သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေဆးထိုးၿပီးသူမ်ားအတြက္ လမ္းညႊန္ခ်က္က ဘယ္လိုျဖစ္လာမလဲ


့ကူးစက္ေရာဂါဆိုင္ရာ အမ်ိဴးသားဌာနက ညႊန္ၾကားေရးမွဴး ေဒါက္တာ Dr. Anthony Fauci

(Zawgyi/Unicode)

ကာကြယ္ေဆးထိုးျပီးသူေတြအတြက္ စည္းမ်ဥ္းစည္းကမ္းသစ္ေတြ မၾကာမီ လာေတာ့မယ္လို ့ကူးစက္ေရာဂါဆိုင္ရာ အမ်ိဴးသားဌာနက ညႊန္ၾကားေရးမွဴး ေဒါက္တာ Dr. Anthony Fauci က ေျပာဆိုလိုက္ပါတယ္။

"ကာကြယ္ေဆးထိုးျပီးေနာက္ ဘယ္လိုမ်ိဴး သက္ေတာင့္သက္သာေနရမလဲဆိုတာေတြ ပိုျပီး ၾကားရဖို ့ရွိတယ္လို ့က်ေနာ္ ယံုၾကည္ပါတယ္။ အထူးသျဖင့္ မိသားစု၀င္ေတြၾကားမွာပါ" ဆိုၿပီး ေဒါက္တာ Fauci က CNN သတင္းဌာနကို ေျပာသြားတာပါ။

ကာကြယ္ေဆးထိုးျပီးသူေတြဟာ ေရာဂါရွိသူနဲ ့ထိေတြ ့မိေပမယ့္ အသြားအလာကန္ ့သတ္ဖို ့မလိုေတာ့ဘူးဆိုတာေတြကိုလည္း အရင္ကတည္းက ထုတ္ျပန္ထားျပီးျဖစ္ပါတယ္။

ဒီအေတာအတြင္း ကာကြယ္ေဆးထုတ္လုပ္မွုေတြ ျမင့္တက္လာဖြယ္ရာရွိျပီး လာမယ့္ မတ္လလယ္ေလာက္မွာ Pfizer ကုမၸဏီအေနနဲ ့နွစ္ဆထုတ္လုပ္နိုင္မယ္လို ့ဆိုပါတယ္။

Moderna အေနနဲ ့လည္း ဧျပီလေနာက္ပိုင္း ကာကြယ္ေဆး သန္း ၄၀ ထုတ္လုပ္နိုင္မယ္လို ့ ေမ်ွာ္မွန္းထားပါတယ္။

တၾကိမ္သာထိုးရတဲ့ ကာကြယ္ေဆးသစ္တမ်ိဳးျဖစ္တဲ့ Johnson & Johnson ေၾကာင့္လည္း ကာကြယ္ေဆးထုတ္လုပ္မွေတြ ျမင့္တက္လာဖို ့ရွိေနပါတယ္။

ဒီအေတာအတြင္း လူဦးေရ သန္း ၃၀၀ ေက်ာ္ကို COVID-19 ကာကြယ္ေဆး အခ်ိန္မီထိုးနိုင္ဖို ့အတြက္ အေမရိကန္ အစားအစာနဲ ့ေဆး၀ါးအုပ္ခ်ဳပ္ေရးအဖြဲ ့FDA ကာကြယ္ေဆးဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းသစ္တခုခ်မွတ္ေပးလိုက္ပါတယ္။

FDA က ျပီးခဲ့တဲ့ တနလၤာေန ့က ေၾကညာရာမွာ ေဆး၀ါးထုတ္လုပ္သူေတြဟာ လူေထာင္ေပါင္းမ်ားစြာပါ၀င္အစမ္းသပ္ခံၾကရတဲ့ ကာကြယ္ေဆး စမ္းသပ္စစ္ေဆးတာေတြ မလိုအပ္ေတာ့ဘူးလို ့ဆိုပါတယ္။ ႏွစ္စဥ္ အေအးမိကာကြယ္ေဆးထိုးတဲ့ ပံုစံအတိုင္းပဲ ကုမၼဏီေတြဟာ သူတို ့ရဲ့ ေဆးအာနိသင္ေတြကို စမ္းသပ္ျမွင့္တင္သြားနိုင္တယ္လို ့လည္း FDA က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူများအတွက် လမ်းညွှန်ချက်က ဘယ်လိုဖြစ်လာမလဲ

(Unicode)

ကာကွယ်ဆေးထိုးပြီးသူတွေအတွက် စည်းမျဉ်းစည်းကမ်းသစ်တွေ မကြာမီ လာတော့မယ်လို့ကူးစက်ရောဂါဆိုင်ရာ အမျိူးသားဌာနက ညွှန်ကြားရေးမှူး ဒေါက်တာ Dr. Anthony Fauci က ပြောဆိုလိုက်ပါတယ်။

"ကာကွယ်ဆေးထိုးပြီးနောက် ဘယ်လိုမျိူး သက်တောင့်သက်သာနေရမလဲဆိုတာတွေ ပိုပြီး ကြားရဖို့ရှိတယ်လို့ကျနော် ယုံကြည်ပါတယ်။ အထူးသဖြင့် မိသားစုဝင်တွေကြားမှာပါ" ဆိုပြီး ဒေါက်တာ Fauci က CNN သတင်းဌာနကို ပြောသွားတာပါ။

ကာကွယ်ဆေးထိုးပြီးသူတွေဟာ ရောဂါရှိသူနဲ့ထိတွေ့မိပေမယ့် အသွားအလာကန့်သတ်ဖို့မလိုတော့ဘူးဆိုတာတွေကိုလည်း အရင်ကတည်းက ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

ဒီအတောအတွင်း ကာကွယ်ဆေးထုတ်လုပ်မှုတွေ မြင့်တက်လာဖွယ်ရာရှိပြီး လာမယ့် မတ်လလယ်လောက်မှာ Pfizer ကုမ္ပဏီအနေနဲ့နှစ်ဆထုတ်လုပ်နိုင်မယ်လို့ဆိုပါတယ်။

Moderna အနေနဲ့လည်း ဧပြီလနောက်ပိုင်း ကာကွယ်ဆေး သန်း ၄၀ ထုတ်လုပ်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။

တကြိမ်သာထိုးရတဲ့ ကာကွယ်ဆေးသစ်တမျိုးဖြစ်တဲ့ Johnson & Johnson ကြောင့်လည်း ကာကွယ်ဆေးထုတ်လုပ်မှတွေ မြင့်တက်လာဖို့ရှိနေပါတယ်။

ဒီအတောအတွင်း လူဦးရေ သန်း ၃၀၀ ကျော်ကို COVID-19 ကာကွယ်ဆေး အချိန်မီထိုးနိုင်ဖို့အတွက် အမေရိကန် အစားအစာနဲ့ဆေးဝါးအုပ်ချုပ်ရေးအဖွဲ့FDA ကာကွယ်ဆေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းသစ်တခုချမှတ်ပေးလိုက်ပါတယ်။

FDA က ပြီးခဲ့တဲ့ တနင်္လာနေ့က ကြေညာရာမှာ ဆေးဝါးထုတ်လုပ်သူတွေဟာ လူထောင်ပေါင်းများစွာပါဝင်အစမ်းသပ်ခံကြရတဲ့ ကာကွယ်ဆေး စမ်းသပ်စစ်ဆေးတာတွေ မလိုအပ်တော့ဘူးလို့ဆိုပါတယ်။ နှစ်စဉ် အအေးမိကာကွယ်ဆေးထိုးတဲ့ ပုံစံအတိုင်းပဲ ကုမ္မဏီတွေဟာ သူတို့ရဲ့ ဆေးအာနိသင်တွေကို စမ်းသပ်မြှင့်တင်သွားနိုင်တယ်လို့လည်း FDA က ပြောပါတယ်။

XS
SM
MD
LG