သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘန္ေကာက္ Victory Monument အနီး ပစ္ခတ္မႈ ၁ ဦးေသဆုံး


(Zawgyi/Unicode)

ထုိင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ ႔က Victory Monument အနီးက ေစ်း၀ယ္စင္တာတခုမွာ ဒီကေန႔ ေန႔ခင္းပိုင္းက ေသနတ္သမားတေယာက္ရဲ ႔ ပစ္ခတ္မႈေၾကာင့္ အမ်ိဳးသမီးတဦးေသဆုံးၿပီး အျခားလူတေယာက္ထက္မနည္း ထိခိုက္ဒဏ္ရာရသြားတယ္လို႔ ဘန္ေကာက္ပို႔စ္ သတင္းစာမွာ ေဖာ္ျပထားပါတယ္။

ေစ်း၀ယ္စင္တာ ၄ ထပ္က The Icon အလွျပဳျပင္ေရး ေဆးခန္းမွာ ညေန ၃ နာရီခြဲေလာက္က အခင္းျဖစ္ပြါးခဲ့တာပါ။

အသက္ ၂၈ ႏွစ္အရြယ္ ေဆးခန္း၀န္ထမ္းအမ်ိဳးသမီးတဦးရဲ ႔ ေခါင္းနဲ႔ ခႏၵာကိုယ္မွာ က်ည္ထိၿပီး ေသဆုံးခဲ့တာပါ။ ဒဏ္ရာရသြားတဲ့ အျခား၀န္ထမ္း အမ်ိဳးသမီးတဦးကိုေတာ့ ေဆး႐ုံပို႔ထားပါတယ္။

ထြက္ေျပးလြတ္ေျမာက္သြားတဲ့ ေသနတ္သမားကိုေတာ့ ထုိင္းရဲတပ္ဖြဲ႔ က အျပင္းအထန္ ရွာေဖြေနပါတယ္။ ရဲတို႔က ပိတ္ဆို႔ရွင္းလင္းထားတဲ့အခင္းျဖစ္ရာေနရာမွာ .45-calibre က်ည္ခြံ ၇ ခုနဲ႔ က်ည္ဆံေတြျပန္႔က်ဲေနတာကို ေတြ႔ခဲ့ရတာပါ။ အသတ္ခံလိုက္ရတဲ့ အမ်ိဳးသမီးရဲ ႔ ရည္စားေဟာင္း Danusorn Numcharoen ကို တာ၀န္ရွိသူေတြ သံသယ ရွိေနတာပါ။ မနာလို၀န္တိုစိတ္ေၾကာင့္ ျပစ္မႈက်ဴးလြန္ခဲ့ပုံရတယ္လို႔ စုံစမ္းေရးမႈးေတြက ေျပာပါတယ္။

ဒီတိုက္ခိုက္မႈအမွာ အမ်ိဳးသမီးတဦးေသဆုံးၿပီး ေနာက္တဦး ဒဏ္ရာရတယ္လို႔ ရဲဌာန ဒုတိယေျပာခြင့္ရ ဗိုလ္မွဴး Kritsana Pattanacharoen ကအတည္ျပဳပါတယ္။

ဘန္ေကာက္ Victory Monument အနီး ပစ္ခတ္မႈ ၁ ဦးေသဆုံး
please wait

No media source currently available

0:00 0:01:04 0:00

ဘန္ေကာက္ Victory Monument အနီး ပစ္ခတ္မႈ ၁ ဦးေသဆုံး
please wait

No media source currently available

0:00 0:01:02 0:00
တိုက္႐ိုက္ လင့္ခ္


......................

ဘန်ကောက် Victory Monument အနီး ပစ်ခတ်မှု ၁ ဦးသေဆုံး

(Unicode)

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က Victory Monument အနီးက ဈေးဝယ်စင်တာတခုမှာ ဒီကနေ့ နေ့ခင်းပိုင်းက သေနတ်သမားတယောက်ရဲ့ ပစ်ခတ်မှုကြောင့် အမျိုးသမီးတဦးသေဆုံးပြီး အခြားလူတယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြထားပါတယ်။

ဈေးဝယ်စင်တာ ၄ ထပ်က The Icon အလှပြုပြင်ရေး ဆေးခန်းမှာ ညနေ ၃ နာရီခွဲလောက်က အခင်းဖြစ်ပွါးခဲ့တာပါ။

အသက် ၂၈ နှစ်အရွယ် ဆေးခန်းဝန်ထမ်းအမျိုးသမီးတဦးရဲ့ ခေါင်းနဲ့ ခန္ဒာကိုယ်မှာ ကျည်ထိပြီး သေဆုံးခဲ့တာပါ။ ဒဏ်ရာရသွားတဲ့ အခြားဝန်ထမ်း အမျိုးသမီးတဦးကိုတော့ ဆေးရုံပို့ထားပါတယ်။

ထွက်ပြေးလွတ်မြောက်သွားတဲ့ သေနတ်သမားကိုတော့ ထိုင်းရဲတပ်ဖွဲ့ က အပြင်းအထန် ရှာဖွေနေပါတယ်။ ရဲတို့က ပိတ်ဆို့ရှင်းလင်းထားတဲ့အခင်းဖြစ်ရာနေရာမှာ .45-calibre ကျည်ခွံ ၇ ခုနဲ့ ကျည်ဆံတွေပြန့်ကျဲနေတာကို တွေ့ခဲ့ရတာပါ။ အသတ်ခံလိုက်ရတဲ့ အမျိုးသမီးရဲ့ ရည်စားဟောင်း Danusorn Numcharoen ကို တာဝန်ရှိသူတွေ သံသယ ရှိနေတာပါ။ မနာလိုဝန်တိုစိတ်ကြောင့် ပြစ်မှုကျူးလွန်ခဲ့ပုံရတယ်လို့ စုံစမ်းရေးမှုးတွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုအမှာ အမျိုးသမီးတဦးသေဆုံးပြီး နောက်တဦး ဒဏ်ရာရတယ်လို့ ရဲဌာန ဒုတိယပြောခွင့်ရ ဗိုလ်မှူး Kritsana Pattanacharoen ကအတည်ပြုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG