သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး အာဆီယံစည္းေဝးပြဲ မၾကာခင္ က်င္းပမည္


ျမန္မာႏိုင္ငံအေရးနဲ႔ပတ္သက္ၿပီး အာဆီယံအစည္းအေဝးက်င္းပဖို႔ အာဆီယံအလွည့္က်ဥကၠဌျဖစ္တဲ့ ဘ႐ူႏိုင္းႏိုင္ငံက ေထာက္ခံလိုက္ပါတယ္။

ZAWGYI/UNICODE

ျမန္မာႏိုင္ငံအေရးနဲ႔ပတ္သက္ၿပီး အာဆီယံအစည္းအေဝးက်င္းပဖို႔ အာဆီယံအလွည့္က်ဥကၠ႒ျဖစ္တဲ့ ဘ႐ူႏိုင္းႏိုင္ငံက ေထာက္ခံလိုက္ပါတယ္။ အင္ဒိုနီးရွားႏိုင္ငံ ၿမိဳ႕ေတာ္ဂ်ကာတာမွာ ျမန္မာ့အေရးကိုေဆြးေႏြးဖို႔ အစိုးရတာဝန္ရွိသူေတြကို ၫႊန္ၾကားထားတယ္လို႔ ဒီကေန႔ တနလၤာေန႔မွာေျပာပါတယ္။

ျမန္မာႏိုင္ငံလည္းအဖြဲ႕ဝင္ျဖစ္တဲ့ အာဆီယံမွာ ျပည္တြင္းေရးဝင္မစြက္တဲ့မူဝါဒေတြရွိထားေပမယ့္လည္း ျမန္မာ့အေရးကိုေဆြးေႏြးဖို႔ အင္ဒိုနီးရွားႏိုင္ငံက ဦးေဆာင္ႀကိဳးပမ္းေနတာျဖစ္ပါတယ္။ ျမန္မာ့အေရးကို ဂ်ကာတာ အာဆီယံအစည္းအေဝးမွာေဆြးေႏြးႏိုင္ဖို႔ သက္ဆိုင္ရာဝန္ႀကီးေတြနဲ႔ အဆင့္ျမင့္အရာရွိေတြကို ၫႊန္ၾကားထားေၾကာင္း မေလးရွားနဲ႔ ဘ႐ူႏိုင္းႏိုင္ငံတို႔ ပူးတြဲထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

မေလးရွားဝန္ႀကီးခ်ဳပ္ Muhyiddin Yassin နဲ႔ ဘ႐ူႏိုင္း ေစာ္ဘြား Hassanal Bolkiah တို႔ ေတြ႕ဆုံအၿပီးမွာပဲ တနလၤာေန႔မွာ ပူးတြဲေၾကညာခ်က္ထြက္လာတာျဖစ္ပါတယ္။ ျမန္မာ့အေရးနဲ႔ပတ္သက္ၿပီး အာဆီယံေခါင္းေဆာင္ေတြေဆြးေႏြးဖို႔ ေခါင္းေဆာင္ႏွစ္ဦးသေဘာတူညီခဲ့ၾကတယ္လို႔ ေၾကညာခ်က္မွာ ေျပာထားပါတယ္။ ဘယ္အခ်ိန္မွာ အစည္းအေဝးက်င္းပမလဲဆိုတာကိုေတာ့ ေျပာမထားပါဘူး။

ျမန္မာႏိုင္ငံမွာ စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ပိုင္း အရပ္သားေသဆုံးမႈတိုးလာတဲ့အေပၚ ေခါင္းေဆာင္ႏွစ္ဦးစလုံးစိုးရိမ္ေနၾကတယ္လို႔လည္း ေဖာ္ျပထားပါတယ္။ အၾကမ္းဖက္မႈေတြထပ္ေပၚေပါက္မလာေအာင္ေသြးထိုးလႈံ႕ေဆာ္မႈေတြမလုပ္ဖို႔၊ အဘက္ဘက္က ထိန္းထိန္းသိမ္းသိမ္းလုပ္ၾကဖို႔လည္း ေၾကညာခ်က္မွာတိုက္တြန္းထားပါတယ္။

ျမန္မာဆႏၵျပသူေတြကို စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕က မဆင္မျခင္သတ္ျဖတ္ဖမ္းဆီးေနတဲ့အေပၚ မေလးရွား၊ အင္ဒိုနီးရွား၊ ဖိလစ္ပိုင္နဲ႔ စကၤာပူႏိုင္ငံတို႔က စိုးရိမ္ေနၾကၿပီး အာဆီယံအေရးေပၚေဆြးေႏြးပြဲက်င္းပၿပီး ျမန္မာ့အေရးေဆြးေႏြးဖို႔ အားေပးေထာက္ခံထားၾကတာျဖစ္ပါတယ္။ အဲဒီႏိုင္ငံက ႏိုင္ငံျခားေရးဝန္ႀကီးေတြကလည္း ျမန္မာအေပၚ ၾသဇာေညာင္းတဲ့ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ ၿပီးခဲ့တဲ့တပတ္က သီးျခားေတြ႕ဆုံေဆြးေႏြးထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

UNICODE

မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး အာဆီယံအစည်းအဝေးကျင်းပဖို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဘရူနိုင်းနိုင်ငံက ထောက်ခံလိုက်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာမှာ မြန်မာ့အရေးကိုဆွေးနွေးဖို့ အစိုးရတာဝန်ရှိသူတွေကို ညွှန်ကြားထားတယ်လို့ ဒီကနေ့ တနင်္လာနေ့မှာပြောပါတယ်။

မြန်မာနိုင်ငံလည်းအဖွဲ့ဝင်ဖြစ်တဲ့ အာဆီယံမှာ ပြည်တွင်းရေးဝင်မစွက်တဲ့မူဝါဒတွေရှိထားပေမယ့်လည်း မြန်မာ့အရေးကိုဆွေးနွေးဖို့ အင်ဒိုနီးရှားနိုင်ငံက ဦးဆောင်ကြိုးပမ်းနေတာဖြစ်ပါတယ်။ မြန်မာ့အရေးကို ဂျကာတာ အာဆီယံအစည်းအဝေးမှာဆွေးနွေးနိုင်ဖို့ သက်ဆိုင်ရာဝန်ကြီးတွေနဲ့ အဆင့်မြင့်အရာရှိတွေကို ညွှန်ကြားထားကြောင်း မလေးရှားနဲ့ ဘရူနိုင်းနိုင်ငံတို့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မလေးရှားဝန်ကြီးချုပ် Muhyiddin Yassin နဲ့ ဘရူနိုင်း စော်ဘွား Hassanal Bolkiah တို့ တွေ့ဆုံအပြီးမှာပဲ တနင်္လာနေ့မှာ ပူးတွဲကြေညာချက်ထွက်လာတာဖြစ်ပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံခေါင်းဆောင်တွေဆွေးနွေးဖို့ ခေါင်းဆောင်နှစ်ဦးသဘောတူညီခဲ့ကြတယ်လို့ ကြေညာချက်မှာ ပြောထားပါတယ်။ ဘယ်အချိန်မှာ အစည်းအဝေးကျင်းပမလဲဆိုတာကိုတော့ ပြောမထားပါဘူး။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားသေဆုံးမှုတိုးလာတဲ့အပေါ် ခေါင်းဆောင်နှစ်ဦးစလုံးစိုးရိမ်နေကြတယ်လို့လည်း ဖော်ပြထားပါတယ်။ အကြမ်းဖက်မှုတွေထပ်ပေါ်ပေါက်မလာအောင်သွေးထိုးလှုံ့ဆော်မှုတွေမလုပ်ဖို့၊ အဘက်ဘက်က ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့လည်း ကြေညာချက်မှာတိုက်တွန်းထားပါတယ်။

မြန်မာဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က မဆင်မခြင်သတ်ဖြတ်ဖမ်းဆီးနေတဲ့အပေါ် မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ စင်္ကာပူနိုင်ငံတို့က စိုးရိမ်နေကြပြီး အာဆီယံအရေးပေါ်ဆွေးနွေးပွဲကျင်းပပြီး မြန်မာ့အရေးဆွေးနွေးဖို့ အားပေးထောက်ခံထားကြတာဖြစ်ပါတယ်။ အဲဒီနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေကလည်း မြန်မာအပေါ် သြဇာညောင်းတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ပြီးခဲ့တဲ့တပတ်က သီးခြားတွေ့ဆုံဆွေးနွေးထားကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG