သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာပေါ် ကိုဗစ်ကူးစက်မှု ၇ ပတ် ဆက်တိုက်တိုး (WHO)


(Zawgyi/Unicode)

ဒီနှစ်အစပိုင်းမှာ COVID 19 ရောဂါဖြစ်ပွါးမှု ကျဆင်းနေရာကနေ အခုဒီရောဂါကူးစက်မှု သီတင်း ၇ ပတ် ဆက်တိုက်တိုးလာနေသလို ဒီရောဂါကြောင့် သေဆုံးမှုတိုးနေတာကလည်း သီတင်းပတ် ၄ ပတ်ရှိနေပြီလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲ Tedros Adhanom Ghebreyesus က တနင်္လာနေ့ ဂျနီဗာကုလသမဂ္ဂ ရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"ဇန်နဝါရီနဲ့ ဖေဖေါ်ဝါရီလတွေမှာ ကမ္ဘာတလွှား ဒီရောဂါကူးစက်မှု သီတင်းပတ် ၆ ပတ်လောက် ဆက်တိုက် ကျဆင်းနေရာကနေ အခုတော့ ကူးစက်မှု တိုးလာနေတာ သီတင်း ၇ ပတ် ဆက်တိုက်တွေ့နေရသလို သေဆုံးမှုတိုးနေတာလည်း ၄ပတ်လောက် ရှိနေပြီလို့ ပြောပါတယ်။

အာရှနဲ့ အရှေ့အလယ်ပိုင်းဒေသတွင်း နိုင်ငံအများအပြားမှာ ဒီရောဂါဖြစ်ပွါးသူ အတော်တိုးလာနေတာ ဖြစ်ပြီး ဒါဟာ ကမ္ဘာတလွှား COVID 19 ကာကွယ်ဆေး ထိုးနှံပြီးသူ သန်းပေါင်း ၇၈၀ ရှိလာနေတဲ့ ကြားကနေ အခုလို တိုးလာနေတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒါဟာ လူထုကျန်းမာရေးဆိုင်ရာ အရေးယူ ဆောင်ရွက်မှုတွေမှာ ရှုပ်ထွေးမှုတွေနဲ့ အတူ ပုံမှန်မလုပ်ဆောင်တာတွေကြောင့် အခုလို ကူးစက်မှုရော သေဆုံးရမှုပါ တိုးလာတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါတိုက်ဖျက်ရေးမှာ ကာကွယ်ဆေးရဖို့က အရေးကြီးတာမှန်ပေမယ့် ကာကွယ်ဆေးထိုးတာ တခုထည်းနဲ့ မလုံလောက်ကြောင်းနဲ့ ပုံမှန်ဆက်ပြီး လုပ်ဆောင်ဖို့ လိုအပ်တဲ့ လူချင်းခပ်ခွါခွါနေတာ၊ နှာခေါင်းစည်းတပ်တာ၊ ရောဂါပိုးရှိမရှိ စမ်းသပ်စစ်ဆေးတာ၊ ပိုးရှိသူကို ခြေရာခံတာလို ကျန်းမာရေးဆိုင်ရာ လိုက်နာလုပ်ဆောင်မှုတွေကို မမေ့ကြဖို့လည်း သတိပေးပါတယ်။

အခုအချိန်မှာ နိုင်ငံအများအပြားက အထူးကုသဆောင်တွေမှာ လူနာတွေ ပြည့်လျှံနေပြီး သေဆုံးမှုတွေ တွေ့နေရကြောင်းနဲ့ ဒါတွေဟာ တကယ်တော့ မဖြစ်ခင်က ရှောင်နိုင်တဲ့ ကိစ္စမျိုးဖြစ်တာကြောင့် သတိထားကြဖို့လည်း နှိုးဆော်ပါတယ်။

တိုက်ရိုက် လင့်ခ်


.............

ကမ်ဘာပေါျ ကိုဗဈကူးစကျမှု ၇ ပတျ ဆကျတိုကျတိုး (WHO)
(Unicode)







XS
SM
MD
LG