သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်လွန်ကာလ ကျန်းမာပြီး သာတူညီမျှသော ကမ္ဘာကြီးဖြစ်ထွန်းဖို့ WHO ရည်မှန်း


WHO ညွှန်ကြားရေးမှုး Tedros Adhanom Ghebreyesus
WHO ညွှန်ကြားရေးမှုး Tedros Adhanom Ghebreyesus

(Zawgyi/Unicode)

မမျှတမှုနဲ့ဆင်းရဲခြင်းတွေကို ဖြေရှင်းခြင်းအားဖြင့် ကပ်ဘေးလွန်ကာလမှာ ပိုမိုမျှတ၊ကျန်းမာတဲ့ ကမ္ဘာကြီး ကိုတည်ဆောက်ဖို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က လှုပ်ရှားမှုတရပ် ကိုလုပ်ဆောင်နေပါတယ်။ ဒီနှစ်မှာကျရောက်တဲ့ ကမ္ဘာ့ကျန်းမာရေးနေ့အထိမ်းအမှတ်အဖြစ် WHO က လူသားအားလုံး ပိုမိုကျန်းမာလာစေဖို့အရေးတယူလုပ်ဆောင်ကြဖို့ တောင်းဆိုထားတဲ့ ကြေညာချက်တရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီအကြောင်း VOA သတင်းထောက် Lisa Schlein က သတင်းပေးပို့ထားတာကို ကိုအောင်မြတ်သူက တင်ပြပေးချင်ပါတယ်။

ကာကွယ်ဆေးထိုးခွင့်ရပြီး အသက်ရှင်မယ့်လူတွေနဲ့ကာကွယ်ဆေးမရလို့သေဆုံးဖွယ်ရာရှိတဲ့လူတွေဆိုပြီး လူတွေအကြား ကွဲပြားမှုတွေကို COVID -19 ကပ်ဘေးကြီးက မီးမောင်းထိုးပြလိုက်တယ်လို့ဆိုပါတယ်။

ကမ္ဘာတဝှမ်း လူ ၁၃၂ သန်းနီးပါး ကူးစက်ခံခဲ့ရပြီး ၂.၈ သန်းထက်မနည်း သေဆုံးခဲ့တယ်လို့ WHO ရဲ့ နောက်ဆုံးထုတ်ပြန်ထားတဲ့ စာရင်းတွေအရဆိုပါတယ်။

“ တိုင်းပြည်တွေအကြား မျှမျှတတ ထုတ်လုပ်တာတွေ၊ မျှမျှတတ စမ်းသပ်၊ ကုသတာတွေနဲ့ ကာကွယ်ဆေးရရှိပိုင်ခွင့်တွေရှိဖို့ ရင်နှီးမြှပ်နှံတာမျိူးလိုအပ်နေပါတယ်။ လူ့အဖွဲ့စည်းတိုင်းက လူတိုင်း ဒီလိုဝန်ဆောင်မှုတွေရရှိဖို့ အခြေခံကျန်းမာရေးပိုင်းမှာ ရင်းနှီးမြှုပ်နှံကြရမှာဖြစ်ပါတယ်။” လို့ Tedros က ပြောပါသွားတယ်။

ချမ်းသာတဲ့ နိုင်ငံ တဒါဇင်လောက်က လူတွေကိုပဲ ကာကွယ်ဆေးလုံး ၆၀၄ သန်းကျော်လောက် ထိုးနှံရသေးတယ်လို့လည်း WHO က ပြောပါတယ်။

လူတိုင်းကပ်ဘေးသင့်နေချိန်မှာ အဆင်းရဲဆုံးတွေနဲ့ခွဲခြားခံရသူတွေက အဆိုးဆုံးခံစားကြရတယ်လို့WHO ညွှန်ကြားရေးမှုး Tedros Adhanom Ghebreyesus က ပြောပါတယ်။ ဆင်းရဲသူတွေနဲ့ချမ်းသာသူတွေအကြား ပိုမိုမျှတမှု ရရှိစေဖို့ အရေးကြီးတဲ့ အပြောင်းအလဲတွေကို ဒီနှစ်ထဲ လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း သူက ဆက်ပြီးပြောသွားပါတယ်။

ဆက်လက်ပြီးသူက ကာကွယ်ဆေး မျှမျှတတရရှိရေး COVAX အစီအစဉ်ကနေပြီး ဆေးလုံးရေ ၃၆ သန်း ကို ဆင်းရဲတဲ့နိုင်ငံ ၈၆ နိုင်ငံကို ဖြန့်ဝေခဲ့ပြီး မျှမျှတတ ထုတ်လုပ်ရေးနဲ့ဖြန့်ဝေရေးဟာ အခုလို ကပ်ဘေးရဲ့ အဆုံးပိုင်းအထိ အတားအဆီးတခုဖြစ်နေတာကြောင့် အရှိန်မြှင့်ကြရမယ်လို့ဆိုပါတယ်။

ကပ်ဘေးဟာ ထိလွယ်ရှလွယ် ကမ္ဘာ့ကျန်းမာရေးစနစ်ကြီးကို ထိခိုက်စေခဲ့ပြီး ကမ္ဘာ့လူဦးရေ တဝက်လောက်ဟာ အခြေခံကျန်းမာရေးရပိုင်ခွင့်တွေ ကင်းမဲ့နေခဲ့ရတယ်လို့ဆိုပါတယ်။

“တိုင်းပြည်တွေဟာ ကိုဗစ်နောင်းပိုင်းကာလဆီကို ရောက်ရှိနေပြီး ကျန်းမာရေးနဲ့တခြားလူမှုရေး ကဏ္ဍတွေမှာ ဘဏ္ဍာငွေသုံးစွဲမှုကို ဖြတ်တောက်တာတွေကို ရှောင်ရှားကြဖို့အရေးကြီးပါတယ်။ ဒီလိုလုပ်တာဟာ ကျန်းမာရေးစနစ်ရဲ့ စွမ်းရည်ကို ချိနဲ့စေပြီး အန္တရာယ်ကို တိုးပွားစေပါတယ်။ ရေရှည်မှာ ဘဏ္ဍာရေး ဝန်ထုတ်ဝန်ပိုးဖိအားဖြစ်လာမှာဖြစ်ပြီး ရရှိထားတဲ့ တိုးတက်မှုတွေကို ဆုတ်ယုတ်စေပါတယ်” လို့ Tedros က ဆက် ပြောပါသွားတယ်။

ဆက်လက်ပြီး Tedros က နိုင်ငံတွေအနေနဲ့ အခြေခံကျန်းမာရေးတွေမှာ တနိုင်ငံလုံးဝင်ငွေရဲ့ ၁ ရာခိုင်နှုန်းကို တိုးမြှင့်သုံးစွဲကြဖို့တိုက်တွန်းခဲ့ပါတယ်။

ဒါဟာ ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေးဖြစ်တာမို့ ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်ဖို့လိုအပ်ပြီး လူတိုင်းဘေးကင်းမှ အားလုံးအတွက် စိတ်ချရမယ်လို့လည်း WHO အကြီးအကဲက ထပ်လောင်းပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်


..............


(Unicode)








ကပျဘေးဟာ ထိလှယျရှလှယျ ကမ်ဘာ့ကနြျးမာရေးစနဈကွီးကို ထိခိုကျစခေဲ့ပွီး ကမ်ဘာ့လူဦးရေ တဝကျလောကျဟာ အခွခေံကနြျးမာရေးရပိုငျခှင့ျတှေ ကငျးမဲ့နခေဲ့ရတယျလို့ဆိုပါတယျ။




XS
SM
MD
LG