သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ပဲခူးဆႏၵျပပြဲ အၾကမ္းဖက္ႏွိမ္နင္းမႈ ေသဆံုးသူမ်ား


ပဲခူးၿမိဳ႕ စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပ သပိတ္ခံတပ္။ (ဧၿပီ ၉၊၂၀၂၁။ ဓာတ္ပုံ - HANTARWADI MEDIA via AFPTV / AFP)

(Zawgyi / Unicode)

ပဲခူးၿမိဳ႕ ဆႏၵျပသပိတ္ေတြကို မေန႔က အၾကမ္းဖက္ ပစ္ခတ္ၿဖိဳခဲြမႈေၾကာင့္ ၆၀ ေက်ာ္ ေသဆုံးၿပီး အေတာ္မ်ားမ်ား ထိခုိက္ဒဏ္ရာရခဲ့တယ္လုိ႔ ပဲခူးၿမိဳ႕ခံတဦးက ဗီြအိုေအကို ေျပာပါတယ္။ မႏၱေလးၿမိဳ႕မွာလည္း ဒီေန႔ ျမေတာင္သပိတ္စစ္ေၾကာင္း ၿဖိဳခဲြခံရတာေၾကာင့္ ဒါဇင္နဲ႔ခ်ီၿပီး အဖမ္းခံခဲ့ရပါတယ္။ ဒီအေျခအေနေတြ အပါအဝင္ ႏုိင္ငံတဝန္းက ဆႏၵျပပဲြေတြကို ကိုရန္ႏုိင္ တင္ျပေပးထားပါတယ္။

ပဲခူးၿမိဳ႕မွာ မေန႔ကလုပ္ခဲ့တဲ့ ဆႏၵျပသပိတ္ေတြကို စစ္ေကာင္စီရဲ႕ လက္နက္ကိုင္ စစ္တပ္နဲ႔ ရဲတပ္ဖဲြ႔က အၾကမ္းဖက္ ၿဖိဳခဲြခဲ့တာေၾကာင့္ ဆႏၵျပတဲ့သူ ၆၅ ေယာက္ထက္မနည္း ေသဆုံးခဲ့တယ္လို႔ ပဲခူးၿမိဳ႕ခံတဦးက ဗီြအိုေအကို ဒီေန႔ အတည္ျပဳ ေျပာပါတယ္။

“က်ေနာ္တို႔သိရသေလာက္ ၆၅ ေယာက္ေလာက္ ၾကားသိထားတယ္။ ဒဏ္ရာရတဲ့လူက ၄၀ ေက်ာ္တယ္။ မေန႔ကဖမ္းမိတာပဲ က်ေနာ္တို႔ သိရသေလာက္ အနိမ့္ဆုံး ၁၀၀ နီးပါးေလာက္ ဖမ္းလိုက္တယ္။”

ပဲခူးၿမိဳ႕က မဂၢတစ္၊ ပုဏၰစု၊ တာေပါက္၊ အလင္းေရာင္၊ ေက်ာက္ႀကီးစု၊ ဆံေတာ္တြင္း စတဲ့ ရပ္ကြက္ေတြမွာရွိတဲ့ ဆႏၵျပ ပင္မသပိတ္ေတြရဲ႕ ခံတပ္ေတြကို စစ္တပ္နဲ႔ ရဲအင္အား ၃၀၀ နဲ႔ ၄၀၀ ေလာက္က ေသနတ္ေတြ၊ ေမာ္တာ ဗုံးသီးေတြနဲ႔ မေန႔က ပစ္ခတ္ႏွိမ္နင္းခဲ့တာပါ။ အဲဒီပစ္ခတ္မႈအတြင္း ထိခုိက္ဒဏ္ရာ ရသူေတြလည္း အေတာ္မ်ားမ်ား ရွိခဲ့တာေၾကာင့္ ေနာက္ထပ္ ေသဆုံးသူဦးေရလည္း ထပ္တုိးလာႏုိင္ဖြယ္ရွိတယ္လို႔ သိရပါတယ္။ ဒီေန႔မွာေတာ့ ပဲခူးၿမိဳ႕က အဲဒီရပ္ကြက္ေတြမွာ ဆႏၵျပတာေတြ မရွိခဲ့ေပမယ့္ ၿမိဳ႕အေနာက္ဘက္ျခမ္းက ေက်ာက္ႀကီးစု၊ ရြာသစ္နဲ႔ ဇုိင္းေတာင္ရပ္ကြက္ေတြမွာ လူေတြဒါဇင္နဲ႔ခ်ီၿပီး သပိတ္ေမွာက္ ဆႏၵျပတာေတြရွိခဲ့ၿပီး ညေနပုိင္းအထိေတာ့ ပစ္ခတ္ႏွိမ္နင္းတာေတြ မရွိဘူးလို႔ အဆုိပါ ပဲခူးၿမိဳ႕ခံက ေျပာပါတယ္။

“ဒီေန႔ ပဲခူးကေတာ့ ပစ္တာခတ္တာေတြေတာ့ မရွိဘူးခင္ဗ်။ ဆႏၵျပတာေတာ့ ရွိတယ္။ မနက္ပုိင္းမွာ ဆႏၵျပပြဲေတာ့ လုပ္တယ္ခင္ဗ်။ အင္အားက ရာေက်ာ္မယ္။ ပဲခူးၿမိဳ႕ အေနာက္ဘက္အျခမ္း။ ပစ္ခဲ့တဲ့အပိုင္းေတြမွာေတာ့ ဒီေန႔ ဘာမွမရွိဘူး၊ ဆႏၵျပတာ မရွိဘူး။”

မႏၱေလးၿမိဳ႕မွာ ျပဳလုပ္တဲ့ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ ဆႏၵျပပြဲ။ (ဧၿပီ ၁၀၊ ၂၀၂၁)
မႏၱေလးၿမိဳ႕မွာ ျပဳလုပ္တဲ့ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ ဆႏၵျပပြဲ။ (ဧၿပီ ၁၀၊ ၂၀၂၁)


ဒါ့အျပင္ မႏၱေလးၿမိဳ႕မွာဆုိရင္လည္း တကၠသိုလ္ေက်ာင္းသားသမဂၢ သပိတ္စစ္ေၾကာင္း အပါအဝင္ ဆႏၵျပ သပိတ္စစ္ေၾကာင္းေတြဟာ ဒီေန႔မနက္ အေစာပိုင္းကတည္းက တေန႔လုံး ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။ ဒါေပမယ့္ ျမန္မာ့ေႏြဦးေတာ္လွန္ေရးကို စတင္ခဲ့တဲ့ ေဒါက္တာေတဇာဆန္း ဦးေဆာင္တဲ့ ျမေတာင္သပိတ္စစ္ေၾကာင္းကေတာ့ ခ်ီတက္ဆႏၵျပၿပီး သိပ္မၾကာခင္မွာ စစ္တပ္နဲ႔ ရဲတပ္ဖဲြ႔ေတြရဲ႕ ၿဖိဳခဲြတာ ခံခဲ့ရပါတယ္။ ေဒါက္တာေတဇာဆန္း ထြက္ေျပးလြတ္ေျမာက္ခဲ့ေပမယ့္ ဆႏၵျပတဲ့သူတခ်ိဳ႕ အပါအဝင္ ရပ္ကြက္ထဲမွာ ေနထုိင္တဲ့သူတခ်ိဳ႕ အဖမ္းခံခဲ့ရတယ္လို႔ ေဒါက္တာေတဇာဆန္းက ဗီြအိုေအကို ေျပာပါတယ္။

“ဒီေန႔မနက္ က်ေနာ္တုိ႔ မႏၱေလးက သပိတ္အင္အားေတြကေတာ့ ပုံမွန္အတုိင္းပဲ သပိတ္စစ္ေၾကာင္းေတြ ေန႔စဥ္ရွိေနပါတယ္။ ဒီေန႔မနက္မွာေတာ့ က်ေနာ္ပါဝင္တဲ့ ျမေတာင္ သပိတ္စစ္ေၾကာင္းကေတာ့ မနက္ခင္းမွာ စစ္သားေတြ ရဲေတြ လာၿပီးေတာ့ ၿဖိဳခြဲသြားတယ္။ အဖမ္းခံသြားရတာလည္း ရွိတယ္။ က်န္တဲ့စစ္ေၾကာင္းေတြေတာ့ ၾကားရတာ အားလုံး အဆင္ေျပပါတယ္။ တေနကုန္ပါပဲ၊ အ႐ုဏ္ဦးကေန ညအထိ သပိိတ္ေတြကေတာ့ မႏၱေလးမွာ ရွိေနပါတယ္။”

ကိုရန္ႏုိင္ - ဘယ္အခ်ိန္ေလာက္က ျဖစ္တာလဲ၊ ဘယ္ေနရာမွာလဲ။

ေဒါက္တာေတဇာဆန္း - “ျမေတာင္စစ္ေၾကာင္းက မနက္ ၉ နာရီ ၁၀ မိနစ္ေလာက္မွာ ၿဖိဳခြဲခံရတာ။ စစ္ေၾကာင္းထြက္တာ ၉ နာရီေလာက္မွာ စထြက္တာဆုိေတာ့။ စစ္ေၾကာင္းထြက္ၿပီးေတာ့ ၁၀ မိနစ္၊ ၁၅ မိနစ္ေလာက္ ၾကာေတာ့ေပါ့။ ၂၂ လမ္းအေနာက္ ၉၂ လမ္းေလာက္က်မယ္နဲ႔တူတယ္။”

ကုိရန္ႏုိင္ - အဲဒီမွာ ဘယ္ေလာက္ေလာက္ အဖမ္းခံလုိက္ရလဲ။

ေဒါက္တာေတဇာဆန္း - “က်ေနာ္တုိ႔ အခုၾကားတာေတာ့ Defense ေပါ့၊ လုံၿခဳံေရးတာဝန္ ယူထားတဲ့ လူငယ္ေတြထဲက ၁၅ ေယာက္ေလာက္ အဖမ္းခံရတယ္လို႔ ၾကားတယ္။ ေနာက္ သူတို႔ေရာက္လာတဲ့ အခ်ိန္မွာ က်ေနာ္တို႔ စစ္ေၾကာင္း ေရွ႕ေျပးကင္းက သတင္းႀကိဳသိတဲ့အတြက္ ၃ မိနစ္ ၄ မိနစ္ေလာက္ ႀကိဳသိတဲ့အတြက္ လူစုခြဲလုိက္တယ္။ ခြဲတယ္ဆုိေပမယ့္ နီးစပ္ရာ အိမ္ေတြထဲ ေျပးဝင္ရတာေပါ့၊ ရပ္ကြက္ထဲကုိ။ အဲဒီမွာ သူတုိ႔ အိမ္တအိမ္ကို သိသြားၿပီးေတာ့ ပုန္းေနတဲ့ သပိတ္စစ္ေၾကာင္းထဲက ၁၅ ေယာက္ေလာက္၊ အမ်ဳိးသမီးခ်ည္းပဲ ၁၅ ေယာက္ေလာက္ အဖမ္းခံရတယ္လို႔ ၾကားတယ္။ ေနာက္ ရပ္ကြက္ထဲက ဘာမွမဆုိင္တဲ့ ေတြ႔တဲ့လူ ၂ ေယာက္ ၃ ေယာက္ေလာက္လည္း ဖမ္းသြားတယ္လို႔ ၾကားတယ္။ အားလုံးေပါင္း ၃၀ နီးပါးေလာက္ အဖမ္းခံရတယ္လို႔ သတင္းၾကားပါတယ္။”

ကိုရန္ႏုိင္ - ဒီေန႔သပိတ္စစ္ေၾကာင္း ၿဖိဳခြဲတဲ့ေနရာမွာ သူတုိ႔ဘက္က ပစ္ခတ္ ႏွိမ္နင္းတာေတြေရာ ရွိလား။

ေဒါက္တာေတဇာဆန္း - “က်ေနာ္ၾကားရတာေတာ့ ေသနတ္သံေတြ ၾကားရတယ္၊ ပုန္းေနတဲ့အခ်ိန္မွာ ေသနတ္သံေတြ ၾကားရတယ္။ တကယ္တမ္း သူတုိ႔ေရာက္လာတဲ့ အခ်ိန္မွာေတာ့ က်ေနာ္တို႔စစ္ေၾကာင္းက မရွိေတာ့ဘူး။ က်ေနာ္တုိ႔က လူစုခြဲၿပီး ပုန္းေနၿပီ။ အဲေတာ့ လူအုပ္စုနဲ႔ေတြ႔ၿပီး ပစ္တာခတ္တာမ်ဳိးေတာ့ မရွိဘူး။ ဒါေပမယ့္ လူေတြေၾကာက္ေအာင္ ေသနတ္ေတြ ေဖာက္တယ္ဆုိတာေတာ့ က်ေနာ္ ၾကားသိရပါတယ္။”

ကိုရန္ႏုိင္ - ထိခုိက္ဒဏ္ရာရတဲ့ အေျခအေနကေရာ။ ဘာမ်ားၾကားလဲ။

ေဒါက္တာေတဇာဆန္း - “အဲဒီလိုေတာ့ မၾကားေသးဘူး။”

ကိုရန္ႏုိင္ - ကုိေတဇာဆန္းလည္း သပိတ္စစ္ေၾကာင္း ၿဖိဳခြဲတဲ့အခါမွာ သီသီေလး လြတ္သြားတယ္လို႔ သိရပါတယ္။ အဲဒီအေျခအေနေလးလည္း ေျပာပါဦး။

ေဒါက္တာေတဇာဆန္း - “က်ေနာ္တုိ႔ ခုန ေရွ႕ေျပးကင္းက ဖုန္းဆက္ၿပီး လွမ္းေျပာတာေပါ့။ အခုေနာက္ပုိင္း သူတို႔က စစ္ကားေတြ ဘာေတြ မသုံးေတာ့ဘူးဗ်။ Four Wheel ကားေတြ တအားျမန္တာ၊ ဒုန္းစုိင္းေမာင္းလာတာေပါ့။ အဲဒီသတင္း ၾကားတယ္ဆုိတာနဲ႔ က်ေနာ္တုိ႔က လူစု အျမန္ခြဲတာေပါ့။ က်ေနာ္တုိ႔ လူစုခြဲေနတဲ့ အခ်ိန္ပဲ ေရာက္လာတဲ့ သေဘာေပါ့။ လူစုခြဲအၿပီး သူတို႔လည္း အေရာက္ဆုိေတာ့ ၁ မိနစ္၊ ၂ မိနစ္ေလာက္ေလး အဲဒီေနရာ တန္းေရာက္လာတာေပါ့။ စစ္ေၾကာင္းထဲက တခ်ဳိ႕ကလည္း ဆုိင္ကယ္ေတြ ပါေတာ့ ဆုိင္ကယ္ေတြ ေမာင္းေျပးၾကတာေပါ့။ က်ေနာ္တို႔လည္း သီသီေလးပါပဲ၊ ၁ မိနစ္ ၂ မိနစ္ေလာက္ ေစာၿပီး လြတ္သြားတာေပါ့။”

ကိုရန္ႏုိင္ - အဲေတာ့ အခုေနာက္ပုိင္းဆုိရင္ သူတုိ႔ဘက္က ဆႏၵျပပြဲေတြကို ၿဖိဳခြဲတာေတြ ျပင္းျပင္းထန္ထန္ေတြ လုပ္လာတယ္။ ၿပီးေတာ့ အရပ္ဝတ္ေတြ အရပ္ဘက္ကကားေတြ သုံးလာတယ္။ အဲဒီအေပၚမွာေရာ ဘယ္လိုျမင္လဲ။

ေဒါက္တာေတဇာဆန္း - “ဒါကေတာ့ စစ္ေကာင္စီရဲ႕ လက္ပါးေစ စစ္သားေတြ ရဲေတြက တကယ္လိုက္နာရမယ့္ လုပ္ထုံးလုပ္နည္းေတြ Code of Conduct ေတြ ရွိပါတယ္။ ဆႏၵျပတာေတြကို ဘယ္လိုကုိင္တြယ္ရမယ္ဆုိတာ။ ဒါေပမယ့္ ဒီလူေတြက ဘယ္လုိမွ ဘယ္စည္းမ်ဥ္းစည္းကမ္းနဲ႔မွလည္း မညီဘူး။ အခု ဒီေန႔မနက္ဆုိ အရပ္ဝတ္ေတြနဲ႔ပါ ပါတယ္ေပါ့။ တန္းေရာက္လာတယ္၊ တန္းၿပီးေတာ့ အၾကမ္းဖက္တယ္၊ ၿဖိဳခြဲတယ္၊ ေသနတ္ေတြနဲ႔ပစ္တယ္၊ ဖမ္းမိသြားရင္လည္း ႐ိုက္တယ္ ႏွက္တယ္။ ဒါေတြက ဘယ္လုိစည္းမ်ဥ္းစည္းကမ္းနဲ႔မွ မညီတဲ့ တကယ့္ကို အၾကမ္းဖက္လုပ္ရပ္ေတြပါပဲ။ ေနာက္ လူေတြကုိ တၿမိဳ႕လုံး စစ္တယ္ ေဆးတယ္ ဖမ္းတယ္၊ အေၾကာင္းမဲ့ေပါ့ဗ်ာ။ ဒါေတြက ဘယ္လုိမွကုိ မျဖစ္သင့္ မျဖစ္ထုိက္တဲ့ ကိစၥေတြပါပဲဗ်ာ။ ဘယ္လိုစည္းကမ္းနဲ႔မွလည္း ညီမွာမဟုတ္ပါဘူး။”

ဒါ့အျပင္ စစ္ကိုင္းတုိင္းဘက္မွာဆုိရင္လည္း ေရႊဘုိ၊ မုံရြာ၊ ကေလး၊ တမူး၊ တန္႔ဆည္၊ အရာေတာ္ စတဲ့ၿမိဳ႕ေတြမွာလည္း စစ္အာဏာရွင္ဆန္႔က်င္ေရး သပိတ္ေမွာက္ ဆႏၵျပတာေတြ ရွိခဲ့ၿပီး အရာေတာ္ၿမိဳ႕နဲ႔ တမူးၿမိဳ႕ေတြမွာ အၾကမ္းဖက္ ပစ္ခတ္ၿဖိဳခဲြတာေၾကာင့္ ၁ ေယာက္စီ ေသဆုံးတယ္လို႔ သိရပါတယ္။

ဒါ့အျပင္ ျမစ္ႀကီးနားၿမိဳ႕၊ မုိးကုတ္ၿမိဳ႕နဲ႔ ထားဝယ္ၿမိဳ႕ေတြမွာလည္း ၿမိဳ႕ခံေတြက ခ်ီတက္ဆႏၵျပခဲ့ၾကၿပီး စစ္အာဏာရွင္ျပဳတ္က်ေရး၊ ဖက္ဒရယ္ဒီမုိကေရစီ ျပည္ေထာင္စု ေပၚေပါက္ေရး ေႂကြးေၾကာ္သံေတြကို ေအာ္ဟစ္ခဲ့ၾကပါတယ္။

ပဲခူးတုိင္း ျဖဴးၿမိဳ႕နယ္အတြင္းက ကညြတ္ကြင္းၿမိဳ႕မွာဆုိရင္လည္း ဆႏၵျပျပည္သူေတြ ပညာေရးဌာနဝန္ထမ္းေတြက စစ္အာဏာရွင္စနစ္ ဆန္႔က်င္ေရး၊ ေခါင္းေဆာင္ေတြ အပါအဝင္ ဖမ္းဆီးခံထားရတဲ့သူေတြ ျပန္လႊတ္ေပးေရး စတဲ့ ေႂကြးေၾကာ္သံေတြကို ေအာ္ဟစ္ၿပီး ေတာင္းဆုိ ဆႏၵျပခဲ့ၾကပါတယ္။ ရန္ကုန္ၿမိဳ႕မွာေတာ့ တာေမြၿမိဳ႕နယ္အတြင္းက ေက်ာက္ေျမာင္းမွာ ေျပာက္က်ားသပိတ္ေတြ ဆင္ႏႊဲခဲ့ၾကၿပီး တ႐ုတ္အစိုးရကို ဆန္႔က်င္ကန္႔ကြက္တာေတြလည္း ရွိခဲ့ပါတယ္။ ဒါ့အျပင္ ေရႊဂုံတုိင္ ခုံးေက်ာ္တံတား အပါအဝင္ တံတားတခ်ိဳ႕မွာေတာ့ စစ္ေကာင္စီရဲ႕ အၾကမ္းဖက္လုပ္ရပ္ေတြဟာ လူသားမ်ိဳးႏြယ္ေတြအေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈျဖစ္တယ္ဆုိတဲ့ စာသားအပါအဝင္ ကမာၻမေၾကဘူးဆုိတဲ့ စာသားေတြကို ပိုစတာေတြနဲ႔ ခ်ိတ္ဆဲြၿပီးေတာ့ ဆႏၵျပခဲ့ၾကပါတယ္။

ေဖေဖာ္ဝါရီ ၁ ရက္ေန႔ စစ္တပ္အာဏာသိမ္းခ်ိန္ကစၿပီး ႏုိင္ငံတဝန္း ဆႏၵျပပဲြေတြကို အၾကမ္းဖက္ၿဖိဳခဲြလို႔ ေသဆုံးသူဦးေရဟာ အခုဆုိရင္ ၇၀၀ နီးပါးရွိလာၿပီ ျဖစ္ေပမယ့္လည္း စစ္အာဏာရွင္ဆန္႔က်င္ေရး လႈပ္ရွားမႈေတြကေတာ့ ဆက္လက္လုပ္ေဆာင္ေနဆဲ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

ပဲခူးဆန္ဒပြပွဲ အကြမ်းဖက်နှိမ်နင်းမှု သေဆုံးသူများ

ပဲခူးမြို့ ဆန္ဒပြသပိတ်တွေကို မနေ့က အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုကြောင့် ၆၀ ကျော် သေဆုံးပြီး အတော်များများ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပဲခူးမြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။ မန္တလေးမြို့မှာလည်း ဒီနေ့ မြတောင်သပိတ်စစ်ကြောင်း ဖြိုခွဲခံရတာကြောင့် ဒါဇင်နဲ့ချီပြီး အဖမ်းခံခဲ့ရပါတယ်။ ဒီအခြေအနေတွေ အပါအဝင် နိုင်ငံတဝန်းက ဆန္ဒပြပွဲတွေကို ကိုရန်နိုင် တင်ပြပေးထားပါတယ်။

ပဲခူးမြို့မှာ မနေ့ကလုပ်ခဲ့တဲ့ ဆန္ဒပြသပိတ်တွေကို စစ်ကောင်စီရဲ့ လက်နက်ကိုင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွဲခဲ့တာကြောင့် ဆန္ဒပြတဲ့သူ ၆၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ပဲခူးမြို့ခံတဦးက ဗွီအိုအေကို ဒီနေ့ အတည်ပြု ပြောပါတယ်။

“ကျနော်တို့သိရသလောက် ၆၅ ယောက်လောက် ကြားသိထားတယ်။ ဒဏ်ရာရတဲ့လူက ၄၀ ကျော်တယ်။ မနေ့ကဖမ်းမိတာပဲ ကျနော်တို့ သိရသလောက် အနိမ့်ဆုံး ၁၀၀ နီးပါးလောက် ဖမ်းလိုက်တယ်။”

ပဲခူးမြို့က မဂ္ဂတစ်၊ ပုဏ္ဏစု၊ တာပေါက်၊ အလင်းရောင်၊ ကျောက်ကြီးစု၊ ဆံတော်တွင်း စတဲ့ ရပ်ကွက်တွေမှာရှိတဲ့ ဆန္ဒပြ ပင်မသပိတ်တွေရဲ့ ခံတပ်တွေကို စစ်တပ်နဲ့ ရဲအင်အား ၃၀၀ နဲ့ ၄၀၀ လောက်က သေနတ်တွေ၊ မော်တာ ဗုံးသီးတွေနဲ့ မနေ့က ပစ်ခတ်နှိမ်နင်းခဲ့တာပါ။ အဲဒီပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာ ရသူတွေလည်း အတော်များများ ရှိခဲ့တာကြောင့် နောက်ထပ် သေဆုံးသူဦးရေလည်း ထပ်တိုးလာနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ဒီနေ့မှာတော့ ပဲခူးမြို့က အဲဒီရပ်ကွက်တွေမှာ ဆန္ဒပြတာတွေ မရှိခဲ့ပေမယ့် မြို့အနောက်ဘက်ခြမ်းက ကျောက်ကြီးစု၊ ရွာသစ်နဲ့ ဇိုင်းတောင်ရပ်ကွက်တွေမှာ လူတွေဒါဇင်နဲ့ချီပြီး သပိတ်မှောက် ဆန္ဒပြတာတွေရှိခဲ့ပြီး ညနေပိုင်းအထိတော့ ပစ်ခတ်နှိမ်နင်းတာတွေ မရှိဘူးလို့ အဆိုပါ ပဲခူးမြို့ခံက ပြောပါတယ်။

“ဒီနေ့ ပဲခူးကတော့ ပစ်တာခတ်တာတွေတော့ မရှိဘူးခင်ဗျ။ ဆန္ဒပြတာတော့ ရှိတယ်။ မနက်ပိုင်းမှာ ဆန္ဒပြပွဲတော့ လုပ်တယ်ခင်ဗျ။ အင်အားက ရာကျော်မယ်။ ပဲခူးမြို့ အနောက်ဘက်အခြမ်း။ ပစ်ခဲ့တဲ့အပိုင်းတွေမှာတော့ ဒီနေ့ ဘာမှမရှိဘူး၊ ဆန္ဒပြတာ မရှိဘူး။”

မႏၱေလးၿမိဳ႕မွာ ျပဳလုပ္တဲ့ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ ဆႏၵျပပြဲ။ (ဧၿပီ ၁၀၊ ၂၀၂၁)
မႏၱေလးၿမိဳ႕မွာ ျပဳလုပ္တဲ့ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ ဆႏၵျပပြဲ။ (ဧၿပီ ၁၀၊ ၂၀၂၁)


ဒါ့အပြင် မန္တလေးမြို့မှာဆိုရင်လည်း တက္ကသိုလ်ကျောင်းသားသမဂ္ဂ သပိတ်စစ်ကြောင်း အပါအဝင် ဆန္ဒပြ သပိတ်စစ်ကြောင်းတွေဟာ ဒီနေ့မနက် အစောပိုင်းကတည်းက တနေ့လုံး ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ဒါပေမယ့် မြန်မာ့နွေဦးတော်လှန်ရေးကို စတင်ခဲ့တဲ့ ဒေါက်တာတေဇာဆန်း ဦးဆောင်တဲ့ မြတောင်သပိတ်စစ်ကြောင်းကတော့ ချီတက်ဆန္ဒပြပြီး သိပ်မကြာခင်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေရဲ့ ဖြိုခွဲတာ ခံခဲ့ရပါတယ်။ ဒေါက်တာတေဇာဆန်း ထွက်ပြေးလွတ်မြောက်ခဲ့ပေမယ့် ဆန္ဒပြတဲ့သူတချို့ အပါအဝင် ရပ်ကွက်ထဲမှာ နေထိုင်တဲ့သူတချို့ အဖမ်းခံခဲ့ရတယ်လို့ ဒေါက်တာတေဇာဆန်းက ဗွီအိုအေကို ပြောပါတယ်။

“ဒီနေ့မနက် ကျနော်တို့ မန္တလေးက သပိတ်အင်အားတွေကတော့ ပုံမှန်အတိုင်းပဲ သပိတ်စစ်ကြောင်းတွေ နေ့စဉ်ရှိနေပါတယ်။ ဒီနေ့မနက်မှာတော့ ကျနော်ပါဝင်တဲ့ မြတောင် သပိတ်စစ်ကြောင်းကတော့ မနက်ခင်းမှာ စစ်သားတွေ ရဲတွေ လာပြီးတော့ ဖြိုခွဲသွားတယ်။ အဖမ်းခံသွားရတာလည်း ရှိတယ်။ ကျန်တဲ့စစ်ကြောင်းတွေတော့ ကြားရတာ အားလုံး အဆင်ပြေပါတယ်။ တနေကုန်ပါပဲ၊ အရုဏ်ဦးကနေ ညအထိ သပိတ်တွေကတော့ မန္တလေးမှာ ရှိနေပါတယ်။”

ကိုရန်နိုင် - ဘယ်အချိန်လောက်က ဖြစ်တာလဲ၊ ဘယ်နေရာမှာလဲ။

ဒေါက်တာတေဇာဆန်း - “မြတောင်စစ်ကြောင်းက မနက် ၉ နာရီ ၁၀ မိနစ်လောက်မှာ ဖြိုခွဲခံရတာ။ စစ်ကြောင်းထွက်တာ ၉ နာရီလောက်မှာ စထွက်တာဆိုတော့။ စစ်ကြောင်းထွက်ပြီးတော့ ၁၀ မိနစ်၊ ၁၅ မိနစ်လောက် ကြာတော့ပေါ့။ ၂၂ လမ်းအနောက် ၉၂ လမ်းလောက်ကျမယ်နဲ့တူတယ်။”

ကိုရန်နိုင် - အဲဒီမှာ ဘယ်လောက်လောက် အဖမ်းခံလိုက်ရလဲ။

ဒေါက်တာတေဇာဆန်း - “ကျနော်တို့ အခုကြားတာတော့ Defense ပေါ့၊ လုံခြုံရေးတာဝန် ယူထားတဲ့ လူငယ်တွေထဲက ၁၅ ယောက်လောက် အဖမ်းခံရတယ်လို့ ကြားတယ်။ နောက် သူတို့ရောက်လာတဲ့ အချိန်မှာ ကျနော်တို့ စစ်ကြောင်း ရှေ့ပြေးကင်းက သတင်းကြိုသိတဲ့အတွက် ၃ မိနစ် ၄ မိနစ်လောက် ကြိုသိတဲ့အတွက် လူစုခွဲလိုက်တယ်။ ခွဲတယ်ဆိုပေမယ့် နီးစပ်ရာ အိမ်တွေထဲ ပြေးဝင်ရတာပေါ့၊ ရပ်ကွက်ထဲကို။ အဲဒီမှာ သူတို့ အိမ်တအိမ်ကို သိသွားပြီးတော့ ပုန်းနေတဲ့ သပိတ်စစ်ကြောင်းထဲက ၁၅ ယောက်လောက်၊ အမျိုးသမီးချည်းပဲ ၁၅ ယောက်လောက် အဖမ်းခံရတယ်လို့ ကြားတယ်။ နောက် ရပ်ကွက်ထဲက ဘာမှမဆိုင်တဲ့ တွေ့တဲ့လူ ၂ ယောက် ၃ ယောက်လောက်လည်း ဖမ်းသွားတယ်လို့ ကြားတယ်။ အားလုံးပေါင်း ၃၀ နီးပါးလောက် အဖမ်းခံရတယ်လို့ သတင်းကြားပါတယ်။”

ကိုရန်နိုင် - ဒီနေ့သပိတ်စစ်ကြောင်း ဖြိုခွဲတဲ့နေရာမှာ သူတို့ဘက်က ပစ်ခတ် နှိမ်နင်းတာတွေရော ရှိလား။

ဒေါက်တာတေဇာဆန်း - “ကျနော်ကြားရတာတော့ သေနတ်သံတွေ ကြားရတယ်၊ ပုန်းနေတဲ့အချိန်မှာ သေနတ်သံတွေ ကြားရတယ်။ တကယ်တမ်း သူတို့ရောက်လာတဲ့ အချိန်မှာတော့ ကျနော်တို့စစ်ကြောင်းက မရှိတော့ဘူး။ ကျနော်တို့က လူစုခွဲပြီး ပုန်းနေပြီ။ အဲတော့ လူအုပ်စုနဲ့တွေ့ပြီး ပစ်တာခတ်တာမျိုးတော့ မရှိဘူး။ ဒါပေမယ့် လူတွေကြောက်အောင် သေနတ်တွေ ဖောက်တယ်ဆိုတာတော့ ကျနော် ကြားသိရပါတယ်။”

ကိုရန်နိုင် - ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကရော။ ဘာများကြားလဲ။

ဒေါက်တာတေဇာဆန်း - “အဲဒီလိုတော့ မကြားသေးဘူး။”

ကိုရန်နိုင် - ကိုတေဇာဆန်းလည်း သပိတ်စစ်ကြောင်း ဖြိုခွဲတဲ့အခါမှာ သီသီလေး လွတ်သွားတယ်လို့ သိရပါတယ်။ အဲဒီအခြေအနေလေးလည်း ပြောပါဦး။

ဒေါက်တာတေဇာဆန်း - “ကျနော်တို့ ခုန ရှေ့ပြေးကင်းက ဖုန်းဆက်ပြီး လှမ်းပြောတာပေါ့။ အခုနောက်ပိုင်း သူတို့က စစ်ကားတွေ ဘာတွေ မသုံးတော့ဘူးဗျ။ Four Wheel ကားတွေ တအားမြန်တာ၊ ဒုန်းစိုင်းမောင်းလာတာပေါ့။ အဲဒီသတင်း ကြားတယ်ဆိုတာနဲ့ ကျနော်တို့က လူစု အမြန်ခွဲတာပေါ့။ ကျနော်တို့ လူစုခွဲနေတဲ့ အချိန်ပဲ ရောက်လာတဲ့ သဘောပေါ့။ လူစုခွဲအပြီး သူတို့လည်း အရောက်ဆိုတော့ ၁ မိနစ်၊ ၂ မိနစ်လောက်လေး အဲဒီနေရာ တန်းရောက်လာတာပေါ့။ စစ်ကြောင်းထဲက တချို့ကလည်း ဆိုင်ကယ်တွေ ပါတော့ ဆိုင်ကယ်တွေ မောင်းပြေးကြတာပေါ့။ ကျနော်တို့လည်း သီသီလေးပါပဲ၊ ၁ မိနစ် ၂ မိနစ်လောက် စောပြီး လွတ်သွားတာပေါ့။”

ကိုရန်နိုင် - အဲတော့ အခုနောက်ပိုင်းဆိုရင် သူတို့ဘက်က ဆန္ဒပြပွဲတွေကို ဖြိုခွဲတာတွေ ပြင်းပြင်းထန်ထန်တွေ လုပ်လာတယ်။ ပြီးတော့ အရပ်ဝတ်တွေ အရပ်ဘက်ကကားတွေ သုံးလာတယ်။ အဲဒီအပေါ်မှာရော ဘယ်လိုမြင်လဲ။

ဒေါက်တာတေဇာဆန်း - “ဒါကတော့ စစ်ကောင်စီရဲ့ လက်ပါးစေ စစ်သားတွေ ရဲတွေက တကယ်လိုက်နာရမယ့် လုပ်ထုံးလုပ်နည်းတွေ Code of Conduct တွေ ရှိပါတယ်။ ဆန္ဒပြတာတွေကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ။ ဒါပေမယ့် ဒီလူတွေက ဘယ်လိုမှ ဘယ်စည်းမျဉ်းစည်းကမ်းနဲ့မှလည်း မညီဘူး။ အခု ဒီနေ့မနက်ဆို အရပ်ဝတ်တွေနဲ့ပါ ပါတယ်ပေါ့။ တန်းရောက်လာတယ်၊ တန်းပြီးတော့ အကြမ်းဖက်တယ်၊ ဖြိုခွဲတယ်၊ သေနတ်တွေနဲ့ပစ်တယ်၊ ဖမ်းမိသွားရင်လည်း ရိုက်တယ် နှက်တယ်။ ဒါတွေက ဘယ်လိုစည်းမျဉ်းစည်းကမ်းနဲ့မှ မညီတဲ့ တကယ့်ကို အကြမ်းဖက်လုပ်ရပ်တွေပါပဲ။ နောက် လူတွေကို တမြို့လုံး စစ်တယ် ဆေးတယ် ဖမ်းတယ်၊ အကြောင်းမဲ့ပေါ့ဗျာ။ ဒါတွေက ဘယ်လိုမှကို မဖြစ်သင့် မဖြစ်ထိုက်တဲ့ ကိစ္စတွေပါပဲဗျာ။ ဘယ်လိုစည်းကမ်းနဲ့မှလည်း ညီမှာမဟုတ်ပါဘူး။”

ဒါ့အပြင် စစ်ကိုင်းတိုင်းဘက်မှာဆိုရင်လည်း ရွှေဘို၊ မုံရွာ၊ ကလေး၊ တမူး၊ တန့်ဆည်၊ အရာတော် စတဲ့မြို့တွေမှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက် ဆန္ဒပြတာတွေ ရှိခဲ့ပြီး အရာတော်မြို့နဲ့ တမူးမြို့တွေမှာ အကြမ်းဖက် ပစ်ခတ်ဖြိုခွဲတာကြောင့် ၁ ယောက်စီ သေဆုံးတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြစ်ကြီးနားမြို့၊ မိုးကုတ်မြို့နဲ့ ထားဝယ်မြို့တွေမှာလည်း မြို့ခံတွေက ချီတက်ဆန္ဒပြခဲ့ကြပြီး စစ်အာဏာရှင်ပြုတ်ကျရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေး ကြွေးကြော်သံတွေကို အော်ဟစ်ခဲ့ကြပါတယ်။

ပဲခူးတိုင်း ဖြူးမြို့နယ်အတွင်းက ကညွတ်ကွင်းမြို့မှာဆိုရင်လည်း ဆန္ဒပြပြည်သူတွေ ပညာရေးဌာနဝန်ထမ်းတွေက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ခေါင်းဆောင်တွေ အပါအဝင် ဖမ်းဆီးခံထားရတဲ့သူတွေ ပြန်လွှတ်ပေးရေး စတဲ့ ကြွေးကြော်သံတွေကို အော်ဟစ်ပြီး တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။ ရန်ကုန်မြို့မှာတော့ တာမွေမြို့နယ်အတွင်းက ကျောက်မြောင်းမှာ ပြောက်ကျားသပိတ်တွေ ဆင်နွှဲခဲ့ကြပြီး တရုတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်တာတွေလည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် ရွှေဂုံတိုင် ခုံးကျော်တံတား အပါအဝင် တံတားတချို့မှာတော့ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်တယ်ဆိုတဲ့ စာသားအပါအဝင် ကမ္ဘာမကြေဘူးဆိုတဲ့ စာသားတွေကို ပိုစတာတွေနဲ့ ချိတ်ဆွဲပြီးတော့ ဆန္ဒပြခဲ့ကြပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းချိန်ကစပြီး နိုင်ငံတဝန်း ဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွဲလို့ သေဆုံးသူဦးရေဟာ အခုဆိုရင် ၇၀၀ နီးပါးရှိလာပြီ ဖြစ်ပေမယ့်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကတော့ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG