သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းဆန္႔က်င္ေရး ဆႏၵျပပြဲေတြ အၾကမ္းဖက္ ၿဖိဳခြင္းခံရလုိ႔ ေသဆုံးသူေတြ ထပ္တုိး


မုံရြာၿမိဳ႕ စစ္အာဏာသိမ္း ကန္႔ကြက္ဆႏၵျပပြဲ။ (ဧၿပီ ၁၊ ၂ဝ၂၁။ ဓာတ္ပုံ Facebook/AFP)

(Zawgyi / Unicode)

ဒီကေန႔ ရန္ကုန္အပါအဝင္ ျပည္နယ္တိုင္းအသီးသီးမွာ စစ္အာဏာသိမ္း ဆႏၵျပပြဲေတြ ဆက္လက္ျပဳလုပ္ေနသလို အ႐ုဏ္ဦးသပိတ္၊ လမ္းေလွ်ာက္သပိတ္၊ လူမဲ့သပိတ္၊ ဆိုင္ကယ္သပိတ္ စတဲ့ လူထုပါဝင္တဲ့ လႈပ္ရွားမႈေတြကိုလည္း ျပဳလုပ္ခဲ့ၾကပါတယ္။

ဒီလို ၿမိဳ႕ရြာနယ္ေပါင္းစုံက လူထုက အၾကမ္းမဖက္ ၿငိမ္းခ်မ္းတဲ့ နည္းလမ္းေပါင္းစုံ ပုံစံေပါင္းစုံနဲ႔ စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပ ေတာင္းဆိုေနၾကေပမယ့္ ေနရာတခ်ိဳ႕မွာေတာ့ စစ္တပ္နဲ႔ ရဲလုံၿခဳံေရးတပ္ေတြဘက္က ပစ္ခတ္ၿဖိဳခြင္းမႈေတြ ရွိခဲ့ပါတယ္။

လြိဳင္ေကာ္ၿမိဳ႕ မိုင္းလုံးရပ္ကြက္မွာ ၿငိမ္းခ်မ္းစြာ ဆႏၵျပျပည္သူေတြကို စစ္တပ္နဲ႔ ရဲက အၾကမ္းဖက္ပစ္ခတ္ၿပီး မိုင္းလုံးသပိတ္ ၿဖိဳခြင္းခံရပါတယ္။ ဒဏ္ရာရသူေတြအခ်ိဳ႕နဲ႔ ဖမ္းဆီးခံရသူေတြလည္း ရွိခဲ့ပါတယ္။

အလားတူ ပ်ဥ္းမနားၿမိဳ႕မွာ ပစ္ခတ္ႏွိမ္နင္းလို႔ အျပင္းအထန္ ဒဏ္ရာရသူေတြရွိၿပီး ၁ ေယာက္ ေသဆုံးခဲ့ပါတယ္။ ဗန္းေမာ္မွာလည္း စစ္တပ္က ပစ္ခတ္တဲ့အတြက္ ကင္းသမား ၁ ေယာက္ ေသဆုံးခဲ့ပါတယ္။

မႏၲေလးၿမိဳ႕မွာလည္း ဆႏၵျပပြဲေတြက အရွိန္ေလ်ာ့မသြားဘဲ ဆက္လက္ၿပီး က်န္းမာေရး၊ ပညာေရး၊ အရပ္ဘက္အဖြဲ႔အစည္းေတြ ပါဝင္တဲ့ ပူးေပါင္းသပိတ္ေတြနဲ႔ ျပည္သူအင္အားမ်ားစြာနဲ႔ ဆႏၵျပေနၾကပါတယ္။

ကခ်င္ျပည္နယ္ မိုးညႇင္းၿမိဳ႕နယ္ ေမာ္ဟန္ေက်းရြာမွာလည္း စစ္အာဏာရွင္ အလိုမရွိဆိုတဲ့ စာသားေတြ ေရးထိုးထားတဲ့ စေကာခ်ပ္ေတြနဲ႔ ေတာင္သူလုပ္ငန္းခြင္မွာ ဆႏၵျပခဲ့ၾကပါတယ္။ ရွမ္းျပည္နယ္ေတာင္ပိုင္း ေညာင္ေရႊၿမိဳ႕နယ္မွာလည္း ေတာင္သူလယ္သမားေတြက ေကာက္စိုက္သပိတ္လုပ္ၿပီး စစ္အာဏာရွင္ဆန႔္က်င္ေရး ဆႏၵျပၾကပါတယ္။ ကရင္ျပည္နယ္ ၾကာအင္းဆိပ္ႀကီး ဝင္းေရးဘက္မွာလည္း ဆႏၵျပၾကပါတယ္။

ဒါ့အျပင္ ၿမိတ္ၿမိဳ႕၊ ထားဝယ္ၿမိဳ႕တို႔မွာလည္း လူထုသပိတ္စစ္ေၾကာင္းေတြနဲ႔ ခ်ီတက္ဆႏၵျပၾကပါတယ္။ မုံရြာၿမိဳ႕မွာလည္း လူေပါင္းမ်ားစြာ ပါဝင္တဲ့ စစ္အာဏာရွင္ဆန႔္က်င္ေရး သပိတ္ေမွာက္ၾကပါတယ္။ သရက္ေခ်ာင္းၿမိဳ႕နယ္မွာလည္း အာဏာရွင္ဆန႔္က်င္ေရး အ႐ုဏ္ဦးသပိတ္ ဆင္ႏႊဲခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အကြမ်းဖက် ဖြိုခွင်းခံရလို့ သေဆုံးသူတွေ ထပ်တိုး

ဒီကနေ့ ရန်ကုန်အပါအဝင် ပြည်နယ်တိုင်းအသီးသီးမှာ စစ်အာဏာသိမ်း ဆန္ဒပြပွဲတွေ ဆက်လက်ပြုလုပ်နေသလို အရုဏ်ဦးသပိတ်၊ လမ်းလျှောက်သပိတ်၊ လူမဲ့သပိတ်၊ ဆိုင်ကယ်သပိတ် စတဲ့ လူထုပါဝင်တဲ့ လှုပ်ရှားမှုတွေကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။

ဒီလို မြို့ရွာနယ်ပေါင်းစုံက လူထုက အကြမ်းမဖက် ငြိမ်းချမ်းတဲ့ နည်းလမ်းပေါင်းစုံ ပုံစံပေါင်းစုံနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ တောင်းဆိုနေကြပေမယ့် နေရာတချို့မှာတော့ စစ်တပ်နဲ့ ရဲလုံခြုံရေးတပ်တွေဘက်က ပစ်ခတ်ဖြိုခွင်းမှုတွေ ရှိခဲ့ပါတယ်။

လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြပြည်သူတွေကို စစ်တပ်နဲ့ ရဲက အကြမ်းဖက်ပစ်ခတ်ပြီး မိုင်းလုံးသပိတ် ဖြိုခွင်းခံရပါတယ်။ ဒဏ်ရာရသူတွေအချို့နဲ့ ဖမ်းဆီးခံရသူတွေလည်း ရှိခဲ့ပါတယ်။

အလားတူ ပျဉ်းမနားမြို့မှာ ပစ်ခတ်နှိမ်နင်းလို့ အပြင်းအထန် ဒဏ်ရာရသူတွေရှိပြီး ၁ ယောက် သေဆုံးခဲ့ပါတယ်။ ဗန်းမော်မှာလည်း စစ်တပ်က ပစ်ခတ်တဲ့အတွက် ကင်းသမား ၁ ယောက် သေဆုံးခဲ့ပါတယ်။

မန္တလေးမြို့မှာလည်း ဆန္ဒပြပွဲတွေက အရှိန်လျော့မသွားဘဲ ဆက်လက်ပြီး ကျန်းမာရေး၊ ပညာရေး၊ အရပ်ဘက်အဖွဲ့အစည်းတွေ ပါဝင်တဲ့ ပူးပေါင်းသပိတ်တွေနဲ့ ပြည်သူအင်အားများစွာနဲ့ ဆန္ဒပြနေကြပါတယ်။

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာမှာလည်း စစ်အာဏာရှင် အလိုမရှိဆိုတဲ့ စာသားတွေ ရေးထိုးထားတဲ့ စကောချပ်တွေနဲ့ တောင်သူလုပ်ငန်းခွင်မှာ ဆန္ဒပြခဲ့ကြပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်မှာလည်း တောင်သူလယ်သမားတွေက ကောက်စိုက်သပိတ်လုပ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြကြပါတယ်။ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး ဝင်းရေးဘက်မှာလည်း ဆန္ဒပြကြပါတယ်။

ဒါ့အပြင် မြိတ်မြို့၊ ထားဝယ်မြို့တို့မှာလည်း လူထုသပိတ်စစ်ကြောင်းတွေနဲ့ ချီတက်ဆန္ဒပြကြပါတယ်။ မုံရွာမြို့မှာလည်း လူပေါင်းများစွာ ပါဝင်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက်ကြပါတယ်။ သရက်ချောင်းမြို့နယ်မှာလည်း အာဏာရှင်ဆန့်ကျင်ရေး အရုဏ်ဦးသပိတ် ဆင်နွှဲခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG