သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံက လူမ်ဳိးစုလက္နက္ကိုင္ပဋိပကၡေတြအတြင္း လိင္ပိုင္းဆိုင္ရာ က်ဴးလြန္မႈေတြရွိ


ရခိုင္စစ္ေဘးေရွာင္ ဒုကၡသည္မ်ား။ (မွတ္တမ္းဓာတ္ပံု)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ လူမ်ဳိးစု လက္နက္ကိုင္ပဋိပကၡေတြအတြင္း လိင္ပိုင္းအၾကမ္းဖက္လုပ္ရပ္ က်ဴးလြန္တာေတြ ရွိခဲ့တယ္လုိ႔ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ Antonio Gutterres က ေျပာပါတယ္။

အဲဒီလိုက်ဴးလြန္တဲ့ လက္နက္ကိုင္အဖြဲ႔ေတြထဲမွာ ျမန္မာစစ္တပ္နဲ႔ ရခိုင္၊ ခ်င္းနဲ႔ ရွမ္းျပည္နယ္ေတြက လူမ်ဳိးစုလက္နက္ကိုင္အဖြဲ႔ေတြပါ ပါတဲ့အေၾကာင္း မစၥတာ Guterres ကေျပာပါတယ္။

လိင္ပိုင္းအၾကမ္းဖက္လုပ္ရပ္ က်ဴးလြန္ခဲ့တယ္လို သံသယရွိထားတဲ့ ကမာၻတဝန္းက ႏုိင္ငံစစ္တပ္ေတြနဲ႔ လက္နက္ကိုင္အဖြဲ႔ စုစုေပါင္း ၅၂ ခုကို ေဖာ္ျပထားတဲ့ အစီရင္ခံစာတစ္ခုကို တနလၤာေန႔က ထုတ္ျပန္တာမွာ ျမန္မာစစ္တပ္နဲ႔ လူမ်ဳိးစုလက္နက္ကိုင္အဖြဲ႔ တခ်ဳိ႕ကိုလည္း ထည့္သြင္းေဖာ္ျပထားတာပါ။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ စစ္တပ္က အာဏာသိမ္းယူၿပီး ဆႏၵျပ ကန္႔ကြက္သူေတြကို အၾကမ္းဖက္ ပစ္ခတ္ၿဖိဳခြဲတာေတြ မလုပ္ခင္ ၂၀၂၀ ျပည့္ႏွစ္အတြင္းက အျဖစ္အပ်က္ေတြကို အစီရင္ခံစာထဲမွာ ေဖာ္ျပထားပါတယ္။

အဲဒီလို လိင္ပိုင္း အၾကမ္းဖက္လုပ္ရပ္ က်ဳးလြန္တဲ့ ျမန္မာစစ္တပ္နဲ႔ နယ္ျခားေစာင့္တပ္ဖြဲ႔ေတြ အပါအဝင္ ႏုိင္ငံစစ္တပ္ ဒါမွမဟုတ္ ရဲတပ္ဖြဲ႔ေတြအေနနဲ႔ ခ်ဳိးေဖာက္မႈေတြ ရပ္ဆိုင္းသြားေစေရး အခ်ိန္ကာလ သတ္မွတ္ လုပ္ေဆာင္ခ်က္ေတြ ခ်မွတ္တဲ့အခ်ိန္ထိ ကုလသမဂၢ ၿငိမ္းခ်မ္းမႈထိန္းသိမ္းေရး လုပ္ငန္းေတြမွာ ပါဝင္ခြင့္ ပိတ္ပင္ထားပါတယ္။

ၿပီးခဲ့တဲ့ႏွစ္အတြင္း COVID-19 ကပ္္ေရာဂါေၾကာင့္လည္း လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္တဲ့ျဖစ္ရပ္ေတြ ပိုမ်ားခဲ့တယ္လို႔ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ကေျပာပါတယ္။

အတည္ျပဳထားၿပီးသား အခ်က္အလက္ေတြ ရထားတဲ့ ႏုိင္ငံ ၁၈ ႏုိင္ငံကို အဓိက ဦးတည္ခ်က္ထားၿပီး အစီရင္ခံစာထဲမွာ ေဖာ္ျပထားတယ္လို႔ ကုလသမဂၢကေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာနိုင်ငံက လူမျိုးစုလက်နက်ကိုင်ပဋိပက္ခတွေအတွင်း လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေရှိ

မြန်မာနိုင်ငံမှာ လူမျိုးစု လက်နက်ကိုင်ပဋိပက္ခတွေအတွင်း လိင်ပိုင်းအကြမ်းဖက်လုပ်ရပ် ကျူးလွန်တာတွေ ရှိခဲ့တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Gutterres က ပြောပါတယ်။

အဲဒီလိုကျူးလွန်တဲ့ လက်နက်ကိုင်အဖွဲ့တွေထဲမှာ မြန်မာစစ်တပ်နဲ့ ရခိုင်၊ ချင်းနဲ့ ရှမ်းပြည်နယ်တွေက လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေပါ ပါတဲ့အကြောင်း မစ္စတာ Guterres ကပြောပါတယ်။

လိင်ပိုင်းအကြမ်းဖက်လုပ်ရပ် ကျူးလွန်ခဲ့တယ်လို သံသယရှိထားတဲ့ ကမ္ဘာတဝန်းက နိုင်ငံစစ်တပ်တွေနဲ့ လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၅၂ ခုကို ဖော်ပြထားတဲ့ အစီရင်ခံစာတစ်ခုကို တနင်္လာနေ့က ထုတ်ပြန်တာမှာ မြန်မာစစ်တပ်နဲ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့ တချို့ကိုလည်း ထည့်သွင်းဖော်ပြထားတာပါ။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းယူပြီး ဆန္ဒပြ ကန့်ကွက်သူတွေကို အကြမ်းဖက် ပစ်ခတ်ဖြိုခွဲတာတွေ မလုပ်ခင် ၂၀၂၀ ပြည့်နှစ်အတွင်းက အဖြစ်အပျက်တွေကို အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

အဲဒီလို လိင်ပိုင်း အကြမ်းဖက်လုပ်ရပ် ကျုးလွန်တဲ့ မြန်မာစစ်တပ်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေ အပါအဝင် နိုင်ငံစစ်တပ် ဒါမှမဟုတ် ရဲတပ်ဖွဲ့တွေအနေနဲ့ ချိုးဖောက်မှုတွေ ရပ်ဆိုင်းသွားစေရေး အချိန်ကာလ သတ်မှတ် လုပ်ဆောင်ချက်တွေ ချမှတ်တဲ့အချိန်ထိ ကုလသမဂ္ဂ ငြိမ်းချမ်းမှုထိန်းသိမ်းရေး လုပ်ငန်းတွေမှာ ပါဝင်ခွင့် ပိတ်ပင်ထားပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း COVID-19 ကပ်ရောဂါကြောင့်လည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တဲ့ဖြစ်ရပ်တွေ ပိုများခဲ့တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကပြောပါတယ်။

အတည်ပြုထားပြီးသား အချက်အလက်တွေ ရထားတဲ့ နိုင်ငံ ၁၈ နိုင်ငံကို အဓိက ဦးတည်ချက်ထားပြီး အစီရင်ခံစာထဲမှာ ဖော်ပြထားတယ်လို့ ကုလသမဂ္ဂကပြောပါတယ်။

XS
SM
MD
LG