သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယမွာ ကုိဗစ္ကူးစက္သူ တရက္အတြင္း စံခ်ိန္ခ်ဳိး


နယူးေဒလီၿမိဳ႕မွာ COVID-19 ကူးစက္မႈရွိမရွိ စစ္ေဆးဖုိ႔ ေဒသခံတဦးဆီက Swab နမူနာယူေနတဲ့ က်န္းမာေရးဝန္ထမ္း။ (မတ္ ၃၁၊ ၂၀၂၁)

(Zawgyi / Unicode)

အိႏိၵယႏို္င္ငံရဲ႕ COVID-19 ဒုတိယလိႈင္းမွာ ဒီကေန႔ ဧၿပီလ ၁၁ ရက္တေန႔တည္း ကူးစက္မႈ အတည္ျပဳလူနာ ၁၅၂,၈၇၉ ေယာက္နဲ႔ စံခ်ိန္က်ဳိးသြြားပါတယ္။ ဒါေၾကာင့္ ကာကြယ္ေဆး အျမန္ဆံုးရၾကဖို႔ တုိက္တုိက္တြန္းတြန္း လုပ္ေနၾကၿပီး တခ်ဳိ႕ျပည္နယ္ေတြမွာ ကူးစက္ႏႈန္း ေလွ်ာ့ခ်ႏိုင္ေအာင္ ကန္႔သတ္တားျမစ္မိန္႔ေတြ ျပန္ခ်ဖို႔လည္း စဥ္းစားေနၾကပါၿပီ။

ဝန္ႀကီးခ်ဳပ္ Narendra Modi က ကာကြယ္ေဆးထိုးသင့္တဲ့ အိႏၵိယႏုိင္ငံသားေတြ ကာကြယ္ေဆးထိုးၾကဖို႔ တြန္းအားေပးတဲ့အေနနဲ႔ ၄ ရက္ၾကာ ကာကြယ္ေဆးထုိးပြဲေတာ္ကို တနဂၤေႏြေန႔မွာ စတင္ခဲ့ပါတယ္။

“ဒီလိုအခ်ိန္အခါမွာ က်ေနာ္တို႔ဟာ ႏိုင္ငံေတာ္ရဲ႕ ကာကြယ္ေဆး အသံုးျပဳႏိုင္တဲ့ စြမ္းရည္ကို အသံုးခ်ၿပီး အေကာင္းဆုံးျဖစ္ေအာင္ ေဆာင္ရြက္သြားၾကရမယ္” လို႔ အိတ္ဖြင့္ေပးစာမွာ ေရးသားခဲ့ပါတယ္။

ေဒလီေျမာက္ပိုင္း ၿမိဳ႕ေတာ္ဝန္ Jai Prakash ကလည္း ကာကြယ္ေဆးထိုးပြဲေတာ္ကို ႏိုင္ငံတဝန္း က်င္းပေနတာနဲ႔ ပတ္သက္လို႔ အခုလို ေျပာပါတယ္။

“ဝန္ႀကီးခ်ဳပ္ Narendra Modi ရဲ႕ ဦးေဆာင္လမ္းညႊန္ခ်က္အတုိင္း က်ေနာ့္နယ္ေျမတြင္းမွာရွိတဲ့ ကာကြယ္ေဆးထိုးဌာနေတြ အားလံုးနဲ႔ ကာကြယ္ေဆး လာထိုးသူေတြေရာ ေဆးထုိးေပးသူေတြေရာ က်န္းမာေရးဝန္ထမ္းေတြပါမက်န္ ဆရာဝန္ေတြ၊ သူနာျပဳေတြ၊ က်န္းမာေရးဌာနက စာေရးစာခ်ီေတြနဲ႔ တျခား ကာကြယ္ေဆးထိုးရာမွာ တာဝန္က်သူအားလံုးကို ခ်ီးက်ဴးဂုဏ္ျပဳပါတယ္။” လို႔ ေျပာသြားတာပါ။

အိႏၵိယႏိုင္ငံမွာ ဇန္နဝါရီလကစၿပီး ကာကြယ္ေဆး သန္း ၁၀၀ ေက်ာ္ ထုိးေပးခဲ့ၿပီးေပမယ့္ တခ်ဳိ႕ျပည္နယ္ေတြမွာ ကာကြယ္ေဆး မလံုမေလာက္ ျဖစ္ေနဆဲပါပဲ။

ေသဆံုးသူဦးေရ တိုးလာေနၿပီး ဒီေန႔ တရက္တည္းမွာတင္ COVID-19 ေၾကာင့္ ေသဆံုးသူ ၈၃၉ ေယာက္ရွိေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။ အိႏၵိယမွာ ကိုဗစ္အတည္ျပဳလူနာ ၁၃.၃၅ သန္းနဲ႔ ကမၻာမွာ တတိယအမ်ားဆံုး ကူးစက္ခံေနရတဲ့ႏိုင္ငံ ျဖစ္ပါတယ္။

ထိုင္းႏုိင္ငံမွာလည္း ဒီေန႔တရက္တည္း ကူးစက္ခံရသူအသစ္ ၉၆၇ ေယာက္ရွိၿပီး တရက္တည္း ကူးစက္မႈႏႈန္း အျမင့္ဆံုးကို တက္လာပါတယ္။ ထိုင္းႏုိင္ငံဟာ တတိယလိႈင္းဒဏ္ကို ရင္ဆုိင္ေနရတယ္ဆိုေပမယ့္ ဒီေန႔မွာ အေသအေပ်ာက္စာရင္းေတာ့ မေတြ႔ရေသးပါဘူး။

ပိုးေတြ႔အတည္ျပဳ လူနာအသစ္ေတြနဲ႔ ေပါင္းလိုက္ရင္ ထိုင္းႏုိင္ငံမွာ ကူးစက္ခံရသူ ၃၂,၆၂၅ ေယာက္နဲ႔ ေသဆံုးသူ ၉၇ ေယာက္ရွိေၾကာင္း ထုိင္းႏိုင္ငံ COVID-19 သတင္းစုေဆာင္းတဲ့ဌာနမွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

အိန္ဒိယမှာ ကိုဗစ်ကူးစက်သူ တရက်အတွင်း စံချိန်ချိုး

အိန္ဒိယနိုင်ငံရဲ့ COVID-19 ဒုတိယလှိုင်းမှာ ဒီကနေ့ ဧပြီလ ၁၁ ရက်တနေ့တည်း ကူးစက်မှု အတည်ပြုလူနာ ၁၅၂,၈၇၉ ယောက်နဲ့ စံချိန်ကျိုးသွားပါတယ်။ ဒါကြောင့် ကာကွယ်ဆေး အမြန်ဆုံးရကြဖို့ တိုက်တိုက်တွန်းတွန်း လုပ်နေကြပြီး တချို့ပြည်နယ်တွေမှာ ကူးစက်နှုန်း လျှော့ချနိုင်အောင် ကန့်သတ်တားမြစ်မိန့်တွေ ပြန်ချဖို့လည်း စဉ်းစားနေကြပါပြီ။

ဝန်ကြီးချုပ် Narendra Modi က ကာကွယ်ဆေးထိုးသင့်တဲ့ အိန္ဒိယနိုင်ငံသားတွေ ကာကွယ်ဆေးထိုးကြဖို့ တွန်းအားပေးတဲ့အနေနဲ့ ၄ ရက်ကြာ ကာကွယ်ဆေးထိုးပွဲတော်ကို တနင်္ဂနွေနေ့မှာ စတင်ခဲ့ပါတယ်။

“ဒီလိုအချိန်အခါမှာ ကျနော်တို့ဟာ နိုင်ငံတော်ရဲ့ ကာကွယ်ဆေး အသုံးပြုနိုင်တဲ့ စွမ်းရည်ကို အသုံးချပြီး အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားကြရမယ်” လို့ အိတ်ဖွင့်ပေးစာမှာ ရေးသားခဲ့ပါတယ်။

ဒေလီမြောက်ပိုင်း မြို့တော်ဝန် Jai Prakash ကလည်း ကာကွယ်ဆေးထိုးပွဲတော်ကို နိုင်ငံတဝန်း ကျင်းပနေတာနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။

“ဝန်ကြီးချုပ် Narendra Modi ရဲ့ ဦးဆောင်လမ်းညွှန်ချက်အတိုင်း ကျနော့်နယ်မြေတွင်းမှာရှိတဲ့ ကာကွယ်ဆေးထိုးဌာနတွေ အားလုံးနဲ့ ကာကွယ်ဆေး လာထိုးသူတွေရော ဆေးထိုးပေးသူတွေရော ကျန်းမာရေးဝန်ထမ်းတွေပါမကျန် ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေးဌာနက စာရေးစာချီတွေနဲ့ တခြား ကာကွယ်ဆေးထိုးရာမှာ တာဝန်ကျသူအားလုံးကို ချီးကျူးဂုဏ်ပြုပါတယ်။” လို့ ပြောသွားတာပါ။

အိန္ဒိယနိုင်ငံမှာ ဇန်နဝါရီလကစပြီး ကာကွယ်ဆေး သန်း ၁၀၀ ကျော် ထိုးပေးခဲ့ပြီးပေမယ့် တချို့ပြည်နယ်တွေမှာ ကာကွယ်ဆေး မလုံမလောက် ဖြစ်နေဆဲပါပဲ။

သေဆုံးသူဦးရေ တိုးလာနေပြီး ဒီနေ့ တရက်တည်းမှာတင် COVID-19 ကြောင့် သေဆုံးသူ ၈၃၉ ယောက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အိန္ဒိယမှာ ကိုဗစ်အတည်ပြုလူနာ ၁၃.၃၅ သန်းနဲ့ ကမ္ဘာမှာ တတိယအများဆုံး ကူးစက်ခံနေရတဲ့နိုင်ငံ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာလည်း ဒီနေ့တရက်တည်း ကူးစက်ခံရသူအသစ် ၉၆၇ ယောက်ရှိပြီး တရက်တည်း ကူးစက်မှုနှုန်း အမြင့်ဆုံးကို တက်လာပါတယ်။ ထိုင်းနိုင်ငံဟာ တတိယလှိုင်းဒဏ်ကို ရင်ဆိုင်နေရတယ်ဆိုပေမယ့် ဒီနေ့မှာ အသေအပျောက်စာရင်းတော့ မတွေ့ရသေးပါဘူး။

ပိုးတွေ့အတည်ပြု လူနာအသစ်တွေနဲ့ ပေါင်းလိုက်ရင် ထိုင်းနိုင်ငံမှာ ကူးစက်ခံရသူ ၃၂,၆၂၅ ယောက်နဲ့ သေဆုံးသူ ၉၇ ယောက်ရှိကြောင်း ထိုင်းနိုင်ငံ COVID-19 သတင်းစုဆောင်းတဲ့ဌာနမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG