သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရဲတပ္ဖြဲ႔ ပစ္ခတ္မႈေၾကာင့္ တမူးမွာ တဦးေသ


tamu တမူးၿမဳိ႕

(Zawgyi / Unicode)

စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပသပိတ္ေတြ ႏုိင္ငံတဝန္းက ၿမိဳ႕ေတြအေတာ္မ်ားမ်ားမွာ ဒီေန႔ ဆက္လက္ျဖစ္ပြားခဲ့ၿပီး စစ္ကိုင္းတုိင္း တမူးၿမိဳ႕မွာေတာ့ စစ္တပ္နဲ႔ ရဲတပ္ဖဲြ႔က ပစ္ခတ္ႏွိမ္နင္းတာေၾကာင့္ ဆႏၵျပသူတဦး ေသဆုံးခဲ့ပါတယ္။ ဒါ့အျပင္ မႏၱေလးၿမိဳ႕မွာလည္း ဒီေန႔မနက္အေစာပိုင္းက ဗုံးတလုံးေပါက္ကဲြခဲ့လို႔ တဦး ဒဏ္ရာရသြားခဲ့ပါတယ္။ ဒီအေျခအေန အျပည့္အစုံကို ကုိရန္ႏုိင္ တင္ျပေပးထားပါတယ္။

စစ္တပ္က အာဏာသိမ္းတာကို ဆန္႔က်င္တဲ့ ဆႏၵျပပဲြေတြဟာ ဒီေန႔မွာလည္း ႏုိင္ငံတဝန္း ေနရာအႏွံ႔က ၿမိဳ႕ေတြမွာ ပုံစံမ်ိဳးစုံနဲ႔ ဆက္လက္ျဖစ္ပြားခဲ့ပါတယ္။

စစ္ကိုိင္းတုိင္းအတြင္းက မုံရြာ၊ ေရဦး၊ ဆားလင္းႀကီး၊ ကေလး၊ ကသာ စတဲ့ၿမိဳ႕ေတြမွာေတာ့ စုေပါင္းဆုိင္ကယ္သပိတ္၊ အ႐ုဏ္ဦးသပိတ္၊ အစိမ္းေရာင္ေန႔ ဆႏၵျပသပိတ္၊ ခ်င္းတြင္းျမစ္ကမ္း သဲပန္းပုလက္ရာသပိတ္ စတာေတြကို ဆင္ႏႊဲခဲ့ၾကပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းေတြအတြင္းက ဆႏၵျပတဲ့သူေတြနဲ႔ စစ္တပ္နဲ႔ ရဲတပ္ဖဲြ႔ေတြ အႀကီးအက်ယ္ ထိပ္တုိက္ေတြ႔ခဲ့ၾကတဲ့ တမူးၿမိဳ႕မွာေတာ့ ခ႐ုိင္ရဲ႐ုံးေရွ႕ ဆုိင္ကယ္စီးလာတဲ့ ျပည္သူ ၂ ေယာက္ကို စစ္တပ္ကပစ္လို႔ ၁ ေယာက္ ေသဆုံးသြားခဲ့ပါတယ္။ အာရွလမ္းမ၊ ျခေသၤ့ ၄ ေကာင္အနီး ဆိုင္ကယ္ေမာင္းေနစဥ္ အေလာင္းဘုရားလမ္းေပၚရွိ ခ႐ိုင္ရဲစခန္း႐ုံးကေန ေသနတ္နဲ႔လွမ္းပစ္လို႔ အာရွလမ္း၊ ဆြမ္းေလာင္းဓမၼာ႐ုံအနီးမွာ ကိုထြန္းထြန္းဦးဆိုတဲ့ နန္းဖာလုံေနတဲ့ အရပ္သားတဦး က်ဆုံးခဲ့တယ္လို႔ တမူးေဒသခံက ေျပာပါတယ္။

"တေယာက္ေတာ့ က်သြားတယ္ဗ်။ ေန႔လယ္ ၃ နာရီေလာက္က။ သူက လမ္းမတန္း ခ႐ိုင္႐ုံးေရွ႕ကေန ျဖတ္သြားတာေပါ့။ အဲဒါကို လွမ္းပစ္တာ။"

ဆႏၵျပသပိတ္ေတြ အားေကာင္းတဲ့ မႏၱေလးၿမိဳ႕မွာေတာ့ ဒီေန႔မနက္ အေစာပိုင္း ၉ နာရီေလာက္က ဗုံးတလုံး ေပါက္ကဲြခဲ့ပါတယ္။ ဒီအေျခအေနနဲ႔ပတ္သက္ၿပီး မႏၱေလးၿမိဳ႕ခံတဦးက အခုလို ေျပာပါတယ္။

“ျဖစ္တဲ့ေနရာက ၂၆ x ၂၇ ၾကား၊ ၈၁ လမ္း၊ လမ္းရဲ႕အေနာက္ဘက္ ျမဝတီဘဏ္၊ ျမဝတီဘဏ္ေရွ႕ကို ဆုိင္ကယ္တစီးနဲ႔ လူ ၂ ေယာက္က လာၿပီးေတာ့ ေနာက္ကလူက ဆင္းၿပီးေတာ့ အဲဒီထဲကို ႂကြပ္ႂကြပ္အိတ္အမည္းနဲ႔ ထည့္ထားတဲ့ အထုပ္ထဲကေနၿပီးေတာ့ ပစ္ထည့္သြားတယ္။ ပစ္ထည့္ၿပီး ေပါက္ကဲြသြားေတာ့ လုံၿခဳံေရးတေယာက္ ဒဏ္ရာရတယ္။ အဲဒီအခ်ိန္မွာ ပစ္တဲ့လူက ဆုိင္ကယ္ေပၚ ျပန္တက္ၿပီးေတာ့ ေတာင္ဘက္ကို ေမာင္းသြားတယ္။ လုံၿခဳံေရးတေယာက္ပဲ ထိခုိက္ဒဏ္ရာရတယ္။ စစ္တပ္လုံၿခဳံေရးပါ။”

အဲဒီလို ဗုံးေပါက္ကဲြမႈ ျဖစ္ပြားခဲ့ေပမယ့္လည္း မႏၱေလးၿမိဳ႕မွာေတာ့ ဒီေန႔ ဗမာႏုိင္ငံလုံးဆုိင္ရာ ေက်ာင္းသားသမဂၢမ်ားအဖဲြ႔ခ်ဳပ္၊ ရတနာပုံတကၠသိုလ္ ေက်ာင္းသားသမဂၢ၊ ဘုရားႀကီး ၿငိမ္းခ်မ္းေရးသပိတ္၊ တမၸဝတီ လူထုစစ္ေၾကာင္း၊ အထက ၇ ေက်ာင္းသားေက်ာင္းသူမ်ား စတာေတြပါဝင္တဲ့ တပ္ေပါင္းစုသပိတ္စစ္ေၾကာင္းက စစ္အာဏာရွင္ ဆန္႔က်င္ေရး ဆႏၵျပခဲ့ၾကသလို ခ်မ္းျမသာစည္ၿမိဳ႕နယ္တြင္းမွာလည္း ေက်ာင္းသားေတြနဲ႔ ျပည္သူေတြက ေအာင္သေျပေတာ္လွန္ေရး သပိတ္စစ္ေၾကာင္းေတြ ဆင္ႏႊဲခဲ့ၾကပါတယ္။ ဒါ့အျပင္ မေန႔တုန္းက စစ္ေကာင္စီရဲ႕ စစ္တပ္နဲ႔ ရဲတပ္ဖဲြ႔ေတြ လူစုခဲြၿဖိဳခဲြတာကို ခံလိုက္ရတဲ့ ျမေတာင္သပိတ္စစ္ေၾကာင္းကလည္း ဒီေန႔မွာ ေျပာက္က်ားစနစ္နဲ႔ လမ္းေပၚထြက္ ဆႏၵျပခဲ့ၾကၿပီး ေအာင္ျမင္စြာ လူစုခဲြႏုိင္ခဲ့ပါတယ္။

ရန္ကုန္မွာဆုိရင္လည္း စမ္းေခ်ာင္း၊ ဗဟန္း၊ သာေကတ၊ ဗုိလ္တေထာင္၊ ေျမာက္ဥကၠလာ၊ ေတာင္ဥကၠလာ၊ တာေမြ၊ ဆူးေလ၊ အင္းစိန္၊ မဂၤလာဒုံ၊ လႈိင္၊ မဂၤလာေတာင္ညြန္႔ စတဲ့ၿမိဳ႕နယ္ေတြမွာ အ႐ုဏ္ဦးသပိတ္၊ အတာအိုးသပိတ္၊ အစိမ္းေရာင္ေန႔ ဆႏၵျပသပိတ္၊ လူမဲ့သပိတ္၊ အာဇာနည္ဝိညာဥ္သပိတ္၊ မ်က္ႏွာဖုံးသပိတ္ စတဲ့ သပိတ္ေပါင္းစုံကို ဆင္ႏႊဲခဲ့ၾကၿပီးေတာ့ ေရႊဂုံတုိင္ ခုံးေက်ာ္တံတား အပါအဝင္ တံတားတခ်ိဳ႕မွာလည္း စစ္အာဏာရွင္စနစ္ က်ဆုံးပါေစ၊ အာဇာနည္မ်ိဳး ေသ႐ုိးမရွိ၊ အၾကမ္းဖက္မႈ ခ်က္ခ်င္းရပ္ စတဲ့ စာတမ္းေတြ၊ ပိုစတာေတြကို ခ်ိတ္ဆဲြၿပီး စစ္ေကာင္စီအုပ္ခ်ဳပ္တာကို လုံးဝလက္မခံေၾကာင္း ဆႏၵျပခဲ့ၾကပါတယ္။

ကခ်င္ျပည္နယ္ဘက္မွာလည္း မုိးေကာင္း၊ မုိးညႇင္း၊ ဖားကန္႔ စတဲ့ၿမိဳ႕ေတြမွာ ဆႏၵျပခဲ့ၾကၿပီး ဖားကန္႔ၿမိဳ႕က သပိတ္စစ္ေၾကာင္းကိုေတာ့ စစ္တပ္နဲ႔ ရဲတပ္ဖဲြ႔ေတြဘက္က လူစုခဲြ ႏွိမ္နင္းခဲ့တာရွိတယ္လို႔ ဖားကန္႔ၿမိဳ႕ခံတဦးက ဗီြအိုေအကို ေျပာပါတယ္။

“ဒီေန႔ ဆႏၵစျပတဲ့ အခ်ိန္မွာကေတာ့ ရဲနဲ႔စစ္တပ္က ၿဖိဳခဲြဖို႔ျပင္ဆင္တယ္။ ခါတိုင္းဆုိရင္ေတာ့ ေအးျမသာယာစစ္ေၾကာင္းက ေက်ာက္ဝုိင္းကို ၂ ပတ္ ၃ ပတ္ ပတ္တာေပါ့။ ဒီေန႔ကေတာ့ သူတုိ႔ အဲဒီအေျခအေနေတြကို ေတြ႔တဲ့အတြက္ ၁ ပတ္ပဲ ပတ္တယ္။ သူတုိ႔လည္း ဆင္းလာတယ္။ တပတ္တည္းပတ္ၿပီးေတာ့ က်ေနာ္တုိ႔ ဆႏၵျပတဲ့သူေတြက လူစုခဲြတယ္။ လူစုခဲြၿပီးေတာ့ ကိုယ့္လမ္းကိုယ္ျပန္ၾကတယ္။ အဲဒီေတာ့ ဖမ္းဆီးခံရတာ၊ ပစ္ခတ္ခံရတာမ်ိဳးေတြေတာ့ မရွိဘူး။ အခု က်ေနာ္တုိ႔ ဖားကန္႔မွာက်ေတာ့ အရင္လိုမ်ိဳး ဆႏၵျပတဲ့ သပိတ္စစ္ေၾကာင္း အားလုံးက ဖားကန္႔ကို စုၿပဳံၿပီးေတာ့ မလာေတာ့ဘူး။ ကိုယ့္ရြာ၊ ကိုယ့္ေဒသ၊ ကိုယ္ေမွာ္ေတြမွာပဲ သူတုိ႔ ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ဆႏၵျပၾကတယ္။ တခ်ိဳ႕ရြာေတြမွာ ဒီေန႔ဆုိလို႔ရွိရင္ ဆုိင္းေတာင္ဘက္မွာ အေျခခံဥပေဒစာအုပ္ မီး႐ႈိ႕ပြဲေတြ လုပ္တယ္။ ၿပီးလို႔ရွိရင္ တ႐ုတ္ပစၥည္းေတြ မသုံးၾကဖို႔၊ တ႐ုတ္ႏုိင္ငံကို အလိုမရွိေပါ့၊ တ႐ုတ္အလံ မီး႐ႈိ႕တာေတြ လုပ္တယ္။”

ဒါ့အျပင္ တနသၤာရီတုိင္းအတြင္းက ထားဝယ္နဲ႔ ေလာင္းလုံၿမိဳ႕ေတြမွာလည္း ၿမိဳ႕ခံေတြက ဒီေန႔မွာလည္း ဆုိင္ကယ္စီးသပိတ္ေတြ၊ ခ်ီတက္ဆႏၵျပတာေတြ လုပ္ၿပီး စစ္တပ္အာဏာသိမ္းမႈကို လက္မခံေၾကာင္း ဆႏၵျပခဲ့ၾကပါတယ္။

ဒါ့အျပင္ ႏုိင္ငံတဝန္းက ပုဂံ၊ မိတၳီလာ၊ ျမင္းၿခံ၊ မုိးကုတ္၊ ပုလိပ္၊ ေတာင္ႀကီး၊ ေမာ္လၿမိဳင္၊ ေပါင္၊ မုဒုံ၊ ဘားအံ၊ ပုသိမ္၊ ေရၾကည္၊ ေတာင္ငူ၊ ျဖဴး၊ ကညြတ္ကြင္း၊ ေဇယ်ဝတီ စတဲ့ၿမိဳ႕ေတြမွာလည္း စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပသပိတ္ေတြကို ပုံစံမ်ိဳးစုံနဲ႔ ျပဳလုပ္ခဲ့ၾကပါတယ္။ စစ္တပ္အာဏာသိမ္းၿပီးတဲ့ေနာက္ ၂ လေက်ာ္လာၿပီးတဲ့အခ်ိန္အထိ ႏုိင္ငံတဝန္းက ဆႏၵျပပဲြေတြကို စစ္တပ္နဲ႔ ရဲတပ္ဖဲြ႔က ပစ္ခတ္ႏွိမ္နင္းတာေၾကာင့္ ေသဆုံးသူ ၇၀၀ ေက်ာ္သြားၿပီျဖစ္ၿပီး ဆႏၵျပတဲ့သူ ေထာင္နဲ႔ခ်ီ ဖမ္းခံထားရပါတယ္။

ရဲတပ္ဖြဲ႔ ပစ္ခတ္မႈေၾကာင့္ တမူးမွာ တဦးေသ
please wait

No media source currently available

0:00 0:05:06 0:00
တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ရဲတပ်ဖွဲ့ ပစ်ခတ်မှုကြောင့် တမူးမှာ တဦးသေ

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေ နိုင်ငံတဝန်းက မြို့တွေအတော်များများမှာ ဒီနေ့ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကိုင်းတိုင်း တမူးမြို့မှာတော့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းတာကြောင့် ဆန္ဒပြသူတဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် မန္တလေးမြို့မှာလည်း ဒီနေ့မနက်အစောပိုင်းက ဗုံးတလုံးပေါက်ကွဲခဲ့လို့ တဦး ဒဏ်ရာရသွားခဲ့ပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို ကိုရန်နိုင် တင်ပြပေးထားပါတယ်။

စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေဟာ ဒီနေ့မှာလည်း နိုင်ငံတဝန်း နေရာအနှံ့က မြို့တွေမှာ ပုံစံမျိုးစုံနဲ့ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက မုံရွာ၊ ရေဦး၊ ဆားလင်းကြီး၊ ကလေး၊ ကသာ စတဲ့မြို့တွေမှာတော့ စုပေါင်းဆိုင်ကယ်သပိတ်၊ အရုဏ်ဦးသပိတ်၊ အစိမ်းရောင်နေ့ ဆန္ဒပြသပိတ်၊ ချင်းတွင်းမြစ်ကမ်း သဲပန်းပုလက်ရာသပိတ် စတာတွေကို ဆင်နွှဲခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းက ဆန္ဒပြတဲ့သူတွေနဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေ အကြီးအကျယ် ထိပ်တိုက်တွေ့ခဲ့ကြတဲ့ တမူးမြို့မှာတော့ ခရိုင်ရဲရုံးရှေ့ ဆိုင်ကယ်စီးလာတဲ့ ပြည်သူ ၂ ယောက်ကို စစ်တပ်ကပစ်လို့ ၁ ယောက် သေဆုံးသွားခဲ့ပါတယ်။ အာရှလမ်းမ၊ ခြင်္သေ့ ၄ ကောင်အနီး ဆိုင်ကယ်မောင်းနေစဉ် အလောင်းဘုရားလမ်းပေါ်ရှိ ခရိုင်ရဲစခန်းရုံးကနေ သေနတ်နဲ့လှမ်းပစ်လို့ အာရှလမ်း၊ ဆွမ်းလောင်းဓမ္မာရုံအနီးမှာ ကိုထွန်းထွန်းဦးဆိုတဲ့ နန်းဖာလုံနေတဲ့ အရပ်သားတဦး ကျဆုံးခဲ့တယ်လို့ တမူးဒေသခံက ပြောပါတယ်။

"တယောက်တော့ ကျသွားတယ်ဗျ။ နေ့လယ် ၃ နာရီလောက်က။ သူက လမ်းမတန်း ခရိုင်ရုံးရှေ့ကနေ ဖြတ်သွားတာပေါ့။ အဲဒါကို လှမ်းပစ်တာ။"

ဆန္ဒပြသပိတ်တွေ အားကောင်းတဲ့ မန္တလေးမြို့မှာတော့ ဒီနေ့မနက် အစောပိုင်း ၉ နာရီလောက်က ဗုံးတလုံး ပေါက်ကွဲခဲ့ပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး မန္တလေးမြို့ခံတဦးက အခုလို ပြောပါတယ်။

“ဖြစ်တဲ့နေရာက ၂၆ x ၂၇ ကြား၊ ၈၁ လမ်း၊ လမ်းရဲ့အနောက်ဘက် မြဝတီဘဏ်၊ မြဝတီဘဏ်ရှေ့ကို ဆိုင်ကယ်တစီးနဲ့ လူ ၂ ယောက်က လာပြီးတော့ နောက်ကလူက ဆင်းပြီးတော့ အဲဒီထဲကို ကြွပ်ကြွပ်အိတ်အမည်းနဲ့ ထည့်ထားတဲ့ အထုပ်ထဲကနေပြီးတော့ ပစ်ထည့်သွားတယ်။ ပစ်ထည့်ပြီး ပေါက်ကွဲသွားတော့ လုံခြုံရေးတယောက် ဒဏ်ရာရတယ်။ အဲဒီအချိန်မှာ ပစ်တဲ့လူက ဆိုင်ကယ်ပေါ် ပြန်တက်ပြီးတော့ တောင်ဘက်ကို မောင်းသွားတယ်။ လုံခြုံရေးတယောက်ပဲ ထိခိုက်ဒဏ်ရာရတယ်။ စစ်တပ်လုံခြုံရေးပါ။”

အဲဒီလို ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပေမယ့်လည်း မန္တလေးမြို့မှာတော့ ဒီနေ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ရတနာပုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ၊ ဘုရားကြီး ငြိမ်းချမ်းရေးသပိတ်၊ တမ္ပဝတီ လူထုစစ်ကြောင်း၊ အထက ၇ ကျောင်းသားကျောင်းသူများ စတာတွေပါဝင်တဲ့ တပ်ပေါင်းစုသပိတ်စစ်ကြောင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသလို ချမ်းမြသာစည်မြို့နယ်တွင်းမှာလည်း ကျောင်းသားတွေနဲ့ ပြည်သူတွေက အောင်သပြေတော်လှန်ရေး သပိတ်စစ်ကြောင်းတွေ ဆင်နွှဲခဲ့ကြပါတယ်။ ဒါ့အပြင် မနေ့တုန်းက စစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေ လူစုခွဲဖြိုခွဲတာကို ခံလိုက်ရတဲ့ မြတောင်သပိတ်စစ်ကြောင်းကလည်း ဒီနေ့မှာ ပြောက်ကျားစနစ်နဲ့ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး အောင်မြင်စွာ လူစုခွဲနိုင်ခဲ့ပါတယ်။

ရန်ကုန်မှာဆိုရင်လည်း စမ်းချောင်း၊ ဗဟန်း၊ သာကေတ၊ ဗိုလ်တထောင်၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ တာမွေ၊ ဆူးလေ၊ အင်းစိန်၊ မင်္ဂလာဒုံ၊ လှိုင်၊ မင်္ဂလာတောင်ညွန့် စတဲ့မြို့နယ်တွေမှာ အရုဏ်ဦးသပိတ်၊ အတာအိုးသပိတ်၊ အစိမ်းရောင်နေ့ ဆန္ဒပြသပိတ်၊ လူမဲ့သပိတ်၊ အာဇာနည်ဝိညာဉ်သပိတ်၊ မျက်နှာဖုံးသပိတ် စတဲ့ သပိတ်ပေါင်းစုံကို ဆင်နွှဲခဲ့ကြပြီးတော့ ရွှေဂုံတိုင် ခုံးကျော်တံတား အပါအဝင် တံတားတချို့မှာလည်း စစ်အာဏာရှင်စနစ် ကျဆုံးပါစေ၊ အာဇာနည်မျိုး သေရိုးမရှိ၊ အကြမ်းဖက်မှု ချက်ချင်းရပ် စတဲ့ စာတမ်းတွေ၊ ပိုစတာတွေကို ချိတ်ဆွဲပြီး စစ်ကောင်စီအုပ်ချုပ်တာကို လုံးဝလက်မခံကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

ကချင်ပြည်နယ်ဘက်မှာလည်း မိုးကောင်း၊ မိုးညှင်း၊ ဖားကန့် စတဲ့မြို့တွေမှာ ဆန္ဒပြခဲ့ကြပြီး ဖားကန့်မြို့က သပိတ်စစ်ကြောင်းကိုတော့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေဘက်က လူစုခွဲ နှိမ်နင်းခဲ့တာရှိတယ်လို့ ဖားကန့်မြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“ဒီနေ့ ဆန္ဒစပြတဲ့ အချိန်မှာကတော့ ရဲနဲ့စစ်တပ်က ဖြိုခွဲဖို့ပြင်ဆင်တယ်။ ခါတိုင်းဆိုရင်တော့ အေးမြသာယာစစ်ကြောင်းက ကျောက်ဝိုင်းကို ၂ ပတ် ၃ ပတ် ပတ်တာပေါ့။ ဒီနေ့ကတော့ သူတို့ အဲဒီအခြေအနေတွေကို တွေ့တဲ့အတွက် ၁ ပတ်ပဲ ပတ်တယ်။ သူတို့လည်း ဆင်းလာတယ်။ တပတ်တည်းပတ်ပြီးတော့ ကျနော်တို့ ဆန္ဒပြတဲ့သူတွေက လူစုခွဲတယ်။ လူစုခွဲပြီးတော့ ကိုယ့်လမ်းကိုယ်ပြန်ကြတယ်။ အဲဒီတော့ ဖမ်းဆီးခံရတာ၊ ပစ်ခတ်ခံရတာမျိုးတွေတော့ မရှိဘူး။ အခု ကျနော်တို့ ဖားကန့်မှာကျတော့ အရင်လိုမျိုး ဆန္ဒပြတဲ့ သပိတ်စစ်ကြောင်း အားလုံးက ဖားကန့်ကို စုပြုံပြီးတော့ မလာတော့ဘူး။ ကိုယ့်ရွာ၊ ကိုယ့်ဒေသ၊ ကိုယ်မှော်တွေမှာပဲ သူတို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆန္ဒပြကြတယ်။ တချို့ရွာတွေမှာ ဒီနေ့ဆိုလို့ရှိရင် ဆိုင်းတောင်ဘက်မှာ အခြေခံဥပဒေစာအုပ် မီးရှို့ပွဲတွေ လုပ်တယ်။ ပြီးလို့ရှိရင် တရုတ်ပစ္စည်းတွေ မသုံးကြဖို့၊ တရုတ်နိုင်ငံကို အလိုမရှိပေါ့၊ တရုတ်အလံ မီးရှို့တာတွေ လုပ်တယ်။”

ဒါ့အပြင် တနင်္သာရီတိုင်းအတွင်းက ထားဝယ်နဲ့ လောင်းလုံမြို့တွေမှာလည်း မြို့ခံတွေက ဒီနေ့မှာလည်း ဆိုင်ကယ်စီးသပိတ်တွေ၊ ချီတက်ဆန္ဒပြတာတွေ လုပ်ပြီး စစ်တပ်အာဏာသိမ်းမှုကို လက်မခံကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

ဒါ့အပြင် နိုင်ငံတဝန်းက ပုဂံ၊ မိတ္ထီလာ၊ မြင်းခြံ၊ မိုးကုတ်၊ ပုလိပ်၊ တောင်ကြီး၊ မော်လမြိုင်၊ ပေါင်၊ မုဒုံ၊ ဘားအံ၊ ပုသိမ်၊ ရေကြည်၊ တောင်ငူ၊ ဖြူး၊ ကညွတ်ကွင်း၊ ဇေယျဝတီ စတဲ့မြို့တွေမှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို ပုံစံမျိုးစုံနဲ့ ပြုလုပ်ခဲ့ကြပါတယ်။ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် ၂ လကျော်လာပြီးတဲ့အချိန်အထိ နိုင်ငံတဝန်းက ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းတာကြောင့် သေဆုံးသူ ၇၀၀ ကျော်သွားပြီဖြစ်ပြီး ဆန္ဒပြတဲ့သူ ထောင်နဲ့ချီ ဖမ်းခံထားရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG