သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID 19 အလြန္ အသီးအႏွံနဲ႔ ကုန္စိမ္း ေစ်းကြက္ အေျပာင္းအလဲ


တရုတ္နယ္စပ္ မူဆယ္ၿမိဳ႕မွာ စြန္႔ပစ္ေနရတဲ႔ ေျပာင္း။ (ဓာတ္ပံု Phyo Maung Maung / AFP)

(Zawgyi / Unicode)

ေသာတရွင္မ်ားရွင္ က်မ သိဂၤ ီထုိက္ပါ။ အပတ္စဥ္ စီးပြားေရး အစီအစဥ္ကို တင္ျပပါမယ္။ COVID 19 ေၾကာင့္ လူစုလူေ၀း မလုပ္ရ၊ ခရီးသြားလာေရးကန္႔သတ္ခ်က္ေတြေၾကာင့္ ဟင္းသီး ဟင္းရြက္ သစ္သီး၀လံ ထုတ္လုပ္သူေတြ ဆံုးရံႈးမႈ မ်ားခဲ႔ပါတယ္။ ျပည္တြင္း ျပည္ပ ေစ်းကြက္ဆိုင္ရာ အခ်က္အလက္၊ ျပည္တြင္း စိုက္ပ်ိဳးထုတ္လုပ္မႈဆိုင္ရာ အခ်က္အလက္ေတြ နည္းပါးတဲ႔ ကုန္စိမ္း ေစ်းကြက္ကို ေလလြင့္မႈနည္းေအာင္ ျပဳျပင္ေျပာင္းလဲႏုိင္ဖုိ႔ အခြင့္အေရးေရာ ရွိေနပါသလား။ ျမန္မာႏုိင္ငံ သစ္သီး၀လံ၊ ပန္းမာန္နဲ႔ ဟင္းသီးဟင္းရြက္ စိုက္ပ်ိဳးထုတ္လုပ္ တင္ပို႔ေရာင္းခ်သူမ်ား အသင္းရဲ႕ အတြင္းေရးမွဴး ဦးေက်ာ္သူကေတာ့ စိုက္ပ်ိဳးထုတ္လုပ္သူေတြရဲ႕ ဆံုးရံႈးရမႈနဲ႔ ဒါေတြကို ဘယ္လို ျပဳျပင္ႏုိင္မလဲ ဆုိတာကို ေဆြးေႏြးထားပါတယ္။

ဦးေက်ာ္သူ ။ ။ သၾကၤန္ မတိုင္ခင္ေလာက္က စၿပီး ထြက္လာတဲ႔ သီးႏွံကေတာ့ ခရမ္းခ်ဥ္သီးနဲ႔ ေဂၚဖီထုပ္ ျဖစ္ပါတယ္။ အမ်ားဆံုး ထြက္လာတာ။ မႏွစ္ကဆိုရင္ ဒီ ေဂၚဖီထုပ္ေတြက တထုပ္ကို (၁,၀၀၀) က်ပ္ ေစ်းရတယ္။ အဲဒါေၾကာင့္ ေတာင္သူေတြက ဒီႏွစ္မွာ အဲဒါကို ေမွ်ာ္ကိုးၿပီး စိုက္ၾကတာ ေပါ့ေနာ္ တကယ္လည္း ထြက္လာတဲ႔ အခ်ိန္မွာ (၁,၀၀၀) မေျပာနဲ႔ (၁၀၀) ေတာင္ မရေတာ့တဲ႔ အေနအထားေပါ့။ အခင္းေတြ ပစ္လုိက္ရတဲ႔ အေနအထားမ်ိဳး ျဖစ္တယ္။

ျဖစ္တာကလည္း အားလံုး သိၿပီးသားဘဲေပါ့ေနာ္ COVID 19 ေၾကာင့္ ဒီ က်ေနာ္တို႔ စားေသာက္ဆိုင္ေတြ အကုန္လံုး ပိတ္ခိုင္းတယ္။ စားေသာက္ဆိုင္ေတြ မရွိေတာ့ဘူး။ လူစုလူေ၀း မလုပ္ရဘူး ဆိုေတာ့ အလွဴအတန္းေတြလည္း မရွိေတာ့ဘူးေပါ့ေနာ္။ က်ေနာ္တို႔ ျမန္မာျပည္ အေနအထား အရေတာ့ အလွဴအတန္းေတြမွာ ဒီ ေဂၚဖီထုပ္တို႔ ခရမ္းခ်ဥ္သီးတို႔ အရမ္းသံုးတယ္ေပါ့ေနာ္။ စားေသာက္ဆိုင္ေတြရဲ႕ ေခါက္ဆြဲေၾကာ္ ၾကာဇံေၾကာ္ စတဲ႔ ဒီ ပစၥည္းေတြမွာ အသုပ္ေတြမွာ ဒီ ခရမ္းခ်ဥ္သီးတို႔ ေဂၚဖီတို႔က အမ်ားဆံုး သံုးေတာ့ စားေသာက္ဆိုင္ေတြ ပိတ္တယ္၊ ဟိုတယ္ေတြ ပိတ္တယ္ အလွဴအတန္းေတြ မလုပ္ရဘူးဆိုေတာ့ ၀ယ္လိုအား က်သြားတယ္။

သိဂၤ ီထိုက္။ ။ ဟင္းသီး ဟင္းရြက္ ေစ်းကြက္က လမ္းပန္း ဆက္သြယ္ေရး၊ သယ္ယူပို႔ေဆာင္ေရးေၾကာင့္ ပ်က္သြားတဲ႔ အေနအထားလို႔မ်ား ေျပာလို႔ ရပါသလား။

ဦးေက်ာ္သူ ။ ။ ၂ ခုလံုး ပါတယ္ဗ်။ သယ္ယူပို႔ေဆာင္ေရးလည္း ပါတယ္။ ေစ်းကြက္ေၾကာင့္လည္း ပါတယ္။ ပထမ စစခ်င္း ျဖစ္တာကေတာ့ သယ္ယူပို႔ေဆာင္ေရးပါ။ က်ေနာ္တို႔ သၾကၤန္ မတိုင္ခင္ေလာက္ စလိုက္တာမွာ သၾကၤန္တြင္း ကာလ ကားေတြ မသြားႏုိင္ေတာ့ဘူး။ ေနာက္ က်ေနာ္တို႔ ျမန္မာျပည္မွာ ညမထြက္ရ အမိန္႔ေတြ ထုတ္လုိက္တယ္ေပါ့ေနာ္။ စ ထုတ္ထုတ္ျခင္း တုန္းကေတာ့ ည ၁၀ နာရီကေန မနက္ ၄ နာရီ ဆိုေတာ့၊ ေနာက္ လူမစုရတို႔ လူ ၅ ေယာက္ထက္ ပိုမစုရတို႔ ဘာတို႔ လုပ္လုိက္တယ္။ လုပ္လိုက္တဲ႔ အခ်ိန္မွာ အမိန္႔ကေတာ့ ျပည္ေထာင္စု အစိုးရက ထုတ္တာ တခုတည္းေပါ့ေနာ္။ ဒါေပမယ့္ ျပည္နယ္နဲ႔ တိုင္း အားလံုး ျပန္႔သြားတဲ႔ အခ်ိန္မွာ ေအာက္ေျခမွာ ရပ္ေက်း ေတြကို ေရာက္သြားတဲ႔ အခ်ိန္မွာ ရပ္ကြက္ေတြ၊ ေက်းရြာေတြရဲ႕ စီမံခန္႔ခြဲမႈက တေက်ာင္းတဂါထာ တရြာ တပုဒ္ဆန္းဘဲ။

တခ်ိဳ႕ ေနရာေတြကလည္း လြယ္လြယ္ကူကူ လ်င္လ်င္ ျမန္ျမန္နဲ႔ဘဲ လႊတ္လိုက္တယ္။ တခ်ိဳ႕ ေနရာေတြကလည္း မလႊတ္ဘူးေပါ့။ ကားသမား ဘယ္ကလဲ။ ရန္ကုန္ကလား ဘယ္ကလား ဘာလား စစ္တဲ႔ဟာေတြ ရွိေတာ့ စစခ်င္းမွာ အဲလို ျပသနာေတြ တက္တယ္ေပါ့ေနာ္။

ပံုမွန္ တရက္နဲ႔ လာရတဲ႔ဟာက ၄ ရက္ေလာက္ ျဖစ္သြားတယ္ ေပါ့ေနာ္။ ေနာက္ အခင္းေတြထဲမွာ ခူးရတဲ႔ ဟာမွာလည္း ျပသနာ တက္တယ္ေပါ့။ လူ ၅ ေယာက္ထက္ မပိုရ ဆိုတဲ႔ဟာကို တခ်ိဳ႕ေတြက ဒီ စိုက္ခင္းဆိုတာက ဧကေတြ ရာနဲ႔ ေထာင္နဲ႔ခ်ီတာ လူတဦးနဲ႔ တဦးျခား အကြာအေ၀း ျခားဖုိ႔ ၆ ေပ မေျပာနဲ႔ ေပ ၆၀ ျခားၿပီး ခုတ္ရင္ေတာင္ ရတယ္ေပါ့ေနာ္။ အဲဒီေတာ့ အဆင္ေျပတဲ႔ ေနရာေတြလည္း ရွိတယ္။ တခ်ိဳ႕ ေနရာေတြက က်ေတာ့ လံုး၀ စာအုပ္ အတိုင္းဘဲ ၅ ေယာက္ထက္ ပိုရင္ လံုး၀ မရဘူးဆိုၿပီးေတာ့မွ ငရုတ္သီးတို႔ ဘာတို႔မွာ ဒုကၡေရာက္သြားတဲ႔ ဟာမ်ိဳးေတြလည္း ရွိပါတယ္။

သိဂၤ ီထိုက္။ ။ အခုလို မထင္မွတ္ဘဲနဲ႔ COVID 19 ျဖစ္လိုက္တဲ႔ အတြက္ ေစ်းကြက္မွာ အေတာ္ေလး ကေမာက္ကမ ျဖစ္တာေပါ့ေနာ္။ ဆိုေတာ့ ဒီ COVID 19 အလြန္ ကာလမွာေရာ ဒီ ဟင္းသီး ဟင္းရြက္ ေစ်းကြက္ အေျပာင္းအလဲေပါ့ေနာ္။ ဆရာတို႔ ဘာေတြ လုပ္ဖို႔ ျမင္ပါသလဲရွင့္။

ဦးေက်ာ္သူ ။ ။ က်ေနာ္တို႔ ျပင္ဆင္ရမယ့္ဟာေတာ့ အမ်ားႀကီးဘဲေပါ့ေနာ္။ ေျပာင္းလဲရမယ့္ဟာေတြလည္း အမ်ားႀကီးဘဲေပါ့။ ဘာလို႔လဲ ဆိုေတာ့ COVID 19 ၿပီးသြားရင္လည္း COVID 19 မတိုင္ခင္ ကာလက ပံုစံမ်ိဳးေတာ့ ျပန္မေရာက္ေတာ့ဘူး။ ေစ်းကြက္ကလည္း အဲဒီ ပံုစံမ်ိဳး မျဖစ္ေတာ့ဘူး။ အသစ္ ပံုစံ ျဖစ္သြားမယ္ေပါ့။ ရန္ကုန္ၿမိဳ႕မွာေတာ့ ထူးထူးျခားျခား ဘာေတြ႔ရလဲ ဆိုေတာ့ သၾကၤန္ကာလမွာ အကုန္လံုး အျပင္မထြက္ၾကနဲ႔ ဆိုၿပီး ေနလိုက္တဲ႔ အခ်ိန္မွာ လူေတြရဲ႕ ယဥ္ေက်းမႈက ဘယ္လို ျဖစ္သြားလဲ ဆိုေတာ့ အြန္လိုင္းေပၚကေန ေစ်း၀ယ္တယ္၊ စားတယ္၊ ဥပမာ Delivery နဲ႔ ပို႔တဲ႔ဟာကို ေက်နပ္တယ္။ အဲဒီ ယဥ္ေက်းမႈေလး ျဖစ္သြားတယ္။

အခု ၿပီးတဲ႔အခ်ိန္မွာလည္း အားလံုးလည္း ၾကားၾကမွာပါ။ Delivery Service ေတြ တြင္တြင္က်ယ္က်ယ္ ျဖစ္လာတယ္။ အြန္လိုင္းက ေရာင္းေနတဲ႔ဟာေတြ တြင္တြင္က်ယ္က်ယ္ ျဖစ္ေနတယ္ေပါ့ေနာ္။ ဒါ ကလည္း တပိုင္း။ အဲဒီ အတြက္လည္း က်ေနာ္တို႔ ျပင္ဆင္ထားတာ ရွိပါတယ္။ အသင္း အေနနဲ႔ မိုလ္ဘိုင္း APP ေလး တခု လုပ္ထားတာ ရွိပါတယ္။

သိဂၤ ီထိုက္။ ။ ျမန္မာႏုိင္ငံမွာက ေစ်းကြက္ ဆိုင္ရာ အခ်က္အလက္ေပါ့ေနာ္။ ျပည္တြင္း စားသံုးမႈ ဘယ္ေလာက္ ရွိတယ္ ဆိုတဲ႔ ေစ်းကြက္ စီမံခန္႔ခြဲမႈနဲ႔ ပတ္သက္ၿပီးေတာ့ အထူးသျဖင့္ ဟင္းသီး ဟင္းရြက္ ကုန္စိမ္း ေစ်းကြက္မွာ အထူး လိုအပ္လာမယ္ ထင္ပါတယ္။ ဆရာတို႔ ဘယ္လို ျမင္ပါလဲရွင့္။

ဦးေက်ာ္သူ ။ ။ ဟင္းသီး ဟင္းရြက္ေတြ သစ္သီး ၀လံေတြ ေစ်းကြက္မွာ ၀ယ္လုိအား ဘယ္ေလာက္ ရွိလဲ ဘယ္ေလာက္ စိုက္ရမလဲ ဆိုတာနဲ႔ ပတ္သက္လို႔ ေဒတာ အခ်က္အလက္ ကေတာ့ တကယ္လိုပါတယ္။ လိုပါတယ္ဆိုတာ က်ေနာ္တို႔ တိုင္းျပည္မွာ လက္ရွိ ျဖစ္ေနတဲ႔ဟာက ဘာလဲ ဆိုေတာ့ ေျပာမယ္ဆိုရင္ေတာ့ ဒိုင္ဗင္စီးပြားေရးလို႔ ေခၚတာေပါ့ေနာ္။ ဒီႏွစ္ ပဲ ေကာင္းတယ္ဆိုရင္ ပဲကို လူေတြ အကုန္ လုိက္စိုက္ၾကတယ္။ ဖရဲ ေကာင္းတယ္ဆို ဖရဲကို လိုက္စိုက္ၾကတယ္ ေပါ့ေနာ္။

ေနာက္ဆံုး ပဲက အိမ္နီးခ်င္းက မ၀ယ္ေတာ့ဘူးလည္း ဆိုေရာ ပဲ သမားေတြ ဖရဲ လိုက္စိုက္လို႔ ဖရဲ ေစ်းကြက္ ပ်က္တဲ႔ ျပသနာ ရွိတယ္ေပါ့ေနာ္။ ေဂၚဖီထုပ္ ေကာင္းတယ္ဆို ေဂၚဖီထုပ္ လုိက္စိုက္တဲ႔ ျပသနာမ်ိဳး ရွိတယ္။ သြားတဲ႔ ပံုစံက သီးႏွံေတြကို စိုက္။ ေကာင္းတယ္လို႔ ၾကားတဲ႔ဟာကို စိုက္၊ ထြက္လာေတာ့မွ ေစ်းကြက္ကိုရွာ ဆိုတဲ႔ စနစ္မ်ိဳး ျဖစ္ေနတယ္။ အဲဒီ အစား ဘာလုပ္သင့္တာလဲ ဆိုေတာ့ ေစ်းကြက္မွာ ၀ယ္လိုအား ရွိတဲ႔ဟာကို လိုခ်င္တဲ႔ ပမာဏေလာက္နဲ႔ ခ်ိန္ဆၿပီးေတာ့မွ စိုက္တဲ႔ စနစ္မ်ိဳး လုပ္ရမွာ ေပါ့ေနာ္။ အဲဒီ အတြက္ ဘာေတြ လိုလာ မလဲ ဆိုေတာ့ Contract Farming လိုဟာေတြ လိုလာမယ္။

ဒီမွာ ကုမၸဏီ တခုက ၾကားခံၿပီးေတာ့မွ ေစ်းႏႈန္း တခုနဲ႔ တည္တည္ၿငိမ္ၿငိမ္ ၀ယ္ေပးမယ္။ ဘယ္ေလာက္ဘဲ စိုက္ ၿပီးလို႔ ရွိရင္ ျပန္ေပးမယ္ဆိုတဲ႔ဟာ။ ႏွစ္ဦး ႏွစ္ဘက္ ယံုၾကည္မႈကလည္း လိုပါတယ္။

သိဂၤ ီထိုက္။ ။ ဆရာ ခုန ေျပာသလို Contract Farming ေပါ့ေနာ္။ ကုမၸဏီ တခုက ၀ယ္မယ္၊ ေစ်းကြက္ကို သူ႔ဟာသူ ရွာမယ္ဆိုတဲ႔ ပံုစံမ်ိဳး တခု တြင္တြင္က်ယ္က်ယ္ ေပၚလာဖို႔ေရာ ဆရာတို႔ ဘာေတြ လုပ္ႏုိင္ပါမလဲရွင့္။ ဒါမ်ိဳး ပံုစံမ်ိဳး ေပၚလာရင္ေတာ့ ဆရာတို႔ အေတာ္ အဆင္ေျပမယ့္ သေဘာ ရွိပါတယ္။

ဦးေက်ာ္သူ ။ ။ သူမ်ားႏုိင္ငံေတြကေတာ့ အဲလို မဟုတ္ဘဲနဲ႔ စိုက္တဲ႔သူက စိုက္တဲ႔ အလုပ္ဘဲ လုပ္တယ္။ ထြက္လာရင္ Processing လုပ္ခ်င္တယ္ ဆိုလည္း Processer က သီးသန္႔ စက္ရံုေတြ ေထာင္ထားၿပီး လုပ္တယ္။ ေစ်းကြက္မွာ ေရာင္းခ်င္တယ္ဆိုလည္း ပြဲစားေတြက သပ္သပ္ရွိတယ္။ Exporter ေတြ သပ္သပ္ ရွိတယ္ေပါ့။ သူ႔ဟာနဲ႔သူ။ ျပည္တြင္းေရာင္းမယ္ဆို ျပည္တြင္း၊ ျပည္ပ ပို႔မယ္ဆို ျပည္ပ ၊ သူ႔လူေတြနဲ႔ သူ လုပ္ၾကတယ္ေပါ့။ က်ေန္ာတို႔ ဆီမွာက လုပ္ငန္းစဥ္ႀကီး တခုလံုးမွာ ေနရာအသီးသီးမွာ တေယာက္တည္းက ယူၿပီး လုပ္ေနတဲ႔ အခါမွာ ဒီ ျပသနာေတြ ျဖစ္တာလည္း ျဖစ္ပါတယ္။

ေနာက္တခုက ကုမၸဏီေတြက ဒီဟာမွာ ဘာေၾကာင့္ ထဲထဲ၀င္၀င္ မ၀င္လည္းဆိုေတာ့ ခုနက က်ေနာ္ ေျပာခဲ႔တဲ႔ ေရွ႕မွာ ျဖစ္ခဲ႔တဲ႔ နမူနာ ျပသနာေတြေပါ့ေနာ္ အဲဒီ ျပသနာေတြေၾကာင့္ ႏွစ္ဦး ႏွစ္ဖက္ ယံုၾကည္မႈ ေပ်ာက္ေနတာ အဓိက ကေတာ့။ Contract Farming လုပ္မယ္ဆိုရင္ ေတာင္သူကလည္း မယံုဘူး။ ကုမၸဏီကလည္း မယံုဘူးေပါ့။ ဘာျဖစ္လဲ ဆိုေတာ့ ေတာင္သူကလည္း ခုန ေျပာသလို လူတိုင္းေတာ့ မဟုတ္ပါဘူး။ တခ်ိဳ႕ေတြက ေစ်းေကာင္းတယ္ဆိုရင္ စာခ်ဳပ္ ခ်ဳပ္ထားတဲ႔ ကုမၸဏီကို မေရာင္းဘဲနဲ႔ နည္းနည္းပါးပါးေလာက္ ေပးၿပီး က်န္တဲ႔ဟာေတြ အျပင္ကို ေရာင္းတယ္။

ေနာက္ဆံုး ေပးရင္ေတာင္မွ ေခါင္သီးေတြ ေခါင္ထြက္တဲ႔ သီးႏွံေတြကို အျပင္ကို ေရာင္းၿပီးေတာ႔မွ အညံ႔သီးေတြကို စာခ်ဳပ္ခ်ဳပ္တဲ႔ ကုမၸဏီကို ေပးတယ္ေပါ့။ ကုမၸဏီ ဘက္ကလည္း တခါတေလ ပ်က္ကြက္တဲ႔ဟာေတြ ရွိတယ္ေပါ့။ ေစ်းနိမ့္သြားလို႔ ရွိရင္ မ၀ယ္ေတာ့တာတို႔ အေၾကာင္းအမ်ိဳးမ်ိဳး ျပတာတို႔ ဒီလိုမ်ိဳးေတြ ရွိတဲ႔အခက်ေတာ့ ေပ်ာက္ေနတယ္ေပါ့။

တိုက္႐ိုက္ လင့္ခ္

(Unicode)

COVID 19 အလွန် အသီးအနှံနဲ့ ကုန်စိမ်း ဈေးကွက် အပြောင်းအလဲ


သောတရှင်များရှင် ကျမ သိင်္ဂ ီထိုက်ပါ။ အပတ်စဉ် စီးပွားရေး အစီအစဉ်ကို တင်ပြပါမယ်။ COVID 19 ကြောင့် လူစုလူဝေး မလုပ်ရ၊ ခရီးသွားလာရေးကန့်သတ်ချက်တွေကြောင့် ဟင်းသီး ဟင်းရွက် သစ်သီးဝလံ ထုတ်လုပ်သူတွေ ဆုံးရှုံးမှု များခဲ့ပါတယ်။ ပြည်တွင်း ပြည်ပ ဈေးကွက်ဆိုင်ရာ အချက်အလက်၊ ပြည်တွင်း စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ အချက်အလက်တွေ နည်းပါးတဲ့ ကုန်စိမ်း ဈေးကွက်ကို လေလွင့်မှုနည်းအောင် ပြုပြင်ပြောင်းလဲနိုင်ဖို့ အခွင့်အရေးရော ရှိနေပါသလား။ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမာန်နဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းရဲ့ အတွင်းရေးမှူး ဦးကျော်သူကတော့ စိုက်ပျိုးထုတ်လုပ်သူတွေရဲ့ ဆုံးရှုံးရမှုနဲ့ ဒါတွေကို ဘယ်လို ပြုပြင်နိုင်မလဲ ဆိုတာကို ဆွေးနွေးထားပါတယ်။

ဦးကျော်သူ ။ ။ သင်္ကြန် မတိုင်ခင်လောက်က စပြီး ထွက်လာတဲ့ သီးနှံကတော့ ခရမ်းချဉ်သီးနဲ့ ဂေါ်ဖီထုပ် ဖြစ်ပါတယ်။ အများဆုံး ထွက်လာတာ။ မနှစ်ကဆိုရင် ဒီ ဂေါ်ဖီထုပ်တွေက တထုပ်ကို (၁,၀၀၀) ကျပ် ဈေးရတယ်။ အဲဒါကြောင့် တောင်သူတွေက ဒီနှစ်မှာ အဲဒါကို မျှော်ကိုးပြီး စိုက်ကြတာ ပေါ့နော် တကယ်လည်း ထွက်လာတဲ့ အချိန်မှာ (၁,၀၀၀) မပြောနဲ့ (၁၀၀) တောင် မရတော့တဲ့ အနေအထားပေါ့။ အခင်းတွေ ပစ်လိုက်ရတဲ့ အနေအထားမျိုး ဖြစ်တယ်။

ဖြစ်တာကလည်း အားလုံး သိပြီးသားဘဲပေါ့နော် COVID 19 ကြောင့် ဒီ ကျနော်တို့ စားသောက်ဆိုင်တွေ အကုန်လုံး ပိတ်ခိုင်းတယ်။ စားသောက်ဆိုင်တွေ မရှိတော့ဘူး။ လူစုလူဝေး မလုပ်ရဘူး ဆိုတော့ အလှူအတန်းတွေလည်း မရှိတော့ဘူးပေါ့နော်။ ကျနော်တို့ မြန်မာပြည် အနေအထား အရတော့ အလှူအတန်းတွေမှာ ဒီ ဂေါ်ဖီထုပ်တို့ ခရမ်းချဉ်သီးတို့ အရမ်းသုံးတယ်ပေါ့နော်။ စားသောက်ဆိုင်တွေရဲ့ ခေါက်ဆွဲကြော် ကြာဇံကြော် စတဲ့ ဒီ ပစ္စည်းတွေမှာ အသုပ်တွေမှာ ဒီ ခရမ်းချဉ်သီးတို့ ဂေါ်ဖီတို့က အများဆုံး သုံးတော့ စားသောက်ဆိုင်တွေ ပိတ်တယ်၊ ဟိုတယ်တွေ ပိတ်တယ် အလှူအတန်းတွေ မလုပ်ရဘူးဆိုတော့ ဝယ်လိုအား ကျသွားတယ်။

သိင်္ဂ ီထိုက်။ ။ ဟင်းသီး ဟင်းရွက် ဈေးကွက်က လမ်းပန်း ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးကြောင့် ပျက်သွားတဲ့ အနေအထားလို့များ ပြောလို့ ရပါသလား။

ဦးကျော်သူ ။ ။ ၂ ခုလုံး ပါတယ်ဗျ။ သယ်ယူပို့ဆောင်ရေးလည်း ပါတယ်။ ဈေးကွက်ကြောင့်လည်း ပါတယ်။ ပထမ စစချင်း ဖြစ်တာကတော့ သယ်ယူပို့ဆောင်ရေးပါ။ ကျနော်တို့ သင်္ကြန် မတိုင်ခင်လောက် စလိုက်တာမှာ သင်္ကြန်တွင်း ကာလ ကားတွေ မသွားနိုင်တော့ဘူး။ နောက် ကျနော်တို့ မြန်မာပြည်မှာ ညမထွက်ရ အမိန့်တွေ ထုတ်လိုက်တယ်ပေါ့နော်။ စ ထုတ်ထုတ်ခြင်း တုန်းကတော့ ည ၁၀ နာရီကနေ မနက် ၄ နာရီ ဆိုတော့၊ နောက် လူမစုရတို့ လူ ၅ ယောက်ထက် ပိုမစုရတို့ ဘာတို့ လုပ်လိုက်တယ်။

လုပ်လိုက်တဲ့ အချိန်မှာ အမိန့်ကတော့ ပြည်ထောင်စု အစိုးရက ထုတ်တာ တခုတည်းပေါ့နော်။ ဒါပေမယ့် ပြည်နယ်နဲ့ တိုင်း အားလုံး ပြန့်သွားတဲ့ အချိန်မှာ အောက်ခြေမှာ ရပ်ကျေး တွေကို ရောက်သွားတဲ့ အချိန်မှာ ရပ်ကွက်တွေ၊ ကျေးရွာတွေရဲ့ စီမံခန့်ခွဲမှုက တကျောင်းတဂါထာ တရွာ တပုဒ်ဆန်းဘဲ။
တချို့ နေရာတွေကလည်း လွယ်လွယ်ကူကူ လျင်လျင် မြန်မြန်နဲ့ဘဲ လွှတ်လိုက်တယ်။ တချို့ နေရာတွေကလည်း မလွှတ်ဘူးပေါ့။ ကားသမား ဘယ်ကလဲ။ ရန်ကုန်ကလား ဘယ်ကလား ဘာလား စစ်တဲ့ဟာတွေ ရှိတော့ စစချင်းမှာ အဲလို ပြသနာတွေ တက်တယ်ပေါ့နော်။

ပုံမှန် တရက်နဲ့ လာရတဲ့ဟာက ၄ ရက်လောက် ဖြစ်သွားတယ် ပေါ့နော်။ နောက် အခင်းတွေထဲမှာ ခူးရတဲ့ ဟာမှာလည်း ပြသနာ တက်တယ်ပေါ့။ လူ ၅ ယောက်ထက် မပိုရ ဆိုတဲ့ဟာကို တချို့တွေက ဒီ စိုက်ခင်းဆိုတာက ဧကတွေ ရာနဲ့ ထောင်နဲ့ချီတာ လူတဦးနဲ့ တဦးခြား အကွာအဝေး ခြားဖို့ ၆ ပေ မပြောနဲ့ ပေ ၆၀ ခြားပြီး ခုတ်ရင်တောင် ရတယ်ပေါ့နော်။ အဲဒီတော့ အဆင်ပြေတဲ့ နေရာတွေလည်း ရှိတယ်။ တချို့ နေရာတွေက ကျတော့ လုံး၀ စာအုပ် အတိုင်းဘဲ ၅ ယောက်ထက် ပိုရင် လုံး၀ မရဘူးဆိုပြီးတော့မှ ငရုတ်သီးတို့ ဘာတို့မှာ ဒုက္ခရောက်သွားတဲ့ ဟာမျိုးတွေလည်း ရှိပါတယ်။

သိင်္ဂ ီထိုက်။ ။ အခုလို မထင်မှတ်ဘဲနဲ့ COVID 19 ဖြစ်လိုက်တဲ့ အတွက် ဈေးကွက်မှာ အတော်လေး ကမောက်ကမ ဖြစ်တာပေါ့နော်။ ဆိုတော့ ဒီ COVID 19 အလွန် ကာလမှာရော ဒီ ဟင်းသီး ဟင်းရွက် ဈေးကွက် အပြောင်းအလဲပေါ့နော်။ ဆရာတို့ ဘာတွေ လုပ်ဖို့ မြင်ပါသလဲရှင့်။

ဦးကျော်သူ ။ ။ ကျနော်တို့ ပြင်ဆင်ရမယ့်ဟာတော့ အများကြီးဘဲပေါ့နော်။ ပြောင်းလဲရမယ့်ဟာတွေလည်း အများကြီးဘဲပေါ့။ ဘာလို့လဲ ဆိုတော့ COVID 19 ပြီးသွားရင်လည်း COVID 19 မတိုင်ခင် ကာလက ပုံစံမျိုးတော့ ပြန်မရောက်တော့ဘူး။ ဈေးကွက်ကလည်း အဲဒီ ပုံစံမျိုး မဖြစ်တော့ဘူး။ အသစ် ပုံစံ ဖြစ်သွားမယ်ပေါ့။ ရန်ကုန်မြို့မှာတော့ ထူးထူးခြားခြား ဘာတွေ့ရလဲ ဆိုတော့ သင်္ကြန်ကာလမှာ အကုန်လုံး အပြင်မထွက်ကြနဲ့ ဆိုပြီး နေလိုက်တဲ့ အချိန်မှာ လူတွေရဲ့ ယဉ်ကျေးမှုက ဘယ်လို ဖြစ်သွားလဲ ဆိုတော့ အွန်လိုင်းပေါ်ကနေ ဈေးဝယ်တယ်၊ စားတယ်၊ ဥပမာ Delivery နဲ့ ပို့တဲ့ဟာကို ကျေနပ်တယ်။ အဲဒီ ယဉ်ကျေးမှုလေး ဖြစ်သွားတယ်။
အခု ပြီးတဲ့အချိန်မှာလည်း အားလုံးလည်း ကြားကြမှာပါ။

Delivery Service တွေ တွင်တွင်ကျယ်ကျယ် ဖြစ်လာတယ်။ အွန်လိုင်းက ရောင်းနေတဲ့ဟာတွေ တွင်တွင်ကျယ်ကျယ် ဖြစ်နေတယ်ပေါ့နော်။ ဒါ ကလည်း တပိုင်း။ အဲဒီ အတွက်လည်း ကျနော်တို့ ပြင်ဆင်ထားတာ ရှိပါတယ်။ အသင်း အနေနဲ့ မိုလ်ဘိုင်း APP လေး တခု လုပ်ထားတာ ရှိပါတယ်။

သိင်္ဂ ီထိုက်။ ။ မြန်မာနိုင်ငံမှာက ဈေးကွက် ဆိုင်ရာ အချက်အလက်ပေါ့နော်။ ပြည်တွင်း စားသုံးမှု ဘယ်လောက် ရှိတယ် ဆိုတဲ့ ဈေးကွက် စီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီးတော့ အထူးသဖြင့် ဟင်းသီး ဟင်းရွက် ကုန်စိမ်း ဈေးကွက်မှာ အထူး လိုအပ်လာမယ် ထင်ပါတယ်။ ဆရာတို့ ဘယ်လို မြင်ပါလဲရှင့်။
ဦးကျော်သူ ။ ။ ဟင်းသီး ဟင်းရွက်တွေ သစ်သီး ဝလံတွေ ဈေးကွက်မှာ ဝယ်လိုအား ဘယ်လောက် ရှိလဲ ဘယ်လောက် စိုက်ရမလဲ ဆိုတာနဲ့ ပတ်သက်လို့ ဒေတာ အချက်အလက် ကတော့ တကယ်လိုပါတယ်။

လိုပါတယ်ဆိုတာ ကျနော်တို့ တိုင်းပြည်မှာ လက်ရှိ ဖြစ်နေတဲ့ဟာက ဘာလဲ ဆိုတော့ ပြောမယ်ဆိုရင်တော့ ဒိုင်ဗင်စီးပွားရေးလို့ ခေါ်တာပေါ့နော်။ ဒီနှစ် ပဲ ကောင်းတယ်ဆိုရင် ပဲကို လူတွေ အကုန် လိုက်စိုက်ကြတယ်။ ဖရဲ ကောင်းတယ်ဆို ဖရဲကို လိုက်စိုက်ကြတယ် ပေါ့နော်။ နောက်ဆုံး ပဲက အိမ်နီးချင်းက မဝယ်တော့ဘူးလည်း ဆိုရော ပဲ သမားတွေ ဖရဲ လိုက်စိုက်လို့ ဖရဲ ဈေးကွက် ပျက်တဲ့ ပြသနာ ရှိတယ်ပေါ့နော်။ ဂေါ်ဖီထုပ် ကောင်းတယ်ဆို ဂေါ်ဖီထုပ် လိုက်စိုက်တဲ့ ပြသနာမျိုး ရှိတယ်။ သွားတဲ့ ပုံစံက သီးနှံတွေကို စိုက်။ ကောင်းတယ်လို့ ကြားတဲ့ဟာကို စိုက်၊ ထွက်လာတော့မှ ဈေးကွက်ကိုရှာ ဆိုတဲ့ စနစ်မျိုး ဖြစ်နေတယ်။

ဒီ အစား ဘာလုပ်သင့်တာလဲ ဆိုတော့ ဈေးကွက်မှာ ဝယ်လိုအား ရှိတဲ့ဟာကို လိုချင်တဲ့ ပမာဏလောက်နဲ့ ချိန်ဆပြီးတော့မှ စိုက်တဲ့ စနစ်မျိုး လုပ်ရမှာ ပေါ့နော်။ အဲဒီ အတွက် ဘာတွေ လိုလာ မလဲ ဆိုတော့ Contract Farming လိုဟာတွေ လိုလာမယ်။ ဒီမှာ ကုမ္ပဏီ တခုက ကြားခံပြီးတော့မှ ဈေးနှုန်း တခုနဲ့ တည်တည်ငြိမ်ငြိမ် ဝယ်ပေးမယ်။ ဘယ်လောက်ဘဲ စိုက် ပြီးလို့ ရှိရင် ပြန်ပေးမယ်ဆိုတဲ့ဟာ။ နှစ်ဦး နှစ်ဘက် ယုံကြည်မှုကလည်း လိုပါတယ်။
သိင်္ဂ ီထိုက်။ ။ ဆရာ ခုန ပြောသလို Contract Farming ပေါ့နော်။

ကုမ္ပဏီ တခုက ဝယ်မယ်၊ ဈေးကွက်ကို သူ့ဟာသူ ရှာမယ်ဆိုတဲ့ ပုံစံမျိုး တခု တွင်တွင်ကျယ်ကျယ် ပေါ်လာဖို့ရော ဆရာတို့ ဘာတွေ လုပ်နိုင်ပါမလဲရှင့်။ ဒါမျိုး ပုံစံမျိုး ပေါ်လာရင်တော့ ဆရာတို့ အတော် အဆင်ပြေမယ့် သဘော ရှိပါတယ်။
ဦးကျော်သူ ။ ။ သူများနိုင်ငံတွေကတော့ အဲလို မဟုတ်ဘဲနဲ့ စိုက်တဲ့သူက စိုက်တဲ့ အလုပ်ဘဲ လုပ်တယ်။ ထွက်လာရင် Processing လုပ်ချင်တယ် ဆိုလည်း Processer က သီးသန့် စက်ရုံတွေ ထောင်ထားပြီး လုပ်တယ်။ ဈေးကွက်မှာ ရောင်းချင်တယ်ဆိုလည်း ပွဲစားတွေက သပ်သပ်ရှိတယ်။ Exporter တွေ သပ်သပ် ရှိတယ်ပေါ့။ သူ့ဟာနဲ့သူ။ ပြည်တွင်းရောင်းမယ်ဆို ပြည်တွင်း၊ ပြည်ပ ပို့မယ်ဆို ပြည်ပ ၊ သူ့လူတွေနဲ့ သူ လုပ်ကြတယ်ပေါ့။ ကျနေ်ာတို့ ဆီမှာက လုပ်ငန်းစဉ်ကြီး တခုလုံးမှာ နေရာအသီးသီးမှာ တယောက်တည်းက ယူပြီး လုပ်နေတဲ့ အခါမှာ ဒီ ပြသနာတွေ ဖြစ်တာလည်း ဖြစ်ပါတယ်။

နောက်တခုက ကုမ္ပဏီတွေက ဒီဟာမှာ ဘာကြောင့် ထဲထဲဝင်ဝင် မဝင်လည်းဆိုတော့ ခုနက ကျနော် ပြောခဲ့တဲ့ ရှေ့မှာ ဖြစ်ခဲ့တဲ့ နမူနာ ပြသနာတွေပေါ့နော် အဲဒီ ပြသနာတွေကြောင့် နှစ်ဦး နှစ်ဖက် ယုံကြည်မှု ပျောက်နေတာ အဓိက ကတော့။ Contract Farming လုပ်မယ်ဆိုရင် တောင်သူကလည်း မယုံဘူး။ ကုမ္ပဏီကလည်း မယုံဘူးပေါ့။ ဘာဖြစ်လဲ ဆိုတော့ တောင်သူကလည်း ခုန ပြောသလို လူတိုင်းတော့ မဟုတ်ပါဘူး။

တချို့တွေက ဈေးကောင်းတယ်ဆိုရင် စာချုပ် ချုပ်ထားတဲ့ ကုမ္ပဏီကို မရောင်းဘဲနဲ့ နည်းနည်းပါးပါးလောက် ပေးပြီး ကျန်တဲ့ဟာတွေ အပြင်ကို ရောင်းတယ်။ နောက်ဆုံး ပေးရင်တောင်မှ ခေါင်သီးတွေ ခေါင်ထွက်တဲ့ သီးနှံတွေကို အပြင်ကို ရောင်းပြီးတော့မှ အညံ့သီးတွေကို စာချုပ်ချုပ်တဲ့ ကုမ္ပဏီကို ပေးတယ်ပေါ့။ ကုမ္ပဏီ ဘက်ကလည်း တခါတလေ ပျက်ကွက်တဲ့ဟာတွေ ရှိတယ်ပေါ့။ ဈေးနိမ့်သွားလို့ ရှိရင် မဝယ်တော့တာတို့ အကြောင်းအမျိုးမျိုး ပြတာတို့ ဒီလိုမျိုးတွေ ရှိတဲ့အခကျတော့ ပျောက်နေတယ်ပေါ့။

XS
SM
MD
LG