သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AstraZeneca ကိုဗစ်ကာကွယ်ဆေးကို ဆက်လက်အသုံးပြုဖို့ WHO ထောက်ခံ


(Zawgyi/Unicode)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ချက်မှာ AstraZeneca COVID-19 ကာကွယ်ဆေးရဲ့ အကျိူးက အပြစ်ထက်အလေးသာနေတယ်လို့ယုံကြည်ပြီး ဆေးကို ဆက်လက်အသုံးပြုဖို့ထောက်ခံတယ်လို့ဖော်ပြထားပါတယ်။

ဆေးထိုးပြီးသူတွေ သွေးခဲတဲ့ မှတ်တမ်းတွေ ရရှိပြီးနောက် ဥရောပနိုင်ငံတော်တော်များများမှာ AstraZeneca ကာကွယ်ဆေး အသုံးပြုမှု ယာယီ ရပ်ဆိုင်းထားတာကိုလည်း အေဂျင်စီအနေနဲ့အလေးထားတယ်လို့ဖော်ပြပါတယ်။

အခြားအကြောင်းအရာတွေကြောင့်ဖြစ်ရတဲ့ သေဆုံးမှု သို့မဟုတ် ဖျားနာမှုတွေကို မည်သည့် ကိုဗစ်ကာကွယ်ဆေးကမှ မလျှော့ချနိုင်ကြောင်းလည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ သွေးခဲတာမျိူးဟာ အဖြစ်များပြီး တကမ္ဘာလုံးအနေနဲ့တတိယ အဖြစ်များဆုံး နှလုံးသွေကြော ဆိုင်ရာ ရောဂါဖြစ်တယ်လို့ဆိုပါတယ်။

တိုင်းပြည်တွေအနေနဲ့ပုံမှန် ကာကွယ်ဆေးထိုးရေးအစီအစဉ်တွေကို လုပ်ဆောင်ရာမှာ ဒီလိုဖြစ်တာ ထုံးစံဖြစ်ပြီး ကာကွယ်ဆေးထိုးခြင်းရဲ့ နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်စရာ အဖြစ်အပျက်တွေကို မှတ်သားထားပြီး စုံစမ်းစစ်ဆေးတာဟာ ကောင်းတဲ့ အလေ့အထလို့WHO က ဆိုပါတယ်။ ဒီလို နောက်ဆက်တွဲ အကျိူးတွေဟာ ကာကွယ်ဆေးထိုးတာနဲ့ ဆက်စပ်တယ်လို့တော့ မဆိုလိုဘူးလို့ဆိုပါတယ်။

WHO အနေနဲ့ ဘေးကင်းတဲ့ ကိုဗစ်ကာကွယ်ဆေးသတင်းအချက်အလက်တွေအတွက် EMA တို့လို ဥရောပ နဲ့ ကမ္ဘာတလွှားက ဆေးဝါး လုပ်ထုံးလုပ်နည်းဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပုံမှန် ဆက်သွယ်တာမျိူးရှိနေတယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဥရောပ ဆေးဝါ အေဂျင်စီ EMA ဟာ သွေးခဲခြင်း သတင်းပေးပို့ချက်နဲ့ပက်သက်ပြီး စုံစမ်းစစ်ဆေးလျက်ရှိပြီး AstraZeneca ကာကွယ်ဆေးရဲ့ အကျိူးအပြစ်နဲ့ပက်သက်လို့WHO နဲ့တူညီတဲ့ထုတ်ပြန်ချက်မျိူးကို အင်္ဂါနေ့က ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်


.............

AstraZanaca ကိုဗဈကာကှယျဆေးကို ဆကျလကျအသုံးပွုဖို့ WHO ထောကျခံ

(Unicode)

ကမ်ဘာ့ကနြျးမာရေးအဖှဲ့ကွီး WHO က ဗုဒ်ဓဟူးနေ့က ထုတျပွနျခကြျမှာ AstraZeneca COVID-19 ကာကှယျဆေးရဲ့ အကြိူးက အပွဈထကျအလေးသာနတေယျလို့ယုံကွညျပွီး ဆေးကို ဆကျလကျအသုံးပွုဖို့ထောကျခံတယျလို့ဖောျပွထားပါတယျ။






XS
SM
MD
LG