းတဲ့ စစ်ကောင်စီပေါ် ဖိအားပိုပြီး သက်ရောက်လာနိုင်စရာ ဘယ်လောက်အထိ ထိထိရောက်ရောက် ဖြစ်လာနိုင်မလဲ။

ဖြေ ။ ။ ဖိအားသက်ရောက်မှုကတော့ ရှိလာနိုင်ပါတယ်။ မလွှဲမသွေ ရှိလာနိုင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ မဟာဗျူဟာကျကျ စဉ်းစားလို့ရှိရင် စစ်တပ်ဟာ သူ့ရဲ့အားအသာဆုံးက လက်နက်နဲ့ လက်နက်ကိုင်အင်အား။ သူ့မှာ (၄) သိန်းကနေ (၅) သိန်းလောက် ရှိတယ်။ သူ့ရဲ့ အားသာချက်ကို ယူပြီးတော့ တိုက်မယ်ဆိုရင် သူအကြိုက်ဆုံး တိုက်ကွက်ကို ကျနော်တို့က ရွေးရာကျလိမ့်မယ်။ ဒါက တစ်ချက်။

သို့သော်လဲပဲ ပြည်တွင်းဖိအားမှာ တိုင်းရင်းသားလက်နက်ကိုင်တွေက သူ့နေရာသူ ခုခံကာကွယ်မှု သူ့နေရာမှာရှိတဲ့ သူ့လူမျိုးစုကို အကာအကွယ်ပေးမှုတွေ လုပ်ခြင်းအားဖြင့်လဲ ပြည်သူလူထု လှုပ်ရှားမှုကြီးကို ပိုပြီးတော့ ကြီးမားလာပြီးတော့ အသေအပျောက်နည်းတဲ့ ခုခံကာကွယ်မှုကို ဖြစ်စေနိုင်သလို၊ နောင် ကျနော်တို့ မျှော်မှန်းကြတဲ့ ဖယ်ဒရယ်ပြည်ထောင်စုနဲ့ ဖယ်ဒရယ်တပ်မတော်အတွက်လဲ သူတို့ဟာ အခုကတည်းက လုပ်ခဲ့ကြတယ်ဆိုတဲ့ သမိုင်းကြောင်းဂုဏ်ကလဲ ကြီးကျယ်တဲ့အတွက် ဒါဟာ ကျနော်ထင်တယ် ဒီစစ်တပ်ကြီးကို နိုင်အောင် တိုက်နိုင်အုံးတော့ အနာဂတ် ပုံဖော်မှုပါ ကြီးမားတယ်လို့ ကျနော်မြင်ပါတယ်။

မေး ။ ။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ လူတချို့က ပြည်ပအင်အားကို မျှော်မှန်းကြတာလည်း ကြားရပါတယ်။ အဲဒီလို ပြည်ပကနေ အင်အားနဲ့ ဝင်ရောက်စွက်ဖက် လာမယ်ဆိုတဲ့ မျှော်မှန်းချက်တွေကို ဆရာ ဘယ်လိုပြန်ပြောချင်ပါလဲ။

ဖြေ ။ ။ မျှော်တဲ့လူတွေကိုလည်း ကျနော် အပြစ်တော့ မမြင်ပါဘူး။ သို့သော် လက်တွေ့ကျမှု အပိုင်းကတော့ အခုန ဦးကျော်ဇံသာ ပြောသလို တကယ်တမ်းကြတော့ နိုင်ငံတကာတပ်ဆိုတာ လာပြီးတော့ဝင်ဖို့ ဖြစ်နိုင်ချေအလားအလာ အင်မတန်မှ မှေးမှိန်ပါတယ်။ ကျနော် စိုးရိမ်တာတခုက အခုကျနော်တင်ပြခဲ့တဲ့ UN, US တို့ မဟုတ်တဲ့ တခြားတပ်များ ဝင်လာရင်၊ ကျနော်ကတော့ အဆုံးစွန်းအထိ တွက်တယ်။ ၁၉၅၉ နှစ်က တိဘတ်နယ်မြေကို တရုတ်တပ်ကြီးက ဝင်သိမ်းတဲ့ အဖြစ်အပျက်ကြီးက အခုထိ ရှိခဲ့တယ်။ ကျနော် စိုးရိမ်ချက်က ဒါပါပဲ။ ဒါကြောင့် နိုင်ငံခြားတပ်ကို မျှော်တာထက်၊ ကိုယ့်တိုင်းရင်းသားတပ်တွေက တတ်စွမ်းသလောက် ဆောင်ရွက်ခြင်းက ပိုပြီးတော့ လက်တွေ့ကျပြီးတော့ ပိုပြီးတော့ နိုင်ငံနဲ့ ဆက်စပ်မလားလို့ ကျနော်ကတော့ ယူဆပါတယ်။

မေး ။ ။ ဆရာပြောသလို တရုတ်လို့ နာမည်ထုတ်ပြောလိုက်တော့ ကျနော်လည်း ထုတ်ပြီးပြောပါရစေ။ အဲဒီလို တဘက်သတ် ဝင်လာရင်တော့ ဒီဘက်ကလဲ သည်းခံမှာ မဟုတ်ဘူးဆိုတော့ မြန်မာနိုင်ငံက Proxy War ဖြစ်မယ့် စစ်မြေပြင် ဖြစ်သွားနိုင်စရာ ရှိသွားမယ်လို့ ထင်စရာရှိတာပေါ့။ ယူဆစရာ ရှိတာပေါ့။

ဖြေ ။ ။ သို့သော်လဲပဲ ကျနော် အခုနပေးတဲ့ ၁၉၅၉ ဝန်းကျင်က တိဘက် အခင်းအကျင်းမျိုး အခု နိုင်ငံတကာမှာ မရှိတော့ဘူး။ အမေရိကမှာလည်း အစိုးရသစ် တက်လာပြီးတော့ ဒေသတွင်း ပထဝီ နိုင်ငံရေး၊ စစ်ရေး၊ လုံခြုံရေးက ပြောင်းလာပါတယ်။ အခု အင်ဒိုပစိဖိတ်လို့ခေါ်တဲ့ အိန္ဒိယသမုဒ္ဒရာနဲ့ ပစိဖိတ်သမုဒ္ဒရာ ကြားဆက်တဲ့ ဗျူဟာအခင်းအကျင်းထဲမှာ မြန်မာနိုင်ငံက ပါနေတယ်။ အဲဒီမှာ တရုတ်နိုင်ငံကို တောက်လျှောက်ဆက်ကျမလပ် အမေရိကန်ဘက်ကလဲ ကြည့်နေတယ်။ ဆိုတော့ တရုတ်က တိဘက် သိမ်းသလိုတော့ သိမ်းနိုင်မယ်လို့ ကျနော် မထင်ဘူး။ အမေရိကန်ဘက်ကလဲ စွက်ဖက်မှု လာလိမ့်မယ်လို့ ကျနော် မထင်ဘူး။ တကယ်လိုသာ နှစ်နိုင်ငံ နိုင်ငံကြီးနှစ်ခုက မထိန်းမသိမ်းရင်တော့ ကျနော်တို့က တကယ့်ကို Killing Field ဖြစ်ကောင်းဖြစ်လာမယ်လို့ ကျနော် စိုးရိမ်ပါတယ်။

မေး ။ ။ ဆိုတော့ အခု အသက်တွေလည်း သေထားပြီးကြပြီ။ သူတို့ရဲ့ မျှော်မှန်းချက် ပေါက်မြောက်ဖို့ ဒီစစ်အာဏာရှင်စနစ် ကျဆုံးဖို့ အလားအလာက ဘာရှိသေးလဲ။ အခြားထွက်ပေါက်တွေ။

ဖြေ ။ ။ ကျနော် မြင်တာကတော့ ကုလသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ ရပ်တည်ချက်က ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကို အာဏာပြန်လွှဲလိုက်ပါလို့ ပြောတာက တစ်ချက်။ နောက်တခါ အာဆီယံနဲ့ တရုတ်တို့ဘက်ကတော့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းလုပ်ပါလို့ ပြောတယ်။ သို့သော်လဲပဲ စစ်ကောင်စီကတော့ သတင်းစာရှင်းလင်းပွဲ ဒုတိယအကြိမ်မှာ ဘယ်သူလာလာ၊ ဘယ်သူစေ့စပ်စေ့စပ် လက်မခံဘူးလို့ ပြောထားတယ်။ အဲဒီတော့ ပြန်အာဏာအပ်မယ့် အလားအလာ၊ စေ့စပ်ဆွေးနွေးမှု အလားအလာလည်း တော်တော်လေး အခုအချိန်အထိတော့ မကောင်းပါဘူး။ သို့သော်လဲ ကျနော်တို့ မပါမပြီ တရုတ်ကိုပဲ ပြန်ပြောရရင် အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်ကို ခေါင်းခေါက် နားရွက်တံတွေးစွတ်ရဲတာ တရုတ်ပဲ ရှိပါတယ်။ တရုတ်ဟာ သူ့ရဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အကျိုးစီးပွားအလို့ငါ မြန်မာနိုင်ငံမှာ ဘယ်သူအုပ်ချုပ် အုပ်ချုပ် တည်ငြိမ်တာကို လိုချင်တယ်။ အခုပုံအတိုင်းဆိုရင် ပြည်သူလူထုဘက်က ဘယ်လိုမှ ရပ်ကြမယ့်ပုံမရှိတော့ စီးပွားရေးလုပ်ဖို့ အတော်ကိုခက်တဲ့အခါမှာ တရုတ်က သူ့ရဲ့ ပြောထားပြီသားဖြစ်တဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကို စစ်ကောင်စီ မလိုက်လိုက်အောင် ဖိအား၊ တွန်းအား၊ ဆွဲအား သို့မဟုတ် သူကိုယ်တိုင်ကိုယ်က Smart Sanction တွေများ လုပ်လာရင်တော့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း ပေါ်ကောင်းတယ်လို့ ယူဆပါတယ်။

နောက်ဆုံးတခုကတော့ ဖြစ်နိုင်ချေ နည်းတော့နည်းပါတယ်။ တပ်တွင်းပုန်ကန်မှုနဲ့ အာဏာသိမ်းမှုပေါ့။ ဒါကလဲ မဖြစ်နိုင်ဘူးလို့တော့ ကျနော်တို့က ပြောမရတဲ့ အခြေအနေ။ ဒါကြောင့် ဒီနှစ်ခုကို ကျနော် မြင်ပါတယ်။

မေး ။ ။ တရုတ်ဝင်ရောက် စေ့စပ်ဆွေးနွေးမယ်ဆိုတာကတော့ ပြည်သူကတော့ တရုတ်ကို မုန်းတာပဲ။ ဒါပေမဲ့လဲ ဝင်ရောက်ဖြန်းဖြေပေးမယ်ဆိုရင်တော့ သက်သာရာ သက်သာကြောင်း ထွက်ပေါက်တခုအနေနဲ့ လက်ခံကောင်း လက်ခံကြမှာပေါ့။ ဒါပေမဲ့ စစ်တပ်ထဲမှာ အာဏာသိမ်းတယ်ဆိုတာကတော့ တချို့က စစ်တပ်ထဲက ထွက်ပြီးတော့ နောက်တယောက် တက်လာရုံနဲ့ ဒီလမ်းကြောင်းပဲ သွားလိမ့်မယ်လို့ တွက်ကြပါတယ်။ ဖိလစ်ပိုင်မှာ လုပ်ခဲ့တဲ့ Ramos တို့ Enrile တို့လို ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်နိုင်ပါရဲ့လား။

ဖြေ ။ ။ မျှော်လင့်ချက်ကတော့ ရာခိုင်နှုန်းကတော (၁၀) ရာခိုင်နှုန်းအောက်မှာပဲ ရှိတယ်လို့ ကျနော့်အမြင်ပေါ့။ ပွင့်ပွင့်လင်းလင်း ပြောရရင်။

မေး ။ ။ အဲဒီတော့ ဒီတိုက်ပွဲဟာ ပဋိပက္ခဟာ အဓွန့်ရှည်လာတော့ တိုင်းပြည်ရဲ့ အခြေအနေဟာ တော်တော့ကို ဆိုးသထက်ဆိုးလာလိမ့်မယ်လို့ ယူဆရပါတယ်။ မြန်မာနိုင်ငံသားတွေ ဘယ်လောက်အထိ ဆိုးဝါးမှုဒဏ်ကို ဘယ်လောက် တာရှည်ခံနိုင်ရမလဲ။ အဲဒီတခုလဲ စဉ်းစားစရာလို့ ထင်ပါတယ်။

ဖြေ ။ ။ မှန်ပါတယ်။ သို့သော်လဲ ကျနော်မြင်တာက မလွယ်တဲ့အနေအထားတခု ဖြစ်နေပါတယ်။ အထူးသဖြင့် စားဝတ်နေရေး၊ စီးပွားရေး အဲဒီကနေ ကျော်လွန်ပြီးတော့ ရိုက်ခတ်လာနိုင်တဲ့ ဒေသတွင်း နိုင်ငံရေး ပြဿနာကနေ ကမ္ဘာ့ပြဿနာတခုအထိ ရောက်နေပြီဆိုတော့ ဘယ်သူမှ မနေသာတော့ ဝိုင်းပြီးဝန်းပြီးတော့ ပြောကြတိုက်ကြဆွဲကြ နည်းတွေ လုပ်လာနိုင်တယ်။ ဒီလိုမျိုး လမ်းပွင့်လာနိုင်တယ်။ အဲဒီအချိန်အထိ ပြည်သူလူထုကလည်း တကယ့်ကို သံဓိဌာန် ခိုင်ခိုင်မာမာနဲ့ ဆောင်ရွက်ကြမယ်ဆိုတဲ့အတွက် ကျနော့်အမြင်ကတော့ False Hope လို့ခေါ်တဲ့ မဖြစ်နိုင်တဲ့ မျှော်လင့်ချက် မဟုတ်ဘဲနဲ့ ဖြစ်နိုင်တဲ့ မျှော်လင့်ချက်အရာ။ ပြည်သူလူထုဘက်က အနိုင်ရမယ့်လမ်းကိုတော့ မြင်တယ်လို့ ပြောပါရစေ။

XS
SM
MD
LG