သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကပ်ဘေးကြောင့် TB အဆုတ်ရောဂါကူးစက်မှု မြင့်မားလာတဲ့ အထဲ မြန်မာပါဝင်


မှတ်တမ်းဓါတ်ပုံ - ၂၀၁၇ ခုနှစ်တုန်းက အင်စိန်ဆေးခန်းတွင် TB အဆုတ်ရောဂါ လူနာကို ပြုစုနေစဉ်
မှတ်တမ်းဓါတ်ပုံ - ၂၀၁၇ ခုနှစ်တုန်းက အင်စိန်ဆေးခန်းတွင် TB အဆုတ်ရောဂါ လူနာကို ပြုစုနေစဉ်

(Zawgyi/Unicode)

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ကမ္ဘာလုံးဆိုင်ရာ TB အဆုတ်ရောဂါတိုက်ဖျက်ရေးအောင်မြင်မှုတွေ ၁၀ စုနှစ် တစုကျော် နောက်ကျသွားခဲ့ရတယ်လို့ လာမယ့် မတ်လ ၂၄ မှာ ကျရောက်မယ့် ကမ္ဘာ့ TB အဆုတ်ရောဂါတိုက်ဖျက်ရေးနေ့မတိုင်မီ ဆရာဝန်တွေက သတိပေးလိုက်ပါတယ်။

“ကာကွယ်ကုသ နိုင်ပေမယ့်လည်း TB အဆုတ်ရောဂါဟာ ကမ္ဘာပေါ်မှာ သေဆုံးမှု အများဆုံး ကူးစက်ရောဂါဖြစ်နေပြီး နှစ်စဉ် လူ ၁.၅ သန်းသေဆုံးရတာမို့လူ ၂ သိန်းခွဲလောက် နှစ်စဉ်သေဆုံးရတဲ့ ခုခံအားကျဆင်းမှုရောဂါ AIDS ထက်ပိုပြီး သေဆုံးမှုများပါတယ်” လို့ UNITAID အဖွဲ့ရဲ့ ပြောခွင့်ရ Herve Verhoosel က ပြောသွားတာပါ။

နိင်ငံ ၉ ခုမှာ တခုဟာ TB ပျံ့နှံ့မှု မြင့်မားနေတာဖြစ်ပြီး Bangladesh, India, Indonesia, Myanmar, Pakistan, Philippines, South Africa, Tajikistan နဲ့ Ukraine နိုင်ငံတွေမှာ ရောဂါ တွေ့ရှိကုသမှု ပျမ်းမျှ ၂၃ ရာခိုင်နှုန်းရှိနေတယ်လို့ ဂျီနီဗာ အခြေစိုက် Stop TB Partnership အဖွဲ့ရဲ့ လေ့လာတွေ့ရှိချက် အရ ဆိုပါတယ်။

“ပထဝီဒေသအားဖြင့် အရှေ့တောင်အာရှဒေသမှာ TB အဆုတ်ရောဂါကူးစက်သူ ၄၄ ရာခိုင်နှုန်းရှိပြီး အာဖရိက က ၂၅ ရာခိုင်နှုန်းနဲ့ပစိဖိတ်အနောက်ဘက်ခြမ်းက ၁၈ ရာနှုန်းရှိနေပါတယ်။”

လို့လည်း UNITAID အဖွဲ့ရဲ့ ပြောခွင့်ရ Herve Verhoosel က ပြောပါတယ်။

ကမ္ဘာ့ TB အဆုတ် ရောဂါတိုက်ဖျက်ရေးနေ ့ကို ဂျာမန်သိပ္ပံပညာရှင် Robert Koch က ရောဂါဖြစ်ပွားစေခဲ့တဲ့ ဗိုင်းရပ်စ်ပိုးကို စတင်တွေ့ရှိကြောင်းကြေညာတဲ့ ၁၈၈၂ မတ်လ ၂၄ ကို သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ TB အဆုတ်ရောဂါဟာ ခုချိန်ထိ ကမ္ဘာ့ သေဆုံးမှုအများဆုံး ကူးစက်ရောဂါတခုအဖြစ် ဦးဆောင်နေဆဲဖြစ်ပါတယ်။ TB အဆုတ် ရောဂါကို ကုသဖို့ဆေးတမျိူးတည်းသာရှိပြီး အရွယ်ရောက်ပြီးသူတွေအတွက် ဒီဆေးရဲ့ အာနိသင်ဟာ အကန့်အသတ်ရှိနေပါတယ်။

ကမ္ဘာတဝှမ်း ၂၀၁၉ ခုနှစ်မှာ လူ ၁.၄ သန်း TB အဆုတ် ရောဂါနဲ့သေဆုံးခဲ့ပါတယ်။ TB လူနာတွေအတွက် အသုံးပြုတဲ့ ဆေးရုံခန်းတွေဟာလည်း ကိုဗစ်အရေးပေါ်လူနာဆောင်တွေအဖြစ် ချက်ချင်းပြောင်းလဲခဲ့ရပြီး အသွားအလာကန့်သတ်မှု ချမှတ်ထားတာကြောင့် TB စမ်းသပ်စစ်ဆေးခြင်းနဲ့ကုသခြင်းတွေအပေါ် လွန်စွာထိခိုက်ခဲ့ရတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


..............


(Unicode)








XS
SM
MD
LG