သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္သတင္းမွားေဖာ္ျပတဲ့ ဗင္နီဇဲြလားသမၼတ Facebook စာမ်က္ႏွာ ကန္႔သတ္ခံရ


ဗင္နီဇြဲလားသမၼတ Nicolas Maduro. (ႏုိဝင္ဘာ ၁၅၊ ၂၀၂၀)

(Zawgyi / Unicode)

COVID-19 ကပ္ေရာဂါနဲ႔ ပတ္သက္ၿပီး လြဲမွားတဲ့ သတင္းအခ်က္အလက္ေတြ ေဖာ္ျပထားတာေၾကာင့္ ဗင္နီဇြဲလားသမၼတ Nicolas Maduro ရဲ႕ Facebook စာမ်က္ႏွာကို ရက္ ၃၀ ယာယီပိတ္ထားတယ္လို႔ Facebook ေျပာခြင့္ရက ေျပာပါတယ္။

ေဆးဘက္ဝင္ အပင္တမ်ိဳးျဖစ္တဲ့ စမုန္ျဖဴနဲ႔ ေဖာ္စပ္ထားတဲ့ Carvativir ေဖ်ာ္ရည္ကို ကို႐ိုနာဗိုင္းရပ္စ္ ကုသဖို႔အတြက္ ေသာက္သုံးႏိုင္ေၾကာင္း ေျပာထားတဲ့ ဗီြဒီယိုတခုကို သမၼတ Maduro ရဲ႕ Facebook စာမ်က္ႏွာမွာ ေဖာ္ျပခဲ့တာပါ။

ေဆးပညာအရ ခိုင္လုံတဲ့ သက္ေသအေထာက္အထား မျပႏိုင္ဘဲ အခုလို Facebook စာမ်က္ႏွာမွာ တင္ခဲ့တဲ့အတြက္ သမၼတ Maduro ရဲ႕ Facebook ကို ပိတ္ထားတာျဖစ္တယ္လို႔ Facebook ေျပာခြင့္ရက ႐ိုက္တာသတင္းကို ေျပာပါတယ္။

ဒီေဖ်ာ္ရည္က ေဘးထြက္ဆိုးက်ိဳး တစုံတရာမရွိဘဲ ကို႐ိုနာဗိုင္းရပ္ကို ေပ်ာက္ကင္းေစတဲ့ အံ့ဖြယ္ေဆးျဖစ္တယ္လို႔ သမၼတ Maduro က ေဖာ္ျပခဲ့တာပါ။

ကို႐ိုနာဗိုင္းရပ္စ္ကို ကုသေပ်ာက္ကင္းတဲ့ေဆး မရွိေသးေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႔ (WHO) က ေျပာထားတဲ့အတိုင္း Facebook ကုမၸဏီအေနနဲ႔ ကမာၻ႔က်န္းမာေရးအဖြဲ႔ (WHO) ရဲ႕ လမ္းၫႊန္ခ်က္ေတြအတိုင္း လိုက္နာေနတာျဖစ္တယ္လို႔ ေျပာခြင့္ရက ႐ိုက္တာကို ေျပာပါတယ္။

အခု သမၼတ Maduro ရဲ႕ Facebook စာမ်က္ႏွာကို အကန္႔အသတ္နဲ႔ပဲ တင္ခြင့္ျပဳေတာ့မွာ ျဖစ္တယ္လို႔လည္း Facebook ကေျပာပါတယ္။ သမၼတ Maduro က Facebook မူဝါဒေတြကို အႀကိမ္ႀကိမ္ခ်ိဳးေဖာက္ခဲ့တာျဖစ္လို႔ သူ႔စာမ်က္ႏွာကို ရက္ ၃၀ ထိန္းခ်ဳပ္ထားမယ္လို႔ ကုမၸဏီေျပာခြင့္ရက ေျပာပါတယ္။

ဘရာဇီးႏုိင္ငံမွာလည္း မေန႔ကတရက္တည္း ကိုဗစ္ေၾကာင့္ ေသဆုံးသူ ၂,၄၀၀ နီးပါး ရွိတယ္လို႔ Johns Hopkins တကၠသိုလ္ သုေတသနစင္တာ စာရင္းေတြက ေဖာ္ျပပါတယ္။

တကမာၻလုံး အတိုင္းအတာနဲ႔ အခုထိ COVID-19 ကူးစက္သူ ၁၂၆ သန္းေက်ာ္ ရွိပါတယ္။ အေမရိကန္ႏိုင္ငံက ကူးစက္သူ ၃၀.၂ သန္းနဲ႔ ကူးစက္မႈႏႈန္း အမ်ားဆုံးျဖစ္ၿပီး ဘရာဇီးက ၁၂.၅ သန္းနဲ႔ အိႏၵိယမွာ ကူးစက္သူ ၁၂ သန္းရွိတယ္လို႔ Johns Hopkins တကၠသိုလ္ စာရင္းေတြမွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

ကိုဗစ်သတင်းမှားဖော်ပြတဲ့ ဗင်နီဇွဲလားသမ္မတ Facebook စာမျက်နှာ ကန့်သတ်ခံရ

COVID-19 ကပ်ရောဂါနဲ့ ပတ်သက်ပြီး လွဲမှားတဲ့ သတင်းအချက်အလက်တွေ ဖော်ပြထားတာကြောင့် ဗင်နီဇွဲလားသမ္မတ Nicolas Maduro ရဲ့ Facebook စာမျက်နှာကို ရက် ၃၀ ယာယီပိတ်ထားတယ်လို့ Facebook ပြောခွင့်ရက ပြောပါတယ်။

ဆေးဘက်ဝင် အပင်တမျိုးဖြစ်တဲ့ စမုန်ဖြူနဲ့ ဖော်စပ်ထားတဲ့ Carvativir ဖျော်ရည်ကို ကိုရိုနာဗိုင်းရပ်စ် ကုသဖို့အတွက် သောက်သုံးနိုင်ကြောင်း ပြောထားတဲ့ ဗွီဒီယိုတခုကို သမ္မတ Maduro ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြခဲ့တာပါ။

ဆေးပညာအရ ခိုင်လုံတဲ့ သက်သေအထောက်အထား မပြနိုင်ဘဲ အခုလို Facebook စာမျက်နှာမှာ တင်ခဲ့တဲ့အတွက် သမ္မတ Maduro ရဲ့ Facebook ကို ပိတ်ထားတာဖြစ်တယ်လို့ Facebook ပြောခွင့်ရက ရိုက်တာသတင်းကို ပြောပါတယ်။

ဒီဖျော်ရည်က ဘေးထွက်ဆိုးကျိုး တစုံတရာမရှိဘဲ ကိုရိုနာဗိုင်းရပ်ကို ပျောက်ကင်းစေတဲ့ အံ့ဖွယ်ဆေးဖြစ်တယ်လို့ သမ္မတ Maduro က ဖော်ပြခဲ့တာပါ။

ကိုရိုနာဗိုင်းရပ်စ်ကို ကုသပျောက်ကင်းတဲ့ဆေး မရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောထားတဲ့အတိုင်း Facebook ကုမ္ပဏီအနေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ လမ်းညွှန်ချက်တွေအတိုင်း လိုက်နာနေတာဖြစ်တယ်လို့ ပြောခွင့်ရက ရိုက်တာကို ပြောပါတယ်။

အခု သမ္မတ Maduro ရဲ့ Facebook စာမျက်နှာကို အကန့်အသတ်နဲ့ပဲ တင်ခွင့်ပြုတော့မှာ ဖြစ်တယ်လို့လည်း Facebook ကပြောပါတယ်။ သမ္မတ Maduro က Facebook မူဝါဒတွေကို အကြိမ်ကြိမ်ချိုးဖောက်ခဲ့တာဖြစ်လို့ သူ့စာမျက်နှာကို ရက် ၃၀ ထိန်းချုပ်ထားမယ်လို့ ကုမ္ပဏီပြောခွင့်ရက ပြောပါတယ်။

ဘရာဇီးနိုင်ငံမှာလည်း မနေ့ကတရက်တည်း ကိုဗစ်ကြောင့် သေဆုံးသူ ၂,၄၀၀ နီးပါး ရှိတယ်လို့ Johns Hopkins တက္ကသိုလ် သုတေသနစင်တာ စာရင်းတွေက ဖော်ပြပါတယ်။

တကမ္ဘာလုံး အတိုင်းအတာနဲ့ အခုထိ COVID-19 ကူးစက်သူ ၁၂၆ သန်းကျော် ရှိပါတယ်။ အမေရိကန်နိုင်ငံက ကူးစက်သူ ၃၀.၂ သန်းနဲ့ ကူးစက်မှုနှုန်း အများဆုံးဖြစ်ပြီး ဘရာဇီးက ၁၂.၅ သန်းနဲ့ အိန္ဒိယမှာ ကူးစက်သူ ၁၂ သန်းရှိတယ်လို့ Johns Hopkins တက္ကသိုလ် စာရင်းတွေမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG