သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

WHO ရဲ႕ ကိုဗစ္ မူလဇစ္ျမစ္ အစီရင္ခံစာ မျပည့္စုံမႈ ေဝဖန္ခံရ


(Zawgyi/Unicode)

COVID -19 ေရာဂါပိုးရဲ ႔မူလဇစ္ျမစ္နဲ႔ ပတ္သက္ၿပီး ကမၻာ့က်န္းမာေရးအဖြဲ႔ WHO ရဲ ႔ လတ္တေလာ ထုတ္ျပန္လိုက္တဲ့ အစီရင္ခံစာအေပၚ စုိးရိမ္ေၾကာင္း အေမရိကန္ျပည္ေထာင္စုနဲ႔ အျခား ၁၃ ႏုိင္ငံတုိ႔က အဂၤါေန႔မွာ ပူးတြဲေၾကညာခ်က္ထုတ္ျပန္လိုက္ၾကပါတယ္။

ဗုိင္းရပ္စ္ပိုးရဲ ႔ဇစ္ျမစ္ကိုသိႏုိင္ဖို႔ ႏိုင္ငံတကာပညာရွင္ေတြ အေတာ္ေနာက္က်မွ ေလ့လာႏုိင္ခဲ့ၾကၿပီး မူရင္း ေဒတာအခ်က္အလက္ေတြနဲ႔ နမူနာေတြ ျပည့္ျပည့္စုံစုံမရခဲ့ၾကတဲ့အေပၚ စိုးရိမ္ေၾကာင္း မျဖစ္မေနေဖာ္ျပဖို႔လိုတယ္လို႔လည္း ေၾကညာခ်က္မွာေဖာ္ျပထားပါတယ္။ အဲဒီေၾကညာခ်က္ကိုေတာ့ အေမရိကန္ႏုိင္ငံျခားေရး၀န္ႀကီးဌာနရဲ ႔ အင္တာနက္စာမ်က္ႏွာမွာ တင္ထားတာပါ။

WHO အဂၤါေန႔ကတရား၀င္ထုတ္ျပန္လိုက္တဲ့အစီရင္ခံစာမွာေတာ့ ရထားသမွ် ေဒတာအခ်က္အလက္ေတြနဲ႔ ေလ့လာဆန္းစစ္ခ်က္ထားေၾကာင္း ေဖာ္ျပထားသလို ဗုိင္းရပ္စ္ပိုးရဲ ႔ မူလဇစ္ျမစ္ကို မေတြ႔ေသးဘူးလို႔လည္း ဆိုထားပါတယ္။ တရုတ္ႏိုင္ငံကိုသြားေရာက္ခဲ့တဲ့ WHO အဖြဲ႔ေခါင္းေဆာင္ကလည္း သူတို႔အဖြဲ႔အေနနဲ႔ တရုတ္ႏိုင္ငံသာမက အျခားႏုိင္ငံေတြဆီက ႏုိင္ငံေရးဖိအားေတြနဲ႔ ရင္ဆုိင္ခဲ့ၾကရၿပီး သတင္းအခ်က္အလက္မူၾကမ္းေတြရဖို႔ခက္ခဲေၾကာင္း မတ္လ ၃၀ ရက္ေန႔ကေျပာပါတယ္။

“တျခားႏုိင္ငံအေတာ္မ်ားမ်ားလိုပဲ တ႐ုတ္ႏုိင္ငံမွာလည္း ပုဂၢိဳလ္ေရးလုံၿခဳံမႈေၾကာင့္ သတင္းအခ်က္အလက္ ျဖန္႔ေ၀မႈ ကန္႔သတ္ထားတာေတြ၊ ဥပေဒနဲ႔ ထိန္းခ်ဳပ္ထားတာေတြ ရွိပါတယ္။ ဒီထဲမွာ ပုဂၢိဳလ္ေရး အေသးစိတ္အခ်က္အလက္ေတြကို အျပင္လူေတြကိုမေပးဖို႔၊ အထူးသျဖင့္ ျပည္ပႏုိင္ငံေတြကို ထုတ္မေပးဖို႔လည္း ပါပါတယ္။ ကမၻာ့ႏုိင္ငံအမ်ားစုမွာလည္း ဒီလိုေလ့လာမႈေတြ သြားလုပ္ရင္ ဒီလိုပဲ ကန္႔သတ္ခ်က္ေတြရွိေနမွာပါ။ အရင္တုန္းကလည္း ဒီလိုေလ့လာမႈမ်ိဳး အေတာ္မ်ားမ်ား လုပ္ခဲ့ၿပီးေတာ့ ဒီလိုစိန္ေခၚခ်က္မ်ိဳးေတြကို က်ေနာ္တို႔ အၿမဲရင္ဆုိင္ခဲ့ရတာပါ” လို႔ WHO သုေတသီအဖြဲ႔ေခါင္းေဆာင္ Peter Ben Membarek ကေျပာဆိုသြားတာပါ။

ကိုရိုနာဗုိင္းရပ္စ္ပိုးစတင္ေတြ႔ရွိရာ တရုတ္ႏိုင္ငံ၊ ၀ူဟန္ၿမိဳ႔ကို WHO ပညာရွင္ေတြ ဒီႏွစ္အေစာပိုင္းက သြားေရာက္ေလ့လာတဲ့အခ်ိန္မွာ အခက္အခဲအေတာ္မ်ားမ်ားနဲ႔ ရင္ဆုိင္ခဲ့ရပါတယ္။ ၀ူဟန္ၿမိဳ ႔ကို ပညာရွင္ေတြ သြားေရာက္ခြင့္ကိုလည္း တရုတ္အစိုးရက ခ်က္ခ်င္းခြင့္မျပဳတာေၾကာင့္ ရက္အေတာ္ၾကာ ေႏွာင့္ေနွးခဲ့ရပါတယ္။

အေမရိကန္ႏုိင္ငံျခားေရးဌာနက ထုတ္ျပန္ခ်က္မွာ ပါ၀င္လက္မွတ္ေရးထိုးထားၾကတဲ့ ႏုိင္ငံေတြအေနနဲ႔ WHO ရဲ ႔ ေနာက္တဆင့္ ေလ့လာမႈအတြက္ေရာ ေနာင္ျဖစ္လာႏုိ္င္ေျခရွိတဲ့ က်န္းမာေရး အက်ပ္အတည္းေတြအတြက္ပါ ပြင့္လင္းျမင္သာမႈွရိွတဲ့ အေထာက္အထားအေျချပဳ လုပ္ငန္းမ်ိဳးေတြ အခ်ိန္နဲ႔ တေျပးညီျဖစ္မလာမွာကို စိုးရိမ္မႈရွိေနၾကပါတယ္။ အေမရိကန္နဲ႔အတူ ပါ၀င္လက္မွတ္ထိုးထားတဲ့ႏုိင္ငံေတြထဲမွာ ၾသစေတးလ်၊ ၿဗိတိန္၊ ကေနဒါ၊ ခ်က္သမၼတႏုိင္ငံ၊ ဒိန္းမတ္၊ အက္စတိုးနီးယား၊ အစၥေရးလ္၊ ဂ်ပန္၊ လာတီဗာ၊ လစ္သူေရးနီးယား၊ ေနာ္ေ၀၊ ေတာင္ကိုရီးယားနဲ႔ ဆလိုေဗးနီးယား ႏိုင္ငံတုိ႔ ပါ၀င္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

WHO ရဲ့ ကိုဗစ် မူလဇစ်မြစ် အစီရင်ခံစာ မပြည့်စုံမှု ဝေဖန်ခံရ
(Unicode)

COVID -19 ရောဂါပိုးရဲ့မူလဇစ်မြစ်နဲ့ ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ လတ်တလော ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာအပေါ် စိုးရိမ်ကြောင်း အမေရိကန်ပြည်ထောင်စုနဲ့ အခြား ၁၃ နိုင်ငံတို့က အင်္ဂါနေ့မှာ ပူးတွဲကြေညာချက်ထုတ်ပြန်လိုက်ကြပါတယ်။ ဗိုင်းရပ်စ်ပိုးရဲ့ဇစ်မြစ်ကိုသိနိုင်ဖို့ နိုင်ငံတကာပညာရှင်တွေ အတော်နောက်ကျမှ လေ့လာနိုင်ခဲ့ကြပြီး မူရင်း ဒေတာအချက်အလက်တွေနဲ့ နမူနာတွေ ပြည့်ပြည့်စုံစုံမရခဲ့ကြတဲ့အပေါ် စိုးရိမ်ကြောင်း မဖြစ်မနေဖော်ပြဖို့လိုတယ်လို့လည်း ကြေညာချက်မှာဖော်ပြထားပါတယ်။ အဲဒီကြေညာချက်ကိုတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အင်တာနက်စာမျက်နှာမှာ တင်ထားတာပါ။

WHO အင်္ဂါနေ့ကတရားဝင်ထုတ်ပြန်လိုက်တဲ့အစီရင်ခံစာမှာတော့ ရထားသမျှ ဒေတာအချက်အလက်တွေနဲ့ လေ့လာဆန်းစစ်ချက်ထားကြောင်း ဖော်ပြထားသလို ဗိုင်းရပ်စ်ပိုးရဲ့ မူလဇစ်မြစ်ကို မတွေ့သေးဘူးလို့လည်း ဆိုထားပါတယ်။ တရုတ်နိုင်ငံကိုသွားရောက်ခဲ့တဲ့ WHO အဖွဲ့ခေါင်းဆောင်ကလည်း သူတို့အဖွဲ့အနေနဲ့ တရုတ်နိုင်ငံသာမက အခြားနိုင်ငံတွေဆီက နိုင်ငံရေးဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ကြရပြီး သတင်းအချက်အလက်မူကြမ်းတွေရဖို့ခက်ခဲကြောင်း မတ်လ ၃၀ ရက်နေ့ကပြောပါတယ်။

“တခြားနိုင်ငံအတော်များများလိုပဲ တရုတ်နိုင်ငံမှာလည်း ပုဂ္ဂိုလ်ရေးလုံခြုံမှုကြောင့် သတင်းအချက်အလက် ဖြန့်ဝေမှု ကန့်သတ်ထားတာတွေ၊ ဥပဒေနဲ့ ထိန်းချုပ်ထားတာတွေ ရှိပါတယ်။ ဒီထဲမှာ ပုဂ္ဂိုလ်ရေး အသေးစိတ်အချက်အလက်တွေကို အပြင်လူတွေကိုမပေးဖို့၊ အထူးသဖြင့် ပြည်ပနိုင်ငံတွေကို ထုတ်မပေးဖို့လည်း ပါပါတယ်။ ကမ္ဘာ့နိုင်ငံအများစုမှာလည်း ဒီလိုလေ့လာမှုတွေ သွားလုပ်ရင် ဒီလိုပဲ ကန့်သတ်ချက်တွေရှိနေမှာပါ။ အရင်တုန်းကလည်း ဒီလိုလေ့လာမှုမျိုး အတော်များများ လုပ်ခဲ့ပြီးတော့ ဒီလိုစိန်ခေါ်ချက်မျိုးတွေကို ကျနော်တို့ အမြဲရင်ဆိုင်ခဲ့ရတာပါ” လို့ WHO သုတေသီအဖွဲ့ခေါင်းဆောင် Peter Ben Membarek ကပြောဆိုသွားတာပါ။

ကိုရိုနာဗိုင်းရပ်စ်ပိုးစတင်တွေ့ရှိရာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကို WHO ပညာရှင်တွေ ဒီနှစ်အစောပိုင်းက သွားရောက်လေ့လာတဲ့အချိန်မှာ အခက်အခဲအတော်များများနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဝူဟန်မြို့ကို ပညာရှင်တွေ သွားရောက်ခွင့်ကိုလည်း တရုတ်အစိုးရက ချက်ချင်းခွင့်မပြုတာကြောင့် ရက်အတော်ကြာ နှောင့်နှေးခဲ့ရပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ချက်မှာ ပါဝင်လက်မှတ်ရေးထိုးထားကြတဲ့ နိုင်ငံတွေအနေနဲ့ WHO ရဲ့ နောက်တဆင့် လေ့လာမှုအတွက်ရော နောင်ဖြစ်လာနိုင်ခြေရှိတဲ့ ကျန်းမာရေး အကျပ်အတည်းတွေအတွက်ပါ ပွင့်လင်းမြင်သာမှုှရှိတဲ့ အထောက်အထားအခြေပြု လုပ်ငန်းမျိုးတွေ အချိန်နဲ့ တပြေးညီဖြစ်မလာမှာကို စိုးရိမ်မှုရှိနေကြပါတယ်။ အမေရိကန်နဲ့အတူ ပါဝင်လက်မှတ်ထိုးထားတဲ့နိုင်ငံတွေထဲမှာ သြစတေးလျ၊ ဗြိတိန်၊ ကနေဒါ၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ အက်စတိုးနီးယား၊ အစ္စရေးလ်၊ ဂျပန်၊ လာတီဗာ၊ လစ်သူရေးနီးယား၊ နော်ဝေ၊ တောင်ကိုရီးယားနဲ့ ဆလိုဗေးနီးယား နိုင်ငံတို့ ပါဝင်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG