သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္-ျမန္မာ နယ္စပ္ကုန္သြယ္ေရး လံုးဝရပ္သေလာက္ျဖစ္ေန


တ႐ုတ္-ျမန္မာ ႏွစ္ႏုိင္ငံနယ္စပ္ဂိတ္တခုျမင္ကြင္း။ ဇန္္န၀ါရီ ၁၂၊ ၂၀၀၉။

{{Zawgyi/Unicode}}

တ႐ုတ္ႏိုင္ငံထဲဝင္မယ့္ ျမန္မာကုန္ကားတစီးကို COVID ေရာဂါစစ္ေဆးမႈအတြက္ တ႐ုတ္ယြမ္ေငြ ၂,၀၀၀ ေက်ာ္ တိုးျမႇင့္ေပးေဆာင္ရမယ္လို႔ ယူနန္ျပည္နယ္၊ က်န္းမာေရးတာဝန္ရွိသူေတြက ဧၿပီလ ၂၁ ရက္မွာ သတ္မွတ္ခဲ့ပါတယ္။ တ႐ုတ္ ျမန္မာ နယ္စပ္ကုန္သြယ္ေရး အဓိကက်တဲ့ တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္ထဲမွာ COVID ကာကြယ္ေရး ကန႔္သတ္ခ်က္ေတြ ပုိမ်ားလာတာေၾကာင့္ ႏွစ္ႏိုင္ငံ ကုန္စည္စီးဆင္းမႈဟာ လုံးဝရပ္တန႔္သေလာက္ ျဖစ္သြားပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုရန္ႏုိင္ကေျပာျပထားပါတယ္။

ရွမ္းျပည္နယ္ မူဆယ္ၿမိဳ႕ကေန တ႐ုတ္ႏိုင္ငံကိုဝင္မယ့္ ယာဥ္ေမာင္းနဲ႔ ကုန္စည္ေတြအားလုံး COVID စမ္းသပ္စစ္ေဆးမႈလုပ္ေနရၿပီး ကုန္ကားတစ္စီးကို တ႐ုတ္ယြမ္ေငြ ၂,၁၀၀ ၊ ျမန္မာက်ပ္ေငြနဲ႔ ၄၆၀,၀၀၀ ေက်ာ္ရွိတဲ့ စမ္းသပ္စစ္ေဆးခကို ေပးေဆာင္ရမယ္လို႔ ယူနန္ျပည္နယ္ ကိုဗစ္ေရာဂါ ကာကြယ္ ထိန္းခ်ဳပ္ေရးဌာနက ဧၿပီလ ၂၁ ရက္က ထပ္မံထုတ္ျပန္ခဲ့ပါတယ္။

ဒါဟာ ဒီရက္ပိုင္း ထုတ္ျပန္ခဲ့တဲ့ ကုန္ကားတစီးကို ယြမ္ေငြ ၁,၈၀၀ ေပးေဆာင္ရမယ္ဆိုတဲ့ ႏႈန္းထားထက္ ပိုၿပီး တိုးျမွင့္လုိက္တာ ျဖစ္ပါတယ္။

ဒီလိုထုတ္ျပန္လိုက္တဲ့အတြက္ အထားမခံတဲ့ အသီးအႏွံကလြဲလို႔ ဆန္နဲ႔ တျခားကုန္ပစၥည္းေတြ အားလုံးကို ျမန္မာဘက္က တင္ပို႔တာ မရွိေတာ့ေၾကာင္း မူဆယ္-နမ့္ခမ္း နယ္စပ္ကုန္သြယ္ေရး အသင္းသားတဦးျဖစ္တဲ့ ဦးမင္းသိန္းက ဗြီအိုေအကို ေျပာပါတယ္။

“၂၁ ရက္ကစၿပီး ၂,၁၀၀ သတ္မွတ္လိုက္တယ္။ ၂,၁၀၀ ဆိုေတာ့ ၄၄၀,၀၀၀၊ ၄၆၀,၀၀၀ ေလာက္ရွိတယ္၊ ေျပာရရင္ စရိတ္ေတြ တအားတက္သြားေတာ့ ဖရဲသီးကားေတြက မကိုက္ေတာ့ဘူး၊ မေန႔ကဆိုရင္ မူဆယ္ၿမိဳ႕ထဲမွာ အလကားေပးေနရတယ္။ မေန႔က ေဝေနတဲ့ကားဆိုရင္ ကုန္သည္က ထြက္ေျပးသြားၿပီ၊ ကားခလည္း မရွင္းႏိုင္ဘူး။ ကားသမားကေတာ့ ကုန္ျပန္တင္ရမယ္၊ အဲဒါေၾကာင့္ အလကားေပးၿပီးေတာ့ သူ႔ကားကို ခါလီလုပ္ပစ္လိုက္တာ။ အဲေလာက္ထိ အေျခအေန ဆိုးသြားတယ္။ ၉၅% ေလာက္ ပိတ္သြားၿပီ ၅% ေလာက္ပဲ သြားေတာ့တယ္ အခု။”

တ႐ုတ္ျပည္ကို ပုံမွန္တင္ပို႔ေနတဲ့ ဆန္နဲ႔ ဆန္ကြဲကို မူဆယ္ ဆန္ဂိုေထာင္ေတြမွာ သိမ္းထားရၿပီး ျမန္မာ-တ႐ုတ္ ကုန္သြယ္ေရး ပုံမွန္အေျခအေနျပန္ျဖစ္မွပဲ တင္ပို႔ေတာ့မယ္လို႔ ဆန္ကုန္သည္တခ်ိဳ႕က ဗြီအိုေအကို ေျပာပါတယ္။

မူဆယ္ၿမိဳ႕နဲ႔ ထိစပ္ေနတဲ့ တ႐ုတ္ႏုိင္ငံ ေ႐ႊလီနဲ႔ က်ယ္ေဂါင္ၿမိဳ႕ေတြမွာ COVID ေရာဂါကူးစက္မႈက ေန႔တိုင္းရွိေနၿပီး စိုးရိမ္ရတဲ့အေျခအေနေၾကာင့္ ယူနန္ျပည္နယ္ တာဝန္ရွိသူေတြက အသြားအလာ အကန႔္အသတ္မရွိ ပိတ္လိုက္တာပါ။ ဒါေၾကာင့္ တ႐ုတ္ဘက္က ကုန္ေတြလည္း ျမန္မာျပည္ထဲ ဝင္လာတာ ရပ္သြားပါတယ္။

“သူတို႔ဆီက လွ်ပ္စစ္ပစၥည္း၊ ေဆာက္လုပ္ေရးပစၥည္း၊ စားကုန္ေသာက္ကုန္ပစၥည္း၊ စက္မႈပစၥည္း ၿပီးေတာ့ ဓာတ္ေျမဩဇာ ဒါေတြ လုံးဝရပ္သြားၿပီ။ အဝင္မရွိဘူး။ ေ႐ႊလီတံတားပိတ္ထားတာကိုး၊ ဒီဘက္လာလို႔မရဘူး မန္ဝိန္းေပါက္က။ က်င္စန္းေက်ာ့ကလည္း အထြက္မရဘူး။”

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါ စျဖစ္တဲ့ ၂၀၂၀ မတ္လကုန္ကစလို႔ တ႐ုတ္ႏိုင္ငံဘက္က ခ်မွတ္တဲ့ စည္းကမ္းေတြနဲ႔ ျမန္မာ-တ႐ုတ္ကုန္သြယ္ေရး လုပ္ေနရတာျဖစ္ပါတယ္။

ျမန္မာနိုင္ငံမွာ စစ္အာဏာသိမ္းခဲ့တဲ့အတြက္ မူဆယ္ၿမိဳ႕မွာပါ စစ္အာဏာ႐ွင္ဆန္႔က်င္ေရး ဆႏၵျပမႈေတြ အခုႏွစ္ မတ္လကစလို႔ ႐ွိလာခဲ့ၿပီးတဲ့ေနာက္ မတည္မၿငိမ္ျဖစ္ေနတဲ့ အေျခအေနေတြေၾကာင့္ ႏွစ္ႏိုင္ငံကုန္သြယ္ေရးအေပၚ သက္ေရာက္မႈရွိႏိုင္တယ္လို႔ ကုန္သည္ေတြျမင္ပါတယ္။

ဧၿပီ ၂၂ ရက္ ၾကာသပေတးေန႔ မနက္ပိုင္းကလည္း မူဆယ္ၿမိဳ႕ေပၚမွာ အေသးစား ေပါက္ကဲြမႈ တေနရာထဲမွာပဲ ၃ ခါ ျဖစ္ခဲ့ပါတယ္။ ေပါက္ကြဲတာမွန္ေပမဲ့ ၿမိဳ႕ေပၚမွာေတာ့ အသြားအလာ ပုံမွန္ရွိေနေၾကာင္း မူဆယ္ခ႐ိုင္အုပ္ခ်ဳပ္ေရး လက္ေထာက္ၫႊန္ၾကားေရးမႉး တာဝန္ယူထားတဲ့ ဦးေမာင္ေမာင္သန္းက ဗြီအိုေအကို ေျပာပါတယ္။

“က်ေနာ္တို႔ သိရသေလာက္ေတာ့ တစ္လုံးပဲဗ်၊ နာရီစင္နားမွာေလ၊ ရဲကင္းရဲ႕ သဲအိတ္ထဲကိုေပါ့။ အသံမိုင္းပါ ထိခိုက္ျခင္းမရွိဘူး။ နာရီစင္ဆိုတာ ၿမိဳ႕လည္ေခါင္ေပါ့၊ ကုန္စည္သြားတဲ့လမ္းေၾကာင္းနဲ႔ မဆိုင္ဘူးေပါ့၊ ဒါေပမဲ့ အသံမိုင္းလည္းျဖစ္တယ္၊ သိပ္လည္းမျပင္းထန္သည့္အတြက္ေၾကာင့္ ပုံမွန္ပါပဲ သြားလာမႈက။”

မူဆယ္နယ္စပ္ကေန ျမန္မာ-တ႐ုတ္ ႏွစ္ႏိုင္ငံကုန္သြယ္မႈ ပမာဏက ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္မွာ အေမရိကန္ေဒၚလာ သန္းေပါင္း ၄,၈၀၀ ေက်ာ္ရွိခဲ့တယ္လုိ႔ ျမန္မာကုန္သြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

ျမန္မာႏိုင္ငံဘက္က ဆန္နဲ႔ ေရနဲ႔ေရထြက္ပစၥည္းကုန္ေတြကို တ႐ုတ္ႏိုင္ငံကုိ အဓိက တင္ပို႔ေနတာျဖစ္ပါတယ္။ ကိုဗစ္ကပ္ေရာဂါနဲ႔ ႏိုင္ငံေရးမတည္ၿငိမ္တဲ့ အေျခအေနေတြေၾကာင့္ ဒီႏွစ္ ကုန္သြယ္မႈပမာဏက အမ်ားႀကီး က်ဆင္းသြားႏိုင္တယ္လို႔ ကုန္သြယ္ေရးေလ့လာသူေတြက ခန႔္မွန္းေနၾကပါတယ္။

..................................

{{Unicode}}

တရုတ်နိုင်ငံထဲဝင်မယ့် မြန်မာကုန်ကားတစီးကို COVID ရောဂါစစ်ဆေးမှုအတွက် တရုတ်ယွမ်ငွေ ၂,၀၀၀ ကျော် တိုးမြှင့်ပေးဆောင်ရမယ်လို့ ယူနန်ပြည်နယ်၊ ကျန်းမာရေးတာဝန်ရှိသူတွေက ဧပြီလ ၂၁ ရက်မှာ သတ်မှတ်ခဲ့ပါတယ်။ တရုတ် မြန်မာ နယ်စပ်ကုန်သွယ်ရေး အဓိကကျတဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲမှာ COVID ကာကွယ်ရေး ကန့်သတ်ချက်တွေ ပိုများလာတာကြောင့် နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှုဟာ လုံးဝရပ်တန့်သလောက် ဖြစ်သွားပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုရန်နိုင်ကပြောပြထားပါတယ်။

ရှမ်းပြည်နယ် မူဆယ်မြို့ကနေ တရုတ်နိုင်ငံကိုဝင်မယ့် ယာဉ်မောင်းနဲ့ ကုန်စည်တွေအားလုံး COVID စမ်းသပ်စစ်ဆေးမှုလုပ်နေရပြီး ကုန်ကားတစ်စီးကို တရုတ်ယွမ်ငွေ ၂,၁၀၀ ၊ မြန်မာကျပ်ငွေနဲ့ ၄၆၀,၀၀၀ ကျော်ရှိတဲ့ စမ်းသပ်စစ်ဆေးခကို ပေးဆောင်ရမယ်လို့ ယူနန်ပြည်နယ် ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ်ရေးဌာနက ဧပြီလ ၂၁ ရက်က ထပ်မံထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာ ဒီရက်ပိုင်း ထုတ်ပြန်ခဲ့တဲ့ ကုန်ကားတစီးကို ယွမ်ငွေ ၁,၈၀၀ ပေးဆောင်ရမယ်ဆိုတဲ့ နှုန်းထားထက် ပိုပြီး တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။

ဒီလိုထုတ်ပြန်လိုက်တဲ့အတွက် အထားမခံတဲ့ အသီးအနှံကလွဲလို့ ဆန်နဲ့ တခြားကုန်ပစ္စည်းတွေ အားလုံးကို မြန်မာဘက်က တင်ပို့တာ မရှိတော့ကြောင်း မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး အသင်းသားတဦးဖြစ်တဲ့ ဦးမင်းသိန်းက ဗွီအိုအေကို ပြောပါတယ်။

“၂၁ ရက်ကစပြီး ၂,၁၀၀ သတ်မှတ်လိုက်တယ်။ ၂,၁၀၀ ဆိုတော့ ၄၄၀,၀၀၀၊ ၄၆၀,၀၀၀ လောက်ရှိတယ်၊ ပြောရရင် စရိတ်တွေ တအားတက်သွားတော့ ဖရဲသီးကားတွေက မကိုက်တော့ဘူး၊ မနေ့ကဆိုရင် မူဆယ်မြို့ထဲမှာ အလကားပေးနေရတယ်။ မနေ့က ဝေနေတဲ့ကားဆိုရင် ကုန်သည်က ထွက်ပြေးသွားပြီ၊ ကားခလည်း မရှင်းနိုင်ဘူး။ ကားသမားကတော့ ကုန်ပြန်တင်ရမယ်၊ အဲဒါကြောင့် အလကားပေးပြီးတော့ သူ့ကားကို ခါလီလုပ်ပစ်လိုက်တာ။ အဲလောက်ထိ အခြေအနေ ဆိုးသွားတယ်။ ၉၅% လောက် ပိတ်သွားပြီ ၅% လောက်ပဲ သွားတော့တယ် အခု။”

တရုတ်ပြည်ကို ပုံမှန်တင်ပို့နေတဲ့ ဆန်နဲ့ ဆန်ကွဲကို မူဆယ် ဆန်ဂိုထောင်တွေမှာ သိမ်းထားရပြီး မြန်မာ-တရုတ် ကုန်သွယ်ရေး ပုံမှန်အခြေအနေပြန်ဖြစ်မှပဲ တင်ပို့တော့မယ်လို့ ဆန်ကုန်သည်တချို့က ဗွီအိုအေကို ပြောပါတယ်။

မူဆယ်မြို့နဲ့ ထိစပ်နေတဲ့ တရုတ်နိုင်ငံ ရွှေလီနဲ့ ကျယ်ဂေါင်မြို့တွေမှာ COVID ရောဂါကူးစက်မှုက နေ့တိုင်းရှိနေပြီး စိုးရိမ်ရတဲ့အခြေအနေကြောင့် ယူနန်ပြည်နယ် တာဝန်ရှိသူတွေက အသွားအလာ အကန့်အသတ်မရှိ ပိတ်လိုက်တာပါ။ ဒါကြောင့် တရုတ်ဘက်က ကုန်တွေလည်း မြန်မာပြည်ထဲ ဝင်လာတာ ရပ်သွားပါတယ်။

“သူတို့ဆီက လျှပ်စစ်ပစ္စည်း၊ ဆောက်လုပ်ရေးပစ္စည်း၊ စားကုန်သောက်ကုန်ပစ္စည်း၊ စက်မှုပစ္စည်း ပြီးတော့ ဓာတ်မြေဩဇာ ဒါတွေ လုံးဝရပ်သွားပြီ။ အဝင်မရှိဘူး။ ရွှေလီတံတားပိတ်ထားတာကိုး၊ ဒီဘက်လာလို့မရဘူး မန်ဝိန်းပေါက်က။ ကျင်စန်းကျော့ကလည်း အထွက်မရဘူး။”

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ စဖြစ်တဲ့ ၂၀၂၀ မတ်လကုန်ကစလို့ တရုတ်နိုင်ငံဘက်က ချမှတ်တဲ့ စည်းကမ်းတွေနဲ့ မြန်မာ-တရုတ်ကုန်သွယ်ရေး လုပ်နေရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့တဲ့အတွက် မူဆယ်မြို့မှာပါ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ အခုနှစ် မတ်လကစလို့ ရှိလာခဲ့ပြီးတဲ့နောက် မတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေတွေကြောင့် နှစ်နိုင်ငံကုန်သွယ်ရေးအပေါ် သက်ရောက်မှုရှိနိုင်တယ်လို့ ကုန်သည်တွေမြင်ပါတယ်။

ဧပြီ ၂၂ ရက် ကြာသပတေးနေ့ မနက်ပိုင်းကလည်း မူဆယ်မြို့ပေါ်မှာ အသေးစား ပေါက်ကွဲမှု တနေရာထဲမှာပဲ ၃ ခါ ဖြစ်ခဲ့ပါတယ်။ ပေါက်ကွဲတာမှန်ပေမဲ့ မြို့ပေါ်မှာတော့ အသွားအလာ ပုံမှန်ရှိနေကြောင်း မူဆယ်ခရိုင်အုပ်ချုပ်ရေး လက်ထောက်ညွှန်ကြားရေးမှူး တာဝန်ယူထားတဲ့ ဦးမောင်မောင်သန်းက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ သိရသလောက်တော့ တစ်လုံးပဲဗျ၊ နာရီစင်နားမှာလေ၊ ရဲကင်းရဲ့ သဲအိတ်ထဲကိုပေါ့။ အသံမိုင်းပါ ထိခိုက်ခြင်းမရှိဘူး။ နာရီစင်ဆိုတာ မြို့လည်ခေါင်ပေါ့၊ ကုန်စည်သွားတဲ့လမ်းကြောင်းနဲ့ မဆိုင်ဘူးပေါ့၊ ဒါပေမဲ့ အသံမိုင်းလည်းဖြစ်တယ်၊ သိပ်လည်းမပြင်းထန်သည့်အတွက်ကြောင့် ပုံမှန်ပါပဲ သွားလာမှုက။”

မူဆယ်နယ်စပ်ကနေ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှု ပမာဏက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၄,၈၀၀ ကျော်ရှိခဲ့တယ်လို့ မြန်မာကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံဘက်က ဆန်နဲ့ ရေနဲ့ရေထွက်ပစ္စည်းကုန်တွေကို တရုတ်နိုင်ငံကို အဓိက တင်ပို့နေတာဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေးမတည်ငြိမ်တဲ့ အခြေအနေတွေကြောင့် ဒီနှစ် ကုန်သွယ်မှုပမာဏက အများကြီး ကျဆင်းသွားနိုင်တယ်လို့ ကုန်သွယ်ရေးလေ့လာသူတွေက ခန့်မှန်းနေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG