သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းႏိုင္ငံတြင္း တျခားေဒသကျပန္လာသူေတြ Quarantine ၀င္ရမည္


ထုိင္း ဆုန္ခရမ္ သႀကၤန္ပဲြအတြက္ ျပင္ဆင္ေနသူမ်ား

[ Zawgyi / Unicode ]

ဘန္ေကာက္ၿမဳိ႕နဲ႔ ကိုဗစ္ကူးစက္မႈ တိုးေနတဲ့ အျခား ေဒသေတြကေန မိမိတို႔နယ္ကို ျပန္လာသူေတြ မျဖစ္မေန ကြာရမ္တင္းဝင္ရမယ္လို႔ ထိုင္းႏိုင္ငံရဲ႕ နယ္ေျမေဒသႀကီး (၄၀)မွာ တင္းၾကပ္တဲ့အမိန္႔ ထုတ္ျပန္လိုက္ပါတယ္။ ဘန္ေကာက္ၿမဳိ႕ေတာ္မွာ COVID ကူးစက္မႈေတြ အေတာ္ျမင့္တက္ေနတာပါ။ ထိုင္းလုိ Songkran လို႔ေခၚတဲ့ သႀကၤန္ကာလ အားလပ္ရက္ မၾကာခင္ က်ေရာက္ေတာ့မွာမို႔ ၿမဳိ႕ေပၚနဲ႔ အျခားေဒသေတြမွာ အလုပ္လုပ္ေနသူေတြ ဒီရက္ပိုင္းထဲ မိမိတို႔ ဇာတိရပ္ေျမကို ျပန္ေနၾကတာ ျဖစ္ပါတယ္။

ထိုင္းႏိုင္ငံမွာ တနဂၤေႏြေန႔က ကုိဗစ္ကူးစက္သူလူနာသစ္ (၉၇၀)နီးပါးရွိတယ္လို႔ အစိုးရက ေၾကညာခဲ့ၿပီး၊ အခုခ်ိန္ထိဆိုရင္ ထုိင္းတႏိုင္ငံလုံးမွာ ကိုဗစ္ကူးစက္မႈေပါင္း (၃၂,၀၀၀)ေက်ာ္ ရွိသြားၿပီျဖစ္ပါတယ္။

ဒီအေတာတြင္း ခ်င္းမိုင္ၿမဳိ႕မွာလည္း အခုေနာက္ဆုံး ကိုဗစ္ကူးစက္တဲ့ လူနာသစ္ (၂၈၁)ဦး ထပ္မံေတြ႔ရွိထားၿပီး ဒီအေရအတြက္ကိုေတာ့ တနလၤာေန႔စာရင္းက်မွ ေၾကညာမယ္လို႔ က်န္းမာေရးအရာရွိေတြက ေျပာပါတယ္။


ဒီလထဲ ဘန္ေကာက္ၿမဳိ႕မွာ ကိုဗစ္ကူးစက္သူ (၁,၀၀၀)ေက်ာ္ ရွိလာတဲ့အတြက္ ထိုင္းႏိုင္ငံတြင္း ကိုဗစ္ တတိယလႈိင္းရဲ႕ အဓိကက်တဲ့ ေနရာ ျဖစ္လာပါတယ္။ ခုခ်ိန္ထိေတာ့ တႏိုင္ငံလုံးမွာ ကိုဗစ္ေၾကာင့္ ေဆးရုံတက္ေနရသူ (၄,၀၀၀)ေက်ာ္ ရွိေနပါတယ္။

ထုိင္းဝန္ႀကီးခ်ဳပ္ ပရာရြတ္ကေတာ့ သႀကၤန္ပိတ္ရက္ ကာလအတြင္း ျပည္သူေတြ အျပင္မထြက္ပဲ ေနအိမ္မွာပဲ ေနၾကဖို႔ တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


[ Unicode ]

ထိုင်းနိုင်ငံတွင်း တခြားဒေသကပြန်လာသူတွေ Quarantine ဝင်ရမည်

ဘန်ကောက်မြို့နဲ့ ကိုဗစ်ကူးစက်မှု တိုးနေတဲ့ အခြား ဒေသတွေကနေ မိမိတို့နယ်ကို ပြန်လာသူတွေ မဖြစ်မနေ ကွာရမ်တင်းဝင်ရမယ်လို့ ထိုင်းနိုင်ငံရဲ့ နယ်မြေဒေသကြီး (၄၀)မှာ တင်းကြပ်တဲ့အမိန့် ထုတ်ပြန်လိုက်ပါတယ်။ ဘန်ကောက်မြို့တော်မှာ COVID ကူးစက်မှုတွေ အတော်မြင့်တက်နေတာပါ။ ထိုင်းလို Songkran လို့ခေါ်တဲ့ သင်္ကြန်ကာလ အားလပ်ရက် မကြာခင် ကျရောက်တော့မှာမို့ မြို့ပေါ်နဲ့ အခြားဒေသတွေမှာ အလုပ်လုပ်နေသူတွေ ဒီရက်ပိုင်းထဲ မိမိတို့ ဇာတိရပ်မြေကို ပြန်နေကြတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ တနင်္ဂနွေနေ့က ကိုဗစ်ကူးစက်သူလူနာသစ် (၉၇၀)နီးပါးရှိတယ်လို့ အစိုးရက ကြေညာခဲ့ပြီး၊ အခုချိန်ထိဆိုရင် ထိုင်းတနိုင်ငံလုံးမှာ ကိုဗစ်ကူးစက်မှုပေါင်း (၃၂,၀၀၀)ကျော် ရှိသွားပြီဖြစ်ပါတယ်။

ဒီအတောတွင်း ချင်းမိုင်မြို့မှာလည်း အခုနောက်ဆုံး ကိုဗစ်ကူးစက်တဲ့ လူနာသစ် (၂၈၁)ဦး ထပ်မံတွေ့ရှိထားပြီး ဒီအရေအတွက်ကိုတော့ တနင်္လာနေ့စာရင်းကျမှ ကြေညာမယ်လို့ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။


ဒီလထဲ ဘန်ကောက်မြို့မှာ ကိုဗစ်ကူးစက်သူ (၁,၀၀၀)ကျော် ရှိလာတဲ့အတွက် ထိုင်းနိုင်ငံတွင်း ကိုဗစ် တတိယလှိုင်းရဲ့ အဓိကကျတဲ့ နေရာ ဖြစ်လာပါတယ်။ ခုချိန်ထိတော့ တနိုင်ငံလုံးမှာ ကိုဗစ်ကြောင့် ဆေးရုံတက်နေရသူ (၄,၀၀၀)ကျော် ရှိနေပါတယ်။

ထိုင်းဝန်ကြီးချုပ် ပရာရွတ်ကတော့ သင်္ကြန်ပိတ်ရက် ကာလအတွင်း ပြည်သူတွေ အပြင်မထွက်ပဲ နေအိမ်မှာပဲ နေကြဖို့ တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG