သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ကူးစက္မႈ ကာကြယ္ေရး ဂ်ပန္နဲ႔ ဖိလစ္ပိုင္ ႏုိင္ငံျခားသားဝင္ေရာက္မႈ တားျမစ္မည္


ဂ်ပန္ႏုိင္ငံ တုိက်ဳိၿမိဳ႕က ေဈးတန္းတခုမွာ ႏွာေခါင္းစည္းတပ္ သြားလာေနၾကသူမ်ား။ (ႏုိဝင္ဘာ ၂၄၊ ၂၀၂၀)

(Zawgyi / Unicode)

ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈ စိုးရိမ္ခ်က္ေၾကာင့္ ႏုိင္ငံျခားသား ဝင္ေရာက္မႈကို တားျမစ္မယ့္အေၾကာင္း ဂ်ပန္နဲ႔ ဖိလစ္ပိုင္တို႔က စေနေန႔မွာ အသီးသီး ေျပာဆိုထားပါတယ္။

ဂ်ပန္မွာ အၿမဲတမ္းေနထိုင္သူ မဟုတ္တဲ့ ႏုိင္ငံျခားသား ဝင္ေရာက္မႈကို လာမယ့္ တနလၤာေန႔ကစလို႔ ဇန္နဝါရီလ ေႏွာင္းပိုင္းထိ ႏုိင္ငံတြင္းဝင္ေရာက္ခြင့္ ပိတ္ပင္မယ့္အေၾကာင္း စေနေန႔မွာပဲ အစိုးရက ေျပာဆိုထားပါတယ္။

မ်ိဳးဗီဇေျပာင္း ကို႐ုိနာဗိုင္းရပ္စ္ပိုးသစ္ ကူးစက္သူတဦး ဂ်ပန္ႏုိင္ငံမွာ ပထမဆံုး ေတြ႔ရွိခဲ့တာနဲ႔အတူပဲ အခုကန္႔သတ္ခ်က္ ထြက္လာတာပါ။ ဂ်ပန္ခရီးသြားေတြ၊ ေနာက္ မ်ိဳးဗီဇေျပာင္း ကို႐ုိနာဗိုင္းရပ္စ္သစ္ ကူးစက္ျဖစ္ပြားတဲ့ ႏုိင္ငံေတြက ႏုိင္ငံျခားသားေတြအေနနဲ႔ ဂ်ပန္ကိုမလာခင္ ၇၂ နာရီအတြင္း ကို႐ုိနာဗိုင္းရပ္စ္ စစ္ေဆးဖို႔ လိုအပ္ၿပီး ဂ်ပန္ကို ေရာက္လာရင္လည္း တခါျပန္လည္စစ္ေဆးမႈ ခံယူရမွာ ျဖစ္ပါတယ္။

ၿဗိတိန္မွာ စၿပီးေတြ႔တဲ့ ကူးစက္မႈႏႈန္း ပိုၿပီးျမန္တဲ့ မ်ိဳးဗီဇေျပာင္း ကို႐ုိနာဗိုင္းရပ္စ္သစ္ ကူးစက္မႈေတြေၾကာင့္ ၿဗိတိန္က ေလယာဥ္ခရီးစဥ္ေတြ ဖိလစ္ပိုင္ ဝင္ေရာက္မႈကို ေနာက္လ ဇန္နဝါရီလလယ္အထိ တိုးျမႇင့္ကန္႔သတ္ပိတ္ပင္ဖို႔ စေနေန႔က အတည္ျပဳလိုက္ပါတယ္။

ဖိလစ္ပိုင္မွာ လာမယ့္ေမလအတြင္း COVID-19 ကာကြယ္ေဆး ပထမဆံုး စၿပီး ရမယ့္အခ်ိန္ မတိုင္ခင္ ဗိုင္းရပ္စ္ကူးစက္မႈေတြ ေလွ်ာ့ခ်ႏုိင္ေရးအတြက္ ဒုတိယေျမာက္ အသြားအလာ ပိတ္ပင္ကန္႔သတ္မႈ ခ်မွတ္ေရး သမၼတ Rodrigo Duterte ကလည္း သတိေပးထားပါတယ္။

ကူးစက္ျမန္ မ်ိဳးဗီဇေျပာင္း ကို႐ုိနာဗိုင္းရပ္စ္သစ္ ကူးစက္မႈေတြ ပိုမ်ားလာတဲ့ ၿဗိတိန္နဲ႔ ေတာင္အာဖရိကက ေလယာဥ္ခရီးစဥ္ေတြကို ႏုိင္ငံအေတာ္မ်ားမ်ားက ပိတ္ပင္ထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ကိုဗစ်ကူးစက်မှု ကာကွယ်ရေး ဂျပန်နဲ့ ဖိလစ်ပိုင် နိုင်ငံခြားသားဝင်ရောက်မှု တားမြစ်မည်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု စိုးရိမ်ချက်ကြောင့် နိုင်ငံခြားသား ဝင်ရောက်မှုကို တားမြစ်မယ့်အကြောင်း ဂျပန်နဲ့ ဖိလစ်ပိုင်တို့က စနေနေ့မှာ အသီးသီး ပြောဆိုထားပါတယ်။

ဂျပန်မှာ အမြဲတမ်းနေထိုင်သူ မဟုတ်တဲ့ နိုင်ငံခြားသား ဝင်ရောက်မှုကို လာမယ့် တနင်္လာနေ့ကစလို့ ဇန်နဝါရီလ နှောင်းပိုင်းထိ နိုင်ငံတွင်းဝင်ရောက်ခွင့် ပိတ်ပင်မယ့်အကြောင်း စနေနေ့မှာပဲ အစိုးရက ပြောဆိုထားပါတယ်။

မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် ကူးစက်သူတဦး ဂျပန်နိုင်ငံမှာ ပထမဆုံး တွေ့ရှိခဲ့တာနဲ့အတူပဲ အခုကန့်သတ်ချက် ထွက်လာတာပါ။ ဂျပန်ခရီးသွားတွေ၊ နောက် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ဖြစ်ပွားတဲ့ နိုင်ငံတွေက နိုင်ငံခြားသားတွေအနေနဲ့ ဂျပန်ကိုမလာခင် ၇၂ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးဖို့ လိုအပ်ပြီး ဂျပန်ကို ရောက်လာရင်လည်း တခါပြန်လည်စစ်ဆေးမှု ခံယူရမှာ ဖြစ်ပါတယ်။

ဗြိတိန်မှာ စပြီးတွေ့တဲ့ ကူးစက်မှုနှုန်း ပိုပြီးမြန်တဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်မှုတွေကြောင့် ဗြိတိန်က လေယာဉ်ခရီးစဉ်တွေ ဖိလစ်ပိုင် ဝင်ရောက်မှုကို နောက်လ ဇန်နဝါရီလလယ်အထိ တိုးမြှင့်ကန့်သတ်ပိတ်ပင်ဖို့ စနေနေ့က အတည်ပြုလိုက်ပါတယ်။

ဖိလစ်ပိုင်မှာ လာမယ့်မေလအတွင်း COVID-19 ကာကွယ်ဆေး ပထမဆုံး စပြီး ရမယ့်အချိန် မတိုင်ခင် ဗိုင်းရပ်စ်ကူးစက်မှုတွေ လျှော့ချနိုင်ရေးအတွက် ဒုတိယမြောက် အသွားအလာ ပိတ်ပင်ကန့်သတ်မှု ချမှတ်ရေး သမ္မတ Rodrigo Duterte ကလည်း သတိပေးထားပါတယ်။

ကူးစက်မြန် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်မှုတွေ ပိုများလာတဲ့ ဗြိတိန်နဲ့ တောင်အာဖရိကက လေယာဉ်ခရီးစဉ်တွေကို နိုင်ငံအတော်များများက ပိတ်ပင်ထားကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG