သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာလူထုကို R2P အရ အကာအကြယ္ေပးဖို႔ တာဝန္ရွိေၾကာင္း ေနာ္ဒစ္ႏုိင္ငံမ်ား ထုတ္ျပန္


ရန္ကုန္ၿမိဳ႕က ဆႏၵျပပြဲတခုကို လုံၿခဳံေရးတပ္ဖြဲ႔ေတြက မ်က္ရည္ယိုဗံုးနဲ႔ ပစ္ခတ္ႏွိမ္နင္းမႈေၾကာင့္ ေရွာင္တိမ္းေနရတဲ့ ဆႏၵျပသူမ်ား။ (မတ္ ၉၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာျပည္သူေတြအေပၚ အလြန္ရက္စက္ၾကမ္းၾကဳတ္ ယုတ္မာတဲ့ျပစ္မႈေတြ က်ဴးလြန္ေနတာကို ကာကြယ္ဖို႔ ႏိုင္ငံတကာအေနနဲ႔ Rights To Protect အကာအကြယ္ေပးဖို႔ တာဝန္ရွိေၾကာင္း ေနာ္ဒစ္ႏုိင္ငံေတြရဲ႕ ေသာၾကာေန႔ ထုတ္ျပန္ခ်က္တခုထဲမွာ ေဖာ္ျပထားပါတယ္။

ကုလသမဂၢ လံုၿခံဳေရးေကာင္စီမွာ မေန႔ကက်င္းပခဲ့တဲ့ ျမန္မာ့အေရး သီးသန္႔ေဆြးေႏြးပြဲအတြက္ ဆြီဒင္၊ ေနာ္ေဝ၊ ဒိန္းမတ္၊ ဖင္လန္နဲ႔ အိုက္စ္လန္ ေနာ္ဒစ္ႏုိင္ငံ ၅ ႏုိင္ငံက ကုလသမဂၢဆိုင္ရာ အၿမဲတမ္းကိုယ္စားလွယ္ အဖြဲ႔ေတြရဲ႕ ပူးတြဲထုတ္ျပန္ခ်က္ထဲမွာ အဲဒီလို ေျပာထားတာပါ။

ကုလအေထြေထြညီလာခံ၊ လံုၿခံဳေရးေကာင္စီ၊ လူ႔အခြင့္အေရးေကာင္စီနဲ႔ အာဆီယံလို ျမန္မာ့စစ္အာဏာရွင္ေတြအေပၚ ၾသဇာသက္ေရာက္မႈရွိတဲ့ တျခား ဆက္စပ္လုပ္ငန္း အဖြဲ႔ေတြရဲ႕ ျမန္မာ့အေရး ေဆာင္ရြက္ခ်က္ေတြမွာ အင္တိုက္အားတုိက္ ေထာက္ခံအာေးပးသြားမွာျဖစ္ေၾကာင္း ဒီထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

သမၼတ ဦးဝင္းျမင့္၊ ႏုိင္ငံေတာ္အတုိင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ တျခား ဖမ္းဆီးခံထားရသူ အားလုံးကို ႁခြင္းခ်က္မရွိ ျပန္လႊတ္ေပးဖို႔ ေနာ္ဒစ္ႏုိင္ငံေတြက ေတာင္းဆိုထားပါတယ္။ ဒါ့အျပင္ လူ႔အခြင့္အေရးနဲ႔ ဒီမိုကေရစီစံႏႈန္းကို ကာကြယ္ေတာင္းဆိုေနၾကသူ ရဲစြမ္းသတၱိရွိလွတဲ့ ျမန္မာျပည္သူျပည္သားေတြနဲ႔အတူ ရပ္တည္ပါေၾကာင္းလည္း ဒီ ေနာ္ဒစ္ႏုိင္ငံေတြရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ကုလဆိုင္ရာ အေမရိကန္သံအမတ္ႀကီး Linda Thomas-Greenfield ကေတာ့ ကုလလုံၿခံဳေရးေကာင္စီအေနနဲ႔ အလ်င္အျမန္ အေရးယူေဆာင္ရြက္ဖို႔ ေတာင္းဆိုလိုက္ၿပီး ေၾကညာခ်က္ထုတ္ေန႐ံုနဲ႔ မလံုေလာက္ဘူးလို႔ အဲဒီ ေသာၾကာေန႔ ျမန္မာ့အေရး သီးသန္႔ေဆြးေႏြးပြဲမွာ ေျပာခဲ့ပါတယ္။

တခ်ိန္တည္းမွာပဲ ကုလဆုိင္ရာ ျမန္မာအသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကလည္း စစ္ဘက္က အာဏာသိမ္းမႈကို ဆန္႔က်င္သူေတြအေပၚ အၾကမ္းဖက္ႏွိမ္နင္းမႈေတြကို ကုလသမဂၢက ထိေရာက္စြာ အေရးယူေပးဖို႔နဲ႔ ကရင္ျပည္နယ္မွာ ဗံုးႀကဲတိုက္ခုိက္မႈေတြ ရွိေနတဲ့အတြက္ ျမန္မာႏုိင္ငံတြင္း ေလယာဥ္မပ်ံသန္းရဇုန္ သတ္မွတ္ေပးေရးတို႔ကို ကုလသမဂၢ လံုၿခံဳေရးေကာင္စီမွာ တင္ျပေတာင္းဆိုခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

မြန်မာလူထုကို R2P အရ အကာအကွယ်ပေးဖို့ တာဝန်ရှိကြောင်း နော်ဒစ်နိုင်ငံများ ထုတ်ပြန်

မြန်မာပြည်သူတွေအပေါ် အလွန်ရက်စက်ကြမ်းကြုတ် ယုတ်မာတဲ့ပြစ်မှုတွေ ကျူးလွန်နေတာကို ကာကွယ်ဖို့ နိုင်ငံတကာအနေနဲ့ Rights To Protect အကာအကွယ်ပေးဖို့ တာဝန်ရှိကြောင်း နော်ဒစ်နိုင်ငံတွေရဲ့ သောကြာနေ့ ထုတ်ပြန်ချက်တခုထဲမှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မနေ့ကကျင်းပခဲ့တဲ့ မြန်မာ့အရေး သီးသန့်ဆွေးနွေးပွဲအတွက် ဆွီဒင်၊ နော်ဝေ၊ ဒိန်းမတ်၊ ဖင်လန်နဲ့ အိုက်စ်လန် နော်ဒစ်နိုင်ငံ ၅ နိုင်ငံက ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် အဖွဲ့တွေရဲ့ ပူးတွဲထုတ်ပြန်ချက်ထဲမှာ အဲဒီလို ပြောထားတာပါ။

ကုလအထွေထွေညီလာခံ၊ လုံခြုံရေးကောင်စီ၊ လူ့အခွင့်အရေးကောင်စီနဲ့ အာဆီယံလို မြန်မာ့စစ်အာဏာရှင်တွေအပေါ် သြဇာသက်ရောက်မှုရှိတဲ့ တခြား ဆက်စပ်လုပ်ငန်း အဖွဲ့တွေရဲ့ မြန်မာ့အရေး ဆောင်ရွက်ချက်တွေမှာ အင်တိုက်အားတိုက် ထောက်ခံအာေးပးသွားမှာဖြစ်ကြောင်း ဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား ဖမ်းဆီးခံထားရသူ အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ နော်ဒစ်နိုင်ငံတွေက တောင်းဆိုထားပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီစံနှုန်းကို ကာကွယ်တောင်းဆိုနေကြသူ ရဲစွမ်းသတ္တိရှိလှတဲ့ မြန်မာပြည်သူပြည်သားတွေနဲ့အတူ ရပ်တည်ပါကြောင်းလည်း ဒီ နော်ဒစ်နိုင်ငံတွေရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ကတော့ ကုလလုံခြုံရေးကောင်စီအနေနဲ့ အလျင်အမြန် အရေးယူဆောင်ရွက်ဖို့ တောင်းဆိုလိုက်ပြီး ကြေညာချက်ထုတ်နေရုံနဲ့ မလုံလောက်ဘူးလို့ အဲဒီ သောကြာနေ့ မြန်မာ့အရေး သီးသန့်ဆွေးနွေးပွဲမှာ ပြောခဲ့ပါတယ်။

တချိန်တည်းမှာပဲ ကုလဆိုင်ရာ မြန်မာအသံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း စစ်ဘက်က အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေအပေါ် အကြမ်းဖက်နှိမ်နင်းမှုတွေကို ကုလသမဂ္ဂက ထိရောက်စွာ အရေးယူပေးဖို့နဲ့ ကရင်ပြည်နယ်မှာ ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိနေတဲ့အတွက် မြန်မာနိုင်ငံတွင်း လေယာဉ်မပျံသန်းရဇုန် သတ်မှတ်ပေးရေးတို့ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တင်ပြတောင်းဆိုခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG