သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကူးစက်မှု ပြန်တိုးလာတဲ့ ထိုင်းနိုင်ငံ ကန့်သတ်ချက်သစ်များ ထုတ်ပြန်


ထိုင်းနိုင်ငံ၊ နွန်ထဘူရီရှိ ဆေးရုံတခု အပြင်ဘက်မှာ ကားနဲ့လာသူတွေကို COVID-19 စစ်ဆေးဖို့ Swab နမူနာယူနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဧပြီ ၁၀၊ ၂၀၂၁)
ထိုင်းနိုင်ငံ၊ နွန်ထဘူရီရှိ ဆေးရုံတခု အပြင်ဘက်မှာ ကားနဲ့လာသူတွေကို COVID-19 စစ်ဆေးဖို့ Swab နမူနာယူနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဧပြီ ၁၀၊ ၂၀၂၁)

(Zawgyi / Unicode)

ထိုင်းနိုင်ငံမှာ COVID-19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု ပြန်တိုးလာတာကြောင့် ဒီကနေ့ ဧပြီလ ၁၈ ရက်နေ့ကစပြီး အရက်ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေ ပိတ်ဖို့ ကန့်သတ်တားမြစ်ချက်တွေ ထုတ်ပြန်လိုက်ပါတယ်။

အရက်ဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ ကုန်စုံဆိုင်တွေကို တနင်္ဂနွေညကျမှ တရားဝင်စပိတ်မှာ ဖြစ်ပေမယ့် စနေနေ့ညကတည်းက ပိတ်နေခဲ့တာကို တွေ့ရပါတယ်။

စားသောက်ဆိုင်တွေမှာ အရက်ရောင်းတာကို သီတင်း ၂ ပတ်ကြာ ပိတ်ပင်ကြောင်း၊ အနီရောင်ဇုန်နယ်မြေ သတ်မှတ်ထားတဲ့ ဘန်ကောက်မြို့နဲ့ တခြား ၁၈ နယ်မြေတို့မှာ ကုန်စုံဆိုင်တွေကို နေ့တိုင်း ပိတ်ထားရမှာဖြစ်ကြောင်း အစိုးရက ကြေညာထားပါတယ်။ တချိန်တည်းမှာပဲ ၅၉ ခရိုင်ကိုလည်း လိမ္မော်ရောင်နယ်မြေအဖြစ် သတ်မှတ်ထားပါတယ်။

“ဒီတခါတော့ အသက်ဆက်ရှင်ဖို့ တော်တော်ရုန်းကန်ရလိမ့်မယ်လို့ ထင်ပါတယ်။ ကျနော် ကားဆွဲဖို့ လူစောင့်နေတာ ညနေ ၄ နာရီကတည်းက အခုထိပဲ။ တနေကုန် ၃ ဒေါ်လာ (ဘတ် ၁၀၀) ပဲ ရသေးတယ်။ ဒီလောက်ပိုက်ဆံနဲ့ ဂက်စ်တောင် ပြန်ဝယ်လို့မရတော့ နေ့စဉ်စားစရိတ်ဆို ဝေးရောပေါ့။ အိမ်မှာရှိသမျှ ချရောင်းထားတာလည်း နောက်ထပ် ရောင်းစရာ မကျန်တော့ဘူး။” လို့ တုပ်တုပ်ဒရိုင်ဗာ ဂျင်ဒါ ဆာနာရာ့ချ်က ပြောပါတယ်။

၁ နှစ်နီးပါးကြာ အကြီးမားဆုံး ကန့်သတ်ပိတ်ဆို့မှုတွေ ရှိခဲ့ချိန်ကတည်းက ကားသမားတွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

အခု ကိုဗစ်ကူးစက်မှု တတိယလှိုင်း ဖြစ်လာတဲ့အခါ ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ၁,၇၆၇ ယောက်ရှိခဲ့ပြီး ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း ၄၂,၃၅၂ ယောက်နဲ့ သေဆုံးသူ စုစုပေါင်းကတော့ ဒီကနေ့အထိဆိုရင် ၁၀၁ ယောက် ရှိသွားပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------

(Unicode)








XS
SM
MD
LG