သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး ကုလသမဂၢ အျမန္ဆံုး ၾကားဝင္ကူညီဖို႔ ေတာင္းဆို


ျမန္မာ့အေရး ကုလသမဂၢ အျမန္ဆုံးၾကားဝင္ကူညီဖို႔ေတာင္းဆို

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရးအၾကပ္အတည္းေတြကို ေျဖရွင္းႏိုင္ဖို႔နဲ႔ ဒီမိုကေရစီ ျပန္လည္တည္ေဆာက္ႏိုင္ေရး၊ ျမန္မာျပည္သူေတြကို အကာအကြယ္ေပးႏိုင္ေရး ကုလသမဂၢအေနနဲ႔ အျမန္ဆုံးၾကား၀င္ ကူညီေရး အခ်ိန္မီလုပ္ေဆာင္ဖို႔ ဒီေန႔ လုံျခဳံေရးေကာင္စီမွာက်င္းပတဲ့ ျမန္မာ့အေရး အလြတ္သေဘာ ေဆြးေႏြးပြဲမွာ ပါ၀င္ေဆြးေႏြးသူေတြက ေတာင္းဆိုၾကပါတယ္။

" ျမန္မာျပည္က အသံမ်ား" ဆိုတဲ့ ေခါင္းစဥ္နဲ႔ ျမန္မာႏိုင္ငံရဲ႕ ဒီမိုကေရစီေရး လႈပ္ရွားမႈနဲ႔ပတ္သက္လို႔ ေ႐ြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ တိုင္းရင္းသားေခါင္းေဆာင္ေတြ၊ ျပင္ပ ပညာရွင္ေတြရဲ႕ သုံးသပ္ခ်က္ သေဘာထားတခ်ဳိ ဦးသိန္းထိုက္ဦးက စုစည္းတင္ျပထားပါတယ္။

လုံၿခဳံေရးေကာင္စီ အၿမဲတမ္း အဖြဲ႕ဝင္ႏိုင္ငံျဖစ္တဲ့ ၿဗိတိန္ႏိုင္ငံက ကမကထလုပ္ အဆိုျပဳၿပီးတဲ့ေနာက္ အခုလို ျမန္မာ့အေရး အလြတ္သေဘာ ေဆြးေႏြးပြဲ က်င္းပတာပါ။ ကုလသမဂၢဆိုင္ရာ ၿဗိတိန္ အၿမဲတမ္း သံအမတ္ႀကီး Barbara Woodward က ေဆြးေႏြးပြဲမွာ သေဘာပတိအျဖစ္ ပါ၀င္ပါတယ္။

အရပ္ဖက္ လူမႈအဖြဲ႕အစည္း ေခါင္းေဆာင္တဦးျဖစ္တဲ့ စိုင္းစံခမ္းက မၾကာေသးခင္က ျမန္မာႏိုင္ငံအတြင္းက အရပ္ဖက္ လူမႈအဖြဲ႔အစည္း ၄၈၈ ဖြဲ႔ ေတာင္းဆိုခဲ့တဲ့ ေတာင္းဆိုခ်က္ကိုပဲ က်ေနာ္ျပန္ၿပီး က်ေနာ္ေျပာပါရေစ ဆိုၿပီး အခုလို ေျပာဆိုပါတယ္။

" ျမန္မာျပည္တြင္းက ၿငိမ္းခ်မး္စြာ ဆႏၵျပေနတဲ့ ျပည္သူေတြ၊ လူနည္းစုေတြအေပၚ တိုက္ခိုက္ေနတာေတြ ရပ္ဆိုင္းသြားဖို႔ အေျခအေနကို ေစာင့္ၾကည့္ဖို႔နဲ႔ ၾကား၀င္ေဆာင္ရြက္ဖို႔ လုံျခဳံေရးေကာင္စီက အဖြဲ႔ေတြခ်က္ျခင္း ေစလႊတ္သင့္ေပးပါတယ္။ ေသြးေျမက်မႈေတြ အဆုံးသတ္ၿပီး တရားလက္လြတ္ဖမ္းဆီးခံထားရသူေတြ ျပန္လည္လြတ္ေျမာက္ဖို႔ ႏိုင္ငံတကာအၾကားပူးေပါင္းေဆာင္ရြက္ၿပီး လက္နက္ေရာင္းခ်မႈ ပိတ္ဆို႔ဖို႔ လိုအပ္ပါတယ္။"

ျမန္မာစစ္တပ္ က်ဳးလြန္တဲ့ ရာဇ၀တ္ျပစ္မႈေတြအတြက္ တာ၀န္ယူဖို႔ ႏိုင္ငံတကာ တရား႐ုံးမွာ အေရးယူႏိုင္ေရး စိုင္းစံခမ္းက ေျပာဆိုသြားသလို လုံျခဳံေရးေကာင္စီရဲ႕ အကူအညီပါသည္ျဖစ္ေစ မပါသည္ျဖစ္ေစ ျမန္မာျပည္သူေတြဟာ သူတို႔ရဲ႕ အခြင့္အေရးအတြက္ မရရေအာင္ႀကိဳးပမ္းဖို႔ သႏိၷဌာန္ ခိုင္ခိုင္မာမာ ခ်ၿပီးသား ျဖစ္ပါတယ္လို႔ စိုင္းစံခမ္းက အဓိက ေျပာပါတယ္။

ICG ႏိုင္ငံတကာ ပဋိပကၡေလ့လာေရးအဖြဲ႕က Richard Horsey က အၾကမ္းဖက္ ဖိႏွိပ္မႈေတြရဲ႕ အက်ဳိးဆက္ ျမန္မာျပည္ ရင္ဆိုင္ရႏိုင္တဲ့ စီးပြားေရး၊ လူမႈေရး၊ ႏိုင္ငံေရး အႏၲရာယ္ေတြနဲ႔ ပတ္သက္လို႔ သုံးသပ္သြားပါတယ္။

"စစ္အုပ္ခ်ဳပ္ေကာင္စီ ရင္ဆိုင္ေနရတဲ့ ျပသနာေတြ ၁၉၈၈ ခုႏွစ္၊ ၂၀၀၇ ခုႏွစ္ ေရႊဝါေရာင္ ေတာ္လွန္ေရးေတြနဲ႔ မတူပါဘူး။ အၾကမ္းဖက္မႈေတြက ထင္သလို ေလ်ာ့နည္းမသြားဘူး။ ေသြးေျမက် အင္အားသုံး ႏွိမ္ႏွင္းမႈေတြ ရွိေနေပမဲ့ ျပည္သူေတြက လမ္းမေတြေပၚမွာ ဆက္ၿပီး ဆႏၵျပေနၾကပါတယ္။ အစိုးရ၀န္ထမ္း အမ်ားအျပား အလုပ္မလုပ္ဘူးဆိုၿပီး သပိတ္ဆက္ေမွာက္ေနပါတယ္။ ပုဂၢလိကပိုင္လုပ္ငန္းေတြက အေထြေထြ သပိတ္ေမွာက္မႈေတြလည္း ဆက္ရွိေနပါတယ္။"

စစ္တပ္ရဲ႕ အၾကမ္းဖက္မႈေတြေၾကာင့္ လူေတြက ေနာက္တြန္႔သြားတာမ်ဳိး မရွိဘဲ အေျခအေနက ပိုဆိုးလာၿပီး စီးပြားေရး အၾကပ္အတည္းနဲ႔ သန္းနဲ႔ခ်ီတဲ့ ျပည္သူေတြ ဆင္းရဲႏြမ္းပါးမႈေတြ ရင္ဆိုင္ရေအာင္ တြန္းပို႔ေနတယ္လို႔လည္း.Richard Horsey က သုံးသပ္သြားပါတယ္။

" ျပည္သူအမ်ားအျပား ၀င္ေငြမရွိ၊ အစားအေသာက္ အခက္ခဲႀကဳံရသလို က်န္းမာေရး ေစာင့္ေရွာက္မႈစနစ္လည္း ၿပိဳက်သြားတယ္။ ကိုဗစ္ 19 ေရာဂါကာကြယ္ေဆးထိုးဖို႔ အစီအစဥ္ဆိုရလည္း တျခားႏိုင္ငံေတြနဲ႔ ႏိႈင္းယွဥ္ရင္ သိပ္ေနာက္က် ေနၿပီ" လို႔ သတိေပးပါတယ္။ လက္နက္ကိုင္ပဋိပကၡေတြ တိုးလာတယ္လို႔လည္း ေျပာပါတယ္။

ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ က CRPH က ေဒၚဇင္မာေအာင္ ကေတာ့ ..
" ျမန္မာျပည္သူေတြကို စနစ္တက် ပစ္မွတ္ထားၿပီး အၾကမ္းဖက္ ေျခမႈန္းေနတာေတြ ရပ္ဆိုင္းဖို႔မွာ ႏိုင္ငံတကာ အသိုင္းအဝိုင္အေနနဲ႔ တိုက္႐ိုက္ ကိုယ္ထိလက္ေရာက္ ၀င္ပါဖို႔ ဆိုတဲ့ ကိစၥကို ထိန္းထိန္းသိမ္းသိမး္ လုပ္ေနတာ က်မတို႔ နားလည္ပါတယ္။ စစ္တပ္ရဲ႕ အၾကမ္းဖက္မႈေတြ ရပ္ဆိုင္းမသြားရင္ ၿပ္ညတြႈ္း အေျခအေနက ပိုဆိုးလာၿပီး လူေတြ အတိဒုကၡေရာက္ရေတာ့မွာပါ။ စီးပြားေရးအရ မတည္ၿငိမ္မႈေတြ တိုးလာၿပီး ဒုကၡသည္ေတြအမ်ားအျပား ျပည္ပကို ထြက္ေျပးတာေတြ ျဖစ္လာႏိုင္ပါတယ္"။
ကုလသမဂၢလုံၿခဳံေရးေကာင္စီကို စတင္ဖြဲ႔စည္းခဲ့တဲ့ ႏိုင္ငံတကာ တည္ၿငိမ္ေရးနဲ႔ ေအးခ်မ္းေရး အတြက္ ပါဝင္ကူညီဖို႔ တာဝန္ယူဖို႔အတြက္ ေဒၚဇင္မာေအာင္က တိုက္တြန္းသြားပါတယ္။

ဒီေဆြးေႏြးပြဲမွာ ျမန္မာ့ ဒီမိုကေရစီ လႈပ္ရွားမႈရဲ႕ ဦးတည္ခ်က္၊ ဖက္ဒရယ္ ပဋိညာဥ္စာတမ္းနဲ႔ သက္ဆိုင္ရာကိစၥ၊ တိုင္းရင္းသားလူမ်ိဳးစုေတြ၊ ဘာသာေရး လူနည္းစုေတြနဲ႔ ထိေတြ႕ဆက္ဆံေရး စတဲ့ အေၾကာင္းအရာေတြကို ေဆြးေႏြးဖို႔ အၾကမ္းမ်ဥ္း သတ္မွတ္ထားပါတယ္။

ေဆြးေႏြးပြဲ အၿပီးမွာ လုံျခဳံေရးေကာင္စီ အဖြဲ႔၀င္ႏိုင္ငံေတြရဲ႕ ျမန္မာ့အေရး ေၾသေဘာထားေတြ တင္ျပေျပာဆိုဖို႔လည္း ရွိပါတယ္။

........................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကြပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့နဲ့ ဒီမိုကရေစီ ပြန်လည်တည်ဆောက်နိုင်ရေး၊ မြန်မာပြည်သူတွေကို အကာအကွယ်ပေးနိုင်ရေး ကုလသမဂ္ဂအနေနဲ့ အမြန်ဆုံးကြားဝင် ကူညီရေး အချိန်မီလုပ်ဆောင်ဖို့ ဒီနေ့ လုံခြုံရေးကောင်စီမှာကျင်းပတဲ့ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးသူတွေက တောင်းဆိုကြပါတယ်။

" မြန်မာပြည်က အသံများ" ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုနဲ့ပတ်သက်လို့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ပြင်ပ ပညာရှင်တွေရဲ့ သုံးသပ်ချက် သဘောထားတချို ဦးသိန်းထိုက်ဦးက စုစည်းတင်ပြထားပါတယ်။

လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဗြိတိန်နိုင်ငံက ကမကထလုပ် အဆိုပြုပြီးတဲ့နောက် အခုလို မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲ ကျင်းပတာပါ။ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန် အမြဲတမ်း သံအမတ်ကြီး Barbara Woodward က ဆွေးနွေးပွဲမှာ သဘောပတိအဖြစ် ပါဝင်ပါတယ်။

အရပ်ဖက် လူမှုအဖွဲ့အစည်း ခေါင်းဆောင်တဦးဖြစ်တဲ့ စိုင်းစံခမ်းက မကြာသေးခင်က မြန်မာနိုင်ငံအတွင်းက အရပ်ဖက် လူမှုအဖွဲ့အစည်း ၄၈၈ ဖွဲ့ တောင်းဆိုခဲ့တဲ့ တောင်းဆိုချက်ကိုပဲ ကျနော်ပြန်ပြီး ကျနော်ပြောပါရစေ ဆိုပြီး အခုလို ပြောဆိုပါတယ်။

" မြန်မာပြည်တွင်းက ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေ၊ လူနည်းစုတွေအပေါ် တိုက်ခိုက်နေတာတွေ ရပ်ဆိုင်းသွားဖို့ အခြေအနေကို စောင့်ကြည့်ဖို့နဲ့ ကြားဝင်ဆောင်ရွက်ဖို့ လုံခြုံရေးကောင်စီက အဖွဲ့တွေချက်ခြင်း စေလွှတ်သင့်ပေးပါတယ်။ သွေးမြေကျမှုတွေ အဆုံးသတ်ပြီး တရားလက်လွတ်ဖမ်းဆီးခံထားရသူတွေ ပြန်လည်လွတ်မြောက်ဖို့ နိုင်ငံတကာအကြားပူးပေါင်းဆောင်ရွက်ပြီး လက်နက်ရောင်းချမှု ပိတ်ဆို့ဖို့ လိုအပ်ပါတယ်။"

မြန်မာစစ်တပ် ကျုးလွန်တဲ့ ရာဇဝတ်ပြစ်မှုတွေအတွက် တာဝန်ယူဖို့ နိုင်ငံတကာ တရားရုံးမှာ အရေးယူနိုင်ရေး စိုင်းစံခမ်းက ပြောဆိုသွားသလို လုံခြုံရေးကောင်စီရဲ့ အကူအညီပါသည်ဖြစ်စေ မပါသည်ဖြစ်စေ မြန်မာပြည်သူတွေဟာ သူတို့ရဲ့ အခွင့်အရေးအတွက် မရရအောင်ကြိုးပမ်းဖို့ သန္နိဌာန် ခိုင်ခိုင်မာမာ ချပြီးသား ဖြစ်ပါတယ်လို့ စိုင်းစံခမ်းက အဓိက ပြောပါတယ်။

ICG နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့က Richard Horsey က အကြမ်းဖက် ဖိနှိပ်မှုတွေရဲ့ အကျိုးဆက် မြန်မာပြည် ရင်ဆိုင်ရနိုင်တဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အန္တရာယ်တွေနဲ့ ပတ်သက်လို့ သုံးသပ်သွားပါတယ်။

"စစ်အုပ်ချုပ်ကောင်စီ ရင်ဆိုင်နေရတဲ့ ပြသနာတွေu ၁၉၈၈ ခုနှစ်၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတွေနဲ့ မတူပါဘူး။ အကြမ်းဖက်မှုတွေက ထင်သလို လျော့နည်းမသွားဘူး။ သွေးမြေကျ အင်အားသုံး နှိမ်နှင်းမှုတွေ ရှိနေပေမဲ့ ပြည်သူတွေက လမ်းမတွေပေါ်မှာ ဆက်ပြီး ဆန္ဒပြနေကြပါတယ်။ အစိုးရဝန်ထမ်း အများအပြား အလုပ်မလုပ်ဘူးဆိုပြီး သပိတ်ဆက်မှောက်နေပါတယ်။ ပုဂ္ဂလိကပိုင်လုပ်ငန်းတွေက အထွေထွေ သပိတ်မှောက်မှုတွေလည်း ဆက်ရှိနေပါတယ်။"

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် လူတွေက နောက်တွန့်သွားတာမျိုး မရှိဘဲ အခြေအနေက ပိုဆိုးလာပြီး စီးပွားရေး အကြပ်အတည်းနဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေ ဆင်းရဲနွမ်းပါးမှုတွေ ရင်ဆိုင်ရအောင် တွန်းပို့နေတယ်လို့လည်း. Richard Horsey က သုံးသပ်သွားပါတယ်။

" ပြည်သူအများအပြား ဝင်ငွေမရှိ၊ အစားအသောက် အခက်ခဲကြုံရသလို ကျန်းမာရေး စောင့်ရှောက်မှုစနစ်လည်း ပြိုကျသွားတယ်။ ကိုဗစ် 19 ရောဂါကာကွယ်ဆေးထိုးဖို့ အစီအစဉ်ဆိုရလည်း တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် သိပ်နောက်ကျ နေပြီ" လို့ သတိပေးပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေ တိုးလာတယ်လို့လည်း ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ က CRPH က ဒေါ်ဇင်မာအောင် ကတော့ ..
" မြန်မာပြည်သူတွေကို စနစ်တကျ ပစ်မှတ်ထားပြီး အကြမ်းဖက် ခြေမှုန်းနေတာတွေ ရပ်ဆိုင်းဖို့မှာ နိုင်ငံတကာ အသိုင်းအဝိုင်အနေနဲ့ တိုက်ရိုက် ကိုယ်ထိလက်ရောက် ဝင်ပါဖို့ ဆိုတဲ့ ကိစ္စကို ထိန်းထိန်းသိမ်းသိမ်း လုပ်နေတာ ကျမတို့ နားလည်ပါတယ်။ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းမသွားရင် ြပ်ညတွှု်း အခြေအနေက ပိုဆိုးလာပြီး လူတွေ အတိဒုက္ခရောက်ရတော့မှာပါ။ စီးပွားရေးအရ မတည်ငြိမ်မှုတွေ တိုးလာပြီး ဒုက္ခသည်တွေအများအပြား ပြည်ပကို ထွက်ပြေးတာတွေ ဖြစ်လာနိုင်ပါတယ်"။
ကုလသမဂ္ဂလုံခြုံရေးကောင်စီကို စတင်ဖွဲ့စည်းခဲ့တဲ့ နိုင်ငံတကာ တည်ငြိမ်ရေးနဲ့ အေးချမ်းရေး အတွက် ပါဝင်ကူညီဖို့ တာဝန်ယူဖို့အတွက် ဒေါ်ဇင်မာအောင်က တိုက်တွန်းသွားပါတယ်။

ဒီဆွေးနွေးပွဲမှာ မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုရဲ့ ဦးတည်ချက်၊ ဖက်ဒရယ် ပဋိညာဉ်စာတမ်းနဲ့ သက်ဆိုင်ရာကိစ္စ၊ တိုင်းရင်းသားလူမျိုးစုတွေ၊ ဘာသာရေး လူနည်းစုတွေနဲ့ ထိတွေ့ဆက်ဆံရေး စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးဖို့ အကြမ်းမျဉ်း သတ်မှတ်ထားပါတယ်။

ဆွေးနွေးပွဲ အပြီးမှာ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေရဲ့ မြန်မာ့အရေး သြေဘောထားတွေ တင်ပြပြောဆိုဖို့လည်း ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG