သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID ကာလ စိုက္ပ်ိဳးေရး ထြက္ကုန္ မေလလြင့္ေစေရး ကုန္စည္ စီးဆင္းမႈနဲ႔ ဆက္စပ္


(Zawgyi/ Unicode)

ရခိုင္မွာ COVID 19 ကူးစက္မႈ မ်ားလာတာေၾကာင့္ ရခုိင္ အပါအ၀င္ ႏုိင္ငံတ၀န္းမွာ အသြာအလာ တားျမစ္ ကန္႔သတ္ခ်က္ေတြ ျပန္လည္ ခ်မွတ္လာတာနဲ႔ အတူ ကုန္စည္စီးဆင္းမႈပါ တုံ႔ဆိုင္းသြားပါၿပီ။ ႏုိင္ငံတ၀န္း ကုန္ေစ်းႏႈန္း ႀကီးျမင့္ မသြားေစေရး၊ ေနာက္ စိုက္ပ်ိဳး ထုတ္လုပ္သူေတြ ေစ်းကြက္ပ်က္ မသြားေစေရး အတြက္ COVID 19 ကာလ ကုန္စိမ္း ကုန္စည္ စီးဆင္းမႈ အပိုင္းနဲ႔ ပတ္သက္ၿပီး ဟင္းသီး ဟင္းရြက္ သစ္သီး ၀လံ စိုက္ပ်ိဳးထုတ္လုပ္ တင္ပို႔ေရာင္းခ်သူမ်ား အသင္း အတြင္းေရးမွဴး ဦးေက်ာ္သူကို ေမးျမန္းၿပီး ဒီသီတင္းပတ္ စီးပြားေရး အစီအစဥ္ အျဖစ္ တင္ျပထားပါတယ္။

ဦးေက်ာ္သူ ။ ။ ေလာေလာဆယ္မွာေတာ့ က်ေနာ္တို႔က ဒီ ရခုိင္ျပည္နယ္ကို သြားတဲ႔ ကုန္ကားေတြ ေပါ့ေနာ္။ အဲဒါေတြကေတာ့ ေတာ္ေတာ္ေလး အခက္အခဲ ျဖစ္သြားၿပီ။ ပစၥညး္ကားေတြ ရခုိင္ျပည္နယ္ထဲ သြားဖို႔ ခက္သြားသလို ရခုိင္ျပည္နယ္ထဲက ေနၿပီးေတာ့မွ ဒီဘက္ကို ျပန္ထြက္လာမယ့္ ကားေတြလည္း ခက္ခဲသြားတယ္ေပါ့ေနာ္။ အဲဒီ အေျခအေနကေတာ့ ေလာေလာဆယ္ အေျခအေနမွာ အဆိုးဆံုး ျဖစ္ေနတယ္။
အဲဒီ အတြက္လည္း ဘာျဖစ္သလဲ ဆိုေတာ့ ရခုိင္ ျပည္နယ္မွာေတာ့ ကုန္ေစ်းႏႈန္းေတာ့ တက္သြားတာေပါ့ေနာ္။

အဲဒါကို ေျဖရွင္းဖို႔ ဆိုၿပီးေတာ့မွာ ဒီတရက္ ႏွစ္ရက္ အတြင္းမွာဘဲ က်ေနာ္တို႔ ရန္ကုန္မွာ We Love Yangon ဖြဲ႔သလိုမ်ိဳးဘဲ We love Rakhine ဆိုၿပီး သူတို႔ ဒီ ရန္ကုန္က အဖြဲ႔နဲ႔ ခ်ိတ္ဆက္ၿပီးေတာ့မွ အဲဒီမွာ တဖြဲ႔ ဖြဲ႔တယ္။ ဖြဲ႔ၿပီးေတာ့ ဒီ ကုန္စည္ေတြကို သူတို႔ ေစ်းသက္သက္ သာသာ ရဖို႔ ဆိုၿပီးမွ ခ်ိတ္ေနတဲ႔ဟာ ရွိတယ္။

ေနာက္ ဒီ ရခုိင္ ကုန္သည္ စက္မႈ အသင္းေပါ့ေနာ္ RFCCI ေခၚတာေပါ့။ ရခုိင္ျပည္နယ္ ကုန္သည္မ်ားနဲ႔ စက္မႈ လက္မႈ လုပ္ငန္းရွင္မ်ား အသင္း ဘက္ကေနလည္း ဒီ တျခား ဆန္ အသင္းတို႔၊ ၾကက္သြန္ အသင္းတို႔ ဘာတို႔ အဲဒါေတြနဲ႔ ေပါင္းၿပီးေတာ့မွ သူတို႔ အဲဒီကေန ၀ယ္ၿပီးေတာ့မွ ဒီ ေစ်းအရင္း အတိုင္းရေအာင္ ေရာင္းေပးဖို႔ ဆိုၿပီး စီစဥ္ေနတဲ႔ ဟာေတြလည္း က်ေနာ္တို႔ေတာ့ ၾကားပါတယ္ ခင္ဗ်။

သိဂၤ ီထုိက္ ။ ။ ဆိုေတာ့ ဒီအခ်ိန္က ထိုင္းနယ္စပ္ကလည္း ပိတ္ေနပါတယ္။ ေနာက္တခုက တရုတ္နယ္စပ္ ဘက္ကလည္း က်ယ္ေဂါင္ ဘက္က ပိတ္မလိုလို ေျပာေနၾကပါတယ္။ ဘဂၤလားေဒရွ္႕ နယ္စပ္ကလည္း ပိတ္ထားၿပီ။ ဆိုေတာ့ ျမန္မာႏုိင္ငံထဲက ဟင္းသီး ဟင္းရြက္ သစ္သီး ၀လံ ထြက္ကုန္ေတြ အေရာငး္အ၀ယ္မွာေရာ သိသိသာသာ ထိခိုက္မႈ ေတြ႔ရပါၿပီလားရွင့္။

ဦးေက်ာ္သူ ။ ။ ေလာေလာဆယ္မွာေတာ့ တရုတ္ကေတာ့ နဂိုထဲကိုက ဒီ တေက်ာ့ျပန္မွ ျဖစ္တာ မဟုတ္ဘူးေပါ့ေနာ္။ ပထမ တေခါက္ ျဖစ္ၿပီး ေနာက္ဆံုး အေျခအေနကိုက ယာဥ္ေမာင္းကို လဲတဲ႔ အစီအစဥ္ကို လုပ္ထားတာ။ အခုအခ်ိန္ထိ အဲဒါက ျပန္ၿပီးမွ မျပင္ရေသးဘူး။ မျပင္ရေသးေတာ့ က်ေနာတို႔ ဗမာ ယာဥ္ေမာင္းေတြ ၀င္လို႔ မရဘူးေပါ့ေနာ္။

၀င္လုိ႔ မရေတာ့ အဲဒီမွာ ကုန္စည္ စီးဆင္းမႈ - သစ္သီး၀လံပိုင္းနဲ႔ ပတ္သက္တဲ႔ ကုန္စည္ စီးဆင္းမႈကေတာ့ သိပ္မရွိဘူးေပါ့ေနာ္။ အေျခအေန အရလည္း ကုန္ကလည္း ထြက္တဲ႔ အေျခအေန မဟုတ္ဘူး ေပါ့ေနာ္။ လက္ရွိ က်ေနာ္တို႔ သစ္သီး၀လံ က႑မွာ ဆိုရင္ေတာ့ သရက္သီးကလည္း ကုန္သြားသေလာက္ အေနအထား ရွိတယ္ေပါ့ေနာ္။ ကုန္သြား သေလာက္ ဆိုတာ တရုတ္ဘက္ကလည္း သိပ္မ၀ယ္ေတာ့ဘူးေပါ့။

ရပ္ေစာက္သီး ေလးေတာ့ နည္းနည္း က်န္ေသးတယ္။ အဲဒါက ျပည္တြင္းကိုဘဲ လာၿပီးေတာ့ တရုတ္ဘက္ကို မသြားေတာ့ဘူး။ ေစ်းမရတဲ႔ဟာလည္း ပါတယ္ေပါ့။ ဖရဲသီးကလည္း တရက္ကို ၄-၅ စီးေလာက္ဘဲ ရွိတာ။ နာနတ္သီးကလည္း ဒီႏွစ္ ပို႔ခြင့္ မရဘူး။ ပို႔ခြင့္မရေတာ့ တရုတ္ျပည္ ဘက္ေတာ့ သစ္သီး၀လံ အထြက္ကေတာ့ နည္းတယ္ေပါ့ေနာ္။

ထိုင္းဘက္ကေတာ့ က်ေနာ္တို႔က ဒီ ဗမာဘက္က ေနၿပီးေတာ့မွ ခိုးၿပီး ၀င္သြားတဲ႔သူေတြ ဟိုဘက္မွာလည္း မိတာေတြ အမ်ားႀကီး ရွိတဲ႔ အခါက်ေတာ့ အကုန္လံုးကို သူတို႔ တင္းၾကပ္လာတဲ႔ အေနအထား ရွိတယ္။ ရွိတဲ႔ အခါမွာ ဒီ ပို႔တဲ႔ အပိုင္းမွာေတာ့ ေတာ္ေတာ္ေလး ခက္သြားတဲ႔ အေနအထား ရွိတယ္။

သိဂၤ ီထုိက္ ။ ။ ခရီးသြားလာမႈ ကုန္စည္ စီးဆင္းမႈကို စစ္ေဆးတာမ်ိဳး၊ ေနာက္တခါ ကြာရင္တီးန္း ၂ ပတ္ လုပ္ရမယ္ ဆိုတာမ်ိဳးမွာ ကိုယ့္အရပ္ ကိုယ့္ေဒသနဲ႔ ကုိယ္ လုပ္ခဲ႔ေတာ့ ကုန္စည္ စီးဆင္းမႈမွာ ေတာ္ေတာ္ေလး အေႏွာင့္အယွက္ ျဖစ္ခဲ႔တာ ရွိေတာ့ ဒီတေခါက္မွာေရာ ဒါမ်ိဳး အလားအလာ မ်ိဳးေပါ့ေနာ္။ ဒါေတြကို ေရွာင္ႏုိင္ဖို႔ အလားအလာ ရွိပါလား။

ဦးေက်ာ္သူ ။ ။ က်ေနာ္တို႔လည္း အဲဒါကိုေတာ့ စိုးရိမ္မိတယ္ေပါ့ေနာ္။ စိုးရိမ္ေနတယ္ ဆိုတာက ဟို ျပည္ေထာင္စုက ထုတ္တဲ႔ဟာနဲ႔ ဒီ တိုင္းေဒသႀကီး ျပည္နယ္ေတြနဲ႔ ၿမိဳ႕နယ္ေတြမွာက ေဆာင္ရြက္ၾကတဲ႔ အဆင့္ဆင့္ေသာ အဖြဲ႔ေတြနဲ႔က နည္းနည္းကြာျခားေနတယ္လို႔ က်ေနာ္ေတာ့ အဲလို ျမင္တယ္ဗ်။

ခ်င္းျပည္နယ္ဘက္မွာ ဆိုရင္ ဘယ္လို ျဖစ္သလဲ ဆိုေတာ့ ရန္ကုန္တို႔ ဘာတို႔က လာတဲ႔ သူေတြကို ၂၁ ရက္ ကြာရင္တီန္း ၀င္ရမယ္ ဆိုၿပီးမွ ျဖစ္ေနတယ္ေပါ့ေနာ္။ ျဖစ္ေနတဲ႔ အခါက်ေတာ့ ဒါေတာင္ ရခုိင္ဘက္က မဟုတ္ဘူး။ ရန္ကုန္ဘက္က လာတဲ႔သူေတာင္ လုပ္မယ္ ဆိုေတာ့ ျပည္နယ္ အစိုးရဘက္ကို က်ေနာ္တို႔သိရသေလာက္ကေတာ့ သူတို႔ဘက္က က်ေတာ့ အဲလိုမဟုတ္ဘူးေပါ့ေနာ္။ ဒီ ၂၁ ရက္ ကြာရင္တီန္း ၀င္စရာ မလုိဘူးလို႔ ေျပာတယ္။

သို႔ေသာ္လည္းဘဲ တကယ့္ ေအာက္ေျခက ၿမိဳ႕နယ္ေတြမွာ ျဖစ္ေနတာေတာ့ ၀င္ရမယ္ ဆုိတဲ႔ဟာမ်ိဳးေတြ ျဖစ္ေနတယ္ေပါ့ေနာ္။ ျဖစ္ေနတဲ႔ အခါမွာ အဲလိုမ်ိဳး ဆိုရင္ က်ေနာ္တို႔က လူလည္း သြားမွာ မဟုတ္ေတာ့သလို ကုန္စည္ စီးဆင္းမႈကလည္း ေရာက္ဖို႔ မလြယ္ေတာ့ဘူး။ အဲဒါကို ေၾကာက္ၿပီးေတာ့ လူေတြက သြားမွာ မဟုတ္ေတာ့ဘူး။ သြားမွာ မဟုတ္ရင္ ဒီ ကုန္ပို႔တဲ႔ ကားေတြကလည္း အဲလိုမ်ိဳးသာ လုပ္ရမယ္ဆိုရင္ ခက္ၿပီေပါ့။

နဂုိတုန္းကလည္း ပထမ တေခါက္မွာတုန္းကလည္း က်ေနာ္တို႔ ဒီလို ျဖစ္ခဲ႔လို႔ ေဂၚဖီ တို႔ ရပ္ခဲ႔တာေပါ့ေနာ္။ လူ ၅ ေယာက္ထက္ ပိုမစုရတို႔၊ ေရာက္လု႔ိ ရွိရင္ ကြာရင္တီန္း ၀င္ရမယ္တို႔ ကားေတြ ျဖတ္တဲ႔ ေနရာမွာ ျပသနာ ေပါ့ေနာ္။ ေနာက္တခုက က်ေနာ္တို႔ရဲ႕ ညမထြက္ရ အမိန္႔ေပါ့။ အခုအခ်ိန္ထိ ရန္ကုန္ၿမဳိ႕ ဆိုရင္ ၁၂ နာရီ ကေန မနက္ ၄ နာရီ ရွိတယ္။ တျခားၿမိဳ႕ေတြ ေတာ္ေတာ္မ်ားမ်ားမွာလည္း တိုးလာၿပီေပါ့ေနာ္။

သိဂၤ ီထုိက္ ။ ။ ဒီတေခါက္မွာေရာ ဦးေက်ာ္သူတို႔ ကုန္စိမ္းဘက္ေပါ့ေနာ္။ ဘာေတြ ပ်က္စီးႏုိင္ေျခ ရွိပါသလဲ။ တကယ္လို႔မ်ား တင္းတင္းက်ပ္က်ပ္ ျဖစ္လာမယ္ ဆိုလို႔ ရွိရင္။

ဦးေက်ာ္သူ ။ ။ ဒီအခ်ိန္ကေတာ့ အမ်ားဆံုး ျဖစ္ႏုိင္တဲ႔ဟာက ဟင္းသီး ဟင္းရြက္ေပါ့ေနာ္။ အခု လက္ရွိ ကာလမွာ ေပၚေနတာက ဟင္းသီး ဟင္းရြက္ေတြ ေပၚေနတာ။ မခူးရေတာ့ဘူး ဆိုရင္ေတာ့ ဟင္းသီး ဟင္းရြက္ေတြက ဒုကၡ ေရာက္သြားမွာေပါ့။ ေနာက္ထပ္ တလ ၂ လေလာက္ ေနလို႔ ရွိရင္ေတာ့ က်ေနာ္တို႔ အသီးေတြ ေပၚလာမယ့္ ဟာေတြ ရွိတယ္ေပါ့။ ေထာပတ္သီးတို႔ ကြ်ဲေကာသီးတို႔ ဒီလို လိႈင္လိႈင္ ေပၚလာမယ့္ဟာေတြ ရွိတယ္။ အဲဒီ အခ်ိန္က်ရင္ေတာ့ အဲဒီဟာေတြကလည္း ဒုကၡေရာက္သြား ႏုိင္ေျခ ရွိပါတယ္။ အခုလိုမ်ား ဆက္ၿပီး ျဖစ္ေနၿပီး ဆက္ၿပီး တင္းက်ပ္ေနဦးမယ္ ဆိုလို႔ ရွိရင္ေပါ့ေလ။

သိဂၤ ီထုိက္ ။ ။ ထြက္လာမယ့္ ကုန္စည္ေတြက ဘယ္ေဒသက ေတာင္သူေတြ မ်ားပါသလဲ။ သူတို႔ေရာ ဘာေတြမ်ား သတိထားဖို႔ လိုပါသလဲ။

ဦးေက်ာ္သူ ။ ။ အခု ျဖစ္ေနတဲ႔ ရခုိင္ကေတာ့ က်ေနာ္တို႔ ျပည္မကို သစ္သီး ၀လံနဲ႔ ဟင္းသီး ဟင္းရြက္က လာတာ မရွိဘူး။ က်ေနာ္တို႔ ျပည္မကေနဘဲ ဟိုဘက္ကို ျပန္ပို႔တာ ရွိတယ္ဆိုေတာ့ ရခုိင္နဲ႔ ပတ္သက္လု႔ိေတာ့ ထိခုိက္စရာ မရွိဘူးေပါ့ေနာ္။ အခု ထြက္မယ့္ဟာေတြကလည္း က်ေနာ္တို႔ ရွမ္းျပည္နယ္နဲ႔ ပဲခူးတိုင္း အေနာက္ျခမ္းရယ္ ေနာက္ ရန္ကုန္နား တ၀ိုက္ရယ္။

ေနာက္ တလေလာက္ ၾကာလာရင္ေတာ့ က်ေနာ္တို႔က မြန္ျပည္နယ္ ကရင္ျပည္နယ္ ဘက္ကရယ္ေပါ့ေနာ္ ထြက္လာမယ့္ဟာေတြ ျဖစ္တဲ႔ အတြက္ ေလာေလာဆယ္ အခ်ိန္မွာ အဲဒီ ေနရာေတြကေတာ့ Sensitive လည္း မျဖစ္ဘူး Positive ျဖစ္တဲ႔ အေနအထားလည္း မရွိသေလာက္ကို နည္းတယ္ေပါ့ေနာ္။ အဲလိုမ်ိဳး အေနအထား ဆိုေတာ့ ဒီေဒသေတြကေတာ့ အခု ထြက္လာမယ့္ သီးႏွံေတြကေတာ့ ျပႆနာ မျဖစ္ေလာက္ဘူးလို႔ က်ေနာ္တို႔ ယူဆရပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

COVID ကာလ စိုက်ပျိုးရေး ထွက်ကုန် မလေလွင့်စေရေး ကုန်စည် စီးဆင်းမှုနဲ့ ဆက်စပ်


ရခိုင်မှာ COVID 19 ကူးစက်မှု များလာတာကြောင့် ရခိုင် အပါအဝင် နိုင်ငံတဝန်းမှာ အသွာအလာ တားမြစ် ကန့်သတ်ချက်တွေ ပြန်လည် ချမှတ်လာတာနဲ့ အတူ ကုန်စည်စီးဆင်းမှုပါ တုံ့ဆိုင်းသွားပါပြီ။ နိုင်ငံတဝန်း ကုန်ဈေးနှုန်း ကြီးမြင့် မသွားစေရေး၊ နောက် စိုက်ပျိုး ထုတ်လုပ်သူတွေ ဈေးကွက်ပျက် မသွားစေရေး အတွက် COVID 19 ကာလ ကုန်စိမ်း ကုန်စည် စီးဆင်းမှု အပိုင်းနဲ့ ပတ်သက်ပြီး ဟင်းသီး ဟင်းရွက် သစ်သီး ဝလံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း အတွင်းရေးမှူး ဦးကျော်သူကို မေးမြန်းပြီး ဒီသီတင်းပတ် စီးပွားရေး အစီအစဉ် အဖြစ် တင်ပြထားပါတယ်။

ဦးကျော်သူ ။ ။ လောလောဆယ်မှာတော့ ကျနော်တို့က ဒီ ရခိုင်ပြည်နယ်ကို သွားတဲ့ ကုန်ကားတွေ ပေါ့နော်။ အဲဒါတွေကတော့ တော်တော်လေး အခက်အခဲ ဖြစ်သွားပြီ။ ပစ္စည်းကားတွေ ရခိုင်ပြည်နယ်ထဲ သွားဖို့ ခက်သွားသလို ရခိုင်ပြည်နယ်ထဲက နေပြီးတော့မှ ဒီဘက်ကို ပြန်ထွက်လာမယ့် ကားတွေလည်း ခက်ခဲသွားတယ်ပေါ့နော်။ အဲဒီ အခြေအနေကတော့ လောလောဆယ် အခြေအနေမှာ အဆိုးဆုံး ဖြစ်နေတယ်။
အဲဒီ အတွက်လည်း ဘာဖြစ်သလဲ ဆိုတော့ ရခိုင် ပြည်နယ်မှာတော့ ကုန်ဈေးနှုန်းတော့ တက်သွားတာပေါ့နော်။

အဲဒါကို ဖြေရှင်းဖို့ ဆိုပြီးတော့မှာ ဒီတရက် နှစ်ရက် အတွင်းမှာဘဲ ကျနော်တို့ ရန်ကုန်မှာ We Love Yangon ဖွဲ့သလိုမျိုးဘဲ We love Rakhine ဆိုပြီး သူတို့ ဒီ ရန်ကုန်က အဖွဲ့နဲ့ ချိတ်ဆက်ပြီးတော့မှ အဲဒီမှာ တဖွဲ့ ဖွဲ့တယ်။ ဖွဲ့ပြီးတော့ ဒီ ကုန်စည်တွေကို သူတို့ ဈေးသက်သက် သာသာ ရဖို့ ဆိုပြီးမှ ချိတ်နေတဲ့ဟာ ရှိတယ်။
နောက် ဒီ ရခိုင် ကုန်သည် စက်မှု အသင်းပေါ့နော် RFCCI ခေါ်တာပေါ့။ ရခိုင်ပြည်နယ် ကုန်သည်များနဲ့ စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်း ဘက်ကနေလည်း ဒီ တခြား ဆန် အသင်းတို့၊ ကြက်သွန် အသင်းတို့ ဘာတို့ အဲဒါတွေနဲ့ ပေါင်းပြီးတော့မှ သူတို့ အဲဒီကနေ ဝယ်ပြီးတော့မှ ဒီ ဈေးအရင်း အတိုင်းရအောင် ရောင်းပေးဖို့ ဆိုပြီး စီစဉ်နေတဲ့ ဟာတွေလည်း ကျနော်တို့တော့ ကြားပါတယ် ခင်ဗျ။

သိင်္ဂ ီထိုက် ။ ။ ဆိုတော့ ဒီအချိန်က ထိုင်းနယ်စပ်ကလည်း ပိတ်နေပါတယ်။ နောက်တခုက တရုတ်နယ်စပ် ဘက်ကလည်း ကျယ်ဂေါင် ဘက်က ပိတ်မလိုလို ပြောနေကြပါတယ်။ ဘင်္ဂလားဒေရှ့် နယ်စပ်ကလည်း ပိတ်ထားပြီ။ ဆိုတော့ မြန်မာနိုင်ငံထဲက ဟင်းသီး ဟင်းရွက် သစ်သီး ဝလံ ထွက်ကုန်တွေ အရောင်းအဝယ်မှာရော သိသိသာသာ ထိခိုက်မှု တွေ့ရပါပြီလားရှင့်။

ဦးကျော်သူ ။ ။ လောလောဆယ်မှာတော့ တရုတ်ကတော့ နဂိုထဲကိုက ဒီ တကျော့ပြန်မှ ဖြစ်တာ မဟုတ်ဘူးပေါ့နော်။ ပထမ တခေါက် ဖြစ်ပြီး နောက်ဆုံး အခြေအနေကိုက ယာဉ်မောင်းကို လဲတဲ့ အစီအစဉ်ကို လုပ်ထားတာ။ အခုအချိန်ထိ အဲဒါက ပြန်ပြီးမှ မပြင်ရသေးဘူး။ မပြင်ရသေးတော့ ကျနောတို့ ဗမာ ယာဉ်မောင်းတွေ ဝင်လို့ မရဘူးပေါ့နော်။

ဝင်လို့ မရတော့ အဲဒီမှာ ကုန်စည် စီးဆင်းမှု - သစ်သီးဝလံပိုင်းနဲ့ ပတ်သက်တဲ့ ကုန်စည် စီးဆင်းမှုကတော့ သိပ်မရှိဘူးပေါ့နော်။ အခြေအနေ အရလည်း ကုန်ကလည်း ထွက်တဲ့ အခြေအနေ မဟုတ်ဘူး ပေါ့နော်။ လက်ရှိ ကျနော်တို့ သစ်သီးဝလံ ကဏ္ဍမှာ ဆိုရင်တော့ သရက်သီးကလည်း ကုန်သွားသလောက် အနေအထား ရှိတယ်ပေါ့နော်။ ကုန်သွား သလောက် ဆိုတာ တရုတ်ဘက်ကလည်း သိပ်မဝယ်တော့ဘူးပေါ့။ ရပ်စောက်သီး လေးတော့ နည်းနည်း ကျန်သေးတယ်။

ဒါက ပြည်တွင်းကိုဘဲ လာပြီးတော့ တရုတ်ဘက်ကို မသွားတော့ဘူး။ ဈေးမရတဲ့ဟာလည်း ပါတယ်ပေါ့။ ဖရဲသီးကလည်း တရက်ကို ၄-၅ စီးလောက်ဘဲ ရှိတာ။ နာနတ်သီးကလည်း ဒီနှစ် ပို့ခွင့် မရဘူး။ ပို့ခွင့်မရတော့ တရုတ်ပြည် ဘက်တော့ သစ်သီးဝလံ အထွက်ကတော့ နည်းတယ်ပေါ့နော်။
ထိုင်းဘက်ကတော့ ကျနော်တို့က ဒီ ဗမာဘက်က နေပြီးတော့မှ ခိုးပြီး ဝင်သွားတဲ့သူတွေ ဟိုဘက်မှာလည်း မိတာတွေ အများကြီး ရှိတဲ့ အခါကျတော့ အကုန်လုံးကို သူတို့ တင်းကြပ်လာတဲ့ အနေအထား ရှိတယ်။ ရှိတဲ့ အခါမှာ ဒီ ပို့တဲ့ အပိုင်းမှာတော့ တော်တော်လေး ခက်သွားတဲ့ အနေအထား ရှိတယ်။

သိင်္ဂ ီထိုက် ။ ။ ခရီးသွားလာမှု ကုန်စည် စီးဆင်းမှုကို စစ်ဆေးတာမျိုး၊ နောက်တခါ ကွာရင်တီးန်း ၂ ပတ် လုပ်ရမယ် ဆိုတာမျိုးမှာ ကိုယ့်အရပ် ကိုယ့်ဒေသနဲ့ ကိုယ် လုပ်ခဲ့တော့ ကုန်စည် စီးဆင်းမှုမှာ တော်တော်လေး အနှောင့်အယှက် ဖြစ်ခဲ့တာ ရှိတော့ ဒီတခေါက်မှာရော ဒါမျိုး အလားအလာ မျိုးပေါ့နော်။ ဒါတွေကို ရှောင်နိုင်ဖို့ အလားအလာ ရှိပါလား။

ဦးကျော်သူ ။ ။ ကျနော်တို့လည်း အဲဒါကိုတော့ စိုးရိမ်မိတယ်ပေါ့နော်။ စိုးရိမ်နေတယ် ဆိုတာက ဟို ပြည်ထောင်စုက ထုတ်တဲ့ဟာနဲ့ ဒီ တိုင်းဒေသကြီး ပြည်နယ်တွေနဲ့ မြို့နယ်တွေမှာက ဆောင်ရွက်ကြတဲ့ အဆင့်ဆင့်သော အဖွဲ့တွေနဲ့က နည်းနည်းကွာခြားနေတယ်လို့ ကျနော်တော့ အဲလို မြင်တယ်ဗျ။
ချင်းပြည်နယ်ဘက်မှာ ဆိုရင် ဘယ်လို ဖြစ်သလဲ ဆိုတော့ ရန်ကုန်တို့ ဘာတို့က လာတဲ့ သူတွေကို ၂၁ ရက် ကွာရင်တီန်း ဝင်ရမယ် ဆိုပြီးမှ ဖြစ်နေတယ်ပေါ့နော်။ ဖြစ်နေတဲ့ အခါကျတော့ ဒါတောင် ရခိုင်ဘက်က မဟုတ်ဘူး။

ရန်ကုန်ဘက်က လာတဲ့သူတောင် လုပ်မယ် ဆိုတော့ ပြည်နယ် အစိုးရဘက်ကို ကျနော်တို့သိရသလောက်ကတော့ သူတို့ဘက်က ကျတော့ အဲလိုမဟုတ်ဘူးပေါ့နော်။ ဒီ ၂၁ ရက် ကွာရင်တီန်း ဝင်စရာ မလိုဘူးလို့ ပြောတယ်။
သို့သော်လည်းဘဲ တကယ့် အောက်ခြေက မြို့နယ်တွေမှာ ဖြစ်နေတာတော့ ဝင်ရမယ် ဆိုတဲ့ဟာမျိုးတွေ ဖြစ်နေတယ်ပေါ့နော်။ ဖြစ်နေတဲ့ အခါမှာ အဲလိုမျိုး ဆိုရင် ကျနော်တို့က လူလည်း သွားမှာ မဟုတ်တော့သလို ကုန်စည် စီးဆင်းမှုကလည်း ရောက်ဖို့ မလွယ်တော့ဘူး။ အဲဒါကို ကြောက်ပြီးတော့ လူတွေက သွားမှာ မဟုတ်တော့ဘူး။ သွားမှာ မဟုတ်ရင် ဒီ ကုန်ပို့တဲ့ ကားတွေကလည်း အဲလိုမျိုးသာ လုပ်ရမယ်ဆိုရင် ခက်ပြီပေါ့။

နဂိုတုန်းကလည်း ပထမ တခေါက်မှာတုန်းကလည်း ကျနော်တို့ ဒီလို ဖြစ်ခဲ့လို့ ဂေါ်ဖီ တို့ ရပ်ခဲ့တာပေါ့နော်။ လူ ၅ ယောက်ထက် ပိုမစုရတို့၊ ရောက်လု့ိ ရှိရင် ကွာရင်တီန်း ဝင်ရမယ်တို့ ကားတွေ ဖြတ်တဲ့ နေရာမှာ ပြသနာ ပေါ့နော်။ နောက်တခုက ကျနော်တို့ရဲ့ ညမထွက်ရ အမိန့်ပေါ့။ အခုအချိန်ထိ ရန်ကုန်မြို့ ဆိုရင် ၁၂ နာရီ ကနေ မနက် ၄ နာရီ ရှိတယ်။ တခြားမြို့တွေ တော်တော်များများမှာလည်း တိုးလာပြီပေါ့နော်။

သိင်္ဂ ီထိုက် ။ ။ ဒီတခေါက်မှာရော ဦးကျော်သူတို့ ကုန်စိမ်းဘက်ပေါ့နော်။ ဘာတွေ ပျက်စီးနိုင်ခြေ ရှိပါသလဲ။ တကယ်လို့များ တင်းတင်းကျပ်ကျပ် ဖြစ်လာမယ် ဆိုလို့ ရှိရင်။

ဦးကျော်သူ ။ ။ ဒီအချိန်ကတော့ အများဆုံး ဖြစ်နိုင်တဲ့ဟာက ဟင်းသီး ဟင်းရွက်ပေါ့နော်။ အခု လက်ရှိ ကာလမှာ ပေါ်နေတာက ဟင်းသီး ဟင်းရွက်တွေ ပေါ်နေတာ။ မခူးရတော့ဘူး ဆိုရင်တော့ ဟင်းသီး ဟင်းရွက်တွေက ဒုက္ခ ရောက်သွားမှာပေါ့။ နောက်ထပ် တလ ၂ လလောက် နေလို့ ရှိရင်တော့ ကျနော်တို့ အသီးတွေ ပေါ်လာမယ့် ဟာတွေ ရှိတယ်ပေါ့။ ထောပတ်သီးတို့ ကျွဲကောသီးတို့ ဒီလို လှိုင်လှိုင် ပေါ်လာမယ့်ဟာတွေ ရှိတယ်။ အဲဒီ အချိန်ကျရင်တော့ အဲဒီဟာတွေကလည်း ဒုက္ခရောက်သွား နိုင်ခြေ ရှိပါတယ်။ အခုလိုများ ဆက်ပြီး ဖြစ်နေပြီး ဆက်ပြီး တင်းကျပ်နေဦးမယ် ဆိုလို့ ရှိရင်ပေါ့လေ။

သိင်္ဂ ီထိုက် ။ ။ ထွက်လာမယ့် ကုန်စည်တွေက ဘယ်ဒေသက တောင်သူတွေ များပါသလဲ။ သူတို့ရော ဘာတွေများ သတိထားဖို့ လိုပါသလဲ။

ဦးကျော်သူ ။ ။ အခု ဖြစ်နေတဲ့ ရခိုင်ကတော့ ကျနော်တို့ ပြည်မကို သစ်သီး ဝလံနဲ့ ဟင်းသီး ဟင်းရွက်က လာတာ မရှိဘူး။ ကျနော်တို့ ပြည်မကနေဘဲ ဟိုဘက်ကို ပြန်ပို့တာ ရှိတယ်ဆိုတော့ ရခိုင်နဲ့ ပတ်သက်လု့ိတော့ ထိခိုက်စရာ မရှိဘူးပေါ့နော်။ အခု ထွက်မယ့်ဟာတွေကလည်း ကျနော်တို့ ရှမ်းပြည်နယ်နဲ့ ပဲခူးတိုင်း အနောက်ခြမ်းရယ် နောက် ရန်ကုန်နား တဝိုက်ရယ်။

နောက် တလလောက် ကြာလာရင်တော့ ကျနော်တို့က မွန်ပြည်နယ် ကရင်ပြည်နယ် ဘက်ကရယ်ပေါ့နော် ထွက်လာမယ့်ဟာတွေ ဖြစ်တဲ့ အတွက် လောလောဆယ် အချိန်မှာ အဲဒီ နေရာတွေကတော့ Sensitive လည်း မဖြစ်ဘူး Positive ဖြစ်တဲ့ အနေအထားလည်း မရှိသလောက်ကို နည်းတယ်ပေါ့နော်။ အဲလိုမျိုး အနေအထား ဆိုတော့ ဒီဒေသတွေကတော့ အခု ထွက်လာမယ့် သီးနှံတွေကတော့ ပြဿနာ မဖြစ်လောက်ဘူးလို့ ကျနော်တို့ ယူဆရပါတယ်။

XS
SM
MD
LG