သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကေလးၿမိဳ႕မွာ ဆႏၵျပသူေတြနဲ႔ သပိတ္ၿဖိဳခြဲသူေတြအၾကား သု႔ံပန္းလဲလွယ္ေရး အစီအစဥ္ ျပဳလုပ္


ကေလးၿမိဳ႕က စစ္အာဏာသိမ္း ကန္႔ကြက္ဆႏၵျပပြဲ။ (ဧၿပီလ ၀၂၊ ၂၀၂၁)

(Zawgyi / Unicode)

စစ္အာဏာရွင္ဆန္႔က်င္ေရး သပိတ္ေမွာက္ ဆႏၵျပမႈ အားေကာင္းေနတဲ့ စစ္ကိုင္းတိုင္းေဒသႀကီး ကေလးၿမိဳ႕မွာ ဆႏၵျပသူေတြနဲ႔ သပိတ္ၿဖိဳခြင္းတဲ့ လုံၿခံဳေရး တပ္ဖြဲ႔ေတြအၾကား ႏွစ္ဖက္ ဖမ္းဆီးထားတဲ့ သုံ႔ပန္း လဲလွယ္ခဲ့ၾကပါတယ္။ ဆႏၵျပသူေတြနဲ႔ လက္နက္ကုိင္တပ္ဖြဲ႔ေတြအၾကား အျပန္အလွန္ ဖမ္းဆီး ထိန္းသိမ္းမႈေတြ ျဖစ္ေပၚခဲ့ၿပီးတဲ့ေနာက္ ႏွစ္ဖက္ သုံ႔ပန္းလဲလွယ္ေရး ညႇိႏႈိင္း လုပ္ေဆာင္ခဲ့ၾကတဲ့ အေျခအေနေေတြကုိ ႏုိင္ကြန္းအိန္ တင္ျပေပးထားပါတယ္။

ကေလးၿမိဳ႕မွာ စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပ သပိတ္ေမွာက္မႈအတြင္း သပိတ္အဖြဲ႔နဲ႔ လုံၿခံဳေရးတပ္ဖြဲ႔ေတြအၾကား အျပန္အလွန္ ဖမ္းဆီးမႈေတြ ရွိခဲ့သလို ဒီလို ႏွစ္ဖက္ဖမ္းဆီးသူေတြ ျပန္လႊတ္ေပးေရးအတြက္ ႏွစ္ဖက္ညႇိႏႈိင္းမႈေတြ ျပဳလုပ္ခဲ့တယ္လို႔ သပိတ္မွာပါဝင္သူ ကေလးၿမိဳ႕ခံတဦးက ေျပာပါတယ္။

“ဖမ္းမိထားတဲ့ ရဲတပ္ဖြဲ႔ ၄ ေယာက္ေပါ့ေနာ္၊ သုံ႔ပန္းေတြကို ျပန္လည္လႊတ္ေပးဖို႔အတြက္ သူတို႔ဘက္ကပဲ စတင္ကမ္းလွမ္းလာတယ္။ ဒီဘက္က ညႇိႏႈိင္းျဖစ္သြားပုံကေတာ့ က်ေနာ္တုိ႔ သပိတ္ေတာ္လွန္ေရးမွာ ပါဝင္ခဲ့ၾကတဲ့သူေတြ သူတို႔ဖမ္းဆီးထားတဲ့သူေတြ အားလုံးကို ႁခြင္းခ်က္မရွိ အားလုံးျပန္လႊတ္ေပးေရး အခ်က္နဲ႔ ျပန္လည္လႊတ္ေပးတဲ့အခါမွာ လက္ခံတယ္လို႔ ေျပာပါတယ္။”

အျပန္အလွန္ သုံ႔ပန္းလဲလွယ္ေရး အစီအစဥ္အရ မေန႔ညပိုင္းမွာ ႏွစ္ဖက္ ဖမ္းဆီးထားသူေတြကို ျပန္လႊတ္ေပးခဲ့တယ္လို႔ ေက်ာင္းသားသပိတ္ ေခါင္းေဆာင္တဦးက ေျပာပါတယ္။

“မေန႔ကေတာ့ က်ေနာ္တုိ႔ သူတို႔ဘက္က လႊတ္ေပးတာေတာ့ ၉ ေယာက္ေပါ့ေနာ္။ သူတို႔ ၉ ေယာက္ေပးတဲ့အထဲမွာ သူတို႔ေျပာၾကားခ်က္အရ အမႈမဖြင့္ေသးတဲ့ဟာတို႔ ပုဒ္မ မတတ္ေသးတဲ့ဟာတို႔ ယူခဲ့ေပးတာတဲ့။ ၿပီးေတာ့ အမႈဖြင့္ၿပီးသား ပုဒ္မတတ္ၿပီးသားသူေတြကို သူတို႔ ႐ုံးခ်ိန္းရက္ေတြမွာ အမႈအေလွ်ာ့ေပါ့ဆုံးျဖစ္ေအာင္ ဒဏ္ေၾကးေလးနဲ႔ ျဖစ္ျဖစ္ေပါ့ေနာ္ တခါတည္း လႊတ္လို႔ရတဲ့ အေျခအေနဆို တခါတည္း လႊတ္ေပးမယ္ဆိုတဲ့ဟာ သူတို႔ဘက္ကေန ေျပာတယ္။ က်ေနာ္တို႔ဘက္က ဖမ္းထားတဲ့ဟာက ၇ ေယာက္။ ၇ ေယာက္ကို မေန႔က ျပန္လႊတ္ေပးတယ္။ ရဲက ၄ ေယာက္ ယာဥ္ထိန္းရဲေတြပါ။ ဒလန္ဆိုၿပီးေတာ့ က်ေနာ္တို႔ရပ္ကြက္ထဲက လူတခ်ိဳ႕ကေန ဖမ္းေပးတဲ့လူ ၃ ေယာက္၊ အားလုံးေပါင္း ၇ ေယာက္။”

လုံၿခံဳေရးအဖြဲ႔ဘက္က ျပန္လႊတ္ေပးတဲ့သူေတြဟာ ဆႏၵျပသူေတြမဟုတ္ဘဲ ဖမ္းဆီးထားတဲ့ သာမန္အရပ္သားလို႔ သူကေျပာပါတယ္။

ၿပီးခဲ့တဲ့အပတ္တုန္းက ကေလးၿမိဳ႕ ဆႏၵျပအဖြဲ႔ကေန ရဲတပ္ဖြဲ႔ဝင္ ၄ ေယာက္နဲ႔ ဒလန္လို႔ စြပ္စြဲခံရတဲ့ ၃ ေယာက္ကို ဖမ္းဆီးထားသလို လုံၿခံဳေရးတပ္ဖြဲ႔ေတြဘက္ကလည္း ဆႏၵျပသူ ၂၅ ေယာက္ေက်ာ္ ဖမ္းဆီးထားခဲ့ေပမယ့္ ျပန္လြတ္လာတာ မရွိေသးပါဘူး။

ဒီကေန႔မွာလည္း ကေလးၿမိဳ႕အတြင္း ထိုင္သပိတ္ျပဳလုပ္ေနၿပီး လုံၿခံဳေရးအဖြဲ႔ေတြကေန သပိတ္ၿဖိဳခြင္းတာ မရွိေသးဘူးလို႔ သပိတ္ေခါင္းေဆာင္ေတြက ေျပာပါတယ္။

ၿပီးခဲ့တဲ့ မတ္လ ၂၈ ရက္ေန႔ ကေလးၿမိဳ႕အတြင္း ဆႏၵျပအဖြဲ႔ေတြကို လုံၿခံဳေရးတပ္ဖြဲ႔ေတြကေန အၾကမ္းဖက္ ၿဖိဳခြင္းတာေၾကာင့္ အနည္းဆုံး လူ ၅ ဦး ေသဆုံးခဲ့ၿပီး အမ်ားအျပား ဒဏ္ရာရရွိခဲ့ပါတယ္။

ကေလးၿမိဳ႕က ဆႏၵျပပဲြတခ်ဳိ႕မွာ တပ္ဖဲြ႔ေတြဘက္က လက္နက္နဲ႔ အျပင္းအထန္ ပစ္ခတ္ခဲ့သလို ဆႏၵျပ ျပည္သူေတြဘက္ကလည္း တူမီးေသနတ္၊ ေလေသနတ္၊ ဂက္စ္ေသနတ္ေတြနဲ႔ ျပန္လည္ပစ္ခတ္ခဲ့ၾကပါတယ္။

ကေလးၿမိဳ႕ သပိတ္ၿဖိဳခြင္းဖို႔ တပ္ကူလႊတ္လာတဲ့အဖြဲ႔ကို ကေလး-ဂန္႔ေဂါလမ္းတေလွ်ာက္ ရြာေတြကေန ကားလမ္းမေပၚ အကာအရံ အတားအဆီးေတြ ျပဳလုပ္ခဲ့ၾကပါတယ္။ ကေလး-ဂန႔္ေဂါၿမိဳ႕ ကားလမ္းကိုလည္း ပိတ္ဆို႔ တားဆီးခဲ့တာေၾကာင့္ စစ္တပ္ကေန ကေလးၿမိဳ႕အဝင္နားက ေခ်ာင္းခြေက်းရြာမွာ ဧၿပီလ ၁ ရက္ေန႔က ပစ္ခတ္မႈေၾကာင့္ ေခ်ာင္းခြရြာသား ၃ ဦးနဲ႔ ေဝဘူလရြာသားတဦး ေသဆုံးသြားသလို ေခ်ာင္းခြ သံဖိုေက်းရြာသား ေထာင္ခ်ီ ေတာေတာင္ထဲ တိမ္းေရွာင္ထြက္ေျပးေနၾကရပါတယ္။

လက္ရွိ တပ္မေတာ္ဘက္က အိမ္ျပန္ၾကဖို႔ ေျပာဆိုတာေၾကာင့္ တိမ္းေရွာင္ေနတဲ့ ရြာသားတခ်ိဳ႕ ေနအိမ္ကို ျပန္လာၾကေပမယ့္ သပိတ္မွာ ပါဝင္တဲ့သူေတြနဲ႔ လူငယ္ေတြ မျပန္ရဲၾကေသးဘူးလို႔ သံဖိုေက်းရြာသားတဦးက ေျပာပါတယ္။

“ကိုယ့္ရြာနဲ႔ကိုယ္ ျပန္ေနၾကဖို႔ေပါ့ေနာ္ တပ္မေတာ္ဘက္ကလည္း သူေျပာထားတာရွိတယ္။ လာလို႔ရွိရင္ တံခါးဖြင့္ထားၿပီးေတာ့ ပိတ္မထားပါနဲ႔။ ပုံမွန္ပဲ ေနသြားၾကပါ။ ကိုယ့္ရဲ႕စီးပြားေရး ကိုယ့္ရဲ႕ စားဝတ္ေနေရးေပါ့ေနာ္။ အဲဒါေလးေတြ ပုံစံနဲ႔ ေနသြားၾကပါလို႔ ေျပာတာေတာ့ရွိတယ္။ အားလုံးေတာ့ မေပးျပန္ဘူး။ ဥပမာ လူေတြေတာ့ျပန္ၾကတယ္ ကေလးေတြေပါ့ေနာ္။ အဲဒါ မိန္းကေလးေတြ ျပန္ၾကတယ္။ ေခါင္းေဆာင္လိုလို ဘာလိုလိုနဲ႔ ေခါင္းစဥ္အတပ္ခံရတဲ့ သူေတြကေတာ့ နည္းနည္း ေရွာင္ေနၾကတာေပါ့ဗ်ာ။”

ကေလးၿမိဳ႕မွာ စစ္အာဏာရွင္ဆန္႔က်င္ေရး သပိတ္ေတြ ရက္ဆက္ျဖစ္ပြားေနသလို ဆႏၵျပပြဲေတြကို စစ္တပ္ဘက္က အၾကမ္းဖက္ ၿဖိဳခြင္းမႈေတြ တိုးလုပ္ေနၿပီး လူထုဘက္ကလည္း ရရာလက္နက္နဲ႔ ကာကြယ္ခုခံ တံု႔ျပန္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

ကလေးမြို့မှာ ဆန္ဒပြသူတွေနဲ့ သပိတ်ဖြိုခွဲသူတွေအကြား သုံ့ပန်းလဲလှယ်ရေး အစီအစဉ် ပြုလုပ်

စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက် ဆန္ဒပြမှု အားကောင်းနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ ဆန္ဒပြသူတွေနဲ့ သပိတ်ဖြိုခွင်းတဲ့ လုံခြုံရေး တပ်ဖွဲ့တွေအကြား နှစ်ဖက် ဖမ်းဆီးထားတဲ့ သုံ့ပန်း လဲလှယ်ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအကြား အပြန်အလှန် ဖမ်းဆီး ထိန်းသိမ်းမှုတွေ ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် နှစ်ဖက် သုံ့ပန်းလဲလှယ်ရေး ညှိနှိုင်း လုပ်ဆောင်ခဲ့ကြတဲ့ အခြေအနေေတွေကို နိုင်ကွန်းအိန် တင်ပြပေးထားပါတယ်။

ကလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ သပိတ်မှောက်မှုအတွင်း သပိတ်အဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့တွေအကြား အပြန်အလှန် ဖမ်းဆီးမှုတွေ ရှိခဲ့သလို ဒီလို နှစ်ဖက်ဖမ်းဆီးသူတွေ ပြန်လွှတ်ပေးရေးအတွက် နှစ်ဖက်ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သပိတ်မှာပါဝင်သူ ကလေးမြို့ခံတဦးက ပြောပါတယ်။

“ဖမ်းမိထားတဲ့ ရဲတပ်ဖွဲ့ ၄ ယောက်ပေါ့နော်၊ သုံ့ပန်းတွေကို ပြန်လည်လွှတ်ပေးဖို့အတွက် သူတို့ဘက်ကပဲ စတင်ကမ်းလှမ်းလာတယ်။ ဒီဘက်က ညှိနှိုင်းဖြစ်သွားပုံကတော့ ကျနော်တို့ သပိတ်တော်လှန်ရေးမှာ ပါဝင်ခဲ့ကြတဲ့သူတွေ သူတို့ဖမ်းဆီးထားတဲ့သူတွေ အားလုံးကို ခြွင်းချက်မရှိ အားလုံးပြန်လွှတ်ပေးရေး အချက်နဲ့ ပြန်လည်လွှတ်ပေးတဲ့အခါမှာ လက်ခံတယ်လို့ ပြောပါတယ်။”

အပြန်အလှန် သုံ့ပန်းလဲလှယ်ရေး အစီအစဉ်အရ မနေ့ညပိုင်းမှာ နှစ်ဖက် ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးခဲ့တယ်လို့ ကျောင်းသားသပိတ် ခေါင်းဆောင်တဦးက ပြောပါတယ်။

“မနေ့ကတော့ ကျနော်တို့ သူတို့ဘက်က လွှတ်ပေးတာတော့ ၉ ယောက်ပေါ့နော်။ သူတို့ ၉ ယောက်ပေးတဲ့အထဲမှာ သူတို့ပြောကြားချက်အရ အမှုမဖွင့်သေးတဲ့ဟာတို့ ပုဒ်မ မတတ်သေးတဲ့ဟာတို့ ယူခဲ့ပေးတာတဲ့။ ပြီးတော့ အမှုဖွင့်ပြီးသား ပုဒ်မတတ်ပြီးသားသူတွေကို သူတို့ ရုံးချိန်းရက်တွေမှာ အမှုအလျှော့ပေါ့ဆုံးဖြစ်အောင် ဒဏ်ကြေးလေးနဲ့ ဖြစ်ဖြစ်ပေါ့နော် တခါတည်း လွှတ်လို့ရတဲ့ အခြေအနေဆို တခါတည်း လွှတ်ပေးမယ်ဆိုတဲ့ဟာ သူတို့ဘက်ကနေ ပြောတယ်။ ကျနော်တို့ဘက်က ဖမ်းထားတဲ့ဟာက ၇ ယောက်။ ၇ ယောက်ကို မနေ့က ပြန်လွှတ်ပေးတယ်။ ရဲက ၄ ယောက် ယာဉ်ထိန်းရဲတွေပါ။ ဒလန်ဆိုပြီးတော့ ကျနော်တို့ရပ်ကွက်ထဲက လူတချို့ကနေ ဖမ်းပေးတဲ့လူ ၃ ယောက်၊ အားလုံးပေါင်း ၇ ယောက်။”

လုံခြုံရေးအဖွဲ့ဘက်က ပြန်လွှတ်ပေးတဲ့သူတွေဟာ ဆန္ဒပြသူတွေမဟုတ်ဘဲ ဖမ်းဆီးထားတဲ့ သာမန်အရပ်သားလို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းက ကလေးမြို့ ဆန္ဒပြအဖွဲ့ကနေ ရဲတပ်ဖွဲ့ဝင် ၄ ယောက်နဲ့ ဒလန်လို့ စွပ်စွဲခံရတဲ့ ၃ ယောက်ကို ဖမ်းဆီးထားသလို လုံခြုံရေးတပ်ဖွဲ့တွေဘက်ကလည်း ဆန္ဒပြသူ ၂၅ ယောက်ကျော် ဖမ်းဆီးထားခဲ့ပေမယ့် ပြန်လွတ်လာတာ မရှိသေးပါဘူး။

ဒီကနေ့မှာလည်း ကလေးမြို့အတွင်း ထိုင်သပိတ်ပြုလုပ်နေပြီး လုံခြုံရေးအဖွဲ့တွေကနေ သပိတ်ဖြိုခွင်းတာ မရှိသေးဘူးလို့ သပိတ်ခေါင်းဆောင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ ကလေးမြို့အတွင်း ဆန္ဒပြအဖွဲ့တွေကို လုံခြုံရေးတပ်ဖွဲ့တွေကနေ အကြမ်းဖက် ဖြိုခွင်းတာကြောင့် အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

ကလေးမြို့က ဆန္ဒပြပွဲတချို့မှာ တပ်ဖွဲ့တွေဘက်က လက်နက်နဲ့ အပြင်းအထန် ပစ်ခတ်ခဲ့သလို ဆန္ဒပြ ပြည်သူတွေဘက်ကလည်း တူမီးသေနတ်၊ လေသေနတ်၊ ဂက်စ်သေနတ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ကြပါတယ်။

ကလေးမြို့ သပိတ်ဖြိုခွင်းဖို့ တပ်ကူလွှတ်လာတဲ့အဖွဲ့ကို ကလေး-ဂန့်ဂေါလမ်းတလျှောက် ရွာတွေကနေ ကားလမ်းမပေါ် အကာအရံ အတားအဆီးတွေ ပြုလုပ်ခဲ့ကြပါတယ်။ ကလေး-ဂန့်ဂေါမြို့ ကားလမ်းကိုလည်း ပိတ်ဆို့ တားဆီးခဲ့တာကြောင့် စစ်တပ်ကနေ ကလေးမြို့အဝင်နားက ချောင်းခွကျေးရွာမှာ ဧပြီလ ၁ ရက်နေ့က ပစ်ခတ်မှုကြောင့် ချောင်းခွရွာသား ၃ ဦးနဲ့ ဝေဘူလရွာသားတဦး သေဆုံးသွားသလို ချောင်းခွ သံဖိုကျေးရွာသား ထောင်ချီ တောတောင်ထဲ တိမ်းရှောင်ထွက်ပြေးနေကြရပါတယ်။

လက်ရှိ တပ်မတော်ဘက်က အိမ်ပြန်ကြဖို့ ပြောဆိုတာကြောင့် တိမ်းရှောင်နေတဲ့ ရွာသားတချို့ နေအိမ်ကို ပြန်လာကြပေမယ့် သပိတ်မှာ ပါဝင်တဲ့သူတွေနဲ့ လူငယ်တွေ မပြန်ရဲကြသေးဘူးလို့ သံဖိုကျေးရွာသားတဦးက ပြောပါတယ်။

“ကိုယ့်ရွာနဲ့ကိုယ် ပြန်နေကြဖို့ပေါ့နော် တပ်မတော်ဘက်ကလည်း သူပြောထားတာရှိတယ်။ လာလို့ရှိရင် တံခါးဖွင့်ထားပြီးတော့ ပိတ်မထားပါနဲ့။ ပုံမှန်ပဲ နေသွားကြပါ။ ကိုယ့်ရဲ့စီးပွားရေး ကိုယ့်ရဲ့ စားဝတ်နေရေးပေါ့နော်။ အဲဒါလေးတွေ ပုံစံနဲ့ နေသွားကြပါလို့ ပြောတာတော့ရှိတယ်။ အားလုံးတော့ မပေးပြန်ဘူး။ ဥပမာ လူတွေတော့ပြန်ကြတယ် ကလေးတွေပေါ့နော်။ အဲဒါ မိန်းကလေးတွေ ပြန်ကြတယ်။ ခေါင်းဆောင်လိုလို ဘာလိုလိုနဲ့ ခေါင်းစဉ်အတပ်ခံရတဲ့ သူတွေကတော့ နည်းနည်း ရှောင်နေကြတာပေါ့ဗျာ။”

ကလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ရက်ဆက်ဖြစ်ပွားနေသလို ဆန္ဒပြပွဲတွေကို စစ်တပ်ဘက်က အကြမ်းဖက် ဖြိုခွင်းမှုတွေ တိုးလုပ်နေပြီး လူထုဘက်ကလည်း ရရာလက်နက်နဲ့ ကာကွယ်ခုခံ တုံ့ပြန်နေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG