သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယမှာ ကိုဗစ်ကူးစက်ခံရသူ တနေ့ထဲ ရှစ်သောင်းကျော်ဖြစ်သွား


(Zawgyi/Unicode)

အိန္ဒိယနိုင်ငံမှာ COVID-19 အကူးစက်ခံရသူဟာ သောကြာနေ့တနေ့ ထဲမှာတင် ၈၁,၀၀၀ ကျော်ရှိနေတယ်လို့ အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒါဟာ ၆ လအတွင်း တရက်ထည်း အကူးစက်ခံရသူ အများဆုံးစံတင်သွားတာ ဖြစ်ပြီး အကူးစက်ခံရသူ အားလုံးရဲ့ ထက်ဝက်ကျော်ဟာ အိန္ဒိယအနောက်ပိုင်းက Maharashtra ထဲက ဖြစ်ပါတယ်။

Johns Hopkins တက္ကသိုလ်က ကောက်ယူတဲ့ စစ်တမ်းအရ သောကြာနေ့ အထိ အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် အကူးစက်ခံရသူ ၁၂.၃ သန်းကျော်ရှိပြီး သေဆုံးရသူက တသိန်း ၆ သောင်းကျော် ရှိပါတယ်။ ကမ္ဘာတလွှား ဒီရောဂါအကူးစက်ခံရသူ သန်းပေါင်း ၁၃၀ နီးပါး ရှိနေပြီဖြစ်ပြီး သေဆုံးရသူက ၃ သန်းနီးပါးရှိနေတာပါ။

အမေရိကန်နိုင်ငံဟာ ကမ္ဘာမှာ ကူးစက်မှု အများဆုံးဖြစ်ပြီး အကူးစက်ခံရသူ သန်း ၃၀ ကျော်နဲ့ သေဆုံးရသူ ၅ သိန်းခွဲကျော်နေပါပြီ။

ဥရောပဒေသမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတိုးလာနေသလို ကူးစက်မြန် ဗီဇပြောင်း ပိုးသစ်တွေရဲ့ အန္တရာယ်နဲ့ ပါရင်ဆိုင်နေရပေမယ် COVID 19 ကာကွယ်ဆေးထိုးနှံမှုဟာ လက်မခံနိုင်စရာ သိပ်နှေးကွေးနေတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ဝေဖန်လိုက်ပါတယ်။

ဥရောပဒေသမှာ ၂ ခါထိုးနှံရတဲ့ COVDI 19 ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူဟာ ၁၀ % တောင် မရှိပဲ ၂ ကြိမ်စလုံးထိုးပြီးသူက ၄ % ပဲ ရှိသေးတယ်လို့ WHO ရဲ့ဥရောပဆိုင်ရာ အကြီးအကဲ Dr. Hans Kluge ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်


..........

အိန်ဒိယမှာ ကိုဗဈကူးစကျခံရသူ တနေ့ထဲ ရှဈသောငျးကြောျဖွဈသှား

(Unicode)






XS
SM
MD
LG