သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုရိုနာဗိုင္းရပ္(စ္) နဲ႔ တူတဲ႔ပိုး ဇစ္ျမစ္ ထိုင္းနဲ႔ကေမာၻဒီးယားမွာ ေတ႔ြရွိ


(Zawgyi/Unicode)
COVID-19 ေရာဂါပိုးရဲ႕ ဇစ္ျမစ္နဲ႔ ေနာင္မွာ ဒီလိုကပ္ေရာဂါ ထပ္ျဖစ္မလာေအာင္ ဘယ္လိုကာကြယ္ရမယ္ ဆိုတာသိဖို႔ တ႐ုတ္ႏိုင္ငံမွာတင္ မကပဲ အေရွ႕ေတာင္အာရွ ေဒသေတြမွာပါ ဆက္ၿပီး ရွာေဖြ ဆန္းစစ္ဖို႔ သိပၸံပညာရွင္ေတြလုပ္ေဆာင္ေနပါၿပီ။

COVID-19 ျဖစ္ပြါးေစတဲ့ SARS-CoV-2 ဗိုင္းရပ္စ္ကို တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွာ မႏွစ္က ဒီဇင္ဘာလကုန္မွာ စတင္ေတြ႕ခဲ့တဲ့ေနာက္ တ႐ုတ္ႏိုင္ငံထဲမွာသာ ဒီေရာဂါဇစ္ျမစ္ကို ရွာေဖြဖို႔ ႀကိဳးစားခဲ့ၾကတာ ျဖစ္ပါတယ္။

ဒီေရာဂါပိုးနဲ႔ ၉၆ % ေလာက္ မ်ိဳးဗီဇ တူေနတဲ့ ေနာက္ ကို႐ိုနာဗိုင္းရပ္စ္မ်ိဳးကို မႏွစ္က ႏွစ္ဆန္းပိုင္းေလာက္မွာ တ႐ုတ္ႏိုင္ငံ ေတာင္ပိုင္း ယူနန္နယ္ထဲမွာ ေတြ႕ခဲ့ရတာပါ။

ဒါေပမယ့္ ေနာက္ထပ္ေလ့လာမႈေတြ အရ ယူနန္နယ္ထဲေတြ႕ခဲ့ရတဲ့ SARS-CoV-2 မ်ိဳးနဲ႔ ဆင္ဆင္တူတဲ့ ပိုးမ်ိဳးကို ထိုင္းနဲ႔ ကေမာၻဒီးယား ႏိုင္ငံေတြမွာပါ ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ဒီေရာဂါဇစ္ျမစ္ကိုစံုစမ္းဖို႔ ကမာၻ႔က်န္းမာေရးအဖြဲ႔ WHO က မၾကာေသးခင္ကမွ ေစလႊတ္တဲ့ ေရာဂါပိုးမႊားေဗဒ ပညာရွင္ေတြက တ႐ုတ္ႏိုင္ငံတင္မကပဲ ေနာက္ေလ့လာမႈကို အေရွ႕ေတာင္အာရွ ေဒသမွာပါ ဆက္လုပ္သင့္တယ္လို႔ ေျပာၾကပါတယ္။

ဒီလိုေလ့လာတဲ့အခါမွာ လင္းႏို႔ေတြကို အဓိကထားေလ့လာဖို႔ အၾကံေပးပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္ မ်ိဳးရင္းေတြနဲ႔ အခု ကမာၻတလႊား လူအမ်ားအျပား ေသဆံုးရတဲ့ ကပ္ေရာဂါျဖစ္ေစတဲ့ SARS-CoV-2 ပိုးေတြ အဓိက ရွင္သန္ေနထိုင္ႏိုင္တဲ့ လက္ခံေကာင္မ်ိဳးစိတ္ေတြထဲမွာ လင္းႏို႔က အဓိက ပါဝင္ေနတာေၾကာင့္ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..........

ကိုရိုနာဗိုင်းရပ်(စ်) နဲ့ တူတဲ့ပိုး ဇစ်မြစ် ထိုင်းနဲ့ကမ္ဘောဒီးယားမှာ တေ့ွရှိ

(Unicode)
COVID-19 ရောဂါပိုးရဲ့ ဇစ်မြစ်နဲ့ နောင်မှာ ဒီလိုကပ်ရောဂါ ထပ်ဖြစ်မလာအောင် ဘယ်လိုကာကွယ်ရမယ် ဆိုတာသိဖို့ တရုတ်နိုင်ငံမှာတင် မကပဲ အရှေ့တောင်အာရှ ဒေသတွေမှာပါ ဆက်ပြီး ရှာဖွေ ဆန်းစစ်ဖို့ သိပ္ပံပညာရှင်တွေလုပ်ဆောင်နေပါပြီ။

COVID-19 ဖြစ်ပွါးစေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်ကို တရုတ်နိုင်ငံ ဝူဟန်မြို့မှာ မနှစ်က ဒီဇင်ဘာလကုန်မှာ စတင်တွေ့ခဲ့တဲ့နောက် တရုတ်နိုင်ငံထဲမှာသာ ဒီရောဂါဇစ်မြစ်ကို ရှာဖွေဖို့ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။

ဒီရောဂါပိုးနဲ့ ၉၆ % လောက် မျိုးဗီဇ တူနေတဲ့ နောက် ကိုရိုနာဗိုင်းရပ်စ်မျိုးကို မနှစ်က နှစ်ဆန်းပိုင်းလောက်မှာ တရုတ်နိုင်ငံ တောင်ပိုင်း ယူနန်နယ်ထဲမှာ တွေ့ခဲ့ရတာပါ။

ဒါပေမယ့် နောက်ထပ်လေ့လာမှုတွေ အရ ယူနန်နယ်ထဲတွေ့ခဲ့ရတဲ့ SARS-CoV-2 မျိုးနဲ့ ဆင်ဆင်တူတဲ့ ပိုးမျိုးကို ထိုင်းနဲ့ ကမ္ဘောဒီးယား နိုင်ငံတွေမှာပါ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီရောဂါဇစ်မြစ်ကိုစုံစမ်းဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မကြာသေးခင်ကမှ စေလွှတ်တဲ့ ရောဂါပိုးမွှားဗေဒ ပညာရှင်တွေက တရုတ်နိုင်ငံတင်မကပဲ နောက်လေ့လာမှုကို အရှေ့တောင်အာရှ ဒေသမှာပါ ဆက်လုပ်သင့်တယ်လို့ ပြောကြပါတယ်။

ဒီလိုလေ့လာတဲ့အခါမှာ လင်းနို့တွေကို အဓိကထားလေ့လာဖို့ အကြံပေးပါတယ်။ ကိုရိုနာဗိုင်းရပ်စ် မျိုးရင်းတွေနဲ့ အခု ကမ္ဘာတလွှား လူအများအပြား သေဆုံးရတဲ့ ကပ်ရောဂါဖြစ်စေတဲ့ SARS-CoV-2 ပိုးတွေ အဓိက ရှင်သန်နေထိုင်နိုင်တဲ့ လက်ခံကောင်မျိုးစိတ်တွေထဲမှာ လင်းနို့က အဓိက ပါဝင်နေတာကြောင့် ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG