သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းသၾကၤန္ပြဲေတာ္ ကိုဗစ္ေၾကာင့္ ႏႊဲေပ်ာ္ခြင့္မရ


Virus Outbreak Thailand

{{Zawgyi/Unicode}}

ႏွစ္စဥ္ သႀကၤန္ပြဲေတာ္ကို စည္စည္ကားကား ဆင္ႏႊဲေလ့ရွိတဲ့ ျမန္မာ့အိမ္နီးခ်င္း ထိုင္းႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါ တတိယလႈိင္း ကူးစက္မႈ ျမင့္တက္ေနတာေၾကာင့္ ဒီႏွစ္ သႀကၤန္ပဲြေတြ လုပ္ခြင့္မရပါဘူး။ ပံုမွန္အားျဖင့္ သႀကၤန္ပဲြေတြ အင္မတန္စည္ကားတဲ့ ေနရာေတြမွာ ဒီႏွစ္ ေျခာက္ကပ္ေနတဲ့အေၾကာင္း ဗြီအိုေအျမန္မာပိုင္းသတင္းေထာက္မေအးေအးမာက ေျပာျပပါမယ္။

ျမန္မာ့အိမ္နီးခ်င္း ထိုင္းႏိုင္ငံမွာ အခုလို အခ်ိန္မ်ဳိးဆို ဆုန္ခရမ္ သႀကၤန္ပြဲေတာ္ကို ဆင္ႏဲြၾကေလ့႐ွိပါတယ္။ ထိုင္းႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသား သန္းနဲ႔ခ်ီအပါအဝင္ ႏိုင္ငံျခားသားေတြပါ ထိုင္းသႀကၤန္ပြဲေတာ္မွာ ပါဝင္ေပ်ာ္ၾကတာပါ။ ျမန္မာႏိုင္ငံမွာလိုပဲ ေရပက္ၾကတဲ့ ထိုင္းသႀကၤန္ဟာ ဒီႏွစ္ေတာ့ ကိုဗစ္ကပ္ေရာဂါ ထိန္းခ်ဳပ္ ကန္႔သတ္မႈေၾကာင့္ ပဲြေတြ လုပ္လို႔ မရပါဘူး။

အရင္ႏွစ္ေတြကဆိုရင္ ထုိင္းျမန္မာနယ္စပ္မွာ ႏွစ္ႏိုင္ငံ ျခားထားတဲ့ ေသာင္ရင္းျမစ္ေႀကာင္းတေလွ်ာက္ ေရကစားသူေတြနဲ႔ စည္ကားခဲ့ေပမယ့္ ဒီႏွစ္မွာေတာ့ ကုိဗစ္ကပ္ေရာဂါေဘးေၾကာင့္ ေရကစားတာေတြ၊ အပန္းေျဖေနရာေတြမွာ လူစုလူေ၀းနဲ့ေပ်ာ္ပါးတာေတြ၊ သြားလာတာေတြကို ထိုင္းအစိုးရက ပိတ္ပင္ထားတဲ့အေၾကာင္း ေရာင္ျခည္ဦးအလုပ္သမားအဖဲြ႔က အလုပ္သမားေရးလွဳပ္ရွားသူ ဦးမုိးေက်ာ္က အခုလိုေျပာျပပါတယ္။

" ေရပက္ကစားတာေတြ၊ ေဒသတခုနဲ့တခု ေက်ာ္ျဖတ္သြားလာတာေတြ၊ အပန္းေျဖအနားယူတဲ့ေနရာေတြကို တားျမစ္ထားတာေတြရွိပါတယ္။ ဘာေႀကာင့္လဲဆုိေတာ့ ထုိင္းႏိုင္ငံမွ ာကုိဗစ္တတိယလိွဳင္းလို့ေျပာႀကတယ္၊ အေတာ္ေလး ကူးစက္ျမန္တယ္လို့လည္ းသိရပါတယ္။ ထုိင္းႏို္င္ငံမွာ ေထာင္နဲ့ခ်ီျပီး ကူးစက္တာေတြရွိလာတယ္။ အခုဆိုရင္ ကုိဗစ္စည္ကမ္းခ်က္ေတြအရ ေရပက္ကစားတာေတြ၊ အပန္းေျဖ အနားယူတဲ့ ေနရာေတြ၊ ပဲြလမ္းသဘင္လုပ္တာကို တားျမစ္တာေတြရွိတဲ့အတြက္ေၾကာင့္ ဒီႏွစ္မွာဆိုရင္ လူစုလူေ၀းနဲ့ အလွဴအတန္းေတြကို ပါ ေရွာင္တာကိုေတြ ့ရပါတယ္။"

၂၀၂၀ ျပည့္ႏွစ္၊ ႏိုဝင္ဘာလက ထိုင္းႏိုင္ငံမွာ ဒုတိယလႈိင္းကူးစက္မႈဟာ စမုတ္စခြန္းမွာ႐ွိတဲ့ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သားေတြဆီကေန စတင္ခဲ့ၿပီးေနာက္မွာ ျမန္မာေတြအပါအဝင္ ႏိုင္ငံျခား ေ႐ႊ႕ေျပာင္းလုပ္သားေတြအားလံုးကို တနယ္ကေန တနယ္ ခရီးသြားလာခြင့္ ထုိင္းအာဏာပိုင္ေတြက ပိတ္ပင္ခဲ့ပါတယ္။

အခုေတာ့ ထိုင္းႏို္င္ငံက ျပည္နယ္ေပါင္း ၇၇ ထဲက ၇၄ ျပည္နယ္မွာ ကိုဗစ္ကပ္ေဘးကူးစက္သူေတြရွိေနတာေႀကာင့္ အားလံုးကို နယ္ေျမေက်ာ္ျပီး ခရီးသြားလာခြင့္ေတြကို သႀကၤန္ကာလမွာ ပိတ္ပင္ထားပါတယ္။ ထိုင္းေတာင္ပုိင္းမွာဆုိရင္လည္း နယ္ေျမေက်ာ္ျပီး ေနရပ္ျပန္လာသူေတြကို မိမိဖာသာ သီးျခားခဲြေနခိုင္းတဲ့ အစီစဥ္ေတြလုပ္လာေႀကာင္း ထုိင္းေတာာင္ပိုင္းအေျခစိုက္ FED အဖဲြ႔က အလုပ္သမားေရးလဳွပ္ရွားသူ ဦးမင္းဦးက ေျပာပါတယ္။

"အခုက ကုိဗစ္က အရမ္းကုိအႀကီးအက်ယ္ျဖစ္သြားတယ္။ က်ေနာ္တို့ ေနရာေတြမွာလည္း စာထုတ္ထားတယ္၊ ေပ်ာ္ပြဲရႊင္ပဲြေတြ အခမ္းအနားေတြ စုေ၀းတာမလုပ္ဖို့၊ ခရိုင္အတြင္းမွ ာထုတ္ျပန္ထားတယ္၊ ခရိုင္အတြင္းကို အျပင္ခရိုင္က ခရီးသြားလာတဲ့သူေတြဆိုရင္လည္း က်ေနာ္တို့ ဖန္ငခရိုင္အပါအ၀င္ ေတာင္ပုိင္းမွာ မိိမိဖာသာ သီးျခားခဲြေနရမယ္ဆုိတဲ့ အစီစဥ္ေတြပါတယ္။"

ကုိဗစ္ကပ္ေရာဂါေၾကာင့္ ေသဆံုးသူ ၉၇ ဦးထက္မနည္းနဲ႔ အတည္ျပဳလူနာ ၃၆,၀၀၀ နီးပါးရွိေနတဲ့ ထုိင္းႏုိင္ငံမွာ ဒီလထဲမွာပဲ ကိုဗစ္တတိယလိွဳင္းအျဖစ္ ကူးစက္မႈေတြ တေက်ာ့ျပန္ ေတြ႔ရွိခဲ့တာပါ။ ဒီရက္ပုိင္း ထိုင္းႏိုင္ငံမွာ ေနစဥ္လူဦးေရ ေထာင္ဂဏန္းေလာက္ ကူးစက္ေနတာေႀကာင့္ ႏွစ္စဥ္က်င္းပတဲ့ ရိုးရာမဟာသႀကၤန္ေပ်ာ္ပြဲရြင္ပြဲ ေရကစားပဲြေတြကို ထုိင္းႏိုင္ငံမွာ ပိတ္ပင္ထားတာျဖစ္ပါတယ္။

.............................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

နှစ်စဉ် သင်္ကြန်ပွဲတော်ကို စည်စည်ကားကား ဆင်နွှဲလေ့ရှိတဲ့ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ တတိယလှိုင်း ကူးစက်မှု မြင့်တက်နေတာကြောင့် ဒီနှစ် သင်္ကြန်ပွဲတွေ လုပ်ခွင့်မရပါဘူး။ ပုံမှန်အားဖြင့် သင်္ကြန်ပွဲတွေ အင်မတန်စည်ကားတဲ့ နေရာတွေမှာ ဒီနှစ် ခြောက်ကပ်နေတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက်မအေးအေးမာက ပြောပြပါမယ်။

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ အခုလို အချိန်မျိုးဆို ဆုန်ခရမ် သင်္ကြန်ပွဲတော်ကို ဆင်နွဲကြလေ့ရှိပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား သန်းနဲ့ချီအပါအဝင် နိုင်ငံခြားသားတွေပါ ထိုင်းသင်္ကြန်ပွဲတော်မှာ ပါဝင်ပျော်ကြတာပါ။ မြန်မာနိုင်ငံမှာလိုပဲ ရေပက်ကြတဲ့ ထိုင်းသင်္ကြန်ဟာ ဒီနှစ်တော့ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ် ကန့်သတ်မှုကြောင့် ပွဲတွေ လုပ်လို့ မရပါဘူး။

အရင်နှစ်တွေကဆိုရင် ထိုင်းမြန်မာနယ်စပ်မှာ နှစ်နိုင်ငံ ခြားထားတဲ့ သောင်ရင်းမြစ်ကြောင်းတလျှောက် ရေကစားသူတွေနဲ့ စည်ကားခဲ့ပေမယ့် ဒီနှစ်မှာတော့ ကိုဗစ်ကပ်ရောဂါဘေးကြောင့် ရေကစားတာတွေ၊ အပန်းဖြေနေရာတွေမှာ လူစုလူဝေးနဲ့ပျော်ပါးတာတွေ၊ သွားလာတာတွေကို ထိုင်းအစိုးရက ပိတ်ပင်ထားတဲ့အကြောင်း ရောင်ခြည်ဦးအလုပ်သမားအဖွဲ့က အလုပ်သမားရေးလှုပ်ရှားသူ ဦးမိုးကျော်က အခုလိုပြောပြပါတယ်။

" ရေပက်ကစားတာတွေ၊ ဒေသတခုနဲ့တခု ကျော်ဖြတ်သွားလာတာတွေ၊ အပန်းဖြေအနားယူတဲ့နေရာတွေကို တားမြစ်ထားတာတွေရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ထိုင်းနိုင်ငံမှ ာကိုဗစ်တတိယလှိုင်းလို့ပြောကြတယ်၊ အတော်လေး ကူးစက်မြန်တယ်လို့လည် းသိရပါတယ်။ ထိုင်းနိုင်ငံမှာ ထောင်နဲ့ချီပြီး ကူးစက်တာတွေရှိလာတယ်။ အခုဆိုရင် ကိုဗစ်စည်ကမ်းချက်တွေအရ ရေပက်ကစားတာတွေ၊ အပန်းဖြေ အနားယူတဲ့ နေရာတွေ၊ ပွဲလမ်းသဘင်လုပ်တာကို တားမြစ်တာတွေရှိတဲ့အတွက်ကြောင့် ဒီနှစ်မှာဆိုရင် လူစုလူဝေးနဲ့ အလှူအတန်းတွေကို ပါ ရှောင်တာကိုတွေ့ရပါတယ်။"

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလက ထိုင်းနိုင်ငံမှာ ဒုတိယလှိုင်းကူးစက်မှုဟာ စမုတ်စခွန်းမှာရှိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဆီကနေ စတင်ခဲ့ပြီးနောက်မှာ မြန်မာတွေအပါအဝင် နိုင်ငံခြား ရွှေ့ပြောင်းလုပ်သားတွေအားလုံးကို တနယ်ကနေ တနယ် ခရီးသွားလာခွင့် ထိုင်းအာဏာပိုင်တွေက ပိတ်ပင်ခဲ့ပါတယ်။

အခုတော့ ထိုင်းနိုင်ငံက ပြည်နယ်ပေါင်း ၇၇ ထဲက ၇၄ ပြည်နယ်မှာ ကိုဗစ်ကပ်ဘေးကူးစက်သူတွေရှိနေတာကြောင့် အားလုံးကို နယ်မြေကျော်ပြီး ခရီးသွားလာခွင့်တွေကို သင်္ကြန်ကာလမှာ ပိတ်ပင်ထားပါတယ်။ ထိုင်းတောင်ပိုင်းမှာဆိုရင်လည်း နယ်မြေကျော်ပြီး နေရပ်ပြန်လာသူတွေကို မိမိဖာသာ သီးခြားခွဲနေခိုင်းတဲ့ အစီစဉ်တွေလုပ်လာကြောင်း ထိုင်းတောာင်ပိုင်းအခြေစိုက် FED အဖွဲ့က အလုပ်သမားရေးလုှပ်ရှားသူ ဦးမင်းဦးက ပြောပါတယ်။

"အခုက ကိုဗစ်က အရမ်းကိုအကြီးအကျယ်ဖြစ်သွားတယ်။ ကျနော်တို့ နေရာတွေမှာလည်း စာထုတ်ထားတယ်၊ ပျော်ပွဲရွှင်ပွဲတွေ အခမ်းအနားတွေ စုဝေးတာမလုပ်ဖို့၊ ခရိုင်အတွင်းမှ ာထုတ်ပြန်ထားတယ်၊ ခရိုင်အတွင်းကို အပြင်ခရိုင်က ခရီးသွားလာတဲ့သူတွေဆိုရင်လည်း ကျနော်တို့ ဖန်ငခရိုင်အပါအဝင် တောင်ပိုင်းမှာ မိမိဖာသာ သီးခြားခွဲနေရမယ်ဆိုတဲ့ အစီစဉ်တွေပါတယ်။"

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၉၇ ဦးထက်မနည်းနဲ့ အတည်ပြုလူနာ ၃၆,၀၀၀ နီးပါးရှိနေတဲ့ ထိုင်းနိုင်ငံမှာ ဒီလထဲမှာပဲ ကိုဗစ်တတိယလှိုင်းအဖြစ် ကူးစက်မှုတွေ တကျော့ပြန် တွေ့ရှိခဲ့တာပါ။ ဒီရက်ပိုင်း ထိုင်းနိုင်ငံမှာ နေစဉ်လူဦးရေ ထောင်ဂဏန်းလောက် ကူးစက်နေတာကြောင့် နှစ်စဉ်ကျင်းပတဲ့ ရိုးရာမဟာသင်္ကြန်ပျော်ပွဲရွင်ပွဲ ရေကစားပွဲတွေကို ထိုင်းနိုင်ငံမှာ ပိတ်ပင်ထားတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG