သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စည္ကားတဲ႔ ဘန္ေကာက္ ခရီးသည္ရပ္ကြက္ ကိုဗစ္ေၾကာင္႔ ေျခာက္ကပ္ေနျခင္း


Khaosan လမ္း

(Zawgyi/Unicode)

ကမၻာတဝန္းလံုး ကိုဗစ္ကပ္ေရာဂါေဘးသင့္လာခဲ့တာ အခုဆို တႏွစ္ဝန္းက်င္ ရွိလာပါၿပီ။ ဒီအေတာ အတြင္း ခရီးသြားလာမႈေတြ ကန္႔သတ္တာ၊ စီးပြါးေရးက်ဆင္းလာခဲ့တာေတြေၾကာင့္ ထုိင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕က ခရီးသည္ေတြနဲ႔မျပတ္စည္ကားေနေလ့ရွိတဲ့ အထင္ရွားဆံုး Khaosan လမ္းလည္းပဲ ကိုဗစ္-၁၉ကပ္ေဘးရဲ႕ဂယက္က မလြတ္ႏိုင္ခဲ့ပါဘူး။

အေသးစား တည္းခိုခန္းေတြနဲ႔ လမ္းေဘးဆိုင္ အားလံုး ပိတ္ကုန္ၾကသလို စားေသာက္ဆိုင္တန္းေတြနဲ႔အရက္ဆိုင္ေတြ ပိတ္ထားၾကရတဲ့အေၾကာင္း ေအပီသတင္းလႊာတပုဒ္ကို ေဒၚခြါညိဳက ေျပာျပေပးပါမယ္။

Khao San လမ္းဟာ ပံုမွန္အားျဖင့္ ႏိ္ုင္ငံျခားသားခရီးသည္ေတြနဲ႔သာမက ေဒသခံေတြနဲ႔ပါ ေန႔ည မျပတ္ ပ်ားပန္းခပ္သြားလာ ေနၾကတဲ့ ေနရာတခုပါ။

ထိုင္းႏွစ္သစ္ကူး၊ အတာသႀကၤန္စက်တဲ့ ဧၿပီလ ၁၃ ရက္ေန႔တုိင္းဟာဆိုရင္လည္း အထူးကို လူစည္ကားေလ့ရွိပါတယ္။

တေယာက္ကိုတေယာက္ ေရေသနတ္ေတြနဲ႔ ေရပက္ၾက၊ ေပါင္ဒါေတြ သုတ္လိမ္းၾကဆိုတာဟာ ႏွစ္ေဟာင္းမွာတင္လာတဲ့ အညစ္အေၾကးေတြကို ႏွစ္သစ္မွာ ပါမသြားရေအာင္ ေဆးေၾကာသန္႔စင္ေပး တယ္ဆိုတဲ့ သေကၤတျဖစ္ပါတယ္။ ဒါေပမယ့္လို႔ မႏွစ္က ၂၀၂၀ သႀကၤန္ပြဲကေတာ့ ကို႐ိုနာဗုိင္းရပ္စ္ ျပန္႔ႏွံ႔မႈ အႏၱရာယ္ေၾကာင့္ က်င္းပခြင့္ မရခဲ့ၾကပါဘူး။

အသက္ ၅၀ အရြယ္ Yuthana Huangthong ဟာ ဒီလမ္းေပၚမွာ ဆံပင္အလွျပင္တဲ့ဆိုင္ ဖြင့္လာလာတာ ႏွစ္ေပါင္း ၂၀ ရွိပါၿပီ။အခုေတာ့ သူက ဇန္နဝါရီလ ၇ ရက္ေန႔မွာ ဆုိင္ျပန္ဖြင့္လိုက္ပါၿပီ။

“ဒီလမ္းဟာ ေန႔ေရာညပါ လူဘယ္ေတာ့မွ မျပတ္ပါဘူး။ လုပ္ႏိုင္လို႔ကေတာ့ ေန႔ေရာ ညပါ အၿမဲ ဝင္ေငြ ေျဖာင့္တဲ့ေနရာေပါ့။ ႏိုင္ငံျခားသားေတြလည္းအမ်ားႀကီးလာၾကတယ္။ ေဒသခံေတြလည္း လာၾကတာ ပါပဲ။ ဒါေပမယ့္ အခု ကပ္ေရာဂါက်လာေတာ့ တေယာက္မွ မရွိၾကေတာ့ဘူး။ ႏိုင္ငံျခားခရီးသြားေတြ တေယာက္မွ မရွိေတာ့သလို ေဒသခံေတြေတာင္မွ တေယာက္စ ႏွစ္ေယာက္စပဲ လာၾကေတာ့တယ္။”

တကယ္လို႔ ဒီအေျခအေနတုိင္းသာ ဆက္ျဖစ္ေနအံုးမယ္ဆိုရင္ေတာ့ သူတို႔မိသားစုလည္း ၿမိဳ႕ကေန ေတာဘက္ကို ျပန္ေျပာင္းရေတာ့မယ္လို႔ သူက ေျပာပါတယ္။ ၂၀၂၁ ခုႏွစ္ဝင္လာေပမယ့္လည္း ေမွ်ာ္လင့္ခ်က္ေရေရ ရာရာမရိွေသးပါဘူး။

ထုိင္းႏိုင္ငံမွာ ျပည္တြင္းမွာပဲကူးစက္မႈေတြ လအေတာ္ၾကာ ျဖစ္လာခဲ့ၿပီးတဲ့ေနာက္ ကူးစက္မႈအရွိန္ ႐ုတ္တရက္ျမင့္တက္လာတဲ့ဒဏ္ကို အလူးအလဲ ခံေနခဲ့ရပါတယ္။

ေရာဂါပိုးကူးစက္သူ ဒါဇင္နဲ႔ခ်ီရွိေနၾကတဲ့ ဘန္ေကာက္ၿမိဳ႕အျပင္ဘက္က တိုက္ခန္းမွာေနထိုင္သူ ထိုင္း ေဒသခံေတြကို တင္းၾကပ္တဲ့ စည္းကမ္းေတြနဲ႔ သီးျခားခြဲထားပါတယ္။ ပိုးကူးစက္ခံေနၾကရတဲ့ ေရႊ႕ေျပာင္းအလုပ္သမားေတြကိုေတာ့ ကပ္ေရာဂါအတြက္ သီးသန္႔ဖြင့္ထားတဲ့ ယာယီ ေဆး႐ံုေတြဆီ ပို႔ေပးပါ တယ္။ ဒီလိုေဆး႐ံုမ်ဳိးေတြကိုေတာ့ ခ႐ိုင္အေတာ္မ်ားမ်ားမွာ ဖြင့္ေပးထားတာပါ။

ကပ္ေရာဂါေဘးက ေက်ာ္လႊားႏုိင္ဖို႔ မေရရာေသးတဲ့အခ်ိန္မွာ ထိုင္းႏုိင္ငံကေတာ့ ကာကြယ္ေဆး ထုိး ႏိုင္ဖို႔ ႀကိဳးစားေနပါၿပီ။ oxford နဲ႔ Astrazeneca တို႔ကထုတ္တဲ့ ကာကြယ္ေဆးအေျမာက္အမ်ား ထုတ္ေပးတဲ့ေနရာတခုျဖစ္ေပမယ့္လည္း၊ အစိုးရအေနနဲ႔ကေတာ့ ထိုင္း ျပည္သူ သန္း ၇၀ နီးပါးကို ထိုးေပးႏိုင္မယ့္ ကာကြယ္ ေဆး အခုထိ လံုလုံေလာက္ေလာက္ လုပ္မေပးႏိုင္ေသးပါဘူး။

Khao San Business Association ရဲ႕ ဥကၠ႒ Sanga Ruangwattanakul က သူတို႔ရဲ႕ Khao San လမ္း အရင္လို ျပန္စည္ကားလာဖို႔ အခ်ိန္အၾကာႀကီးလိုမယ္အံုးမယ္လို႔ ခန္႔မွန္းပါတယ္။ ကပ္ေရာဂါေဘး မတုိင္ခင္တုန္းကဆိုရင္ ထိုင္းႏိုင္ငံကို ႏွစ္စဥ္လာျကတဲ့ ႏုိင္ငံျခားခရီးသည္ေပါင္း သန္း ၄၀ ဆီကရတဲ့ ဝင္ေငြဟာ တိုင္းျပည္ရဲ႕စီးပြါးေရးရဲ႕ ဆယ္ပံုတပံုရွိၿပီး အလုပ္အကိုင္အမ်ားအျပားကိုလည္း ဖန္တီးေပးႏုိင္တာ ျဖစ္ပါတယ္။

“ဒီႏွစ္ ၂၀၂၁ မွာေတာ့ ႏိုင္ငံျခားသားဧည့္သည္ ၁၀ သန္းေလာက္ ေရာက္လာမယ္ဆိုရင္ ကံေကာင္း လွၿပီလို႔ ထင္ပါတယ္။ ဒီေတာ့ ကမၻာလွည့္ခရီးသြားလုပ္ငန္းျပန္ၿပီး အရင္လို လည္ပတ္ႏိုင္ဖို႔ကေတာ့ က်ေနာ္တို႔အေနနဲ႔ အနည္းဆံုးေတာ့ ၂ ႏွစ္ေက်ာ္ေလာက္ ေစာင့္ရပါလိမ့္မယ္။”

အခုလို စီးပြါးေရးၾကပ္တည္းလာတဲ့ၾကားကပဲ ထုိင္းႏိုင္ငံကေတာ့ ပံုမွန္ျဖစ္လာတဲ့ ဘဝသစ္ပံုစံနဲ႔ ကန္႔သတ္ စည္းကမ္းေတြနဲ႔ လိုက္ေလ်ာညီေထြ ေနႏိုင္ၾကပါတယ္။ ဒါေပမယ့္လည္း အစိုးရအေနနဲ႔ အခုထက္ပိုၿပိး ေကာင္းေအာင္ စီးပြားေရးနလံထူမယ့္ စီမံကိန္းေတြလုပ္ေပးသင့္ေၾကာင္း ေျပာသူေတြလည္း ရွိပါတယ္။

Virot Ali က သာမာဆတ္ တကၠသိုလ္က ႏုိင္ငံေရးသိပၸံကထိကတေယာက္ပါ။

“အစိုးရဘက္က တုံ႔ျပန္မႈေတြက ေႏွးေကြး ေနာက္က်လြန္းတယ္။ တုံ႔ျပန္မႈပမာဏလည္း အရမ္းနည္းတယ္၊ အရမ္းကိုေနာက္က်ပါတယ္။ဒီႏွစ္အတြင္းအစိုးရအေနနဲ႔ ပိုဗစ္ကပ္ေရာဂါေဘးရဲ႕ သက္ေရာက္မႈေတြအေပၚမွာ အရင္ကထက္ပိုၿပီး ထိထိေရာက္ေရာက္ တုံ႔ျပန္ေဆာင္ရြက္လာတာကို ျမင္ခ်င္ပါတယ္။”

ထိုင္းအစိုးရဟာ ကန္႔သတ္တားျမစ္ခ်က္အသစ္ေတြကို ထပ္မံျပဌာန္းထားေပမယ့္ တႏိုင္ငံလံုးကို လံုးဝတားျမစ္ပိတ္ဆို႔ထားတာမ်ိဳးေတာ့ ရပ္လိုက္ပါျပီ။ ဒါေပမယ့္ ဒီအက်ိဳးဆက္ ဒဏ္ကိုေတာ့ ခံစားၾကရၿပီးျဖစ္ပါတယ္။

၂၀၂၀ ခုႏွစ္အတြင္း ထိုင္းႏိုင္ငံရဲ႕စီးပြါးေရးဟာ ၆.၆ % က်ံဳသြားေၾကာင္း The Bank of Thailand က ခန္႔မွန္းထားပါတယ္။ ကပ္ေရာဂါမက်ခင္က စီးပြါးေရးအေျခအေနကို ျပန္ေရာက္ဖို႔ဆိုတာကေတာ့ ၂၀၂၂ ႏွစ္ကုန္ေလာက္မွသာ ျဖစ္ႏိုင္လိမ့္မယ္လို႔လည္း စီးပြါးေရးပညာရွင္ေတြက ခန္႔မွန္းထားၾကပါ တယ္။

တိုက္႐ိုက္ လင့္ခ္


..............

စည်ကားတဲ့ ဘန်ကောက် ခရီးသည်ရပ်ကွက် ကိုဗစ်ကြောင့် ခြောက်ကပ်နေခြင်း

(Unicode)

ကမ္ဘာတဝန်းလုံး ကိုဗစ်ကပ်ရောဂါဘေးသင့်လာခဲ့တာ အခုဆို တနှစ်ဝန်းကျင် ရှိလာပါပြီ။ ဒီအတော အတွင်း ခရီးသွားလာမှုတွေ ကန့်သတ်တာ၊ စီးပွါးရေးကျဆင်းလာခဲ့တာတွေကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ခရီးသည်တွေနဲ့မပြတ်စည်ကားနေလေ့ရှိတဲ့ အထင်ရှားဆုံး Khaosan လမ်းလည်းပဲ ကိုဗစ်-၁၉ကပ်ဘေးရဲ့ဂယက်က မလွတ်နိုင်ခဲ့ပါဘူး။ အသေးစား တည်းခိုခန်းတွေနဲ့ လမ်းဘေးဆိုင် အားလုံး ပိတ်ကုန်ကြသလို စားသောက်ဆိုင်တန်းတွေနဲ့အရက်ဆိုင်တွေ ပိတ်ထားကြရတဲ့အကြောင်း အေပီသတင်းလွှာတပုဒ်ကို ဒေါ်ခွါညိုက ပြောပြပေးပါမယ်။

Khao San လမ်းဟာ ပုံမှန်အားဖြင့် နိုင်ငံခြားသားခရီးသည်တွေနဲ့သာမက ဒေသခံတွေနဲ့ပါ နေ့ည မပြတ် ပျားပန်းခပ်သွားလာ နေကြတဲ့ နေရာတခုပါ။

ထိုင်းနှစ်သစ်ကူး၊ အတာသင်္ကြန်စကျတဲ့ ဧပြီလ ၁၃ ရက်နေ့တိုင်းဟာဆိုရင်လည်း အထူးကို လူစည်ကားလေ့ရှိပါတယ်။

တယောက်ကိုတယောက် ရေသေနတ်တွေနဲ့ ရေပက်ကြ၊ ပေါင်ဒါတွေ သုတ်လိမ်းကြဆိုတာဟာ နှစ်ဟောင်းမှာတင်လာတဲ့ အညစ်အကြေးတွေကို နှစ်သစ်မှာ ပါမသွားရအောင် ဆေးကြောသန့်စင်ပေး တယ်ဆိုတဲ့ သင်္ကေတဖြစ်ပါတယ်။ ဒါပေမယ့်လို့ မနှစ်က ၂၀၂၀ သင်္ကြန်ပွဲကတော့ ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှု အန္တရာယ်ကြောင့် ကျင်းပခွင့် မရခဲ့ကြပါဘူး။

အသက် ၅၀ အရွယ် Yuthana Huangthong ဟာ ဒီလမ်းပေါ်မှာ ဆံပင်အလှပြင်တဲ့ဆိုင် ဖွင့်လာလာတာ နှစ်ပေါင်း ၂၀ ရှိပါပြီ။အခုတော့ သူက ဇန်နဝါရီလ ၇ ရက်နေ့မှာ ဆိုင်ပြန်ဖွင့်လိုက်ပါပြီ။

“ဒီလမ်းဟာ နေ့ရောညပါ လူဘယ်တော့မှ မပြတ်ပါဘူး။ လုပ်နိုင်လို့ကတော့ နေ့ရော ညပါ အမြဲ ဝင်ငွေ ဖြောင့်တဲ့နေရာပေါ့။ နိုင်ငံခြားသားတွေလည်းအများကြီးလာကြတယ်။ ဒေသခံတွေလည်း လာကြတာ ပါပဲ။ ဒါပေမယ့် အခု ကပ်ရောဂါကျလာတော့ တယောက်မှ မရှိကြတော့ဘူး။ နိုင်ငံခြားခရီးသွားတွေ တယောက်မှ မရှိတော့သလို ဒေသခံတွေတောင်မှ တယောက်စ နှစ်ယောက်စပဲ လာကြတော့တယ်။”

တကယ်လို့ ဒီအခြေအနေတိုင်းသာ ဆက်ဖြစ်နေအုံးမယ်ဆိုရင်တော့ သူတို့မိသားစုလည်း မြို့ကနေ တောဘက်ကို ပြန်ပြောင်းရတော့မယ်လို့ သူက ပြောပါတယ်။ ၂၀၂၁ ခုနှစ်ဝင်လာပေမယ့်လည်း မျှော်လင့်ချက်ရေရေ ရာရာမရှိသေးပါဘူး။

ထိုင်းနိုင်ငံမှာ ပြည်တွင်းမှာပဲကူးစက်မှုတွေ လအတော်ကြာ ဖြစ်လာခဲ့ပြီးတဲ့နောက် ကူးစက်မှုအရှိန် ရုတ်တရက်မြင့်တက်လာတဲ့ဒဏ်ကို အလူးအလဲ ခံနေခဲ့ရပါတယ်။

ရောဂါပိုးကူးစက်သူ ဒါဇင်နဲ့ချီရှိနေကြတဲ့ ဘန်ကောက်မြို့အပြင်ဘက်က တိုက်ခန်းမှာနေထိုင်သူ ထိုင်း ဒေသခံတွေကို တင်းကြပ်တဲ့ စည်းကမ်းတွေနဲ့ သီးခြားခွဲထားပါတယ်။ ပိုးကူးစက်ခံနေကြရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကိုတော့ ကပ်ရောဂါအတွက် သီးသန့်ဖွင့်ထားတဲ့ ယာယီ ဆေးရုံတွေဆီ ပို့ပေးပါ တယ်။ ဒီလိုဆေးရုံမျိုးတွေကိုတော့ ခရိုင်အတော်များများမှာ ဖွင့်ပေးထားတာပါ။

ကပ်ရောဂါဘေးက ကျော်လွှားနိုင်ဖို့ မရေရာသေးတဲ့အချိန်မှာ ထိုင်းနိုင်ငံကတော့ ကာကွယ်ဆေး ထိုး နိုင်ဖို့ ကြိုးစားနေပါပြီ။ oxford နဲ့ Astrazeneca တို့ကထုတ်တဲ့ ကာကွယ်ဆေးအမြောက်အများ ထုတ်ပေးတဲ့နေရာတခုဖြစ်ပေမယ့်လည်း၊ အစိုးရအနေနဲ့ကတော့ ထိုင်း ပြည်သူ သန်း ၇၀ နီးပါးကို ထိုးပေးနိုင်မယ့် ကာကွယ် ဆေး အခုထိ လုံလုံလောက်လောက် လုပ်မပေးနိုင်သေးပါဘူး။

Khao San Business Association ရဲ့ ဥက္ကဋ္ဌ Sanga Ruangwattanakul က သူတို့ရဲ့ Khao San လမ်း အရင်လို ပြန်စည်ကားလာဖို့ အချိန်အကြာကြီးလိုမယ်အုံးမယ်လို့ ခန့်မှန်းပါတယ်။ ကပ်ရောဂါဘေး မတိုင်ခင်တုန်းကဆိုရင် ထိုင်းနိုင်ငံကို နှစ်စဉ်လာကြတဲ့ နိုင်ငံခြားခရီးသည်ပေါင်း သန်း ၄၀ ဆီကရတဲ့ ဝင်ငွေဟာ တိုင်းပြည်ရဲ့စီးပွါးရေးရဲ့ ဆယ်ပုံတပုံရှိပြီး အလုပ်အကိုင်အများအပြားကိုလည်း ဖန်တီးပေးနိုင်တာ ဖြစ်ပါတယ်။

“ဒီနှစ် ၂၀၂၁ မှာတော့ နိုင်ငံခြားသားဧည့်သည် ၁၀ သန်းလောက် ရောက်လာမယ်ဆိုရင် ကံကောင်း လှပြီလို့ ထင်ပါတယ်။ ဒီတော့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းပြန်ပြီး အရင်လို လည်ပတ်နိုင်ဖို့ကတော့ ကျနော်တို့အနေနဲ့ အနည်းဆုံးတော့ ၂ နှစ်ကျော်လောက် စောင့်ရပါလိမ့်မယ်။”

အခုလို စီးပွါးရေးကြပ်တည်းလာတဲ့ကြားကပဲ ထိုင်းနိုင်ငံကတော့ ပုံမှန်ဖြစ်လာတဲ့ ဘဝသစ်ပုံစံနဲ့ ကန့်သတ် စည်းကမ်းတွေနဲ့ လိုက်လျောညီထွေ နေနိုင်ကြပါတယ်။ ဒါပေမယ့်လည်း အစိုးရအနေနဲ့ အခုထက်ပိုပြိး ကောင်းအောင် စီးပွားရေးနလံထူမယ့် စီမံကိန်းတွေလုပ်ပေးသင့်ကြောင်း ပြောသူတွေလည်း ရှိပါတယ်။

Virot Ali က သာမာဆတ် တက္ကသိုလ်က နိုင်ငံရေးသိပ္ပံကထိကတယောက်ပါ။

“အစိုးရဘက်က တုံ့ပြန်မှုတွေက နှေးကွေး နောက်ကျလွန်းတယ်။ တုံ့ပြန်မှုပမာဏလည်း အရမ်းနည်းတယ်၊ အရမ်းကိုနောက်ကျပါတယ်။ဒီနှစ်အတွင်းအစိုးရအနေနဲ့ ပိုဗစ်ကပ်ရောဂါဘေးရဲ့ သက်ရောက်မှုတွေအပေါ်မှာ အရင်ကထက်ပိုပြီး ထိထိရောက်ရောက် တုံ့ပြန်ဆောင်ရွက်လာတာကို မြင်ချင်ပါတယ်။”

ထိုင်းအစိုးရဟာ ကန့်သတ်တားမြစ်ချက်အသစ်တွေကို ထပ်မံပြဌာန်းထားပေမယ့် တနိုင်ငံလုံးကို လုံးဝတားမြစ်ပိတ်ဆို့ထားတာမျိုးတော့ ရပ်လိုက်ပါပြီ။ ဒါပေမယ့် ဒီအကျိုးဆက် ဒဏ်ကိုတော့ ခံစားကြရပြီးဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်အတွင်း ထိုင်းနိုင်ငံရဲ့စီးပွါးရေးဟာ ၆.၆ % ကျုံသွားကြောင်း The Bank of Thailand က ခန့်မှန်းထားပါတယ်။ ကပ်ရောဂါမကျခင်က စီးပွါးရေးအခြေအနေကို ပြန်ရောက်ဖို့ဆိုတာကတော့ ၂၀၂၂ နှစ်ကုန်လောက်မှသာ ဖြစ်နိုင်လိမ့်မယ်လို့လည်း စီးပွါးရေးပညာရှင်တွေက ခန့်မှန်းထားကြပါ တယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG