[Zawgyi/Unicode]
အိႏၵိယႏိုင္ငံမွာ ကို႐ိုနာဗုိင္းရပ္စ္ကူးစက္မႈ အျမင့္ဆံုး စံခ်ိန္က်ဳိးေအာင္ျမင့္တက္သြားေၾကာင္း က်န္းမာေရး ဝန္ႀကီးဌာနက သတင္းထုတ္ျပန္ပါတယ္။ ဒီႏွစ္အတြင္း ေန႔စဥ္ ပိုးေတြ႔လူနာအသစ္ ကူးစက္ႏႈန္း ၁၀၀,၃၅၅၈ ေယာက္အထိျမင့္တက္ခဲ့တာပါ။
အိႏၵိယရဲ႕ စီးပြါးေရးအခ်က္အခ်ာ မဟာရပ္ရွ္ၾတာျပည္နယ္၊ မြမ္ဘိုင္းၿမိဳ႕ကို အခု ကန္႔သတ္ပိတ္ဆို႔မႈ တင္းတင္းၾကပ္ၾကပ္ ျပန္ခ်ထားလိုက္ပါၿပီ။ အိႏၵိယတႏိုင္ငံလံုး ပိုးကူးစက္ခံရမႈရဲ႕ ထက္ဝက္ေလာက္ဟာ မဟာရပ္ရွ္ၾတာျပည္နယ္မွာျဖစ္ပါတယ္။
ေဒသစံေတာ္ခ်ိန္ ည ၈ နာရီကေန မနက္ ၇ နာရီအထိ ညမထြက္ရအမိန္႔ကိုလည္း တနလၤာေန႔က စတင္မယ့္အေၾကာင္း ျပည္နယ္အစိုးရဝန္ႀကီး Nawab Malik က သတင္းေထာက္ေတြကို ေျပာပါတယ္။ ေစ်းဝယ္စင္တာ၊ ႐ုပ္ရွင္႐ံု၊ အရက္ဆုိင္၊ စားေသာက္ဆုိင္နဲ႔ ဝတ္ျပဳဆုေတာင္းတဲ့ ေနရာေတြ အားလံုးကို တနလၤာေန႔ညေနကစၿပီး ပိတ္ရမွာျဖစ္ပါတယ္။ အခုလို လံုးဝ ကန္႔သတ္ ပိတ္ဆို႔မႈဟာ သီတင္းပတ္ကုန္အားလပ္ရက္အထိ သက္ေရာက္မႈရွိပါလိမ့္မယ္။
လက္ရွိ ပိုးေတြ႔အတည္ျပဳလူနာ ၁၂.၅ သန္းရွိတဲ့ အိႏိၵယႏိုင္ငံရဲ႕အထက္မွာ အမ်ားဆံုးပိုးကူးစက္ခံရတဲ့ ႏိုင္ငံေတြက အေမရိကန္ျပည္ေထာင္စုက ၃၀.၇ သန္းနဲ႔ ဘရာဇီးလ္က ၁၃ သန္းနဲ႔ ႏွစ္ ႏိုင္ငံပဲ ရွိေၾကာင္း ဂၽြန္စ္ ေဟ့ာပ္ကင္စ္ ေဆးတကၠသိုလ္ရဲ႕ စစ္တမ္းေကာက္ယူခ်က္မွာ ေဖာ္ျပထားပါတယ္။
[Unicode Version]
အိန္ဒိယမှာ ကိုဗစ်ကူးစက်မှု အရှိန်မြင့်နေဆဲ
အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အမြင့်ဆုံး စံချိန်ကျိုးအောင်မြင့်တက်သွားကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒီနှစ်အတွင်း နေ့စဉ် ပိုးတွေ့လူနာအသစ် ကူးစက်နှုန်း ၁၀၀,၃၅၅၈ ယောက်အထိမြင့်တက်ခဲ့တာပါ။
အိန္ဒိယရဲ့ စီးပွါးရေးအချက်အချာ မဟာရပ်ရှ်တြာပြည်နယ်၊ မွမ်ဘိုင်းမြို့ကို အခု ကန့်သတ်ပိတ်ဆို့မှု တင်းတင်းကြပ်ကြပ် ပြန်ချထားလိုက်ပါပြီ။ အိန္ဒိယတနိုင်ငံလုံး ပိုးကူးစက်ခံရမှုရဲ့ ထက်ဝက်လောက်ဟာ မဟာရပ်ရှ်တြာပြည်နယ်မှာဖြစ်ပါတယ်။
ဒေသစံတော်ချိန် ည ၈ နာရီကနေ မနက် ၇ နာရီအထိ ညမထွက်ရအမိန့်ကိုလည်း တနင်္လာနေ့က စတင်မယ့်အကြောင်း ပြည်နယ်အစိုးရဝန်ကြီး Nawab Malik က သတင်းထောက်တွေကို ပြောပါတယ်။ ဈေးဝယ်စင်တာ၊ ရုပ်ရှင်ရုံ၊ အရက်ဆိုင်၊ စားသောက်ဆိုင်နဲ့ ဝတ်ပြုဆုတောင်းတဲ့ နေရာတွေ အားလုံးကို တနင်္လာနေ့ညနေကစပြီး ပိတ်ရမှာဖြစ်ပါတယ်။ အခုလို လုံးဝ ကန့်သတ် ပိတ်ဆို့မှုဟာ သီတင်းပတ်ကုန်အားလပ်ရက်အထိ သက်ရောက်မှုရှိပါလိမ့်မယ်။
လက်ရှိ ပိုးတွေ့အတည်ပြုလူနာ ၁၂.၅ သန်းရှိတဲ့ အိန္ဒိယနိုင်ငံရဲ့အထက်မှာ အများဆုံးပိုးကူးစက်ခံရတဲ့ နိုင်ငံတွေက အမေရိကန်ပြည်ထောင်စုက ၃၀.၇ သန်းနဲ့ ဘရာဇီးလ်က ၁၃ သန်းနဲ့ နှစ် နိုင်ငံပဲ ရှိကြောင်း ဂျွန်စ် ဟေ့ာပ်ကင်စ် ဆေးတက္ကသိုလ်ရဲ့ စစ်တမ်းကောက်ယူချက်မှာ ဖော်ပြထားပါတယ်။