သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တုိက်ဳိအုိလံပစ္အားကစားပဲြေတြမွာ ျပည္ပပရိတ္သတ္ေတြ လာေရာက္ၾကည့္႐ႈခြင့္ပိတ္မည္


တုိက်ဳိၿမဳိ႕ရွိ အိုလံပစ္ျပတိုက္ March 19, 2021. (AP Photo/Hiro Komae)

[ Zawgyi / Unicode ]

က်င္းပမယ့္ ရက္ ေရႊ႕ဆိုင္းခဲ႔ရတဲ႔ ၂၀၂၀ အိုလံပစ္ အားကစားပြဲေတာ္ေတြကို လာမယ့္ ဇူလိုင္လမွာ က်င္းပခ်ိန္မွာ အားကစား ပရိတ္သတ္ အမ်ားစုကို လာေရာက္ ၾကည့္ရႈခြင့္ ပိတ္ပင္မယ့္ အေၾကာင္း အားကစားပြဲေတာ္ စီစဥ္သူေတြနဲ႔ ႏိုင္ငံတကာ အုိလံပစ္ ေကာ္မတီ IOC တို႔က စေနေန႔မွာ ေၾကညာလိုက္ပါတယ္။ IOC ၊ အားကစားပြဲ စီစဥ္သူေတြ၊ ဂ်ပန္ အစိုးရ၊ တိုက်ိဳ အုပ္ခ်ဳပ္ေရး အဖြဲ႔နဲ႔ ႏုိင္ငံတကာ မသန္စြမ္း အားကစား ေကာ္မတီ တို႔ ေတြ႔ဆံုေဆြးေႏြးၿပီးေနာက္မွာ ေႏြရာသီ အားကစားပြဲေတြမွာ ျပည္ပက ပရိတ္သတ္ေတြကို လာေရာက္ ၾကည့္ရႈခြင့္ တားျမစ္မယ့္ အေၾကာင္း တာ၀န္ရွိသူေတြက ေၾကညာခဲ႔တာပါ။

အားကစားပြဲမွာ ပါ၀င္မယ့္သူေတြ အားလံုးရဲ႕ ေဘးကင္းလံုၿခံဳေရး အတြက္ ေဆာင္ရြက္ဖို႔ လိုအပ္တာေၾကာင့္ တိုက်ိဳ ၂၀၂၀ အိုလံပစ္နဲ႔ Paralympic အားကစားပြဲေတြမွာ ျပည္ပက အာကစား ပရိတ္သတ္ကို လာေရာက္ခြင့္ မေပးေရး ဆံုးျဖတ္ခ်က္ကို လက္ခံခဲ႔တာ ျဖစ္ေၾကာင္းနဲ႔ အားကစားပြဲ အတြက္ လက္မွတ္ ၀ယ္ထားသူ အားလံုးကို ေငြျပန္ အမ္းေပးမွာ ျဖစ္ေၾကာင္း ႏုိင္ငံတကာ အိုလံပစ္ ေကာ္မတီ အႀကီးအကဲ Thomas Bach က စေနေန႔မွာ ေျပာဆိုခဲ႔တာပါ။

COVID-19 ေရာဂါ မျဖစ္ခင္ လြန္ခဲ႔တဲ႔ တႏွစ္ေက်ာ္ အိုလံပစ္ ပြဲေတာ္ကို ရက္မေရႊ႕ခင္ကေတာ့ တိုက်ိဳ အိုလံပစ္ ပြဲေတာ္အတြက္ လက္မွတ္ ၇ သန္း ၈ သိန္းေက်ာ္ ေရာင္းခ်မယ့္ အေၾကာင္း စီစဥ္သူေတြက ေျပာဆိုခဲ႔တာပါ။ တိုက်ိဳ အိုလံပစ္ ပြဲေတာ္ကိုေတာ့ ဇူလိုင္ ၂၃ ရက္ကေန ၾသဂုတ္ ၈ ရက္ေန႔ အထိ က်င္းပဖို႔ စီစဥ္ထားၿပီး Paralympics - မသန္စြမ္းအားကစားပြဲေတြကိုေတာ့ ၾသဂုတ္ ၂၄ ရက္ကေန စက္တင္ဘာ ၅ ရက္ေန႔ အထိ က်င္းပမွာ ျဖစ္ပါတယ္။

[ Unicode ]

တိုကျိုအိုလံပစ်အားကစားပွဲတွေမှာ ပြည်ပပရိတ်သတ်တွေ လာရောက်ကြည့်ရှုခွင့်ပိတ်မည်

ကျင်းပမယ့် ရက် ရွှေ့ဆိုင်းခဲ့ရတဲ့ ၂၀၂၀ အိုလံပစ် အားကစားပွဲတော်တွေကို လာမယ့် ဇူလိုင်လမှာ ကျင်းပချိန်မှာ အားကစား ပရိတ်သတ် အများစုကို လာရောက် ကြည့်ရှုခွင့် ပိတ်ပင်မယ့် အကြောင်း အားကစားပွဲတော် စီစဉ်သူတွေနဲ့ နိုင်ငံတကာ အိုလံပစ် ကော်မတီ IOC တို့က စနေနေ့မှာ ကြေညာလိုက်ပါတယ်။ IOC ၊ အားကစားပွဲ စီစဉ်သူတွေ၊ ဂျပန် အစိုးရ၊ တိုကျို အုပ်ချုပ်ရေး အဖွဲ့နဲ့ နိုင်ငံတကာ မသန်စွမ်း အားကစား ကော်မတီ တို့ တွေ့ဆုံဆွေးနွေးပြီးနောက်မှာ နွေရာသီ အားကစားပွဲတွေမှာ ပြည်ပက ပရိတ်သတ်တွေကို လာရောက် ကြည့်ရှုခွင့် တားမြစ်မယ့် အကြောင်း တာဝန်ရှိသူတွေက ကြေညာခဲ့တာပါ။

အားကစားပွဲမှာ ပါဝင်မယ့်သူတွေ အားလုံးရဲ့ ဘေးကင်းလုံခြုံရေး အတွက် ဆောင်ရွက်ဖို့ လိုအပ်တာကြောင့် တိုကျို ၂၀၂၀ အိုလံပစ်နဲ့ Paralympic အားကစားပွဲတွေမှာ ပြည်ပက အာကစား ပရိတ်သတ်ကို လာရောက်ခွင့် မပေးရေး ဆုံးဖြတ်ချက်ကို လက်ခံခဲ့တာ ဖြစ်ကြောင်းနဲ့ အားကစားပွဲ အတွက် လက်မှတ် ဝယ်ထားသူ အားလုံးကို ငွေပြန် အမ်းပေးမှာ ဖြစ်ကြောင်း နိုင်ငံတကာ အိုလံပစ် ကော်မတီ အကြီးအကဲ Thomas Bach က စနေနေ့မှာ ပြောဆိုခဲ့တာပါ။

COVID-19 ရောဂါ မဖြစ်ခင် လွန်ခဲ့တဲ့ တနှစ်ကျော် အိုလံပစ် ပွဲတော်ကို ရက်မရွှေ့ခင်ကတော့ တိုကျို အိုလံပစ် ပွဲတော် အတွက် လက်မှတ် ၇ သန်း ၈ သိန်းကျော် ရောင်းချမယ့် အကြောင်း စီစဉ်သူတွေက ပြောဆိုခဲ့တာပါ။ တိုကျို အိုလံပစ် ပွဲတော်ကိုတော့ ဇူလိုင် ၂၃ ရက်ကနေ သြဂုတ် ၈ ရက်နေ့ အထိ ကျင်းပဖို့ စီစဉ်ထားပြီး Paralympics - မသန်စွမ်းအားကစားပွဲတွေကိုတော့ သြဂုတ် ၂၄ ရက်ကနေ စက်တင်ဘာ ၅ ရက်နေ့ အထိ ကျင်းပမှာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG