သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး ဂ်ပန္အစိုးရ ပိုလုပ္ေပးဖို႔ ဂ်ပန္ေရာက္ ျမန္မာေတြ ႀကိဳးပမ္း


ဂ်ပန္ေရာက္ ျမန္မာ့အေရးလႈပ္႐ွားသူမ်ား။

[Zawgyi/Unicode]

အာဏာသိမ္း အုပ္ခ်ဳပ္ေနတဲ့ ျမန္မာစစ္တပ္နဲ႔ ဂ်ပန္လုပ္ငန္းေတြ စီးပြားေရးလုပ္ေနတာ ရပ္ထားဖုိ႔ အပါအဝင္ ျမန္မာ့အေရးကို ဂ်ပန္အစိုးရက တိုက္တိုက္တြန္းတြန္းလုပ္ဖုိ႔ ဂ်ပန္ေရာက္ ျမန္မာ့အေရးလႈပ္႐ွားသူေတြ ႀကိဳးစားေနၾကပါတယ္။ ဂ်ပန္ျပည္သူေတြက ျမန္မာ့ႏိုင္ငံက အေျခအေနကို စိတ္ဝင္စားေပမဲ့ အစိုးရနဲ႔ စီးပြားေရးလုပ္ငန္းေတြဘက္က ျမန္မာ့အေရးအတြက္ ပိုၿပီး လုပ္ဖုိ႔လိုတယ္လို႔ သူတုိ႔ကေျပာပါတယ္။ ျမန္မာႏိုင္ငံ အေျပာင္းအလဲအတြက္ ဂ်ပန္ႏိုင္ငံမွာ ႀကိဳးစားေနၾကတဲ့အေၾကာင္း ကိုၿငိမ္းခ်မ္းက ဆက္ၿပီးတင္ျပပါမယ္။

ျမန္မာ့အေရးကို တြန္းတြန္းတိုက္တိုက္ေျပာဆို ေဆာင္႐ြက္ေအာင္ ဂ်ပန္ဝန္ႀကီးခ်ဳပ္ကို ေတာင္းဆိုထားတဲ့ ပန္ၾကားလႊာေတြမွာ လက္မွတ္ေတြကို ဂ်ပန္ေရာက္ ျမန္မာ့အေရးလႈပ္႐ွားသူေတြ လိုက္ခံေကာက္ခံေနပါတယ္။ အဲဒီလက္မွတ္ေတြကုိ စုေဆာင္းၿပီး ဂ်ပန္ဝန္ႀကီးခ်ဳပ္ဆီ ေပးပို႔တာအျပင္ အာဏာသိမ္းထားတဲ့ စစ္တပ္နဲ႔ စီးပြားေရးလုပ္တာ ရပ္ထားဖို႔၊ ဂ်ပန္မွာ ႐ွိေနတဲ့ နစက စစ္ေကာင္စီရဲ႕ မိသားစုဝင္ေတြ၊ ဆက္ႏြယ္ပတ္သက္ေနသူေတြကို အေရးယူေပးဖုိ႔ ေတာင္းဆိုတဲ့ လႈပ္႐ွားမႈေတြကို လုပ္ေနၾကတာပါ။ ဂ်ပန္အစိုးရအေနနဲ႔ ႏိုင္ငံတကာ လူ႔အခြင့္ကိစၥေတြကို ကိုင္တြယ္တဲ့ေနရာမွာ ဥပေဒအရ အတားအဆီးေတြ႐ွိတယ္လို႔ ဂ်ပန္ေရာက္ ျမန္မာႏိုင္ငံသားမ်ားအသင္း ဥကၠ႒ ဦးသန္းေဆြက ဗြီအိုေအကို ေျပာပါတယ္။

“လူ႔အခြင့္အေရး ကိစၥေတြမွာ ဂ်ပန္ႏိုင္ငံမွာ အားနည္းေနတဲ့ ကိစၥရပ္ေတြ ရွိသလို ႏိုင္ငံတကာမွာ ျဖစ္ေနတဲ့ အေရးအခင္း ကိစၥေတြနဲ႔ ပတ္သက္လို႔ ဂ်ပန္က ပါဝင္ပတ္သက္ႏိုင္မႈ အေနအထားကို ဟန႔္တားေနတဲ့ ဥပေဒေတြ ရွိပါတယ္။ အဲဒါေတြကို ျပဳျပင္ေျပာင္းလဲႏိုင္ဖို႔အတြက္ကိုလည္း ဂ်ပန္လႊတ္ေတာ္ အမတ္ေတြကေန ႀကိဳးစားေနတဲ့အခါမွာ ... ဥပမာအေနနဲ႔ က်ေနာ္တို႔ ျမန္မာႏိုင္ငံကိစၥ၊ ေဟာင္ေကာင္ ဒီမိုကေရစီကိစၥ၊ ေနာက္ တ႐ုတ္ထဲမွာ ရွိတဲ့ ဝီဂါဘာသာေရး လူမ်ိဳးေပါ့ေလ အဲဒီကိစၥေတြကလည္း က်ေနာ္တို႔နဲ႔ လာၿပီးပူးေပါင္း ေဆာင္႐ြက္ေနပါတယ္။ ေနာက္တိဗက္တို႔ေပါ့။ ျမန္မာႏိုင္ငံမွာရွိတဲ့ လႈပ္ရွားမႈက နည္းနည္းေလးပိုၿပီး advanced ျဖစ္တဲ့အတြက္ေၾကာင့္မို႔ သူတို႔ေတြက က်ေနာ္တို႔ကို လာေရာက္ အင္အားပူးေပါင္းၿပီး global လုံးဆိုင္ရာ လႈပ္ရွားမႈေတြကတဆင့္ ဂ်ပန္ႏိုင္ငံရဲ႕ ဥပေဒေတြ ေျပာင္းလဲသြားဖို႔အတြက္ က်ေနာ္တို႔ အဓိကထား လုပ္ေဆာင္ေနပါတယ္။”

ဒါေတြ ေအာင္ျမင္သြားရင္ေတာ့ ျမန႔္မာ့အေရးမွာ ဂ်ပန္အစိုးရ ပါဝင္ပတ္သက္မႈက ပိုအားေကာင္းလာမယ္လို႔ သူကေျပာပါတယ္။

ျမန္မာႏို္င္ငံမွာ စစ္တပ္ အာဏာသိမ္းတဲ့ကိစၥအေပၚ ဂ်ပန္လူမ်ဳိးေတြ ပိုမိုသိ႐ွိနားလည္ၿပီး ဂ်ပန္အစိုးရကို နားခ် တိုက္တြန္းဖုိ႔ ျမန္မာ့အေရးလႈပ္႐ွားသူေတြက ႀကိဳးစားေနၾကပါတယ္။ ဂ်ပန္ျပည္သူေတြၾကား ျမန္မာႏိုင္ငံမွာျဖစ္ေနတဲ့ အေျခအေနေတြကို အရင္ကထက္ ပိုစိတ္ဝင္စားလာၾကေပမဲ့ ဂ်ပန္အစိုးရနဲ႔ ဂ်ပန္လုပ္ငန္းရွင္ေတြရဲ႕ ပူးေပါင္း ပါဝင္လာဖို႔က လိုေနေသးေၾကာင္း ဂ်ပန္ေရာက္ ျမန္မာ့အေရး လႈပ္ရွားေဆာင္႐ြက္ေနတဲ့ မသႏၲာၫြန႔္က ေျပာပါတယ္။

“အစိုးရက မလႈပ္တာက ဘာျဖစ္လို႔လဲဆိုေတာ့ enterprise ေတြ စီးပြားေရးသမားေတြက မလႈပ္ၾကလို႔၊ တဘက္ကၾကေတာ့လည္း စီးပြားေရးသမားေတြက ဘာလို႔ မလႈပ္လဲဆိုေတာ့ အစိုးရက မလႈပ္လို႔၊ အဲဒီလိုပဲ ေနာက္ဆုံးက်ေတာ့ အေျခအေနက ဘယ္လိုျဖစ္သြားလဲဆိုေတာ့ ဂ်ပန္က မလႈပ္ဘူးေပါ့။ ဂ်ပန္က အသံထြက္လာလို႔ရွိရင္ တျခားႏိုင္ငံေတြကလည္း အာဆီယံႏိုင္ငံေတြကလည္း မထြက္လာလို႔ မရေတာ့တဲ့ အေျခအေနျဖစ္မွာမို႔ ဂ်ပန္က အေရးႀကီးသလားဆိုရင္ အေရးႀကီးတယ္လို႔ ျမင္ပါတယ္။”

ျမန္မာ့ဒီမိုကေရစီေရးေထာက္ခံအားေပးတဲ့ ဂ်ပန္လႊတ္ေတာ္အမတ္တခ်ဳိ႕နဲ႔ ျမန္မာ့အေရးလႈပ္႐ွားသူတခ်ဳိ႕ ေတြ႕ဆုံၿပီး ျမန္မာ့အေရးကို ေဆြးေႏြးခဲ့တာလည္း ရွိပါတယ္။ ျမန္မာႏိုင္ငံမွာျဖစ္ေနတာေတြက ေဒသတြင္း တည္ၿငိမ္မႈကို ထိခိုက္ႏိုင္တယ္လို႔ စိုးရိမ္မႈေတြ ႐ွိေနသလို ျမန္မာႏိုင္ငံအေျခအေနနဲ႔ ပတ္သက္လို႔ ဂ်ပန္နဲ႔ အင္ဒိုနီးရွား ပုံမွန္ေတြ႕ဆုံေဆြးေႏြးမႈေတြလည္း ႐ွိပါတယ္။ ေဒသတြင္း တည္ၿငိမ္ဖို႔ ဒီလုိေဆြးေႏြးမႈေတြ လုပ္ဖုိ႔လိုတယ္လို႔ အင္ဒိုနီးရွား ႏိုင္ငံျခားေရးဝန္ႀကီး Retno Marsudi က ၿပီးခဲ့တဲ့ သီတင္းပတ္မွာ ေျပာခဲ့ပါတယ္။ ခုလို ျမန္မာ့အေရးအတြက္ ဂ်ပန္ႏိုင္ငံမွာသာမက Australia ႏိုင္ငံ၊ ေတာင္ကိုရီးယားႏုိင္ငံတုိ႔မွာလည္း ႀကိဳးပမ္းေဆာင္႐ြက္မႈေတြ႐ွိပါတယ္။ ဒီေန႔မွာပဲ Australia ႏိုင္ငံ လႊတ္ေတာ္ ၂ ရပ္ေပါင္း ႏိုင္ငံျခားေရးရာ ဆပ္ေကာ္မတီတခုမွာ ျမန္မာ့အေရးနဲ႔ ပတ္သက္လို႔ ၾကားနာ ေဆြးေႏြးခဲ့ၾကပါတယ္။ ျမန္မာႏိုင္ငံမွာ ျဖစ္ေနတာေတြက ေဒသတြင္းမွာ ဘယ္လို ဂယက္႐ိုက္ႏိုင္သလဲဆိုတာကို ေဆြးေႏြး ေျပာၾကားခဲ့ၾကပါတယ္။ ေတာင္ကိုရီးယားမွာလည္း ျမန္မာအေရးလႈပ္႐ွားသူေတြက အစီအစဥ္မ်ဳိးစံုနဲ႔ စည္း႐ံုး လႈ႔ံေဆာ္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာ့အရေး ဂျပန်အစိုးရ ပိုလုပ်ပေးဖို့ ဂျပန်ရောက် မြန်မာတွေ ကြိုးပမ်း

အာဏာသိမ်း အုပ်ချုပ်နေတဲ့ မြန်မာစစ်တပ်နဲ့ ဂျပန်လုပ်ငန်းတွေ စီးပွားရေးလုပ်နေတာ ရပ်ထားဖို့ အပါအဝင် မြန်မာ့အရေးကို ဂျပန်အစိုးရက တိုက်တိုက်တွန်းတွန်းလုပ်ဖို့ ဂျပန်ရောက် မြန်မာ့အရေးလှုပ်ရှားသူတွေ ကြိုးစားနေကြပါတယ်။ ဂျပန်ပြည်သူတွေက မြန်မာ့နိုင်ငံက အခြေအနေကို စိတ်ဝင်စားပေမဲ့ အစိုးရနဲ့ စီးပွားရေးလုပ်ငန်းတွေဘက်က မြန်မာ့အရေးအတွက် ပိုပြီး လုပ်ဖို့လိုတယ်လို့ သူတို့ကပြောပါတယ်။ မြန်မာနိုင်ငံ အပြောင်းအလဲအတွက် ဂျပန်နိုင်ငံမှာ ကြိုးစားနေကြတဲ့အကြောင်း ကိုငြိမ်းချမ်းက ဆက်ပြီးတင်ပြပါမယ်။

မြန်မာ့အရေးကို တွန်းတွန်းတိုက်တိုက်ပြောဆို ဆောင်ရွက်အောင် ဂျပန်ဝန်ကြီးချုပ်ကို တောင်းဆိုထားတဲ့ ပန်ကြားလွှာတွေမှာ လက်မှတ်တွေကို ဂျပန်ရောက် မြန်မာ့အရေးလှုပ်ရှားသူတွေ လိုက်ခံကောက်ခံနေပါတယ်။ အဲဒီလက်မှတ်တွေကို စုဆောင်းပြီး ဂျပန်ဝန်ကြီးချုပ်ဆီ ပေးပို့တာအပြင် အာဏာသိမ်းထားတဲ့ စစ်တပ်နဲ့ စီးပွားရေးလုပ်တာ ရပ်ထားဖို့၊ ဂျပန်မှာ ရှိနေတဲ့ နစက စစ်ကောင်စီရဲ့ မိသားစုဝင်တွေ၊ ဆက်နွယ်ပတ်သက်နေသူတွေကို အရေးယူပေးဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတွေကို လုပ်နေကြတာပါ။ ဂျပန်အစိုးရအနေနဲ့ နိုင်ငံတကာ လူ့အခွင့်ကိစ္စတွေကို ကိုင်တွယ်တဲ့နေရာမှာ ဥပဒေအရ အတားအဆီးတွေရှိတယ်လို့ ဂျပန်ရောက် မြန်မာနိုင်ငံသားများအသင်း ဥက္ကဋ္ဌ ဦးသန်းဆွေက ဗွီအိုအေကို ပြောပါတယ်။

“လူ့အခွင့်အရေး ကိစ္စတွေမှာ ဂျပန်နိုင်ငံမှာ အားနည်းနေတဲ့ ကိစ္စရပ်တွေ ရှိသလို နိုင်ငံတကာမှာ ဖြစ်နေတဲ့ အရေးအခင်း ကိစ္စတွေနဲ့ ပတ်သက်လို့ ဂျပန်က ပါဝင်ပတ်သက်နိုင်မှု အနေအထားကို ဟန့်တားနေတဲ့ ဥပဒေတွေ ရှိပါတယ်။ အဲဒါတွေကို ပြုပြင်ပြောင်းလဲနိုင်ဖို့အတွက်ကိုလည်း ဂျပန်လွှတ်တော် အမတ်တွေကနေ ကြိုးစားနေတဲ့အခါမှာ ... ဥပမာအနေနဲ့ ကျနော်တို့ မြန်မာနိုင်ငံကိစ္စ၊ ဟောင်ကောင် ဒီမိုကရေစီကိစ္စ၊ နောက် တရုတ်ထဲမှာ ရှိတဲ့ ဝီဂါဘာသာရေး လူမျိုးပေါ့လေ အဲဒီကိစ္စတွေကလည်း ကျနော်တို့နဲ့ လာပြီးပူးပေါင်း ဆောင်ရွက်နေပါတယ်။ နောက်တိဗက်တို့ပေါ့။ မြန်မာနိုင်ငံမှာရှိတဲ့ လှုပ်ရှားမှုက နည်းနည်းလေးပိုပြီး advanced ဖြစ်တဲ့အတွက်ကြောင့်မို့ သူတို့တွေက ကျနော်တို့ကို လာရောက် အင်အားပူးပေါင်းပြီး global လုံးဆိုင်ရာ လှုပ်ရှားမှုတွေကတဆင့် ဂျပန်နိုင်ငံရဲ့ ဥပဒေတွေ ပြောင်းလဲသွားဖို့အတွက် ကျနော်တို့ အဓိကထား လုပ်ဆောင်နေပါတယ်။”

ဒါတွေ အောင်မြင်သွားရင်တော့ မြန့်မာ့အရေးမှာ ဂျပန်အစိုးရ ပါဝင်ပတ်သက်မှုက ပိုအားကောင်းလာမယ်လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းတဲ့ကိစ္စအပေါ် ဂျပန်လူမျိုးတွေ ပိုမိုသိရှိနားလည်ပြီး ဂျပန်အစိုးရကို နားချ တိုက်တွန်းဖို့ မြန်မာ့အရေးလှုပ်ရှားသူတွေက ကြိုးစားနေကြပါတယ်။ ဂျပန်ပြည်သူတွေကြား မြန်မာနိုင်ငံမှာဖြစ်နေတဲ့ အခြေအနေတွေကို အရင်ကထက် ပိုစိတ်ဝင်စားလာကြပေမဲ့ ဂျပန်အစိုးရနဲ့ ဂျပန်လုပ်ငန်းရှင်တွေရဲ့ ပူးပေါင်း ပါဝင်လာဖို့က လိုနေသေးကြောင်း ဂျပန်ရောက် မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်နေတဲ့ မသန္တာညွန့်က ပြောပါတယ်။

“အစိုးရက မလှုပ်တာက ဘာဖြစ်လို့လဲဆိုတော့ enterprise တွေ စီးပွားရေးသမားတွေက မလှုပ်ကြလို့၊ တဘက်ကကြတော့လည်း စီးပွားရေးသမားတွေက ဘာလို့ မလှုပ်လဲဆိုတော့ အစိုးရက မလှုပ်လို့၊ အဲဒီလိုပဲ နောက်ဆုံးကျတော့ အခြေအနေက ဘယ်လိုဖြစ်သွားလဲဆိုတော့ ဂျပန်က မလှုပ်ဘူးပေါ့။ ဂျပန်က အသံထွက်လာလို့ရှိရင် တခြားနိုင်ငံတွေကလည်း အာဆီယံနိုင်ငံတွေကလည်း မထွက်လာလို့ မရတော့တဲ့ အခြေအနေဖြစ်မှာမို့ ဂျပန်က အရေးကြီးသလားဆိုရင် အရေးကြီးတယ်လို့ မြင်ပါတယ်။”

မြန်မာ့ဒီမိုကရေစီရေးထောက်ခံအားပေးတဲ့ ဂျပန်လွှတ်တော်အမတ်တချို့နဲ့ မြန်မာ့အရေးလှုပ်ရှားသူတချို့ တွေ့ဆုံပြီး မြန်မာ့အရေးကို ဆွေးနွေးခဲ့တာလည်း ရှိပါတယ်။ မြန်မာနိုင်ငံမှာဖြစ်နေတာတွေက ဒေသတွင်း တည်ငြိမ်မှုကို ထိခိုက်နိုင်တယ်လို့ စိုးရိမ်မှုတွေ ရှိနေသလို မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက်လို့ ဂျပန်နဲ့ အင်ဒိုနီးရှား ပုံမှန်တွေ့ဆုံဆွေးနွေးမှုတွေလည်း ရှိပါတယ်။ ဒေသတွင်း တည်ငြိမ်ဖို့ ဒီလိုဆွေးနွေးမှုတွေ လုပ်ဖို့လိုတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောခဲ့ပါတယ်။ ခုလို မြန်မာ့အရေးအတွက် ဂျပန်နိုင်ငံမှာသာမက Australia နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံတို့မှာလည်း ကြိုးပမ်းဆောင်ရွက်မှုတွေရှိပါတယ်။ ဒီနေ့မှာပဲ Australia နိုင်ငံ လွှတ်တော် ၂ ရပ်ပေါင်း နိုင်ငံခြားရေးရာ ဆပ်ကော်မတီတခုမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ကြားနာ ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေက ဒေသတွင်းမှာ ဘယ်လို ဂယက်ရိုက်နိုင်သလဲဆိုတာကို ဆွေးနွေး ပြောကြားခဲ့ကြပါတယ်။ တောင်ကိုရီးယားမှာလည်း မြန်မာအရေးလှုပ်ရှားသူတွေက အစီအစဉ်မျိုးစုံနဲ့ စည်းရုံး လှုံ့ဆော်နေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG