သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဏာသိမ္းမႈဂယက္ ျမန္မာ့စီးပြားေရးအေပၚ ႐ိုက္ခတ္


(Zawgyi/Unicode)

စစ္အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံမွာ ႏိုင္ငံေရး လံုၿခံဳေရး တည္ၿငိမ္မႈ မ႐ွိတဲ့အတြက္ တပိုင္တႏိုင္ စီးပြားေရးလုပ္ငန္းေတြ ထိခိုက္ေနပါတယ္။ စာအုပ္အေရာင္းဆိုင္ကေန၊ ကုန္ပစၥည္းပို႔ေဆာင္ေပးသူေတြအထိ သက္ေရာက္မႈကို ခံစားေနၾကရပါတယ္။ စီးပြားေရးေလ့လာသူေတြကလည္း စီးပြားေရး ထိခိုက္မႈဂယက္ဟာျပင္းထန္လာႏိုင္တယ္လို႔ သံုးသပ္ေနၾကပါတယ္။ ရန္ကုန္ကလာတ့ဲသတင္းကို မခင္ျဖဴေထြးက ေျပာျပထားပါတယ္။

ေဖေဖာ္ဝါရီ ၁ ရက္ေန႔ကစလို႔ စစ္တပ္က အာဏာသိမ္းထားတဲ့ အက်ိဳးဆက္ေၾကာင့္ စီးပြားေရးအေပၚ သက္ေရာက္ေနတာမွာ ေဒၚလာေစ်း၊ ေ႐ႊေစ်းနဲ႔ စက္သုံးဆီေစ်းေတြ ျမင့္တက္လာခဲ့ပါတယ္။ စက္သံုးဆီေစ်းဆိုရင္ အာဏာမသိမ္းခင္ကထက္ တလီတာကို ပ ွ်မ္းမ ွ် က်ပ္ ၃၀၀ ဝန္းက်င္ ေစ်းတက္ခဲ့ပါတယ္။ ေ႐ႊေစ်းကလည္း ၁ က်ပ္သားကို က်ပ္ ၂ သိန္းခြဲဝန္းက်င္ေလာက္အထိ တက္ေနပါၿပီ။ အေျခခံ စားေသာက္ကုန္ေတြရဲ႕ေစ်းကေတာ့ သိသိသာသာ ေျပာင္းလဲတာ မေတြ႔ရေသးပါဘူး။ ဒါေပမဲ့ ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းေတာ္ေတာ္မ်ားမ်ား အေရာင္းအဝယ္ေအးေနတဲ့အတြက္ လုပ္ငန္းေတြ ထိုင္းေနပါတယ္။ စစ္အုပ္ခ်ဳပ္ေရးထုတ္ျပန္ထားတဲ့ ၿမိဳ႕နယ္တခုျဖစ္တဲ့ လႈိင္သာယာၿမိဳ႕နယ္က ေဆးဆိုင္ပိုင္ရွင္တေယာက္က သူ႔ရဲ႕ အခက္အခဲကို ခုလိုေျပာပါတယ္။

“ အာဏာသိမ္းမႈေနာက္ပိုင္းစီးပြားေရး႐ိုက္ခတ္တာက ကိုဗစ္တုန္းကထက္ဆိုးတယ္။ က်ေနာ္တို႔ဆီမွာ မာရွယ္ေလာရွိေတာ့ လူေတြ အသြားအလာနည္းလာတယ္။ တခ်ိဳ႕စက္႐ုံေတြကလည္း အိုဗာတိုင္ေတြ မရွိေတာ့ လူေတြကဝင္ေငြနည္းလာတယ္။ ေနာက္အာဏာသိမ္းလို႔ စက္႐ုံတခ်ိဳ႕ပိတ္ရတာေၾကာင့္ အလုပ္သမားေတြ မွာဝင္ေငြမရွိေတာ့ဘူး။ အေျခခံစားသုံးကုန္အဝယ္နည္းေတာ့ အေရာင္းအဝယ္သ မားေတြလည္း အေရာင္းအဝယ္မရွိေတာ့ဘူး"

ရန္ကုန္ၿမိဳ႕ထဲက စာအုပ္ထုတ္လုပ္ေရာင္းဝယ္ေရးလုပ္ငန္း လုပ္သူတေယာက္ကလည္း စစ္အာဏာသိမ္းၿပီးထဲက ဝင္ေငြ လံုးဝမ႐ွိတဲ့ အေျခအေနကို ေျပာျပပါတယ္။

"ၿပီးခဲ့တဲ့ ႏွစ္နဲ႔ယွဥ္မယ္ဆိုရင္ ဒီႏွစ္ကေတာ့ ဇီး႐ိုးေပါ့။ ၿပီးခဲ့တဲ့ ဇန္နဝါရီမွာ အုပ္ ၁၀၀ ေရာင္းရတယ္ဆိုရင္ ဒီႏွစ္ ဧၿပီမွာေရာင္းရတာက သုံညဘဲ။ ေနာက္တခုမတူတာက ၿပီးခဲ့တဲ့ႏွစ္ကကိုဗစ္ျဖစ္ တုန္းက လုပ္ငန္းေတြကမက်ပ္တည္းၾကဖူး။ ခုခ်ိန္မွာက်ေတာ့ စစ္အာဏာသိမ္းေတာ့ ဆိုင္ေတြလည္းမထြက္ႏိုင္ဘူး။ စာအုပ္ေတြလည္းမထြက္ႏိုင္ ပုံႏွိပ္စက္ေတြလည္းမလုပ္ႏိုင္။ စကၠဴဆိုင္ေတြလည္းရပ္ထားရတယ္။ စာဖတ္သူလည္း စာမဖတ္ႏိုင္။ အဲလိုစစ္အာဏာသိမ္းမႈေနာက္မွာႀကဳံေတြ႕ေနရတာေပါ့။"

အာဏာသိမ္းခဲ့ၿပီးေနာက္ စစ္ေကာင္စီက အင္တာနက္ဆက္သြယ္မႈေတြကို တင္းတင္းၾကပ္ၾကပ္ ကန္႔သတ္ခဲ့ပါတယ္။ အထူးသျဖင့္ လက္ကိုင္ဖုန္းေတြကေန အင္တာနက္ဆက္သြယ္လို႔မရေအာင္လုပ္ခဲ့တာေၾကာင့္ အြန္လိုင္းေပၚကေန ေရာင္းဝယ္ေဖာက္ကားၾကတဲ့ အေသးစား အလတ္စား စီးပြားေရးလုပ္ငန္းေတြ ေတာ္ေတာ္မ်ားမ်ား ရပ္နားလိုက္ရတာေတြရွိေနသလို အြန္လိုင္းကေန အစားအေသာက္ပို႔ေဆာင္ေပးေနတဲ့ လူေတြမွာလည္း ဝင္ေငြ ထိခိုက္ေနပါတယ္။

“ရွင္းရွင္းေျပာရင္ က်ေနာ္တို႔ Delivery သမားေတြအတြက္ က်ပ္တည္းတာေပါ့။ က်ေနာ္တို႔က တေန႔လုပ္မွ တေန႔စားရတာ။ အင္တာနက္မရေတာ့ အင္တာနက္ရရင္ေတာ့ပိုေကာင္းတာေပါ့။ ခုက ဝိုင္ဖာရွာလုပ္ရ လိုင္းျပန္ဖြင့္ရေတာ့ ခက္ခဲတာေပါ့။အရင္ကထက္ေတာ့ဝင္ေငြက်သြားတာေပါ့။ အရင္ အင္တာနက္ရတုန္းက တပါတ္ကို ၁သိန္းေလာက္ရရင္ အခု အင္တာနက္မရေတာ့ ဝိုင္ဖိုင္နဲ႔ ရသလို ဖိလုပ္ ရတာေတာင္ တပတ္ကို ၅ေသာင္းေလာက္ဘဲရတယ္။ အဲေလာက္ဘဲရေတာ့တယ္။"

အခုလိုအေျခအေနမွာ စီးပြားေရးက မေရမရာျဖစ္ေနၿပီး ထိခိုက္မႈ ႀကီးမားႏုိင္တယ္လို႔ စီးပြားေရးေလ့လာသူတေယာက္က သံုးသပ္ပါတယ္။

“လက္ရွိစီးပြားေရးအလားလာက ဘာမွန္းကိုမသိတဲ့ အေျခအေနျဖစ္ေနတယ္။ ဆက္ၿပီးလုပ္ငန္း လုပ္ဖို႔ဆိုတာက ဘာမွမေရမရာ အေျခအေနျဖစ္ေနတယ္။ ဘာေတြဆက္လုပ္ႏိုင္မလဲ ဘယ္လို လုပ္ႏိုင္မလဲ ေသခ်ာတာေတာ့ ဘယ္ေလာက္ၿပိဳက်မလဲ ဘယ္ေလာက္ထိ ထိခိုက္မလဲဆိုတာကို အေျခအေနကမွန္းဆမရဘူးျဖစ္ေနတယ္။ စီးပြားေရးပိတ္ဆို႔မႈ အလားအလာေတြကလည္းစိုးရိမ္စရာ အေျခအေနရွိေနတယ္။ ႀကိဳးတန္းလမ္းေလွ်ာက္သလို အေျခအေနေတြျဖစ္ေတာ့ သက္ေရာက္မႈက ရွိမယ္။ ဘယ္ေလာက္ထိျဖစ္မလဲ ဘယ္ေလာက္ထိစိုးစိုး႐ြား႐ြားျဖစ္မလဲ တဆင့္ဆင့္ စီးပြားေရးေလာက တခုလုံးအျပင္ ျပည္သူလူထုေအာက္ေျခထိပါ ဘယ္ေလာက္ထိ႐ိုက္ခတ္သြားမလဲဆိုတာ အတိုင္းအတာဘဲ စဥ္းစားစရာရွိေတာ့တယ္။ ေသခ်ာေပါက္ထိခိုက္မယ္။ က်ဆင္းမယ္။ ကုစားစရာအေျဖရွာလို႔မေတြ႕ ဘူးေလ။ စစ္အာဏာသိမ္းလိုက္ကထဲကစၿပီး ထိခိုက္သြားၿပီေလ။”

ၿပီးခဲ့တဲ့ မတ္ ၂၆ ရက္က ထုတ္ျပန္တဲ့ ကမာၻဘဏ္ရဲ႕ စီးပြားေရးအစီရင္ခံစာအရ စစ္အာဏာသိမ္းမႈေၾကာင့္ ျမန္မာ့စီးပြားေရးက်ဆင္းမူဟာ ၁၀ ရာခိုင္ႏႈန္းအထိရွိႏိုင္ၿပီး ႏွစ္ေပါင္း ၃၀ ေက်ာ္အတြင္း အႀကီးမားဆုံးက်ဆင္းမႈျဖစ္လာႏိုင္တယ္လို႔ေဖာ္ျပထားပါတယ္။ ဒါဟာ ႏိုင္ငံတြင္း ရင္းႏွီးျမဳပ္ႏွံမႈနဲ႔ ဝင္ေငြေတြအေပၚ အေျခခံတြက္ခ်က္တာျဖစ္ၿပီး ဆႏၵျပပြဲေတြကိုအၾကမ္းဖက္ႏွိမ္ႏွင္းတာေၾကာင့္ ျမန္မာ့စီးပြားေရးကို အႀကီးအက်ယ္ ထိခိုက္ႏိုင္တာကိုလည္းေဖာ္ျပထားပါတယ္။

ေ႐ႊ႔ေျပာင္းသြားလာတာကို ကန႔္သတ္တာ၊ ဘဏ္လုပ္ငန္း၊ ကုန္စည္ေထာက္ပံ့ပို႔ ေဆာင္ေရးနဲ႔ အင္တာနက္ဝန္ေဆာင္မႈေတြအပါအဝင္ အမ်ားျပည္သူဆိုင္ရာ ၀န္ေဆာင္မႈေတြ ျပတ္ေတာက္တာက စီးပြားေရးအေပၚ သက္ေရာက္မူႀကီးႏိုင္တယ္လို႔ ကမာၻ႔ဘဏ္က သံုးသပ္ ခန္႔မွန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

အာဏာသိမ်းမှုဂယက် မြန်မာ့စီးပွားရေးအပေါ်ရိုက်ခတ်

(Unicode)

စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေး လုံခြုံရေး တည်ငြိမ်မှု မရှိတဲ့အတွက် တပိုင်တနိုင် စီးပွားရေးလုပ်ငန်းတွေ ထိခိုက်နေပါတယ်။ စာအုပ်အရောင်းဆိုင်ကနေ၊ ကုန်ပစ္စည်းပို့ဆောင်ပေးသူတွေအထိ သက်ရောက်မှုကို ခံစားနေကြရပါတယ်။ စီးပွားရေးလေ့လာသူတွေကလည်း စီးပွားရေး ထိခိုက်မှုဂယက်ဟာပြင်းထန်လာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးက ပြောပြထားပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ စစ်တပ်က အာဏာသိမ်းထားတဲ့ အကျိုးဆက်ကြောင့် စီးပွားရေးအပေါ် သက်ရောက်နေတာမှာ ဒေါ်လာဈေး၊ ရွှေဈေးနဲ့ စက်သုံးဆီဈေးတွေ မြင့်တက်လာခဲ့ပါတယ်။ စက်သုံးဆီဈေးဆိုရင် အာဏာမသိမ်းခင်ကထက် တလီတာကို ပ ျှမ်းမ ျှ ကျပ် ၃၀၀ ဝန်းကျင် ဈေးတက်ခဲ့ပါတယ်။ ရွှေဈေးကလည်း ၁ ကျပ်သားကို ကျပ် ၂ သိန်းခွဲဝန်းကျင်လောက်အထိ တက်နေပါပြီ။ အခြေခံ စားသောက်ကုန်တွေရဲ့ဈေးကတော့ သိသိသာသာ ပြောင်းလဲတာ မတွေ့ရသေးပါဘူး။ ဒါပေမဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတော်တော်များများ အရောင်းအဝယ်အေးနေတဲ့အတွက် လုပ်ငန်းတွေ ထိုင်းနေပါတယ်။ စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့ မြို့နယ်တခုဖြစ်တဲ့ လှိုင်သာယာမြို့နယ်က ဆေးဆိုင်ပိုင်ရှင်တယောက်က သူ့ရဲ့ အခက်အခဲကို ခုလိုပြောပါတယ်။

“ အာဏာသိမ်းမှုနောက်ပိုင်းစီးပွားရေးရိုက်ခတ်တာက ကိုဗစ်တုန်းကထက်ဆိုးတယ်။ ကျနော်တို့ဆီမှာ မာရှယ်လောရှိတော့ လူတွေ အသွားအလာနည်းလာတယ်။ တချို့စက်ရုံတွေကလည်း အိုဗာတိုင်တွေ မရှိတော့ လူတွေကဝင်ငွေနည်းလာတယ်။ နောက်အာဏာသိမ်းလို့ စက်ရုံတချို့ပိတ်ရတာကြောင့် အလုပ်သမားတွေ မှာဝင်ငွေမရှိတော့ဘူး။ အခြေခံစားသုံးကုန်အဝယ်နည်းတော့ အရောင်းအဝယ်သ မားတွေလည်း အရောင်းအဝယ်မရှိတော့ဘူး"

ရန်ကုန်မြို့ထဲက စာအုပ်ထုတ်လုပ်ရောင်းဝယ်ရေးလုပ်ငန်း လုပ်သူတယောက်ကလည်း စစ်အာဏာသိမ်းပြီးထဲက ဝင်ငွေ လုံးဝမရှိတဲ့ အခြေအနေကို ပြောပြပါတယ်။

"ပြီးခဲ့တဲ့ နှစ်နဲ့ယှဉ်မယ်ဆိုရင် ဒီနှစ်ကတော့ ဇီးရိုးပေါ့။ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ အုပ် ၁၀၀ ရောင်းရတယ်ဆိုရင် ဒီနှစ် ဧပြီမှာရောင်းရတာက သုံညဘဲ။ နောက်တခုမတူတာက ပြီးခဲ့တဲ့နှစ်ကကိုဗစ်ဖြစ် တုန်းက လုပ်ငန်းတွေကမကျပ်တည်းကြဖူး။ ခုချိန်မှာကျတော့ စစ်အာဏာသိမ်းတော့ ဆိုင်တွေလည်းမထွက်နိုင်ဘူး။ စာအုပ်တွေလည်းမထွက်နိုင် ပုံနှိပ်စက်တွေလည်းမလုပ်နိုင်။ စက္ကူဆိုင်တွေလည်းရပ်ထားရတယ်။ စာဖတ်သူလည်း စာမဖတ်နိုင်။ အဲလိုစစ်အာဏာသိမ်းမှုနောက်မှာကြုံတွေ့နေရတာပေါ့။"

အာဏာသိမ်းခဲ့ပြီးနောက် စစ်ကောင်စီက အင်တာနက်ဆက်သွယ်မှုတွေကို တင်းတင်းကြပ်ကြပ် ကန့်သတ်ခဲ့ပါတယ်။ အထူးသဖြင့် လက်ကိုင်ဖုန်းတွေကနေ အင်တာနက်ဆက်သွယ်လို့မရအောင်လုပ်ခဲ့တာကြောင့် အွန်လိုင်းပေါ်ကနေ ရောင်းဝယ်ဖောက်ကားကြတဲ့ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေ တော်တော်များများ ရပ်နားလိုက်ရတာတွေရှိနေသလို အွန်လိုင်းကနေ အစားအသောက်ပို့ဆောင်ပေးနေတဲ့ လူတွေမှာလည်း ဝင်ငွေ ထိခိုက်နေပါတယ်။

“ရှင်းရှင်းပြောရင် ကျနော်တို့ Delivery သမားတွေအတွက် ကျပ်တည်းတာပေါ့။ ကျနော်တို့က တနေ့လုပ်မှ တနေ့စားရတာ။ အင်တာနက်မရတော့ အင်တာနက်ရရင်တော့ပိုကောင်းတာပေါ့။ ခုက ဝိုင်ဖာရှာလုပ်ရ လိုင်းပြန်ဖွင့်ရတော့ ခက်ခဲတာပေါ့။အရင်ကထက်တော့ဝင်ငွေကျသွားတာပေါ့။ အရင် အင်တာနက်ရတုန်းက တပါတ်ကို ၁သိန်းလောက်ရရင် အခု အင်တာနက်မရတော့ ဝိုင်ဖိုင်နဲ့ ရသလို ဖိလုပ် ရတာတောင် တပတ်ကို ၅သောင်းလောက်ဘဲရတယ်။ အဲလောက်ဘဲရတော့တယ်။"

အခုလိုအခြေအနေမှာ စီးပွားရေးက မရေမရာဖြစ်နေပြီး ထိခိုက်မှု ကြီးမားနိုင်တယ်လို့ စီးပွားရေးလေ့လာသူတယောက်က သုံးသပ်ပါတယ်။

“လက်ရှိစီးပွားရေးအလားလာက ဘာမှန်းကိုမသိတဲ့ အခြေအနေဖြစ်နေတယ်။ ဆက်ပြီးလုပ်ငန်း လုပ်ဖို့ဆိုတာက ဘာမှမရေမရာ အခြေအနေဖြစ်နေတယ်။ ဘာတွေဆက်လုပ်နိုင်မလဲ ဘယ်လို လုပ်နိုင်မလဲ သေချာတာတော့ ဘယ်လောက်ပြိုကျမလဲ ဘယ်လောက်ထိ ထိခိုက်မလဲဆိုတာကို အခြေအနေကမှန်းဆမရဘူးဖြစ်နေတယ်။ စီးပွားရေးပိတ်ဆို့မှု အလားအလာတွေကလည်းစိုးရိမ်စရာ အခြေအနေရှိနေတယ်။ ကြိုးတန်းလမ်းလျှောက်သလို အခြေအနေတွေဖြစ်တော့ သက်ရောက်မှုက ရှိမယ်။ ဘယ်လောက်ထိဖြစ်မလဲ ဘယ်လောက်ထိစိုးစိုးရွားရွားဖြစ်မလဲ တဆင့်ဆင့် စီးပွားရေးလောက တခုလုံးအပြင် ပြည်သူလူထုအောက်ခြေထိပါ ဘယ်လောက်ထိရိုက်ခတ်သွားမလဲဆိုတာ အတိုင်းအတာဘဲ စဉ်းစားစရာရှိတော့တယ်။ သေချာပေါက်ထိခိုက်မယ်။ ကျဆင်းမယ်။ ကုစားစရာအဖြေရှာလို့မတွေ့ ဘူးလေ။ စစ်အာဏာသိမ်းလိုက်ကထဲကစပြီး ထိခိုက်သွားပြီလေ။”

ပြီးခဲ့တဲ့ မတ် ၂၆ ရက်က ထုတ်ပြန်တဲ့ ကမ္ဘာဘဏ်ရဲ့ စီးပွားရေးအစီရင်ခံစာအရ စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့စီးပွားရေးကျဆင်းမူဟာ ၁၀ ရာခိုင်နှုန်းအထိရှိနိုင်ပြီး နှစ်ပေါင်း ၃၀ ကျော်အတွင်း အကြီးမားဆုံးကျဆင်းမှုဖြစ်လာနိုင်တယ်လို့ဖော်ပြထားပါတယ်။ ဒါဟာ နိုင်ငံတွင်း ရင်းနှီးမြုပ်နှံမှုနဲ့ ဝင်ငွေတွေအပေါ် အခြေခံတွက်ချက်တာဖြစ်ပြီး ဆန္ဒပြပွဲတွေကိုအကြမ်းဖက်နှိမ်နှင်းတာကြောင့် မြန်မာ့စီးပွားရေးကို အကြီးအကျယ် ထိခိုက်နိုင်တာကိုလည်းဖော်ပြထားပါတယ်။

ရွှေ့ပြောင်းသွားလာတာကို ကန့်သတ်တာ၊ ဘဏ်လုပ်ငန်း၊ ကုန်စည်ထောက်ပံ့ပို့ ဆောင်ရေးနဲ့ အင်တာနက်ဝန်ဆောင်မှုတွေအပါအဝင် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုတွေ ပြတ်တောက်တာက စီးပွားရေးအပေါ် သက်ရောက်မူကြီးနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က သုံးသပ် ခန့်မှန်းထားပါတယ်။

XS
SM
MD
LG