သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖမ္းဆီးခံျမန္မာလႊတ္ေတာ္အမတ္ေတြ လႊတ္ဖို႔ ႏိုင္ငံတကာလႊတ္ေတာ္အမတ္ ၃၀၀ နီးပါးလက္မွတ္ထိုးေတာင္းဆို


၂၀၂၀ ခုႏွစ္ မတ္လ ၁၀ ရက္ေန႔က ေနျပည္ေတာ္ရွိ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးပဲြ တက္ေရာက္လာၾကတဲ့ လႊတ္ေတာ္အမတ္တခ်ိဳ႕။ (မတ္ ၁၀၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ ဖမ္းဆီးခံထားရတဲ့ လႊတ္ေတာ္အမတ္ေတြနဲ႔ တျခားလူေတြအားလံုးကို ျပန္လႊတ္ေပးဖို႔ ကမာၻတဝန္းက လက္ရွိလႊတ္ေတာ္အမတ္ ၃၀၀ နီးပါး လက္မွတ္ေရးထိုး ေတာင္းဆိုလိုက္ၾကပါတယ္။

အေမရိကန္၊ ကေနဒါ၊ အာဖရိက၊ ဥေရာပ၊ အာရွ၊ ၾသစေၾတးလ်နဲ႔ နယူးဇီလန္တို႔အပါအဝင္ ကမာၻ႔တိုက္ႀကီး ငါးတိုက္စလံုးမွာရွိတဲ့ ႏုိင္ငံေပါင္း ၂၈ ႏုိင္ငံက လက္ရွိလႊတ္ေတာ္အမတ္ေတြ စုေပါင္းလက္မွတ္ေရးထိုးထားတဲ့ ဒီကေန႔ ထုတ္ျပန္ခ်က္ထဲမွာ အဲဒီလိုေတာင္းဆိုထားတာပါ။

"ျမန္မာစစ္တပ္ရဲ႕ စက္ဆုပ္ဖြယ္ လူမဆန္တဲ့လုပ္ရပ္ေၾကာင့္ ထိတ္လန္႔တုန္လႈပ္ရ႐ံုသာမက လူထုက သူတို႔ရဲ႕ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ေရြးေကာက္တင္ေျမွာက္ထား႐ံုသက္သက္ေၾကာင့္ ဖမ္းဆီးခံထားရတဲ့ က်ေနာ္တို႔ လုပ္ေဖာ္ကိုင္ဖက္ေတြရဲ႕ သာယာဝေျပာေရးအတြက္ အေလးအနက္ စိုးရိမ္ပါတယ္။" လို႔ ကေနဒါလႊတ္ေတာ္အမတ္ Bruce Stanton ကေျပာပါတယ္။

"လႊတ္ေတာ္အမတ္ေတြဟာ ဒီမုိကေရစီရဲ႕ ေက်ာ႐ိုးျဖစ္ပါတယ္။ အာဏာသိမ္းစဥ္ကတည္းက ဖမ္းထားတဲ့ သူတို႔နဲ႔အတူ တျခားလူအားလံုးကို ခ်က္ျခင္းနဲ႔ ႁခြင္းခ်က္မရွိ ျပန္လႊတ္ေပးဖို႔ ကမာၻလံုးဆိုင္ရာ လႊတ္ေတာ္အမတ္ေတြရဲ႕ကြန္ယက္တခုအေနနဲ႔ က်မတို႔ ေတာင္းဆိုပါတယ္။ က်ယ္ေလာင္စြာ ေအာ္ဟစ္ေတာင္းဆိုေနတဲ့ ျမန္မာလူထုရဲ႕အသံကို နားေထာင္တဲ့အေနနဲ႔ ဒီမိုကေရစီကို ျပန္လည္တည္ေဆာက္ရပါမယ္။" လို႔ ဂ်ာမန္လႊတ္ေတာ္အမတ္ Renate Künast ကလည္းေျပာပါတယ္။

သူတို႔ရဲ႕သက္ဆိုင္ရာအစိုးရေတြအပါအဝင္ ႏုိင္ငံတာအသိုင္းအဝုိင္းအေနနဲ႔ ရက္စက္တဲ့ ျမန္မာစစ္အစိုးရကို အသိအမွတ္မျပဳဖို႔လည္း လႊတ္ေတာ္အမတ္ေတြက ေတာင္းဆိုပါတယ္။

ၿငိမ္းခ်မ္းစြာဆႏၵျပသူေတြကို အၾကမ္းဖက္ၿဖိဳခြဲေနတာ ခ်က္ျခင္းရပ္တန္႔ၿပီး ျမန္မာလူထုရဲ႕ ဒီမုိကေရစီနည္းက် လိုလားခ်က္နဲ႔ တရားဥပေဒစိုးမိုးေရးအတိုင္း ျမန္မာစစ္အစိုးရက လိုက္နာလုပ္ေဆာင္ေစေရး ၿပီးျပည့္စံုတဲ့ တုံ႔ျပန္လုပ္ေဆာင္ခ်က္တခုကို အျမန္ဆံုး ခ်မွတ္ၾကဖို႔လည္း ႏုိင္ငံတကာက လႊတ္ေတာ္အမတ္ေတြ ေတာင္းဆိုထားပါတယ္။

ျမန္မာႏုိင္ငံမွာ လူ႔အခြင့္အေရးနဲ႔ ဒီမုိကေရစီ တိုးတက္လာေစဖို႔အတြက္ ဒီႏွစ္ မတ္လမွာ ထူေထာင္ခဲ့တဲ့ ျမန္မာ့အေရး ႏုိင္ငံတကာလႊတ္ေတာ္အမတ္မ်ားၫြန္႔ေပါင္းအဖြဲ႔ (IPAM) က ကမကထျပဳၿပီးေတာ့ အခုေတာင္းဆိုခ်က္ကို ထုတ္ျပန္တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဖမ်းဆီးခံမြန်မာလွှတ်တော်အမတ်တွေ လွှတ်ဖို့ နိုင်ငံတကာလွှတ်တော်အမတ် ၃၀၀ နီးပါးလက်မှတ်ထိုးတောင်းဆို

မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ လွှတ်တော်အမတ်တွေနဲ့ တခြားလူတွေအားလုံးကို ပြန်လွှတ်ပေးဖို့ ကမ္ဘာတဝန်းက လက်ရှိလွှတ်တော်အမတ် ၃၀၀ နီးပါး လက်မှတ်ရေးထိုး တောင်းဆိုလိုက်ကြပါတယ်။

အမေရိကန်၊ ကနေဒါ၊ အာဖရိက၊ ဥရောပ၊ အာရှ၊ သြစတြေးလျနဲ့ နယူးဇီလန်တို့အပါအဝင် ကမ္ဘာ့တိုက်ကြီး ငါးတိုက်စလုံးမှာရှိတဲ့ နိုင်ငံပေါင်း ၂၈ နိုင်ငံက လက်ရှိလွှတ်တော်အမတ်တွေ စုပေါင်းလက်မှတ်ရေးထိုးထားတဲ့ ဒီကနေ့ ထုတ်ပြန်ချက်ထဲမှာ အဲဒီလိုတောင်းဆိုထားတာပါ။

"မြန်မာစစ်တပ်ရဲ့ စက်ဆုပ်ဖွယ် လူမဆန်တဲ့လုပ်ရပ်ကြောင့် ထိတ်လန့်တုန်လှုပ်ရရုံသာမက လူထုက သူတို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ထားရုံသက်သက်ကြောင့် ဖမ်းဆီးခံထားရတဲ့ ကျနော်တို့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ သာယာဝပြောရေးအတွက် အလေးအနက် စိုးရိမ်ပါတယ်။" လို့ ကနေဒါလွှတ်တော်အမတ် Bruce Stanton ကပြောပါတယ်။

"လွှတ်တော်အမတ်တွေဟာ ဒီမိုကရေစီရဲ့ ကျောရိုးဖြစ်ပါတယ်။ အာဏာသိမ်းစဉ်ကတည်းက ဖမ်းထားတဲ့ သူတို့နဲ့အတူ တခြားလူအားလုံးကို ချက်ခြင်းနဲ့ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ ကမ္ဘာလုံးဆိုင်ရာ လွှတ်တော်အမတ်တွေရဲ့ကွန်ယက်တခုအနေနဲ့ ကျမတို့ တောင်းဆိုပါတယ်။ ကျယ်လောင်စွာ အော်ဟစ်တောင်းဆိုနေတဲ့ မြန်မာလူထုရဲ့အသံကို နားထောင်တဲ့အနေနဲ့ ဒီမိုကရေစီကို ပြန်လည်တည်ဆောက်ရပါမယ်။" လို့ ဂျာမန်လွှတ်တော်အမတ် Renate Künast ကလည်းပြောပါတယ်။

သူတို့ရဲ့သက်ဆိုင်ရာအစိုးရတွေအပါအဝင် နိုင်ငံတာအသိုင်းအဝိုင်းအနေနဲ့ ရက်စက်တဲ့ မြန်မာစစ်အစိုးရကို အသိအမှတ်မပြုဖို့လည်း လွှတ်တော်အမတ်တွေက တောင်းဆိုပါတယ်။

ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွဲနေတာ ချက်ခြင်းရပ်တန့်ပြီး မြန်မာလူထုရဲ့ ဒီမိုကရေစီနည်းကျ လိုလားချက်နဲ့ တရားဥပဒေစိုးမိုးရေးအတိုင်း မြန်မာစစ်အစိုးရက လိုက်နာလုပ်ဆောင်စေရေး ပြီးပြည့်စုံတဲ့ တုံ့ပြန်လုပ်ဆောင်ချက်တခုကို အမြန်ဆုံး ချမှတ်ကြဖို့လည်း နိုင်ငံတကာက လွှတ်တော်အမတ်တွေ တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ တိုးတက်လာစေဖို့အတွက် ဒီနှစ် မတ်လမှာ ထူထောင်ခဲ့တဲ့ မြန်မာ့အရေး နိုင်ငံတကာလွှတ်တော်အမတ်များညွန့်ပေါင်းအဖွဲ့ (IPAM) က ကမကထပြုပြီးတော့ အခုတောင်းဆိုချက်ကို ထုတ်ပြန်တာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG