သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AstraZeneca ကိုဗစ်ကာကွယ်ဆေး ဆိုးကျိုးထက် ကောင်းကျိုးပိုများ (WHO)


(Zawgyi/Unicode)

COVID- 19 ကာကွယ်ဆေး တမျိုးဖြစ်တဲ့ AstraZeneca ကနေ ရတဲ့ အကျိုးကျေးဇူးတွေဟာ သူ့ကြောင့် အန္တရာယ် ဖြစ်လာနိုင်တာထက် အများကြီး ပိုသာနေတဲ့အတွက် ဒီဆေးကို အသုံးပြုဖို့ ထောက်ခံချက် ပေးကြောင်း WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးရဲ့ ကာကွယ်ဆေး ဘေးကင်းရေး ကမ္ဘာလုံးဆိုင်ရာ အကြံပေးမှုကော်မတီက သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။

အလားတူ ထောက်ခံချက်မျိုးကို ဗုဒ္ဓဟူးနေ့က ပဏာမ သဘောထား ပြောကြားခဲ့ပေမယ့် သောကြာနေ့မှာတော့ သူတို့ရဲ့ သုံးသပ်ချက်ကို အပြီးသတ်ထုတ်ပြန်လိုက်တာပါ။

ဒီကာကွယ်ဆေး ထိုးသူတချို့မှာ သွေးခဲတဲ့ လက္ခဏာ ရပ်တွေ တွေ့ရတယ် ဆိုပြီး ဥရောပ နိုင်ငံ အများအပြားက Astra Zeneca ကာကွယ်ဆေး အသုံးပြုမှုကို ရပ်တံ့ထားလိုက်ပြီးတဲ့ နောက်မှာ WHO ကော်မတီက အချက်အလက်တွေကို ပြန်လည် သုံးသပ်တာ ဖြစ်ကြောင်း WHO အကြီးအကဲ Tedros Adhanom Ghebreyesus က သောကြာနေ့ ဂျနီဗာရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"တချို့မှာ သွေးခဲတယ် ဆိုတာက ဒီကာကွယ်ဆေးကြောင့်လို့ တပ်အပ် မပြောနိုင်ကြောင်း လည်း သူက ပြောပါတယ်။ COVID-19 ရောဂါ ကိုယ်တိုင် ကလည်း သွေးခဲမှုကို ဖြစ်စေတယ် ဆိုတာကို သတိပြုဖို့ လိုအပ်ကြောင်း" လည်း WHO အကြီးအကဲက ပြောပါတယ်။

ဥရောပ ဆေးဝါး အေဂျင်စီ EMA ကလည်း အလားတူ သုံးသပ်ချက်မျိုးကို အင်္ဂါနေ့ကပဲ ထုတ်ပြန်ခဲ့တာပါ။

AstraZeneca ကိုဗစ်ကာကွယ်ဆေး ဆိုးကျိုးထက် ကောင်းကျိုးပိုများ (WHO)
please wait

No media source currently available

0:00 0:00:47 0:00
တိုက်ရိုက် လင့်ခ်


.............

(Unicode)


အလားတူ ထောကျခံခကြျမြိုးကို ဗုဒ်ဓဟူးနေ့က ပဏာမ သဘောထား ပွောကွားခဲ့ပမေယ့ျ သောကွာနေ့မှာတော့ သူတို့ရဲ့ သုံးသပျခကြျကို အပွီးသတျထုတျပွနျလိုကျတာပါ။




XS
SM
MD
LG