(Zawgyi/Unicode)
ကူးစက္မႈေတြေလ်ာ့က်လာတာေၾကာင့္ လေပါင္းမ်ားစြာ ရွည္ၾကာခဲ့တဲ့ COVID-19 အေရးေပၚအေျခအေနကို တနလၤာေန ့က ရုပ္သိမ္းလိုက္ေၾကာင္း ဂ်ပန္၀န္ၾကီးခ်ဳပ္ Yoshihide Suga က ၾကာသပေတးေန ့က ေၾကညာလိုက္ပါတယ္။
သတင္းစာရွင္းလင္းပြဲတခုမွာ Suga က သတင္းေထာက္ေတြကို ေျပာၾကားရာမွာေတာ့ တိုက်ိဴနဲ ့အနီး၀န္းက်င္ ေဒသသံုးခုမွာ ဇန္န၀ါရီလကတည္းက ကူးစက္သူအေရအတြက္ ၈၀ ရာခိုင္နွုန္းေက်ာ္ က်ဆင္းလာတယ္လို ့ဆိုပါတယ္။ တခ်ိန္က တိုက်ိဴမွာ လူနာသစ္တေန ့ကို ၂၅၂၀ ေလာက္ရွိေပမယ့္ ဒီၾကာသပေတးေန ့မွာေတာ့ ၃၂၃ ေယာက္ပဲ ရွိေတာ့တယ္လို ့ဆိုပါတယ္။
စံအျဖစ္ လူနာသစ္ ၅၀၀ ၀န္းက်င္ရွိလ်ွင္ အေရးေပၚအေျခအေနကို ရုပ္သိမ္းေပးမွာျဖစ္ၿပီး တိုက်ိဳၿမိဳ႕ဟာ ရက္ေပါင္းေလးဆယ္ ဆက္တိုက္ အဲဒီေအာက္မွာပဲ ကူးစက္မႈရွိခဲ့တယ္လို ့ဆိုပါတယ္။
အေရးေပၚအေျခအေနက အေျခခံအားျဖင့္ အရက္ဘားေတြ၊ စားေသာက္ဆိုင္ေတြကို ည ၈ နာရီ ပိတ္သိမ္းရမယ္ဆိုၿပီး သက္ေရာက္မႈရွိခဲ့တာပါ။ ေနအိမ္ေတြကေန လုပ္ကိုင္ရတဲ့ အလုပ္ေတြ အပါအ၀င္ တျခားလုပ္ငန္းေတြကိုေတာ့ ကာကြယ္ေရးအစီအစဥ္ေတြနဲ ့လုပ္ကိုင္ၾကရမွာျဖစ္ပါတယ္။
ဂ်ပန္နိုင္ငံရဲ႕ ၿမိဳ ့ျပေဒသ ၆ ခုကိုလည္း ၿပီးခဲ့တဲ့ လ ကုန္ပိုင္းက အလားတူပဲ အေရးေပၚအေျခအေန ရုပ္သိမ္းေပးခဲ့ပါတယ္။
အခုဆို တိုက်ိဴနဲ ့ပတ္၀န္းက်င္ေဒသံုးခုရဲ့ စားေသာက္ဆိုင္ေတြကို မတ္လကုန္ပိုင္းအထိ ည ၉ နာရီမွာ ပိတ္သိမ္းၾကရမွာျဖစ္ပါတယ္။ ဂ်ပန္ႏိုင္ငံမွာ COVID-19 ကူးစပ္သူ ၄ သိန္းခြဲနဲ ့ေသဆံုးသူ ၈၇၀၀ ရွိတယ္လို ့ Johns Hopkins University ရဲ႕ မွတ္တမ္းေတြအရ သိရပါတယ္။
...........
ကိုဗစ် အရေးပေါ် အခြေအနေ ဂျပန် ရုပ်သိမ်းပြီ
(Unicode)
ကူးစက်မှုတွေလျော့ကျလာတာကြောင့် လပေါင်းများစွာ ရှည်ကြာခဲ့တဲ့ COVID-19 အရေးပေါ်အခြေအနေကို တနင်္လာနေ့က ရုပ်သိမ်းလိုက်ကြောင်း ဂျပန်ဝန်ကြီးချုပ် Yoshihide Suga က ကြာသပတေးနေ့က ကြေညာလိုက်ပါတယ်။
သတင်းစာရှင်းလင်းပွဲတခုမှာ Suga က သတင်းထောက်တွေကို ပြောကြားရာမှာတော့ တိုကျိူနဲ့အနီးဝန်းကျင် ဒေသသုံးခုမှာ ဇန်နဝါရီလကတည်းက ကူးစက်သူအရေအတွက် ၈၀ ရာခိုင်နှုန်းကျော် ကျဆင်းလာတယ်လို့ဆိုပါတယ်။ တချိန်က တိုကျိူမှာ လူနာသစ်တနေ့ကို ၂၅၂၀ လောက်ရှိပေမယ့် ဒီကြာသပတေးနေ့မှာတော့ ၃၂၃ ယောက်ပဲ ရှိတော့တယ်လို့ဆိုပါတယ်။
စံအဖြစ် လူနာသစ် ၅၀၀ ဝန်းကျင်ရှိလျှင် အရေးပေါ်အခြေအနေကို ရုပ်သိမ်းပေးမှာဖြစ်ပြီး တိုကျိုမြို့ဟာ ရက်ပေါင်းလေးဆယ် ဆက်တိုက် အဲဒီအောက်မှာပဲ ကူးစက်မှုရှိခဲ့တယ်လို့ဆိုပါတယ်။
အရေးပေါ်အခြေအနေက အခြေခံအားဖြင့် အရက်ဘားတွေ၊ စားသောက်ဆိုင်တွေကို ည ၈ နာရီ ပိတ်သိမ်းရမယ်ဆိုပြီး သက်ရောက်မှုရှိခဲ့တာပါ။ နေအိမ်တွေကနေ လုပ်ကိုင်ရတဲ့ အလုပ်တွေ အပါအဝင် တခြားလုပ်ငန်းတွေကိုတော့ ကာကွယ်ရေးအစီအစဉ်တွေနဲ့လုပ်ကိုင်ကြရမှာဖြစ်ပါတယ်။
ဂျပန်နိုင်ငံရဲ့ မြို့ပြဒေသ ၆ ခုကိုလည်း ပြီးခဲ့တဲ့ လ ကုန်ပိုင်းက အလားတူပဲ အရေးပေါ်အခြေအနေ ရုပ်သိမ်းပေးခဲ့ပါတယ်။
အခုဆို တိုကျိူနဲ့ပတ်ဝန်းကျင်ဒေသုံးခုရဲ့ စားသောက်ဆိုင်တွေကို မတ်လကုန်ပိုင်းအထိ ည ၉ နာရီမှာ ပိတ်သိမ်းကြရမှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ COVID-19 ကူးစပ်သူ ၄ သိန်းခွဲနဲ့သေဆုံးသူ ၈၇၀၀ ရှိတယ်လို့ Johns Hopkins University ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။