သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သၾကၤန္ပြဲေတာ္ ပုံမွန္က်င္းပႏိုင္ဖြယ္ မရွိ


ဧၿပီလ ၁၂ ရက္ ႏွစ္သစ္ကူး သၾကၤန္အခါသမယေန႔ ျမင္ကြင္းတခ်ိဳ႕

(Zawgyi/Unicode)

စစ္အာဏာသိမ္းခံရ ကာလအတြင္း ဒီကေန႔ စတင္မယ့္ ႏွစ္သစ္ကူး သၾကၤန္အခါသမယကို ပုံမွန္မက်င္းပႏိုင္ပါဘူး။ အာဏာသိမ္းထားတဲ့ စစ္တပ္ကလည္း ႏိုင္ငံတဝန္း ဆႏၵျပပြဲေတြကို ႏွိမ္နင္းေနသလို တိုင္းရင္းသား လက္နက္ကိုင္ေတြနဲ႔လည္း တိုက္ပြဲ ျဖစ္ေနတာပါ။ တဖက္မွာလည္း စစ္အာဏာသိမ္း ဆန႔္က်င္ ဆႏၵျပသူေတြက စစ္အာဏာသိမ္း ဆန႔္က်င္ဆႏၵျပပြဲေတြ အေနနဲ႔ သၾကၤန္အခါသမယ ကို က်င္းပၾကဖို႔ စည္း႐ုံး လႈပ္ရွားေနၾကပါတယ္။

စစ္တပ္က ဖြဲ႕ထားတဲ့ အုပ္ခ်ဳပ္ေရး ေကာင္စီကို ဆႏၵျပရင္း သၾကၤန္က်ၾကဖို႔ ရန္ကုန္ၿမိဳ႕က လမ္းေပၚထြက္ ဆႏၵျပပြဲေတြကို ဦးေဆာင္ခဲ့သူ ႏိုင္ငံေရးသမား ေဒၚအိသၪၥာေမာင္က သူမရဲ႕ လူမႈကြန္ရက္ Facebook ကေန စည္း႐ုံးေနသလို မုံ႐ြာ သပိတ္ကို ဦးေဆာင္သူ တဦး ျဖစ္တဲ့ ဦးေဝမိုးႏိုင္ကလည္း သၾကၤန္မွာ ဆႏၵျပမယ့္ အစီအစဥ္ကို ဗြီအိုေအကို အခုလို ေျပာပါတယ္။

" အႀကိဳေန႔မွာကေတာ့ အတာအိုးသပိတ္ဆိုတဲ့ ပုံစံမ်ိဳးေပါ့ေနာ္။ အတာသႀကၤန္ကို ႀကိဳဆိုတဲ့အေနနဲ႔ ပန္းေတြစိုက္ၿပီးေတာ့ အတာအိုးေတြကို ကိုယ့္အိမ္ေရွ႕မွာ ခ်ထားၾကမယ္။ အက်ေန႔မွာကေတာ့ “ေသြးမတိတ္သပိတ္” ဆိုၿပီးေတာ့ ေႏြဦးေတာ္လွန္ေရးမွာ အသက္ေသြး ေပးဆပ္သြားခဲ့ၾကတဲ့ အာဇာနည္သူရဲေကာင္းမ်ားကို ေအာင္းေမ့တသတဲ့အေနနဲ႔ အနီေရာင္ေဆးေတြကို အိမ္ေတြ၊ ၿခံဝန္းေတြ၊ အိမ္ေရွ႕လမ္းေတြေပၚမွာ ပက္ျဖန္းျခင္းအားျဖင့္ က်ေနာ္တို႔ဆင္ႏႊဲဖို႔ ရွိမယ္။ "

အာဏာသိမ္းထားတဲ့ စစ္တပ္ရဲ႕ အုပ္ခ်ဳပ္ေရး ေကာင္စီဘက္ကလည္း ဒီႏွစ္ သၾကၤန္ပြဲေတာ္ေတြ အတြက္ ေပၚေပၚထင္ထင္ ျပင္ဆင္ႏိုင္တာေတာ့ မေတြ႕ရပါဘူး။ ႏိုင္ငံတဝန္းမွာ အာဏာသိမ္း ဆန႔္က်င္ ဆႏၵျပပြဲေတြ ဆက္ရွိေနၿပီး ဆႏၵျပပြဲေတြကို လုံၿခဳံေရး တပ္ဖြဲ႕ေတြရဲ႕ ႏွိမ္နင္းမႈေၾကာင့္ အရပ္သား ၇၀၀ ေက်ာ္ ေသဆုံးထားရသလို တိုင္းရင္းသား လက္နက္ကိုင္ ေဒသေတြမွာလည္း တိုက္ပြဲေတြ အရွိန္ျပင္းလာေနတာေၾကာင့္ ႏိုင္ငံတဝန္း သၾကၤန္ပြဲေတာ္ အားလပ္ရက္က ပုံမွန္ က်င္းပႏိုင္ဖို႔ မရွိပါဘူး။

ၿပီးခဲ့တဲ့ႏွစ္က ႏိုင္ငံတဝန္း COVID-19 ပ်ံ႕ႏွံ႔ ကူးစက္မႈေတြေၾကာင့္ သၾကၤန္ပြဲေတာ္ေတြ မက်င္းပႏိုင္ခဲ့သလို အခု ႏွစ္မွာေတာ့ စစ္အာဏာသိမ္းမႈ ဂယက္ေၾကာင့္ ဒုတိယေျမာက္ႏွစ္ အျဖစ္ သၾကၤန္ပြဲေတြ ပုံမွန္ မက်င္းပႏိုင္တာ ျဖစ္ပါတယ္။

..............

သင်္ကြန်ပွဲတော် ပုံမှန်ကျင်းပနိုင်ဖွယ် မရှိ
(Unicode)

စစ်အာဏာသိမ်းခံရ ကာလအတွင်း ဒီကနေ့ စတင်မယ့် နှစ်သစ်ကူး သင်္ကြန်အခါသမယကို ပုံမှန်မကျင်းပနိုင်ပါဘူး။ အာဏာသိမ်းထားတဲ့ စစ်တပ်ကလည်း နိုင်ငံတဝန်း ဆန္ဒပြပွဲတွေကို နှိမ်နင်းနေသလို တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့လည်း တိုက်ပွဲ ဖြစ်နေတာပါ။ တဖက်မှာလည်း စစ်အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြသူတွေက စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲတွေ အနေနဲ့ သင်္ကြန်အခါသမယ ကို ကျင်းပကြဖို့ စည်းရုံး လှုပ်ရှားနေကြပါတယ်။

စစ်တပ်က ဖွဲ့ထားတဲ့ အုပ်ချုပ်ရေး ကောင်စီကို ဆန္ဒပြရင်း သင်္ကြန်ကျကြဖို့ ရန်ကုန်မြို့က လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့သူ နိုင်ငံရေးသမား ဒေါ်အိသဉ္စာမောင်က သူမရဲ့ လူမှုကွန်ရက် Facebook ကနေ စည်းရုံးနေသလို မုံရွာ သပိတ်ကို ဦးဆောင်သူ တဦး ဖြစ်တဲ့ ဦးဝေမိုးနိုင်ကလည်း သင်္ကြန်မှာ ဆန္ဒပြမယ့် အစီအစဉ်ကို ဗွီအိုအေကို အခုလို ပြောပါတယ်။

" အကြိုနေ့မှာကတော့ အတာအိုးသပိတ်ဆိုတဲ့ ပုံစံမျိုးပေါ့နော်။ အတာသင်္ကြန်ကို ကြိုဆိုတဲ့အနေနဲ့ ပန်းတွေစိုက်ပြီးတော့ အတာအိုးတွေကို ကိုယ့်အိမ်ရှေ့မှာ ချထားကြမယ်။ အကျနေ့မှာကတော့ “သွေးမတိတ်သပိတ်” ဆိုပြီးတော့ နွေဦးတော်လှန်ရေးမှာ အသက်သွေး ပေးဆပ်သွားခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းများကို အောင်းမေ့တသတဲ့အနေနဲ့ အနီရောင်ဆေးတွေကို အိမ်တွေ၊ ခြံဝန်းတွေ၊ အိမ်ရှေ့လမ်းတွေပေါ်မှာ ပက်ဖြန်းခြင်းအားဖြင့် ကျနော်တို့ဆင်နွှဲဖို့ ရှိမယ်။ "

အာဏာသိမ်းထားတဲ့ စစ်တပ်ရဲ့ အုပ်ချုပ်ရေး ကောင်စီဘက်ကလည်း ဒီနှစ် သင်္ကြန်ပွဲတော်တွေ အတွက် ပေါ်ပေါ်ထင်ထင် ပြင်ဆင်နိုင်တာတော့ မတွေ့ရပါဘူး။ နိုင်ငံတဝန်းမှာ အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြပွဲတွေ ဆက်ရှိနေပြီး ဆန္ဒပြပွဲတွေကို လုံခြုံရေး တပ်ဖွဲ့တွေရဲ့ နှိမ်နင်းမှုကြောင့် အရပ်သား ၇၀၀ ကျော် သေဆုံးထားရသလို တိုင်းရင်းသား လက်နက်ကိုင် ဒေသတွေမှာလည်း တိုက်ပွဲတွေ အရှိန်ပြင်းလာနေတာကြောင့် နိုင်ငံတဝန်း သင်္ကြန်ပွဲတော် အားလပ်ရက်က ပုံမှန် ကျင်းပနိုင်ဖို့ မရှိပါဘူး။

ပြီးခဲ့တဲ့နှစ်က နိုင်ငံတဝန်း COVID-19 ပျံ့နှံ့ ကူးစက်မှုတွေကြောင့် သင်္ကြန်ပွဲတော်တွေ မကျင်းပနိုင်ခဲ့သလို အခု နှစ်မှာတော့ စစ်အာဏာသိမ်းမှု ဂယက်ကြောင့် ဒုတိယမြောက်နှစ် အဖြစ် သင်္ကြန်ပွဲတွေ ပုံမှန် မကျင်းပနိုင်တာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG