သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

နယူးေဒလီ ကိုဗစ္ကူးစက္မႈ ၂၄ နာရီအတြင္း ၂ ေသာင္းခဲြေက်ာ္


[ Zawgyi / unicode ]

အိႏၵိယႏိုင္ငံ နယူးေဒလီၿမိဳ႕ေတာ္မွာ ၂၄ နာရီအတြင္း ကိုရိုနာဗိုင္းရပ္စ္ အကူးစက္ခံရသူ ႏွစ္ေသာင္းခြဲေက်ာ္ ရွိၿပီး စံခ်ိန္တင္ သြားခဲ့ပါတယ္။ ဒီေရာဂါပိုး ရွိမရွိ စမ္းသပ္စစ္ေဆးသူ ၃ ေယာက္မွာ ၁ ေယာက္က ပိုးရွိေနတာေၾကာင့္ ဒီျပႆနာကို ေျဖရွင္းႏိုင္ေအာင္ ဗဟိုအစိုးရအေနနဲ႔ လူနာကုတင္ေတြ ထပ္အားျဖည့္ေပးဖို႔ နယူးေဒလီၿမဳိ႕ အုပ္ခ်ဳပ္ေရးမွဴး Arvind Kejriwal က တနဂၤေႏြေန႔မွာ တိုက္တြန္းလိုက္ပါတယ္။

ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း ပိုးေတြ႔သူ အေရအတြက္က ၂၄ ကေန ၃၀ ရာခိုင္ႏႈန္းေလာက္ ျဖစ္လာၿပီး ကူးစက္မႈႏႈန္းက သိပ္ျမန္ေနတာေၾကာင့္ ေဆးကုသတဲ့ ကုတင္ေတြ အျမန္ျဖည့္ေပးဖို႔ ေျပာသြားတာပါ။

နယူးေဒလီၿမိဳ႕ေတာ္ အာဏာပိုင္ေတြ သီးျခားထုတ္ျပန္တဲ့ ေၾကညာခ်က္ထဲမွာေ တာ့ ဒီေရာဂါကုသဖို႔ ကုတင္ေတြနဲ႔ ေအာက္ဆီဂ်င္ဗူးေတြ အေရးတႀကီး လိုအပ္ေနေၾကာင္း အိႏၵိယဝန္ႀကီးခ်ဳပ္ Narendra Modi ရဲ့ ဗဟိုအစိုးရကို အေၾကာင္းၾကားထားေၾကာင္းနဲ႔ အခုဆိုရင္ စာသင္ေက်ာင္းေတြမွာ ေဆးကုသဖို႔ ကုတင္ေတြ ျပင္ေနၿပီလို႔ ေဖၚျပထားပါတယ္။

အိႏၵိယအစိုးရက ဒီႏွစ္ဆန္းပိုင္းေလာက္မွာ မႏွစ္က ခ်မွတ္ထားတဲ့ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈဟန္႔တားတဲ့ Lockdown ပိတ္ပင္ကန္႔သတ္ခ်က္ေတြထဲက အားလံုးနီးပါးကို ေျဖေလ ွ်ာ့ေပးခဲ့ေပမယ့္ နယူးေဒလီနဲ႔ မြန္ဘိုင္း စီးပြားေရးစင္တာရွိရာ Maharashtra ျပည္နယ္ အပါအဝင္ တခ်ိဳ႕ေဒသေတြမွာေတာ့ ကန္႔သတ္ခ်က္ေတြ ခ်မွတ္ထားဆဲ ျဖစ္ပါတယ္။

အိႏၵိယႏိုင္ငံ တလႊားမွာ တနဂၤေႏြေန႔က ကိုရိုနာဗုိင္းရပ္စ္ ေနာက္ထပ္ အကူးစက္ခံရသူ ၂ သိန္း ၆ ေသာင္း (၂၆၁ ၅၀၀) ေက်ာ္သြားခဲ့တာေၾကာင့္ အခုဆို ဒီေရာဂါ ကူးစက္ခံရသူ ၁၄.၈ သန္းနဲ႔ အေမရိကန္ၿပီးရင္ ကမာၻမွာ ဒုတိယကူးစက္မႈ အမ်ားဆံုး ျဖစ္ေနပါတယ္။ ဒီေရာဂါနဲ႔ ေသဆံုးရသူကလည္း အခုဆို တသိန္းရွစ္ေသာင္း နီးပါး (၁၇၇ ၁၅၀) ရွိေနပါၿပီ။

တိုက္႐ိုက္ လင့္ခ္


[ Unicode ]

နယူးဒေလီ ကိုဗစ်ကူးစက်မှု ၂၄ နာရီအတွင်း ၂ သောင်းခွဲကျော်

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် အကူးစက်ခံရသူ နှစ်သောင်းခွဲကျော် ရှိပြီး စံချိန်တင် သွားခဲ့ပါတယ်။ ဒီရောဂါပိုး ရှိမရှိ စမ်းသပ်စစ်ဆေးသူ ၃ ယောက်မှာ ၁ ယောက်က ပိုးရှိနေတာကြောင့် ဒီပြဿနာကို ဖြေရှင်းနိုင်အောင် ဗဟိုအစိုးရအနေနဲ့ လူနာကုတင်တွေ ထပ်အားဖြည့်ပေးဖို့ နယူးဒေလီမြို့ အုပ်ချုပ်ရေးမှူး Arvind Kejriwal က တနင်္ဂနွေနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ပိုးတွေ့သူ အရေအတွက်က ၂၄ ကနေ ၃၀ ရာခိုင်နှုန်းလောက် ဖြစ်လာပြီး ကူးစက်မှုနှုန်းက သိပ်မြန်နေတာကြောင့် ဆေးကုသတဲ့ ကုတင်တွေ အမြန်ဖြည့်ပေးဖို့ ပြောသွားတာပါ။

နယူးဒေလီမြို့တော် အာဏာပိုင်တွေ သီးခြားထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာေ တာ့ ဒီရောဂါကုသဖို့ ကုတင်တွေနဲ့ အောက်ဆီဂျင်ဗူးတွေ အရေးတကြီး လိုအပ်နေကြောင်း အိန္ဒိယဝန်ကြီးချုပ် Narendra Modi ရဲ့ ဗဟိုအစိုးရကို အကြောင်းကြားထားကြောင်းနဲ့ အခုဆိုရင် စာသင်ကျောင်းတွေမှာ ဆေးကုသဖို့ ကုတင်တွေ ပြင်နေပြီလို့ ဖေါ်ပြထားပါတယ်။

အိန္ဒိယအစိုးရက ဒီနှစ်ဆန်းပိုင်းလောက်မှာ မနှစ်က ချမှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဟန့်တားတဲ့ Lockdown ပိတ်ပင်ကန့်သတ်ချက်တွေထဲက အားလုံးနီးပါးကို ဖြေလေ ျှာ့ပေးခဲ့ပေမယ့် နယူးဒေလီနဲ့ မွန်ဘိုင်း စီးပွားရေးစင်တာရှိရာ Maharashtra ပြည်နယ် အပါအဝင် တချို့ဒေသတွေမှာတော့ ကန့်သတ်ချက်တွေ ချမှတ်ထားဆဲ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ တလွှားမှာ တနင်္ဂနွေနေ့က ကိုရိုနာဗိုင်းရပ်စ် နောက်ထပ် အကူးစက်ခံရသူ ၂ သိန်း ၆ သောင်း (၂၆၁ ၅၀၀) ကျော်သွားခဲ့တာကြောင့် အခုဆို ဒီရောဂါ ကူးစက်ခံရသူ ၁၄.၈ သန်းနဲ့ အမေရိကန်ပြီးရင် ကမ္ဘာမှာ ဒုတိယကူးစက်မှု အများဆုံး ဖြစ်နေပါတယ်။ ဒီရောဂါနဲ့ သေဆုံးရသူကလည်း အခုဆို တသိန်းရှစ်သောင်း နီးပါး (၁၇၇ ၁၅၀) ရှိနေပါပြီ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG