သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

WHO ကိုဗစ္ကာကြယ္ေဆးျဖန္႔ျဖဴးေရးအစီအစဥ္ အာဖရိကကို စတင္


ကိုဗစ္ကာကြယ္ေဆးပုလင္းမ်ား။ (စက္တင္ဘာ ၀၉၊ ၂၀၂၀)

[Zawgyi/Unicode]

ကမၻာ့က်န္းမာေရးအဖြဲ႔ WHO ရဲ ႔ COVAX ကာကြယ္ေဆးျဖန္႔ျဖဴးေရး အစီအစဥ္အရ COVID-19 ေရာဂါကာကြယ္ေဆးေတြကို အာဖရိကတုိက္တဝန္း ပို႔ေဆာင္ေပးေနပါၿပီ။ ဆင္းရဲ ႏြမ္းပါးတဲ့တုိင္းျပည္ေတြကို ကာကြယ္ေဆး ေထာက္ပံ့ေပးေနတာမွာ Ivory Coast နဲ႔ Ghana ႏုိင္ငံမွာေတာ့ က်န္းမာေရးလုပ္သားေတြနဲ႔ မရွိမျဖစ္အေရးပါတဲ့ အလုပ္သမားေတြကို Astra Zeneca ကုမၸဏီထုတ္ကာကြယ္ေဆးေတြ တနလၤာေန႔မွာ စတင္ထိုးႏွံေပးေနပါတယ္။

တကမၻာလုံးအတြက္ ကာကြယ္ေဆး အကန္႔အသတ္ရွိေနတာနဲ႔ သယ္ယူပို႔ေဆာင္ေရး အခက္အခဲေတြေၾကာင့္ ဆင္းရဲတဲ့ တုိင္းျပည္ေတြမွာ ကာကြယ္ေဆးရဖို႔ ခက္ခဲေနတာျဖစ္ပါတယ္။ Ghana သမၼတ Nana Akufo-Addo က COVAX က ရတဲ့ ကာကြယ္ေဆးေၾကာင့္ စီးပြါးေရးလုပ္ငန္းေတြ ျပန္လည္စတင္ႏုိင္မွာျဖစ္ၿပီး ဒါဟာ ႏုိင္ငံစီးပါြးေရးျပန္လည္တည္ေဆာက္ႏုိင္မယ့္ မွတ္တုိင္တခုျဖစ္တယ္လိို႔ေျပာပါတယ္။ ဂါနာႏုိင္ငံမွာ ကိုဗစ္ကူးခံရသူ ၈၄,၀၀၀ ေက်ာ္နဲ႔ေသဆံုးသူ ၆၀၀ ေက်ာ္ပါတယ္။ အိုင္ဗရီကို႔စ္မွာေတာ့ ပိုးကူးအတည္ျပဳလူနာ ၃၂,၀၀၀ ေက်ာ္နဲ႔ေသဆုံးသူ ၁၉၂ ဦးရွိေၾကာင္း အေမရိကန္ Johns Hopkins တကၠသိုလ္စစ္တမ္းကေဖာ္ျပပါတယ္။

အာဖရိကတုိက္ထဲက က်န္၂၄ ႏုိင္ငံတို႔မွာလည္း ကပ္ေရာဂါကာကြယ္ထိန္းခ်ဳပ္ဖို႔ ၾကိဳးစားေနၾကၿပီး COVAX အစီအစဥ္နဲ႔ ကာကြယ္ေဆးေတြ ဒီတပတ္ထဲ စတင္ရရွိေတာ့မယ္လို႔လည္း ခန္႔မွန္းရပါတယ္။

WHO အႀကီးအကဲ Tedros Adhanom Ghebreyesus ကေတာ့ ကာကြယ္ေဆးေတြခုလို ပထမအသုတ္ပို႔ေပးလိုက္တာဟာ ၂၀၂၁ ခုႏွစ္ပထမရက္ေပါင္း ၁၀၀ အတြင္း ႏုိ္င္ငံစုံမွာ ကာကြယ္ေဆးထိုးေပးႏုိင္မယ့္ WHO ရဲ ႔ COVAX အစီအစဥ္အစပိုင္းပဲ ရွိပါေသးတယ္လို႔ ေျပာပါတယ္။ အေမရိကတုိက္ႏုိင္ငံေတြထဲမွာေတာ့ ကိုလံဘီယာႏိုင္ငံက COVAX အစီအစဥ္နဲ႔ ကာကြယ္ေဆးေတြ တနလၤာေန႔မွာ ပထမဆုံးရရွိခဲ့ပါတယ္။

ပိုးကူးႏိုင္ေျခအမ်ားဆုံးရွိတဲ့သူေတြကို Pfizer ရဲ ႔ကာကြယ္ေဆးေတြ အရင္ဆုံးထိုးေပးမယ္လို႔ ကိုလံဘီယာတာ၀န္ရွိသူေတြကေျပာပါတယ္။ Johns Hopkins တကၠသို္လ္အရ ကိုလံဘီယာမွာပိုးကူးသူ ၁၇၀,၀၀၀ ေက်ာ္နဲ႔ ေသဆုံးသူ ၆,၄၀၀ ေက်ာ္ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

WHO ကိုဗစ်ကာကွယ်ဆေးဖြန့်ဖြူးရေးအစီအစဉ် အာဖရိကကို စတင်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ COVAX ကာကွယ်ဆေးဖြန့်ဖြူးရေး အစီအစဉ်အရ COVID-19 ရောဂါကာကွယ်ဆေးတွေကို အာဖရိကတိုက်တဝန်း ပို့ဆောင်ပေးနေပါပြီ။ ဆင်းရဲ နွမ်းပါးတဲ့တိုင်းပြည်တွေကို ကာကွယ်ဆေး ထောက်ပံ့ပေးနေတာမှာ Ivory Coast နဲ့ Ghana နိုင်ငံမှာတော့ ကျန်းမာရေးလုပ်သားတွေနဲ့ မရှိမဖြစ်အရေးပါတဲ့ အလုပ်သမားတွေကို Astra Zeneca ကုမ္ပဏီထုတ်ကာကွယ်ဆေးတွေ တနင်္လာနေ့မှာ စတင်ထိုးနှံပေးနေပါတယ်။

တကမ္ဘာလုံးအတွက် ကာကွယ်ဆေး အကန့်အသတ်ရှိနေတာနဲ့ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေကြောင့် ဆင်းရဲတဲ့ တိုင်းပြည်တွေမှာ ကာကွယ်ဆေးရဖို့ ခက်ခဲနေတာဖြစ်ပါတယ်။ Ghana သမ္မတ Nana Akufo-Addo က COVAX က ရတဲ့ ကာကွယ်ဆေးကြောင့် စီးပွါးရေးလုပ်ငန်းတွေ ပြန်လည်စတင်နိုင်မှာဖြစ်ပြီး ဒါဟာ နိုင်ငံစီးပါွးရေးပြန်လည်တည်ဆောက်နိုင်မယ့် မှတ်တိုင်တခုဖြစ်တယ်လို့ပြောပါတယ်။ ဂါနာနိုင်ငံမှာ ကိုဗစ်ကူးခံရသူ ၈၄,၀၀၀ ကျော်နဲ့သေဆုံးသူ ၆၀၀ ကျော်ပါတယ်။ အိုင်ဗရီကို့စ်မှာတော့ ပိုးကူးအတည်ပြုလူနာ ၃၂,၀၀၀ ကျော်နဲ့သေဆုံးသူ ၁၉၂ ဦးရှိကြောင်း အမေရိကန် Johns Hopkins တက္ကသိုလ်စစ်တမ်းကဖော်ပြပါတယ်။

အာဖရိကတိုက်ထဲက ကျန်၂၄ နိုင်ငံတို့မှာလည်း ကပ်ရောဂါကာကွယ်ထိန်းချုပ်ဖို့ ကြိုးစားနေကြပြီး COVAX အစီအစဉ်နဲ့ ကာကွယ်ဆေးတွေ ဒီတပတ်ထဲ စတင်ရရှိတော့မယ်လို့လည်း ခန့်မှန်းရပါတယ်။

WHO အကြီးအကဲ Tedros Adhanom Ghebreyesus ကတော့ ကာကွယ်ဆေးတွေခုလို ပထမအသုတ်ပို့ပေးလိုက်တာဟာ ၂၀၂၁ ခုနှစ်ပထမရက်ပေါင်း ၁၀၀ အတွင်း နိုင်ငံစုံမှာ ကာကွယ်ဆေးထိုးပေးနိုင်မယ့် WHO ရဲ့ COVAX အစီအစဉ်အစပိုင်းပဲ ရှိပါသေးတယ်လို့ ပြောပါတယ်။ အမေရိကတိုက်နိုင်ငံတွေထဲမှာတော့ ကိုလံဘီယာနိုင်ငံက COVAX အစီအစဉ်နဲ့ ကာကွယ်ဆေးတွေ တနင်္လာနေ့မှာ ပထမဆုံးရရှိခဲ့ပါတယ်။

ပိုးကူးနိုင်ခြေအများဆုံးရှိတဲ့သူတွေကို Pfizer ရဲ့ကာကွယ်ဆေးတွေ အရင်ဆုံးထိုးပေးမယ်လို့ ကိုလံဘီယာတာဝန်ရှိသူတွေကပြောပါတယ်။ Johns Hopkins တက္ကသိုလ်အရ ကိုလံဘီယာမှာပိုးကူးသူ ၁၇၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၆,၄၀၀ ကျော်ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG