သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမာၻအ၀န္း ကိုဗစ္ကူးစက္မႈေတြ တိုးလာတဲ့အေပၚ WHO သတိေပး 


(Zawgyi/Unicode)

အီတလီႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈ ထိန္းခ်ဳပ္ေရး တင္းၾကပ္တဲ့ ကန္႔သတ္ခ်က္ တခ်ဳိ႕ကို ဧၿပီလ ၂၆ ရက္ေန႔ကစ ေလွ်ာ့ခ်သြားမယ့္အေၾကာင္း ၀န္ႀကီးခ်ဳပ္ Mario Draghi က ေသာၾကာေန႔မွာပဲ ေျပာလိုက္ပါတယ္။ ဦးစားေပး အေနနဲ႔ ျပန္လည္ဖြင့္လွစ္ခြင့္ျပဳမယ့္ အထဲမွာ စားေသာက္ဆိုင္ေတြ၊ စာသင္ေက်ာင္းေတြ ပါ၀င္ေၾကာင္းလည္း ေျပာဆိုခဲ့တာပါ။

အီတလီႏိုင္ငံက ကန္႔သတ္ခ်က္ေတြ ေလွ်ာ့ေပးမယ့္အေၾကာင္း ေျပာဆိုလိုက္တဲ့ တေန႔တည္းမွာပဲ ကမာၻ႔က်န္းမာေရးအဖဲြ႕ WHO ကေတာ့ ကမာၻအ၀န္း ကပ္ေရာဂါကူးစက္မႈေတြ တိုးလာေနတဲ့အေပၚ စိုးရိမ္တဲ့ သေဘာထားကို ေျပာဆိုလိုက္ပါတယ္။

“ကမာၻအႏွံ႔ ကူးစက္မႈေတြနဲ႔ ေသဆုံးမႈေတြဟာ စိုးရိမ္စရာ ေကာင္းေလာက္တဲ့ႏႈန္းနဲ႔ ဆက္တိုးေနပါတယ္။ လြန္ခဲ့တဲ့ သီတင္း ၂ ပတ္အတြင္း အပတ္စဥ္ကူးစက္မႈႏႈန္းဟာ ၂ ဆေလာက္ တိုးလာပါတယ္။ ဒါဟာ ကပ္ေရာဂါ ကာလတေလွ်ာက္ ေတြ႕ရတဲ့ အထဲမွာ အျမင့္ဆုံးႏႈန္းလည္း ျဖစ္ပါတယ္။” လို႔ WHO ၫႊန္ၾကားေရးမွဴးခ်ဳပ္ Tedros Adhanom Ghebreyesus က ဆြစ္ဇာလန္ႏိုင္ငံ ဂ်နီဗာၿမိဳ႕က သတင္းစာရွင္းလင္းပဲြမွာ ေျပာဆိုသြားတာပါ။

အိႏၵိယႏိုင္ငံမွာေတာ့ ၾကာသပေတးေန႔က ေရာဂါကူးစက္သူ လူနာသစ္ ၂ သိန္းေက်ာ္ အတည္ျပဳခဲ့တာေၾကာင့္ တေန႔တည္းမွာ ကူးစက္မႈ အမ်ားဆုံးျဖစ္ခဲ့ပါတယ္။ ေရာဂါကူးစက္မႈ တိုးလာေနတာေၾကာင့္ အိႏၵိယႏိုင္ငံမွာ ေဆး႐ုံကုတင္ေတြ၊ ေအာက္စီဂ်င္ေတြ လိုအပ္ခ်က္ေတြလည္း ရွိေနပါတယ္။

ကမာၻမွာ ကာကြယ္ေဆး အဓိကထုတ္လုပ္တဲ့ ႏိုင္ငံတခု ျဖစ္ေပမဲ့လည္း ေရာဂါကူးစက္မႈေတြ တိုးလာတာေၾကာင့္ ကိုဗစ္ကာကြယ္ေဆး ျပည္ပတင္ပို႔မႈေတြကိုလည္း ဆိုင္းငံ့ထားရပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

ကမ္ဘာအဝန်း ကိုဗစ်ကူးစက်မှုတွေ တိုးလာတဲ့အပေါ် WHO သတိပေး

(Unicode)

အီတလီနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှု ထိန်းချုပ်ရေး တင်းကြပ်တဲ့ ကန့်သတ်ချက် တချို့ကို ဧပြီလ ၂၆ ရက်နေ့ကစ လျှော့ချသွားမယ့်အကြောင်း ဝန်ကြီးချုပ် Mario Draghi က သောကြာနေ့မှာပဲ ပြောလိုက်ပါတယ်။ ဦးစားပေး အနေနဲ့ ပြန်လည်ဖွင့်လှစ်ခွင့်ပြုမယ့် အထဲမှာ စားသောက်ဆိုင်တွေ၊ စာသင်ကျောင်းတွေ ပါဝင်ကြောင်းလည်း ပြောဆိုခဲ့တာပါ။

အီတလီနိုင်ငံက ကန့်သတ်ချက်တွေ လျှော့ပေးမယ့်အကြောင်း ပြောဆိုလိုက်တဲ့ တနေ့တည်းမှာပဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကတော့ ကမ္ဘာအဝန်း ကပ်ရောဂါကူးစက်မှုတွေ တိုးလာနေတဲ့အပေါ် စိုးရိမ်တဲ့ သဘောထားကို ပြောဆိုလိုက်ပါတယ်။

“ကမ္ဘာအနှံ့ ကူးစက်မှုတွေနဲ့ သေဆုံးမှုတွေဟာ စိုးရိမ်စရာ ကောင်းလောက်တဲ့နှုန်းနဲ့ ဆက်တိုးနေပါတယ်။ လွန်ခဲ့တဲ့ သီတင်း ၂ ပတ်အတွင်း အပတ်စဉ်ကူးစက်မှုနှုန်းဟာ ၂ ဆလောက် တိုးလာပါတယ်။ ဒါဟာ ကပ်ရောဂါ ကာလတလျှောက် တွေ့ရတဲ့ အထဲမှာ အမြင့်ဆုံးနှုန်းလည်း ဖြစ်ပါတယ်။” လို့ WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

အိန္ဒိယနိုင်ငံမှာတော့ ကြာသပတေးနေ့က ရောဂါကူးစက်သူ လူနာသစ် ၂ သိန်းကျော် အတည်ပြုခဲ့တာကြောင့် တနေ့တည်းမှာ ကူးစက်မှု အများဆုံးဖြစ်ခဲ့ပါတယ်။ ရောဂါကူးစက်မှု တိုးလာနေတာကြောင့် အိန္ဒိယနိုင်ငံမှာ ဆေးရုံကုတင်တွေ၊ အောက်စီဂျင်တွေ လိုအပ်ချက်တွေလည်း ရှိနေပါတယ်။

ကမ္ဘာမှာ ကာကွယ်ဆေး အဓိကထုတ်လုပ်တဲ့ နိုင်ငံတခု ဖြစ်ပေမဲ့လည်း ရောဂါကူးစက်မှုတွေ တိုးလာတာကြောင့် ကိုဗစ်ကာကွယ်ဆေး ပြည်ပတင်ပို့မှုတွေကိုလည်း ဆိုင်းငံ့ထားရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG