သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးတွေအတွက် ကိုဗစ်ကာကွယ်ဆေး စတင်စမ်းသပ်


[ Zawgyi / Unicode ]

Covid-19 ကာကွယ်ဆေးတွေဟာ ကလေးငယ်တွေနဲ့ လူငယ်တွေအတွက် ဘေးကင်းမှု ရှိမရှိသိရဖို့ အမေရိကန်က သိပ္ပံပညာရှင်တွေ စပြီး စမ်းသပ်နေပါပြီ။ Duke တက္ကသိုလ်က စမ်းသပ်ခန်းထဲမှာ Pfizer ရဲ့ Covid-19 ကာကွယ်ဆေးကို အသက် ၉ နှစ်အရွယ် အမွှာကလေး ၂ ယောက် စမ်းသပ် ထိုးနှံခဲ့ပါတယ်။

ဆေးထိုးမယ်ဆိုတော့ အစပိုင်းမှာ ကြောက်ပေမယ့်လည်း ဆေးထိုးပြီးတော့လည်း အဆင်ပြေကြောင်း Pfizer Covid -19 ကာကွယ်ဆေး စမ်းသပ်ထိုးနှံခံခဲ့သူ အသက် ၉ နှစ်အရွယ် Marisol Gerardo က ပြောခဲ့တာပါ။

Covid-19 ကာကွယ်ဆေးကို ကလေးတွေနဲ့ လူငယ်တွေမှာ ဘေးကင်းကင်းနဲ့ အသုံးပြုနိုင်မလား ဆိုတာကို အမေရိကန်မှာရော တခြားနိုင်ငံတွေမှာပါ စမ်းသပ်နေကြပါပြီ။ အမေရိကန်မှာတော့ Pfizer နဲ့ Moderna တို့ရဲ့ Covid-19 ကာကွယ်ဆေးကို ကလေးတွေနဲ့ စမ်းသပ်နေပြီး အသက် ၁၂ နှစ်နဲ့ အထက် ကလေးတွေမှာ စမ်းသပ် တွေ့ရှိချက်တွေ မကြာခင်မှာ ထွက်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။

Pfizer ရဲ့ Covid 19 ကာကွယ်ဆေးကို အသက် ၁၆ နှစ်ကစလို့ အသုံးပြုခွင့်ပေးထားပြီ ဖြစ်ပြီး Moderna ကိုတော့ အသက် ၁၈နှစ်နဲ့ အထက် အသုံးပြုခွင့် ပေးထားတာပါ။ ကလေးငယ်တွေမှာတော့ အသုံးပြုရတဲ့ ဆေးပမာဏ ကွဲပြားနိုင်ပါတယ်။ Pfizer နဲ့ Moderna နှစ်ခုစလုံးက အသက် ၆ လအရွယ် ကလေးငယ်တွေကိုပါ ကာကွယ်ဆေး ထိုးနိုင်ရေးအတွက် ဦးတည် ကြိုးပမ်းနေကြပြီး ကလေးငယ်တွေအတွက် အသုံးပြုရမယ့် ဆေးပမာဏ သိရှိနိုင်ဖို့ စမ်းသပ်နေကြပါတယ်။ ဗြိတိန်မှာတော့ ပြီးခဲ့တဲ့လကစလို့ AstraZeneca က အသက် ၆ နှစ်ကနေ ၁၇ နှစ်ကြား ကလေးတွေနဲ့ စပြီး လေ့လာနေပါတယ်။ Johnson & Johnson ကလည်း ကလေးငယ်တွေနဲ့ စမ်းသပ်နိုင်ဖို့ စီစဉ်နေပါတယ်။ တရုတ်မှာတော့ Sinovac က သူ့ရဲ့ Covid-19 ကာကွယ်ဆေးဟာ အသက် ၃ နှစ် အရွယ် ကလေးငယ်တွေအထိ ဘေးကင်းကြောင်း အထောက်အထားတွေကို တရုတ် အာဏာပိုင်တွထံ တင်ပြထားပြီး ဖြစ်ကြောင်း မကြာခင်က ကြေညာထားပါတယ်။

ကလေးတွေအတွက် ကိုဗစ်ကာကွယ်ဆေး စတင်စမ်းသပ်
please wait

No media source currently available

0:00 0:01:51 0:00
တိုက်ရိုက် လင့်ခ်


[ Unicode ]






XS
SM
MD
LG