သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမာၻ႔ႏုိင္ငံတခ်ဳိ႕ ကိုဗစ္ကန္႔သတ္ခ်က္ေတြ ျပန္လည္ခ်မွတ္


ကိုဗစ္ ျပန္တိုးလာလို႔ ပိတ္ထားတဲ့ အီတလီႏိုင္ငံက ဆိုင္တခ်ဳိ႕ေရွ႕ ျဖတ္ေလွ်ာက္ေနသူမ်ား

[ Zawgyi / Unicode ]

ကမၻာအရပ္ရပ္မွာ ကို႐ိုနာဗုိင္းရပ္ေရာဂါကာကြယ္ေဆးေတြ ဆက္ၿပီးထိုးေပးေနေပမယ့္ ပိုးကူးစက္မႈျမင့္တက္လာေနတဲ့အတြက္ ကန္႔သတ္တားျမစ္ခ်က္ေတြ ျပန္ၿပီးခ်မွတ္ ေနၾကပါတယ္။ အီစတာပြဲေတာ္ အားလပ္ရက္မွာ ခုလိုကန္႔သတ္မႈနဲ႔ရင္ဆုိင္ေနရတဲ့ လူေပါင္း သန္းနဲ႔ခ်ီရွိေနတာပါ။

အီတလီႏုိ္္္င္ငံမွာ St.Peter ရင္ျပင္မွာ လူေတြစုု႐ုံးၿပီး ၀တ္ျပဳဆုေတာင္းတာမ်ိဳး မလုပ္ နုိင္ေအာင္ စေနေန႔ကစၿပီး ၃ ရက္ကန္႔သတ္ခ်က္ထုတ္ျပန္ထားပါတယ္။ မႏွစ္တုန္းကလည္း အလားတူကန္႔သတ္ခ်က္ထုတ္ျပန္ခဲ့ပါတယ္။

မ်ိဳးဗီဇေျပာင္းကို႐ုိနာဗိုင္းရပ္စ္ပိုးသစ္တမိ်ဳး အလ်င္အျမန္ကူးစက္ျပန္႔ႏွံ႔မႈေၾကာင့္ အေရးေပၚဌာနမွာ လူနာေတြနဲ႔ ျပည့္ေနတဲ့ ျပင္သစ္ႏိုင္ငံမွာလည္း တနဂၤေႏြေန႔ကစၿပီး ကန္႔သတ္ခ်က္အသစ္ထုတ္ျပန္ထားပါတယ္။

ဘယ္လ္ဂ်ီယံႏုိင္ငံ အပါအ၀င္ အျခားဥေရာပႏုိင္ငံ အေတာ္မ်ားမ်ားမွာလည္း ကပ္ေရာဂါ ဆုိင္ရာ ကန္႔သတ္ခ်က္ေတြ လတ္တေလာ ျပန္ၿပီးခ်မွတ္ထားတာပါ။ ကေနဒါႏုိင္ငံ Ontario ဖက္မွာလည္း အႏၱရယ္မ်ားလွတဲ့ ဗီဇေျပာင္းပိုးကူးစက္မႈေၾကာင့္ ေဆးရုံ ေရာက္လာသူေတြ တိုးလာေနတဲ့အတြက္ စေနေန႔ကစၿပီး၂၈ ရက္ၾကာကန္႔သတ္ခ်က္ေတြခ်မွတ္လိုက္ပါတယ္။ British Columbia နဲ႔ Quebec ေဒသေတြမွာလည္း ကန္႔သတ္ခ်က္ေတြ ျပန္ၿပီး ခ်မွတ္ ထားပါတယ္။

ကပ္ေရာဂါဒဏ္အလူးအလဲရင္ဆုိင္ေနရတဲ့ ဘရာဇီးလ္ႏုိင္ငံမွာလည္း ကူးစက္ျမန္ ဗီဇေျပာင္းပိုး ဆက္ၿပီးကူးစက္ ျပန္႔ႏွံ႔ ေနတာေၾကာင့္ အျခား လက္တင္အေမရိက ႏိုင္ငံေတြၾကား စိုးရိမ္မႈေတြတိုးလာေနတာပါ။ ဘိုလီးဗီးယားနဲ႔ ခ်ီလီႏုိင္ငံတို႔က ဘရာဇီးလ္ႏုိင္ငံ နဲ႔ နယ္စပ္ကို ပိတ္ထားလိုက္သလို အီေကြေဒါနဲ႔ပီ႐ူးႏိုင္ငံမွာေတာ့ ကန္႔သတ္ခ်က္ေတြခ်မွတ္လိုက္ၾကပါတယ္။

အေမရိကန္ႏုိ္င္ငံကလည္း ျပည္သူသန္း ၁၀၀ ကို ကိုဗစ္ကာကြယ္ေဆးထိုးေပးႏုိင္တဲ့ ပထမဆုံးႏုိင္ငံျဖစ္လာၿပီလို႔ ေသာၾကာေန႔မွာ ေၾကျငာေပမယ့္ တခ်ိဳ႔ျပည္နယ္ေတြမွာေတာ့ ပိုးကူးစက္မႈျမင့္တက္လာေနဆဲပါ။ ဥေရာပႏုိင္ငံေတြမွာလည္း ကာကြယ္ေဆး အျမန္ ထိုးေပးႏုိင္ေအာင္ ဆက္ၿပီးႀကိဳးပမ္းေနၾကပါတယ္။ ကမၻာ့က်န္းမာေရးအဖြဲ႔ WHO ရဲ ႔အဆိုအရ ဥေရာပတုိက္က လူဦးေရ ၁၀%ေလာက္သာ ကာကြယ္ေဆးထိုးေပးထားရၿပီး ေဆး ၂ လုံးအျပည့္ထိုးထားသူက ၄ %ေလာက္ပဲရွိေသးတယ္လို႔ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


[ Unicode ]

ကမ္ဘာ့နိုင်ငံတချို့ ကိုဗစ်ကန့်သတ်ချက်တွေ ပြန်လည်ချမှတ်

ကမ္ဘာအရပ်ရပ်မှာ ကိုရိုနာဗိုင်းရပ်ရောဂါကာကွယ်ဆေးတွေ ဆက်ပြီးထိုးပေးနေပေမယ့် ပိုးကူးစက်မှုမြင့်တက်လာနေတဲ့အတွက် ကန့်သတ်တားမြစ်ချက်တွေပြန်ပြီးချမှတ်နေကြပါတယ်။ အီစတာပွဲတော် အားလပ်ရက်မှာ ခုလိုကန့်သတ်မှုနဲ့ရင်ဆိုင်နေရတဲ့ လူပေါင်း သန်းနဲ့ချီရှိနေတာပါ။ အီတလီနို်င်ငံမှာ St.Peter ရင်ပြင်မှာ လူတွေစုရုံးပြီး ဝတ်ပြုဆုတောင်းတာမျိုးမလုပ်နိုင်အောင် စနေနေ့ကစပြီး ၃ ရက်ကန့်သတ်ချက်ထုတ်ပြန်ထားပါတယ်။ မနှစ်တုန်းကလည်း အလားတူကန့်သတ်ချက်ထုတ်ပြန်ခဲ့ပါတယ်။

မျိုးဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ပိုးသစ်တမျိုး အလျင်အမြန်ကူးစက်ပြန့်နှံ့မှုကြောင့် အရေးပေါ်ဌာနမှာ လူနာတွေနဲ့ ပြည့်နေတဲ့ ပြင်သစ်နိုင်ငံမှာလည်း တနင်္ဂနွေနေ့ကစပြီး ကန့်သတ်ချက်အသစ်ထုတ်ပြန်ထားပါတယ်။

ဘယ်လ်ဂျီယံနိုင်ငံအပါအဝင်အခြားဥရောပနိုင်ငံအတော်များများမှာလည်း ကပ်ရောဂါဆိုင်ရာကန့်သတ်ချက်တွေ လတ်တလော ပြန်ပြီးချမှတ်ထားတာပါ။ ကနေဒါနိုင်ငံ Ontario ဖက်မှာလည်း အန္တရယ်များလှတဲ့ ဗီဇပြောင်းပိုးကူးစက်မှုကြောင့် ဆေးရုံ ရောက်လာသူတွေတိုးလာနေတဲ့အတွက် စနေနေ့ကစပြီး၂၈ ရက်ကြာကန့်သတ်ချက်တွေချမှတ်လိုက်ပါတယ်။ British Columbia နဲ့ Quebec ဒေသတွေမှာလည်း ကန့်သတ်ချက်တွေ ပြန်ပြီးချမှတ်ထားပါတယ်။

ကပ်ရောဂါဒဏ်အလူးအလဲရင်ဆိုင်နေရတဲ့ ဘရာဇီးလ်နိုင်ငံမှာလည်း ကူးစက်မြန်ဗီဇပြောင်းပိုး ဆက်ပြီးကူးစက် ပြန့်နှံ့ နေတာကြောင့် အခြားလက်တင်အမေရိကနိုင်ငံတွေကြားစိုးရိမ်မှုတွေတိုးလာနေတာပါ။ ဘိုလီးဗီးယားနဲ့ချီလီနိုင်ငံတို့က ဘရာဇီးလ်နိုင်ငံနဲ့နယ်စပ်ကို ပိတ်ထားလိုက်သလို အီကွေဒေါနဲ့ပီရူးနိုင်ငံမှာတော့ ကန့်သတ်ချက်တွေချမှတ်လိုက်ကြပါတယ်။

အမေရိကန်နိုင်ငံကလည်း ပြည်သူသန်း ၁၀၀ ကို ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်တဲ့ပထမဆုံးနိုင်ငံဖြစ်လာပြီလို့ သောကြာနေ့မှာ ကြေငြာပေမယ့် တချို့ပြည်နယ်တွေမှာတော့ ပိုးကူးစက်မှုမြင့်တက်လာနေဆဲပါ။ ဥရောပနိုင်ငံတွေမှာလည်း ကာကွယ်ဆေး အမြန်ထိုးပေးနိုင်အောင်ဆက်ပြီးကြိုးပမ်းနေကြပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့အဆိုအရ ဥရောပတိုက်က လူဦးရေ ၁၀%လောက်သာ ကာကွယ်ဆေးထိုးပေးထားရပြီး ဆေး ၂ လုံးအပြည့်ထိုးထားသူက ၄ %လောက်ပဲရှိသေးတယ်လို့ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG