(Zawgyi/Unicode)
ျမန္မာႏိ္ုင္ငံမွာ ေဖေဖၚဝါရီ ၁ ရက္ စစ္တပ္အာဏာသိမ္းခဲ့ၿပီးတဲ့ေနာက္ပိုင္း အာဏာသိမ္းမႈကို ဆန္႔က်င္တဲ့ဆႏၵျပမႈေတြနဲ႔ အတူ စစ္တပ္နဲ႔ ရဲေတြေၾကာင့္ ဆႏၵျပျပည္သူ ရာေပါင္းမ်ားစြာ ေသဆံုးခဲ့ရၿပီး မတည္မၿငိမ္ျဖစ္ေနတဲ့ ျမန္မာႏိုင္ငံရဲ႕ ျပႆနာကို ျမန္မာျပည္သူေတြပဲ ေျဖရွင္းတာမ်ိဳးကို သူလိုလားေၾကာင္း ႐ုရွားအစိုးရက တနလၤာေန႔မွာ ေျပာၾကားလိုက္ပါတယ္။
ဒီလ အေစာပိုင္းတုန္းကလည္း ျမန္မာအာဏာပိုင္ေတြ အေပၚ ဒဏ္ခတ္အေရးယူမႈေတြ ခ်မွတ္တာဟာ ျပည္တြင္းစစ္ကို ဦးတည္သြားေစႏိုင္တယ္လို႔ ႐ုရွားအစိုးရက သတိေပးခဲ့တာပါ။
တနလၤာေန႔မွာေတာ့ အရပ္သားျပည္သူေတြ ေသဆံုးဒဏ္ရာရေအာင္ လုပ္တဲ့ လုပ္ရပ္ေတြကို ျပင္းျပင္းထန္ထန္ ရႈတ္ခ်ေၾကာင္း ႐ုရွားအစိုးရက ေျပာၾကားခဲ့ပါတယ္။
ျမန္မာ့အေရးတြက္ ႐ုရွားက သိပ္ကိုစိုးရိမ္ေနသလို ျမန္မာႏိုင္ငံမွာ ျဖစ္ပြါးေနတာေတြကို ေသခ်ာဂ႐ုစိုက္ ေစာင့္ၾကည့္ေလ့လာေနေၾကာင္း ႐ုရွားအစိုးရေျပာခြင့္ရ Dmitry Peskov က သတင္းေထာက္ေတြကို ေျပာပါတယ္။
ဒါ့အျပင္ ႐ုရွား- ျမန္မာဆက္ဆံေရးဟာ ကာလရွည္ၾကာရွိခဲ့တာ ျဖစ္ၿပီး ဒါကိုတန္ဖိုးထားေၾကာင္းနဲ႔ ျမန္မာအေနနဲ႔ သူတို႔ရဲ႕ ျပႆနာကို သူတို႔ဘာသာ ေျဖရွင္းဖို႔ ႐ုရွားက လိုလားေၾကာင္း ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။
.............................................................
မြန်မာ့ပြဿနာ ပြည်တွင်းမှာသာ အဖြေရှာဖို့ ရုရှားလိုလား
(Unicode)
မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းခဲ့ပြီးတဲ့နောက်ပိုင်း အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ဆန္ဒပြမှုတွေနဲ့ အတူ စစ်တပ်နဲ့ ရဲတွေကြောင့် ဆန္ဒပြပြည်သူ ရာပေါင်းများစွာ သေဆုံးခဲ့ရပြီး မတည်မငြိမ်ဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ ပြဿနာကို မြန်မာပြည်သူတွေပဲ ဖြေရှင်းတာမျိုးကို သူလိုလားကြောင်း ရုရှားအစိုးရက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
ဒီလ အစောပိုင်းတုန်းကလည်း မြန်မာအာဏာပိုင်တွေ အပေါ် ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်တာဟာ ပြည်တွင်းစစ်ကို ဦးတည်သွားစေနိုင်တယ်လို့ ရုရှားအစိုးရက သတိပေးခဲ့တာပါ။
တနင်္လာနေ့မှာတော့ အရပ်သားပြည်သူတွေ သေဆုံးဒဏ်ရာရအောင် လုပ်တဲ့ လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ရုရှားအစိုးရက ပြောကြားခဲ့ပါတယ်။
မြန်မာ့အရေးတွက် ရုရှားက သိပ်ကိုစိုးရိမ်နေသလို မြန်မာနိုင်ငံမှာ ဖြစ်ပွါးနေတာတွေကို သေချာဂရုစိုက် စောင့်ကြည့်လေ့လာနေကြောင်း ရုရှားအစိုးရပြောခွင့်ရ Dmitry Peskov က သတင်းထောက်တွေကို ပြောပါတယ်။
ဒါ့အပြင် ရုရှား- မြန်မာဆက်ဆံရေးဟာ ကာလရှည်ကြာရှိခဲ့တာ ဖြစ်ပြီး ဒါကိုတန်ဖိုးထားကြောင်းနဲ့ မြန်မာအနေနဲ့ သူတို့ရဲ့ ပြဿနာကို သူတို့ဘာသာ ဖြေရှင်းဖို့ ရုရှားက လိုလားကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။