သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သႀကၤန္အႀကိဳ ကုိဗစ္ကူးစက္မႈ ထိန္းခ်ဳပ္ဖုိ႔ ထိုင္းအာဏာပုိင္ေတြႀကိဳးပမ္း


ထုိင္းႏိုင္ငံ ႏြန္ထဘူရီခရိုင္ ေဆးရုံတခုအဝင္ က်န္းမာေရး ဝန္ထမ္းေတြက ႏွာေခါင္းတို႔ဖတ္ ယူေနစဥ္ (April 10, 2021)

[ Zawgyi / Unicode ]

ထိုင္းႏုိင္ငံမွာ လူေပါင္းသန္းခ်ီ ခရီးသြားၾကတဲ႔ အားလပ္ရက္ရာသီ သႀကၤန္ႏွစ္သစ္ကူးပဲြေတာ္ က်င္းပဖို႔ ရက္ပိုင္းအလုိမွာဘဲ ႏုိင္ငံတြင္း ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈ မ်ားလာတာကို ထိန္းခ်ဳပ္ႏုိင္ေရး အာဏာပိုင္တို႔ ႀကိဳးစားေနၾကရပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈအသစ္ေတြ ဆက္တိုက္တိုးလာေနတဲ႔ သံုးရက္ေျမာက္ေန႔အျဖစ္ ၿပီးခဲ႔တဲ႔ ေသာၾကာေန႔က ကူးစက္မႈအသစ္ ၅၅၉ ဦးေတြ႔ရေၾကာင္း က်န္းမာေရးဆိုင္ရာ တာ၀န္ရွိသူေတြက ေျပာဆိုထားပါတယ္။ ခရုိင္ ၄၁ က ညပိုင္း သြားလာ လည္ပတ္စရာ ေနရာေတြကို သီးတင္း ၂ ပတ္ၾကာပိတ္ပင္ၿပီး အစိုးရက တုံ႔ျပန္ေဆာင္ရြက္ေနပါတယ္။ တခ်ိဳ႕ ခရိုင္ အုပ္ခ်ဳပ္ေရးမွဴးေတြကေတာ့ တျခားေဒသက ခရီးသြားေတြ လာေရာက္မႈကို ကန္႔သတ္ေဆာင္ရြက္ေနပါတယ္။

ခရီးသြား လုပ္ငန္းကို အထိနာေစခဲ႔ေပမယ့္လည္း နယ္စပ္ေတြကို တင္းတင္းၾကပ္ၾကပ္ ထိန္းခ်ဳပ္တာအပါအ၀င္ ကိုရိုနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔မႈ ထိန္းခ်ဳပ္ေရး ကန္႔သတ္ ေဆာင္ရြက္ခ်က္ေတြေၾကာင့္ တျခားႏုိင္ငံေတြနဲ႔ ယွဥ္ရင္ ဆိုးဆိုးရြားရြား ပ်ံ႔ႏွံ႔ ကူးစက္မႈ မရွိတဲ႔ ထိုင္းႏုိင္ငံမွာ ေန႔စဥ္ ရက္ဆက္ ကူးစက္မႈ တိုးလာေနတာက ရွားရွားပါးပါး ျဖစ္စဥ္ ျဖစ္ပါတယ္။

ညမထြက္အရ တားျမစ္ခ်က္၊ အရက္ေရာင္းခ်မႈ တားျမစ္ခ်က္၊ ေက်ာင္းေတြ၊ ေစ်းဆိုင္ေတြနဲ႔ စားေသာက္ဆိုင္ေတြ ပိတ္ပင္မႈေတြနဲ႔လည္း အစိုးရက စမ္းသပ္ေဆာင္ရြက္ေနပါတယ္။ အစိုးရအဖြဲ႔၀င္ ၀န္ႀကီးတဦး ဗိုင္းရပ္စ္ ကူးစက္ခံထားရၿပီး သီးျခားခြဲ ေနထိုင္ရသူေတြလည္း ရွိေနတာနဲ႔အတူ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႔ႏွံ႔မႈအေရး အစိုးရရဲ႕ တုန္႔ျပန္ေဆာင္ရြက္ မႈေတြကိုလည္း အေတာ္မ်ားမ်ားက ေ၀ဖန္ေနၾကတာပါ။

ကိုရုိနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၃၀,၈၆၉ ဦးရွိၿပီး ေသဆံုးသူ ၉၆ ဦးေၾကာင္း တရား၀င္ မွတ္တမ္းေတြက ေဖာ္ျပထားတဲ႔ ထိုင္းႏုိင္ငံမွာ ကာကြယ္ေဆးထိုး လုပ္ငန္းေတြက ေႏွးေကြးလြန္းတယ္လုိ႔ ေ၀ဖန္ေနၾကတာပါ။ ကာကြယ္ေဆးထိုးၿပီးသူ ၁ ရာခိုင္ႏႈန္း မျပည့္ေသးသလို ကပ္ေဘးေၾကာင့္ အသက္ေမြး၀မ္းေက်ာင္း အလုပ္အကိုင္ ပ်က္ရသူေတြကို ေထာက္ပံ႔မႈလည္း မရွိေၾကာင္း ေ၀ဖန္သူေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[ Unicode ]

သင်္ကြန်အကြို ကိုဗစ်ကူးစက်မှု ထိန်းချုပ်ဖို့ ထိုင်းအာဏာပိုင်တွေကြိုးပမ်း

ထိုင်းနိုင်ငံမှာ လူပေါင်းသန်းချီ ခရီးသွားကြတဲ့ အားလပ်ရက်ရာသီ သင်္ကြန်နှစ်သစ်ကူးပွဲတော် ကျင်းပဖို့ ရက်ပိုင်းအလိုမှာဘဲ နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု များလာတာကို ထိန်းချုပ်နိုင်ရေး အာဏာပိုင်တို့ ကြိုးစားနေကြရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ်တွေ ဆက်တိုက်တိုးလာနေတဲ့ သုံးရက်မြောက်နေ့အဖြစ် ပြီးခဲ့တဲ့ သောကြာနေ့က ကူးစက်မှုအသစ် ၅၅၉ ဦးတွေ့ရကြောင်း ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။ ခရိုင် ၄၁ က ညပိုင်း သွားလာ လည်ပတ်စရာ နေရာတွေကို သီးတင်း ၂ ပတ်ကြာပိတ်ပင်ပြီး အစိုးရက တုံ့ပြန်ဆောင်ရွက်နေပါတယ်။ တချို့ ခရိုင် အုပ်ချုပ်ရေးမှူးတွေကတော့ တခြားဒေသက ခရီးသွားတွေ လာရောက်မှုကို ကန့်သတ်ဆောင်ရွက်နေပါတယ်။

ခရီးသွား လုပ်ငန်းကို အထိနာစေခဲ့ပေမယ့်လည်း နယ်စပ်တွေကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်တာအပါအဝင် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု ထိန်းချုပ်ရေး ကန့်သတ် ဆောင်ရွက်ချက်တွေကြောင့် တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် ဆိုးဆိုးရွားရွား ပျံ့နှံ့ ကူးစက်မှု မရှိတဲ့ ထိုင်းနိုင်ငံမှာ နေ့စဉ် ရက်ဆက် ကူးစက်မှု တိုးလာနေတာက ရှားရှားပါးပါး ဖြစ်စဉ် ဖြစ်ပါတယ်။

ညမထွက်အရ တားမြစ်ချက်၊ အရက်ရောင်းချမှု တားမြစ်ချက်၊ ကျောင်းတွေ၊ ဈေးဆိုင်တွေနဲ့ စားသောက်ဆိုင်တွေ ပိတ်ပင်မှုတွေနဲ့လည်း အစိုးရက စမ်းသပ်ဆောင်ရွက်နေပါတယ်။ အစိုးရအဖွဲ့ဝင် ဝန်ကြီးတဦး ဗိုင်းရပ်စ် ကူးစက်ခံထားရပြီး သီးခြားခွဲ နေထိုင်ရသူတွေလည်း ရှိနေတာနဲ့အတူ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအရေး အစိုးရရဲ့ တုန့်ပြန် ဆောင်ရွက်မှုတွေကိုလည်း အတော်များများက ဝေဖန်နေကြတာပါ။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၀,၈၆၉ ဦးရှိပြီး သေဆုံးသူ ၉၆ ဦးကြောင်း တရားဝင် မှတ်တမ်းတွေက ဖော်ပြထားတဲ့ ထိုင်းနိုင်ငံမှာ ကာကွယ်ဆေးထိုး လုပ်ငန်းတွေက နှေးကွေးလွန်းတယ်လို့ ဝေဖန်နေကြတာပါ။ ကာကွယ်ဆေးထိုးပြီးသူ ၁ ရာခိုင်နှုန်း မပြည့်သေးသလို ကပ်ဘေးကြောင့် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင် ပျက်ရသူတွေကို ထောက်ပံ့မှုလည်း မရှိကြောင်း ဝေဖန်သူတွေက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG