သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ထိုးဆေး ပြည်ပတင်ပို့မှု EU ထိန်းချုပ်မည်


(Zawgyi/Unicode)

ဥရောပတိုက်အတွင်း ကိုဗစ်ကပ်ဘေး ပိုမိုဆိုးဝါးလာပြီး ကာကွယ်ဆေးပြတ်လပ်လာနေတာကြောင့် ဥရောပသမဂ္ဂ EU အနေနဲ့ကာကွယ်ဆေးတင်ပို့မှုကို အသေအချာထိန်းချုပ်မယ်လို့ ဗုဒ္ဓဟူးနေ့မှာ ကြေညာပါတယ်။

နိုင်ငံခြားကို မတင်ပို့ခင် နိုင်ငံသားတွေအတွက် ဥရောပမှာ ကာကွယ်ဆေး ပိုမိုထုတ်လုပ်ဖို့ အာမခံတဲ့ စီမံကိန်းရေးဆွဲထားတယ်လို့Brussels မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဥရောပကော်မရှင်ရဲ့ ဒုဥက္ကဌ Valdis Dombrovskis ပြောဆိုသွားပါတယ်။

ဒီမူဝါဒသစ်မှာ အချိုးကျနဲ့အပြန်အလှန်ရှိမှုအပေါ်မူတည်ပြီး နိုင်ငံခြား တင်ပို့ခွင့် လိုင်စင်ချထားပေးမှာ ဖြစ်ပါတယ်။ အဲဒီအခြေခံတွေထဲမှာ ရောဂါကူးစက်မှုအခြေအနေ၊ ကာကွယ်ဆေး ထုတ်လုပ်မှုနှုန်း နဲ့တင်ပို့မယ့်တိုင်းပြည်တွေမှာ ကာကွယ်ဆေး ရပိုင်ခွင့်တွေ ပါဝင်ပါတယ်။

EU ရဲ့ ကာကွယ်ဆေးတင်ပို့မှုဟာ တင်သွင်းတာထက်များနေတယ်ဆိုတဲ့ ဥရောပ ကော်မရှင် ဥက္ကဌ Ursula Von der Leyen က ပြီးခဲ့တဲ့ အပတ်ထဲ သူမရဲ့ စိတ်ပျက်လက်ပျက်ဖြစ်မှုကို ပြသပြီးနောက် အခုလို စီမံကိန်း ဖြစ်လာတာဖြစ်ပါတယ်။

အထူးသဖြင့် ဗြိတိန်နိုင်ငံဟာ ဥရောပလုပ်ကာကွယ်ဆေး ၁၀ သန်း ကို ရရှိပြီး ဥရောပအနေနဲ့ဘာဆေးမှ ပြန်မရဘူးလို့လည်း ဆိုပါတယ်။

EU ကျန်းမာရေး ကော်မရှင်နာမင်းကြီး Stella Kyriakides ကလည်း ဒီမူဝါဒသစ်ဟာ ဘယ်သူ့ကိုမှ ပြစ်ဒဏ်ပေးတာမျိူးမဟုတ်ပဲ ဥရောပတလွှား COVID-19 ကူးစက်သေဆုံးမှု ဆက်ပြီး မြင့်တက်နေတာကြောင့်လို့ အခိုင်အမာပြောပါတယ်။

ယခုအခါ ကမ္ဘာတလွှား COVID-19 ကူးစက်သူ ၁၂၄ သန်းကျော်ရှိပြီး ၂.၇ သန်းကျော် သေဆုံးခဲ့ရပြီ ဖြစ်တယ်လို့ အမေရိကန်အခြေစိုက် Johns Hopkins ရဲ့ သုတေသနဌာက ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ သေဆုံးသူ ၅ သိန်းခွဲ ၊ ကူးစက်သူ သန်း ၃၀ နီးပါး နဲ့ဦးဆောင်လျက်ရှိပါတယ်။

ကိုဗစ်ထိုးဆေး ပြည်ပတင်ပို့မှု EU ထိန်းချုပ်မည်
please wait

No media source currently available

0:00 0:01:25 0:00
တိုက်ရိုက် လင့်ခ်


.............


(Unicode)








XS
SM
MD
LG