သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကပ္ေရာဂါ ထိန္းခ်ဳပ္မႈေတြေၾကာင့္ နယ္စပ္ကုန္သြယ္ေရး ထိခိုက္


တရုတ္- ျမန္မာ နယ္စပ္

(Zawgyi/Unicode)

ျမန္မာႏိုင္ငံနဲ႔နယ္စပ္ျဖစ္တဲ့ တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္ဖက္မွာ ကိုဗစ္ထိန္းခ်ဳပ္ေရး စည္းကမ္းခ်က္ေတြ တိုးျမွင့္ေနတာေၾကာင့္ ျမန္မာ တ႐ုတ္ နယ္စပ္ကုန္သြယ္ေရး ထိခိုက္ေနပါတယ္။ အျပန္အလွန္ကုန္တင္ပို႔ တင္သြင္းေနတဲ့ မူဆည္၊ ခ်င္းေ႐ႊေဟာ္ နယ္စပ္ဂိတ္ေတြက ကုန္သြယ္ေရးေတြ ဧၿပီလ ၂၂ ရက္ေန႔ကတည္းက ရပ္တံ့သြားခဲ့တာပါ။ တ႐ုတ္နယ္စပ္ ကုန္သြယ္ေရးသာမကထိုင္းနဲ႔ အိႏၵိယဖက္က နယ္စပ္ကုန္သြယ္ေရးမွာလည္း ကိုဗစ္ကပ္ေရာဂါေၾကာင့္ ကန္႔သတ္ခ်က္ေတြ တုိးေနတဲ့အေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုရန္ႏုိင္က ေျပာျပထားပါတယ္။

တ႐ုတ္- ျမန္မာ နယ္စပ္ကုန္သြယ္ေရးမွာ ျမန္မာအတြက္ အဓိကဝင္ေငြရေနတဲ့ မူဆယ္ ၁၀၅ မိုင္နဲ႔ ကြမ္းလုံ- ဟိုပန္- ခ်င္းေ႐ႊေဟာ္ နယ္စပ္ကုန္သြယ္ေရးဟာ ဧၿပီလ ၂၂ ရက္ေန႔ထဲက လုံးဝရပ္တန႔္သြားတာပါ။ ကိုဗစ္အတည္ျပဳလူနာေတြ ျပန္႐ွိလာတဲ့ တ႐ုတ္ႏို္င္ငံ ယူနန္ျပည္နယ္အစိုးရရဲ႕ ကိုဗစ္ထိန္းခ်ဳပ္ေရး တိုးျမႇင့္ကန႔္သတ္ခ်က္ေတြေၾကာင့္ မူဆယ္ဘက္ကထြက္မယ့္ ျမန္မာကုန္ကားတစီးကို COVID စစ္ေဆးခ ယြမ္ေငြ ၂၁၀၀ ျမန္မာက်ပ္ေငြနဲ႔ ၄၅၀၀၀၀ ေပးရမွာျဖစ္လို႔ ကုန္သည္ေတြက မသြားၾကေတာ့ပါဘူး။ အလားတူပဲ ျမန္မာ- တ႐ုတ္ ကုန္သြယ္ေရးမွာ ေနာက္ထပ္အဓိကက်တဲ့ ကိုးကန႔္ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသက ခ်င္းေ႐ႊေဟာ္ နယ္စပ္ဂိတ္ကိုလည္းတ႐ုတ္ဘက္က တလတိတိ ပိတ္လိုက္ပါတယ္။

ဒါေၾကာင့္ ခ်င္းေ႐ႊေဟာ္ကေန တ႐ုတ္ဘက္ကို ေန႔တိုင္းပို႔ေနတဲ့ ႏွမ္း၊ ေျမပဲ၊ ပဲတီစိမ္း၊ ဆန္ကြဲ၊ ႀကံ ဒါေတြအားလုံး မပို႔ႏိုင္ေတာ့သလို တ႐ုတ္ဘက္က ေန႔တိုင္း ရာခ်ီဝင္ေနတဲ့ ကုန္ကားေတြလည္း မရွိေတာ့ပါဘူး။တ႐ုတ္ဘက္က အကန႔္အသတ္ေတြ ထပ္တိုးလာတာဟာ မျဖစ္သင့္ေၾကာင္း ကြမ္းလုံ- ဟိုပန္- ခ်င္းေ႐ႊေဟာ္ နယ္စပ္ကုန္သြယ္ေရး တာဝန္ရွိသူတဦးျဖစ္တဲ့ ေဒၚၾကဴၾကဴက ဗြီအိုေအကို ေျပာပါတယ္။

“ဒီလိုေတာ့ မျဖစ္သင့္ဘူး ထင္တာပဲ။ ဟိုးအရင္ လြန္ခဲ့တဲ့ တႏွစ္နီးပါးေလာက္ ကုန္သြယ္ခ်ိန္မွာလည္း ကိုယ္ေတြက တိုက္႐ိုက္သြားရတာမွ မဟုတ္တာ၊ အဲဒီ ကားဆရာေတြ ခ်ိန္းၿပီးမွ ဟိုဘက္သည္ဘက္ ကိုဗစ္မကူးေအာင္ဆိုၿပီး သြားလာေနတာေတာင္ တႏွစ္ေတာင္ရွိၿပီဆိုမွ အခုက်မွထၿပီး တေယာက္ႏွစ္ေယာက္ ေတြ႕ပါတယ္ဆိုၿပီး ပိတ္တာႀကီးကေတာ့ သဘာဝေတာ့ သိပ္မက်သလိုပဲ။”

မူဆယ္၊ ေ႐ႊလီ နယ္စပ္ဂိတ္က ကုန္သြယ္ေရးဟာလည္း အလားတူ ကိုဗစ္ စည္းကမ္းသတ္မွတ္ခ်က္ေတြေၾကာင့္ ႏွစ္ႏိုင္ငံ ကုန္စည္စီးဆင္းမႈဟာလုံးဝရပ္တန႔္သေလာက္ ျဖစ္ေနပါတယ္။ ခုလို တ႐ုတ္ႏိုင္ငံနဲ႔ နယ္စပ္ကုန္သြယ္ေရးသာမက ထိုင္းႏိုင္ငံနဲ႔ နယ္စပ္ကုန္သြယ္ေရးပိုင္းမွာလည္း စည္းကမ္းတင္းၾကပ္မႈေတြ ႐ွိေနပါတယ္။

ထိုင္းစားေသာက္ကုန္ ၅ မ်ိဳးျဖစ္တဲ့ အခ်ိဳရည္၊ ေကာ္ဖီ၊ လက္ဖက္ရည္၊ ႏို႔ဆီ၊ ႏို႔စိမ္း ဒါေတြကို ျမဝတီနယ္စပ္ကေန တင္သြင္းတာ ေမလ ၁ရက္ကစၿပီး ယာယီပိတ္သြားမယ္လို႔ စစ္ေကာင္စီရဲ႕ စီးပြားကူးသန္းဝန္ႀကီးဌာနက ဒီရက္ပိုင္းအတြင္း ထုတ္ျပန္ခဲ့ပါတယ္။ ထိုင္းႏိုင္ငံမွာ ကိုဗစ္ေရာဂါျဖစ္ပြားသူ ၄၀၀၀၀ ေက်ာ္လာၿပီး ႏွစ္ႏိုင္ငံစလုံးမွာ ကိုဗစ္ကန႔္သတ္ခ်က္ေတြ ရွိေနတာေၾကာင့္ ပုံမွန္အေျခအေနကို ျပန္မေရာက္ႏိုင္ေသးေၾကာင္း ေဒသခံေတြက ေျပာပါတယ္။

ျမဝတီခ႐ိုင္ရဲ႕ လက္ရွိအုပ္ခ်ဳပ္ေရးမႉး ဦးေတဇာေအာင္ကေတာ့ ျမဝတီနယ္စပ္ ကုန္သြယ္မႈပမာဏက က်မသြားေသးဘူးလို႔ ဗြီအိုေအကို ေျပာပါတယ္။

“က်ေနာ္တို႔ ျမဝတီကေတာ့ ကုန္သြယ္မႈ တက္ပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္ကဆိုရင္ ၁၂၇ ေလာက္တက္တယ္၊ ဒီလမွာကိုပဲ ကုန္သြယ္မႈက တက္ေနေသးတယ္ခင္ဗ်။ အိတ္စပို႔ တက္တာလည္းပါတာေပါ့ ခင္ဗ်၊ ကုန္သြယ္မႈတက္တယ္။”

အိႏၵိယ- ျမန္မာ နယ္စပ္ကုန္သြယ္ေရးမွာ အဓိကက်တဲ့ တမူးနဲ႔ ရိဒ္ေခၚဒါရ္ ဂိတ္ႏွစ္ခုကလည္း Covid ေရာဂါစျဖစ္ကတည္း ပိတ္ထားရတာ အခုဆိုရင္ တႏွစ္ေလာက္ရွိပါၿပီ။ အိႏၵိယ မီဇိုရမ္ျပည္နယ္ကို ခ်င္းျပည္နယ္ ဖလမ္းခ႐ိုင္ဘက္က အမ်ားဆုံးတင္ပို႔ေနတဲ့ ကြမ္းသီးကလည္း အိႏၵိယအာသံလက္နက္ကိုင္ေတြနဲ႔ ေမွာင္ခိုေရာင္းဝယ္မႈအေပၚမွာ မူတည္ေနတာပါ။

“အရင္တုန္းကလို စီးပြားေရး သိပ္ေတာ့ မေကာင္းေတာ့ဘူး၊ အဓိက ကြမ္းသီးလည္းပဲ အိႏၵိယ အာသံ႐ိုင္ဖယ္ ကုလားစစ္တပ္ေတြ သူတို႔အေပၚမွာပဲ မူတည္တယ္။ သူတို႔နည္းနည္း ေခ်ာင္လာၿပီ ဆိုရင္ေတာ့ သြားတယ္၊ က်ပ္တယ္ဆိုရင္ေတာ့ အထြက္နည္းတယ္။ တခါတေလ ဖမ္းမယ့္အေျခအေနလည္း ရွိတယ္၊ အဲလိုရွိတာေပါ့ေနာ္။”

ခ်င္းျပည္နယ္၊ ဖလမ္းခ႐ိုင္၊ ရိေခၚဒါရ္ အမွတ္ (၁) အုပ္ခ်ဳပ္ေရးမႉး ခ်န္လ်န္နာ ေျပာသြားတာပါ။

အိႏၵိယႏိုင္ငံမွာ ေသာၾကာေန႔က ကိုဗစ္အတည္ျပဳလူနာ တရက္ထဲ ၃ သိန္း ၃ ေသာင္းေက်ာ္နဲ႔ စံခ်ိန္သစ္တင္ခဲ့ပါတယ္။ ခုလို႔ ျမန္မာနဲ႔ အိမ္နီးခ်င္း ႏိုင္ငံေတြမွာ ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ ျပန္လည္တုိးျမင့္ေနသလုိ ျပည္တြင္းမွာလည္း စစ္အာဏာသိမ္းထားတာေၾကာင့္ နယ္စပ္ကုန္သြယ္ေရးအေပၚ ႐ိုက္ခတ္မႈေတြ ႐ွိေနတာျဖစ္ပါတယ္။

နယ္စပ္ကုန္သြယ္ေရးကို ျမန္မာတႏိုင္ငံလုံး နယ္စပ္ဂိတ္ ၁၆ ခုကေနလုပ္ေနတာျဖစ္ၿပီး အႀကီးဆုံး နယ္စပ္ကုန္သြယ္ေရးျဖစ္တဲ့ မူဆယ္ကေန ၿပီးခဲ့တဲ့ ဘ႑ာႏွစ္က အေမရိကန္ေဒၚလာ သန္းေပါင္း ၃၀၀၀ ေက်ာ္ ျမန္မာဘက္က တင္ပို႔ႏိုင္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

.............

ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်မှုတွေကြောင့် နယ်စပ်ကုန်သွယ်ရေး ထိခိုက်

(Unicode)

မြန်မာနိုင်ငံနဲ့နယ်စပ်ဖြစ်တဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ဖက်မှာ ကိုဗစ်ထိန်းချုပ်ရေး စည်းကမ်းချက်တွေ တိုးမြှင့်နေတာကြောင့် မြန်မာ တရုတ် နယ်စပ်ကုန်သွယ်ရေး ထိခိုက်နေပါတယ်။ အပြန်အလှန်ကုန်တင်ပို့ တင်သွင်းနေတဲ့ မူဆည်၊ ချင်းရွှေဟော် နယ်စပ်ဂိတ်တွေက ကုန်သွယ်ရေးတွေ ဧပြီလ ၂၂ ရက်နေ့ကတည်းက ရပ်တံ့သွားခဲ့တာပါ။ တရုတ်နယ်စပ် ကုန်သွယ်ရေးသာမကထိုင်းနဲ့ အိန္ဒိယဖက်က နယ်စပ်ကုန်သွယ်ရေးမှာလည်း ကိုဗစ်ကပ်ရောဂါကြောင့် ကန့်သတ်ချက်တွေ တိုးနေတဲ့အကြောင်းရန်ကုန်ကလာတဲ့သတင်းကို ကိုရန်နိုင်က ပြောပြထားပါတယ်။

တရုတ်- မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ မြန်မာအတွက် အဓိကဝင်ငွေရနေတဲ့ မူဆယ် ၁၀၅ မိုင်နဲ့ ကွမ်းလုံ- ဟိုပန်- ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဟာ ဧပြီလ ၂၂ ရက်နေ့ထဲက လုံးဝရပ်တန့်သွားတာပါ။ ကိုဗစ်အတည်ပြုလူနာတွေ ပြန်ရှိလာတဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရရဲ့ ကိုဗစ်ထိန်းချုပ်ရေး တိုးမြှင့်ကန့်သတ်ချက်တွေကြောင့် မူဆယ်ဘက်ကထွက်မယ့် မြန်မာကုန်ကားတစီးကို COVID စစ်ဆေးခ ယွမ်ငွေ ၂၁၀၀ မြန်မာကျပ်ငွေနဲ့ ၄၅၀၀၀၀ ပေးရမှာဖြစ်လို့ ကုန်သည်တွေက မသွားကြတော့ပါဘူး။ အလားတူပဲ မြန်မာ- တရုတ် ကုန်သွယ်ရေးမှာ နောက်ထပ်အဓိကကျတဲ့ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသက ချင်းရွှေဟော် နယ်စပ်ဂိတ်ကိုလည်းတရုတ်ဘက်က တလတိတိ ပိတ်လိုက်ပါတယ်။

ဒါကြောင့် ချင်းရွှေဟော်ကနေ တရုတ်ဘက်ကို နေ့တိုင်းပို့နေတဲ့ နှမ်း၊ မြေပဲ၊ ပဲတီစိမ်း၊ ဆန်ကွဲ၊ ကြံ ဒါတွေအားလုံး မပို့နိုင်တော့သလို တရုတ်ဘက်က နေ့တိုင်း ရာချီဝင်နေတဲ့ ကုန်ကားတွေလည်း မရှိတော့ပါဘူး။တရုတ်ဘက်က အကန့်အသတ်တွေ ထပ်တိုးလာတာဟာ မဖြစ်သင့်ကြောင်း ကွမ်းလုံ- ဟိုပန်- ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး တာဝန်ရှိသူတဦးဖြစ်တဲ့ ဒေါ်ကြူကြူက ဗွီအိုအေကို ပြောပါတယ်။

“ဒီလိုတော့ မဖြစ်သင့်ဘူး ထင်တာပဲ။ ဟိုးအရင် လွန်ခဲ့တဲ့ တနှစ်နီးပါးလောက် ကုန်သွယ်ချိန်မှာလည်း ကိုယ်တွေက တိုက်ရိုက်သွားရတာမှ မဟုတ်တာ၊ အဲဒီ ကားဆရာတွေ ချိန်းပြီးမှ ဟိုဘက်သည်ဘက် ကိုဗစ်မကူးအောင်ဆိုပြီး သွားလာနေတာတောင် တနှစ်တောင်ရှိပြီဆိုမှ အခုကျမှထပြီး တယောက်နှစ်ယောက် တွေ့ပါတယ်ဆိုပြီး ပိတ်တာကြီးကတော့ သဘာဝတော့ သိပ်မကျသလိုပဲ။”

မူဆယ်၊ ရွှေလီ နယ်စပ်ဂိတ်က ကုန်သွယ်ရေးဟာလည်း အလားတူ ကိုဗစ် စည်းကမ်းသတ်မှတ်ချက်တွေကြောင့် နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှုဟာလုံးဝရပ်တန့်သလောက် ဖြစ်နေပါတယ်။ ခုလို တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးသာမက ထိုင်းနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးပိုင်းမှာလည်း စည်းကမ်းတင်းကြပ်မှုတွေ ရှိနေပါတယ်။

ထိုင်းစားသောက်ကုန် ၅ မျိုးဖြစ်တဲ့ အချိုရည်၊ ကော်ဖီ၊ လက်ဖက်ရည်၊ နို့ဆီ၊ နို့စိမ်း ဒါတွေကို မြဝတီနယ်စပ်ကနေ တင်သွင်းတာ မေလ ၁ရက်ကစပြီး ယာယီပိတ်သွားမယ်လို့ စစ်ကောင်စီရဲ့ စီးပွားကူးသန်းဝန်ကြီးဌာနက ဒီရက်ပိုင်းအတွင်း ထုတ်ပြန်ခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါဖြစ်ပွားသူ ၄၀၀၀၀ ကျော်လာပြီး နှစ်နိုင်ငံစလုံးမှာ ကိုဗစ်ကန့်သတ်ချက်တွေ ရှိနေတာကြောင့် ပုံမှန်အခြေအနေကို ပြန်မရောက်နိုင်သေးကြောင်း ဒေသခံတွေက ပြောပါတယ်။

မြဝတီခရိုင်ရဲ့ လက်ရှိအုပ်ချုပ်ရေးမှူး ဦးတေဇာအောင်ကတော့ မြဝတီနယ်စပ် ကုန်သွယ်မှုပမာဏက ကျမသွားသေးဘူးလို့ ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ မြဝတီကတော့ ကုန်သွယ်မှု တက်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကဆိုရင် ၁၂၇ လောက်တက်တယ်၊ ဒီလမှာကိုပဲ ကုန်သွယ်မှုက တက်နေသေးတယ်ခင်ဗျ။ အိတ်စပို့ တက်တာလည်းပါတာပေါ့ ခင်ဗျ၊ ကုန်သွယ်မှုတက်တယ်။”

အိန္ဒိယ- မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ အဓိကကျတဲ့ တမူးနဲ့ ရိဒ်ခေါ်ဒါရ် ဂိတ်နှစ်ခုကလည်း Covid ရောဂါစဖြစ်ကတည်း ပိတ်ထားရတာ အခုဆိုရင် တနှစ်လောက်ရှိပါပြီ။ အိန္ဒိယ မီဇိုရမ်ပြည်နယ်ကို ချင်းပြည်နယ် ဖလမ်းခရိုင်ဘက်က အများဆုံးတင်ပို့နေတဲ့ ကွမ်းသီးကလည်း အိန္ဒိယအာသံလက်နက်ကိုင်တွေနဲ့ မှောင်ခိုရောင်းဝယ်မှုအပေါ်မှာ မူတည်နေတာပါ။

“အရင်တုန်းကလို စီးပွားရေး သိပ်တော့ မကောင်းတော့ဘူး၊ အဓိက ကွမ်းသီးလည်းပဲ အိန္ဒိယ အာသံရိုင်ဖယ် ကုလားစစ်တပ်တွေ သူတို့အပေါ်မှာပဲ မူတည်တယ်။ သူတို့နည်းနည်း ချောင်လာပြီ ဆိုရင်တော့ သွားတယ်၊ ကျပ်တယ်ဆိုရင်တော့ အထွက်နည်းတယ်။ တခါတလေ ဖမ်းမယ့်အခြေအနေလည်း ရှိတယ်၊ အဲလိုရှိတာပေါ့နော်။”

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ် အမှတ် (၁) အုပ်ချုပ်ရေးမှူး ချန်လျန်နာ ပြောသွားတာပါ။

အိန္ဒိယနိုင်ငံမှာ သောကြာနေ့က ကိုဗစ်အတည်ပြုလူနာ တရက်ထဲ ၃ သိန်း ၃ သောင်းကျော်နဲ့ စံချိန်သစ်တင်ခဲ့ပါတယ်။ ခုလို့ မြန်မာနဲ့ အိမ်နီးချင်း နိုင်ငံတွေမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ ပြန်လည်တိုးမြင့်နေသလို ပြည်တွင်းမှာလည်း စစ်အာဏာသိမ်းထားတာကြောင့် နယ်စပ်ကုန်သွယ်ရေးအပေါ် ရိုက်ခတ်မှုတွေ ရှိနေတာဖြစ်ပါတယ်။

နယ်စပ်ကုန်သွယ်ရေးကို မြန်မာတနိုင်ငံလုံး နယ်စပ်ဂိတ် ၁၆ ခုကနေလုပ်နေတာဖြစ်ပြီး အကြီးဆုံး နယ်စပ်ကုန်သွယ်ရေးဖြစ်တဲ့ မူဆယ်ကနေ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်က အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၀၀၀ ကျော် မြန်မာဘက်က တင်ပို့နိုင်ခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG