သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကူးစက္မႈတိုးလာလို႔ အိႏၵိယၿမိဳ႕ႀကီးေတြ ကန္႔သတ္ခ်က္တိုး


အိႏိၵယႏိုင္ငံ New Delhi ၿမိဳ႕မွာ ရဲက စစ္ေဆးေနတဲ့ ျမင္ကြင္း။ (ဧၿပီ ၂၀၊ ၂၀၂၁)

[Zawgyi/Unicode]

အိႏိၵယႏုိင္ငံမွာ ကိုဗစ္ေရာဂါကူးစက္မႈေတြ ေန႔စဥ္ျပန္တိုးလာေနတဲ့အတြက္ ၿမိဳ ႔ႀကီးအေတာ္မ်ားမ်ားမွာ ကန္႔သတ္ခ်က္ေတြ ျပန္ၿပီး ခ်မွတ္ေနပါတယ္။ ၿမိဳ ႔ေတာ္နယူးေဒလီမွာေတာ့ တပတ္ၾကာ ကန္႔သတ္ခ်က္ေတြ စတင္ လိုက္တဲ့ဒီကေန႔မွာ တိတ္ဆိတ္ေျခာက္ကပ္ေနပါတယ္။ အထင္ကရ အထိမ္းအမွတ္ေနရာေတြမွာ လူသူကင္းမဲ့ေနသလို လမ္းမႀကီးေတြမွာေတာ့ လူေတြထြက္မလာေအာင္ ရဲေတြေစာင့္ၾကပ္ေနၿပီး အတားအဆီးေတြလည္း ခ်ထားပါတယ္။

“ဒီဆုိင္မွာ လူတုိင္းအတြက္ ပိုးသတ္ေဆးပါတဲ့ လက္ေဆးရည္ေတြ ထားေပးပါတယ္။ လူတုိင္း ႏွာေခါင္းစည္းေတြ တပ္ဖို႔လည္းေျပာထားပါတယ္။ လူအခ်င္းခ်င္းခပ္ခြါခြါေနဖို႔ သတိေပးမယ့္ ၀န္ထမ္း ႏွစ္ ေယာက္ကိုလည္း ဆုိင္အျပင္မွာ တာ၀န္ေပးထားပါတယ္။” ကုန္စုံဆုိင္၀န္ထမ္း Vijay Shah ကိုဗစ္ေရာဂါတားဆီးေရး ေဆာင္ရြက္ထားပုံကို ရွင္းျပသြားတာပါ။

စီးပါြးေရးၿမိဳ ႔ေတာ္ မြန္ဘိုင္းမွာလည္း အလားတူျမင္ကြင္းေတြေတြ႔ရပါတယ္။ မြန္ဘိုင္းၿမိဳ႕က ကိုဗစ္ကာကြယ္ေဆးထိုးေပးတဲ႔ အႀကီးဆုံးေနရာျဖစ္တဲ့ BKC ၀န္းၾကီးထဲမွာ Covidshield ကာကြယ္ေဆးေတြေရာ အိႏၵိယ Bharat Biotech ကုမၸဏီ စမ္းသပ္ထုတ္လုပ္ထားတဲ့ COVAXIN ကာကြယ္ေဆးေတြပါ အားလုံး ျပတ္ကုန္တဲ့အတြက္ ေဆးထိုးရမယ့္သူေတြ စိတ္ပ်က္လက္ပ်က္ျဖစ္ကုန္ၾကပါတယ္။ AstraZeneca ကုမၸဏီအတြက္ Covidshield ဆိုတဲ့နာမည္နဲ႔ အိႏၵိယက ကာကြယ္ေဆးေတြထုတ္ေပးေနၿပီး ျပည္တြင္းမွာလည္း ထိုးႏွံေပးေနတာပါ။

အဂၤါေန႔ညေနပိုင္းေလာက္မွာ ကာကြယ္ေဆးေတြထပ္ေရာက္လာမယ့္ ေမ ွ်ာ္လင့္ရေၾကာင္း BKC ကာကြယ္ေဆးထိုးဌာနအႀကီးအကဲ ေျပာပါတယ္။ အိႏၵိယႏုိင္ငံၿမိဳ ႔ႀကီးေတြမွာ ကိုဗစ္ေရာဂါကူးစက္ျပန္ၿပီး ျမင့္တက္လာတာေၾကာင့္ ေဒသအာဏာပိုင္ေတြက ကန္႔သတ္ခ်က္ေတြျပန္ၿပီး ခ်မွတ္ေနတာပါ။ အိႏၵိယႏုိင္ငံမွာ အရင္ေန႔ေလာက္ ပိုးကူးစက္မႈမမ်ားေပမယ့္ တေန႔ထဲပိုးကူးသူ ၂၀၀,၀၀၀ ေက်ာ္တာ ၆ ရက္ဆက္တုိက္ရွိပါၿပီ။ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း ပိုးကူးသူ ၂၆၀,၀၀၀ ၀န္းက်င္ရွိပါတယ္။ ကိုဗစ္ေၾကာင့္ေသဆုံးသူ ၁,၇၀၀ ေက်ာ္တိုးလာတဲ့အတြက္ ေသဆုံးသူစုစုေပါင္း ၁၈၀,၀၀၀ ေက်ာ္ရွိေၾကာင္း အိႏၵိယ က်န္းမာေရး၀န္ႀကီးဌာနရဲ ႔ ကိန္းဂဏန္းေတြမွာေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကိုဗစ်ကူးစက်မှုတိုးလာလို့ အိန္ဒိယမြို့ကြီးတွေ ကန့်သတ်ချက်တိုး

အိန္ဒိယနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုတွေ နေ့စဉ်ပြန်တိုးလာနေတဲ့အတွက် မြို့ကြီးအတော်များများမှာ ကန့်သတ်ချက်တွေ ပြန်ပြီး ချမှတ်နေပါတယ်။ မြို့တော်နယူးဒေလီမှာတော့ တပတ်ကြာ ကန့်သတ်ချက်တွေ စတင် လိုက်တဲ့ဒီကနေ့မှာ တိတ်ဆိတ်ခြောက်ကပ်နေပါတယ်။ အထင်ကရ အထိမ်းအမှတ်နေရာတွေမှာ လူသူကင်းမဲ့နေသလို လမ်းမကြီးတွေမှာတော့ လူတွေထွက်မလာအောင် ရဲတွေစောင့်ကြပ်နေပြီး အတားအဆီးတွေလည်း ချထားပါတယ်။

“ဒီဆိုင်မှာ လူတိုင်းအတွက် ပိုးသတ်ဆေးပါတဲ့ လက်ဆေးရည်တွေ ထားပေးပါတယ်။ လူတိုင်း နှာခေါင်းစည်းတွေ တပ်ဖို့လည်းပြောထားပါတယ်။ လူအချင်းချင်းခပ်ခွါခွါနေဖို့ သတိပေးမယ့် ဝန်ထမ်း နှစ် ယောက်ကိုလည်း ဆိုင်အပြင်မှာ တာဝန်ပေးထားပါတယ်။” ကုန်စုံဆိုင်ဝန်ထမ်း Vijay Shah ကိုဗစ်ရောဂါတားဆီးရေး ဆောင်ရွက်ထားပုံကို ရှင်းပြသွားတာပါ။

စီးပါွးရေးမြို့တော် မွန်ဘိုင်းမှာလည်း အလားတူမြင်ကွင်းတွေတွေ့ရပါတယ်။ မွန်ဘိုင်းမြို့က ကိုဗစ်ကာကွယ်ဆေးထိုးပေးတဲ့ အကြီးဆုံးနေရာဖြစ်တဲ့ BKC ဝန်းကြီးထဲမှာ Covidshield ကာကွယ်ဆေးတွေရော အိန္ဒိယ Bharat Biotech ကုမ္ပဏီ စမ်းသပ်ထုတ်လုပ်ထားတဲ့ COVAXIN ကာကွယ်ဆေးတွေပါ အားလုံး ပြတ်ကုန်တဲ့အတွက် ဆေးထိုးရမယ့်သူတွေ စိတ်ပျက်လက်ပျက်ဖြစ်ကုန်ကြပါတယ်။ AstraZeneca ကုမ္ပဏီအတွက် Covidshield ဆိုတဲ့နာမည်နဲ့ အိန္ဒိယက ကာကွယ်ဆေးတွေထုတ်ပေးနေပြီး ပြည်တွင်းမှာလည်း ထိုးနှံပေးနေတာပါ။

အင်္ဂါနေ့ညနေပိုင်းလောက်မှာ ကာကွယ်ဆေးတွေထပ်ရောက်လာမယ့် မေ ျှာ်လင့်ရကြောင်း BKC ကာကွယ်ဆေးထိုးဌာနအကြီးအကဲ ပြောပါတယ်။ အိန္ဒိယနိုင်ငံမြို့ကြီးတွေမှာ ကိုဗစ်ရောဂါကူးစက်ပြန်ပြီး မြင့်တက်လာတာကြောင့် ဒေသအာဏာပိုင်တွေက ကန့်သတ်ချက်တွေပြန်ပြီး ချမှတ်နေတာပါ။ အိန္ဒိယနိုင်ငံမှာ အရင်နေ့လောက် ပိုးကူးစက်မှုမများပေမယ့် တနေ့ထဲပိုးကူးသူ ၂၀၀,၀၀၀ ကျော်တာ ၆ ရက်ဆက်တိုက်ရှိပါပြီ။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ပိုးကူးသူ ၂၆၀,၀၀၀ ဝန်းကျင်ရှိပါတယ်။ ကိုဗစ်ကြောင့်သေဆုံးသူ ၁,၇၀၀ ကျော်တိုးလာတဲ့အတွက် သေဆုံးသူစုစုပေါင်း ၁၈၀,၀၀၀ ကျော်ရှိကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းတွေမှာဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG