သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္တပ္ ေလေၾကာင္းထိုးစစ္ေတြ ဟန္႔တားဖို႔ လုံျခံဳေရးေကာင္စီကို သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း တိုက္တြန္း 


နယူးေယာက္ ျမန္မာကုလကိုယ္စားလွယ္သစ္ ကုလအၿမဲတမ္းကိုယ္စားလွယ္တာ၀န္ယူခဲ့တဲ့ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း။ (ဓာတ္ပံု - Ministry of Foreign Affairs Myanmar - စက္တင္ဘာ ၂၃၊ ၂၀၂၀)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းတာကို ဆန္႔က်င္သူေတြအေပၚ အၾကမ္းဖက္ ႏွိမ္နင္းမႈေတြနဲ႔ ႏိုင္ငံေရး အက်ပ္အတည္းေတြကို ေျဖရွင္းႏိုင္ေအာင္ ကုလသမဂၢ လုံျခံဳေရးေကာင္စီက ထိေရာက္တဲ့ အေရးယူမႈေတြလုပ္ဖို႔ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက တိုက္တြန္းလိုက္ပါတယ္။ ျမန္မာ့အေရး လုံျခံဳေရးေကာင္စီမွာ အလြတ္သေဘာ ေဆြးေႏြးရာမွာ အသက္ေဘးအႏၲရာယ္နဲ႔ပါ ရင္ဆိုင္ေနရတဲ့ ျပည္သူေတြကို အကာအကြယ္ေပးဖို႔ အေရးတႀကီး ေဆာင္ရြက္ဖို႔လည္း တိုက္တြန္းခဲ့တာပါ။ လုံျခံဳေရးေကာင္စီမွာ တိုက္တြန္းခဲ့တာေတြနဲ႔ ပတ္သက္လို႔ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း ကိုဉာဏ္၀င္းေအာင္က ဆက္သြယ္ေမးျမန္းထားပါတယ္။

ကုိဉာဏ္ဝင္းေအာင္ ။ ။သံအမတ္ႀကီးခင္ဗ်ာ ဒီ ေသာၾကာေန႔မွာ က်င္းပတဲ့ ကုလသမဂၢလုံၿခဳံေရးေကာင္စီရဲ႕ သီးသန္႔အထူး အစည္းအေဝးပဲြမွာ ေလယာဥ္ပ်ံသန္းမႈနဲ႔ပတ္သက္လို႔ျမန္မာႏိုင္ငံတြင္း No Fly Zone (ေလယာဥ္မပ်ံသန္းရ နယ္ေျမ) သတ္မွတ္ေပးဖို႔ သံအမတ္ႀကီးက ေတာင္းဆိုတာ ၾကားသိရပါတယ္။ ဘာအတြက္ေၾကာင့္ ေတာင္းဆိုတာပါလဲ။ ကုလသမဂၢဘက္က ဘယ္လို ေဆာင္ရြက္ႏိုင္စြမ္း ရွိပါသလဲခင္ဗ်။

သံအမတ္ႀကီး ဦးေက်ာ္မုိးထြန္း ။ ။ဟုတ္ကဲ့ ၊ မတ္လ ၂၉ ရက္ေန႔ကလည္း ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ဆီကို က်ေနာ္ စာေရးထားတယ္။ အဲဒီစာထဲမွာလည္းNo Fly Zoneသတ္မွတ္ေၾကညာေပးဖို႔ ေပါ့ေနာ္၊ ဘာလို႔လည္းဆိုေတာ့ အခု ကရင္ျပည္နယ္ထဲမွာ ေလယာဥ္သုံးၿပီးေတာ့ ဗုံးႀကဲတာတို႔ ဘာတို႔ ရွိတယ္ေလ။ ရွိေတာ့ .. အျပစ္မဲ့ ျပည္သူေတြ ထိခိုက္ဒဏ္ရာရတာ ၊ ေသေၾကတာ ေနာက္ၿပီးေတာ့ သူတို႔ေနရာကေန ေရွာင္ေျပးရတာမ်ဳိးေတြ ျဖစ္တယ္ေပါ့။ ဆိုေတာ့ ဒါေတြကို မျဖစ္ေစခ်င္ဘူးေပါ့ေနာ္ ။

ဒါေၾကာင့္မို႔လို႔ တကယ္လို႔မ်ား လုံၿခဳံေရးေကာင္စီ အေနနဲ႔No Fly Zone သေဘာမ်ဳိးေပါ့၊ ျမန္မာျပည္မွာ တႏိုင္ငံလုံးေတာ့ မဟုတ္ပါဘူး က်ေနာ္ေျပာတဲ့အထဲမွာလည္း အခ်ဳိ႕ေနရာေတြလို႔ပဲ ေျပာတာေပါ့ေနာ္။ အဲဒီေနရာေတြကို No Fly Zone ေၾကာညာေပးႏိုင္မယ္ဆိုရင္ တပ္ကေန လာၿပီးေတာ့ စစ္ေလယာဥ္သုံးၿပီးေတာ့ ဗုံးႀကဲတာမ်ဳိး air strike လုပ္တဲ့ဟာကို ကာကြယ္ေပးႏိုင္မယ္ေပါ့။လုံၿခဳံေရးေကာင္စီမွာေတာ့ သူတို႔မွာ ဆုံးျဖတ္ခ်က္ခ်ၿပီးေတာ့ ဒီလိုမ်ဳိးကိစၥေတြကို တားဆီးလို႔ရတဲ့ လုပ္ပိုင္ခြင့္ ရွိပါတယ္ခင္ဗ်။ ဒါေၾကာင့္လည္း ဒါနဲ႔ပတ္သက္လုိ႔ လုံၿခဳံေရးေကာင္စီရဲ႕ Arria Formula (လုံၿခဳံေကာင္စီအဖဲြ႔ဝင္ႏိုင္ငံ တခုက ကမကထျပဳေခၚယူတဲ့ သီးသန္႔)အစည္းအေဝးမွာ ေတာင္းဆုိရျခင္း ျဖစ္ပါတယ္ခင္ဗ်။

ကုိဉာဏ္ဝင္းေအာင္ ။ ။ဟုတ္ကဲ့ကုလသမဂၢလုံၿခဳံေရးေကာင္စီရဲ႕ ဒီေန႔ အထူးအစည္းအေဝးပဲြမွာပဲ ျမန္္မာႏိုင္ငံမွာ လက္ရွိျဖစ္ေနတဲ့ အေျခအေနေတြနဲ႔ ပတ္သက္လို႔ သံအမတ္ႀကီးက အျခား ဘာေတြမ်ား ထပ္မံေတာင္းဆို တိုက္တြန္းတာ ရွိပါသလဲခင္ဗ်။

သံအမတ္ႀကီး ဦးေက်ာ္မုိးထြန္း ။ ။ဟုတ္ကဲ့ အဓိကေတာ့ အခ်က္(၈)ခ်က္ကုိ က်ေနာ္ အဓိက ေတာင္းဆုိခဲ့တာရွိပါတယ္။ အထူးသျဖင့္ က်ေနာ္တုိ႔ ျပည္သူေတြ စစ္တပ္ကေနၿပီးေတာ့ မတရား၊ လူမဆန္စြာ ေဆာင္ရြက္တဲ့ အခ်က္ေတြကေနၿပီးေတာ့ ျပည္သူေတြကို ကာကြယ္ေပးႏုိင္ဖုိ႔ ဆိုတာကို ခ်က္ခ်င္း ေဆာင္ရြက္ဖို႔ ၊ ေနာက္ၿပီးေတာ့ လူသားခ်င္းစာနာတဲ့ အကူအညီေတြ လိုအပ္တဲ့လူေတြကို ေပးဖို႔အတြက္ ခ်က္ခ်င္းေဆာင္ရြက္ေပးဖို႔ ၊ ေနာက္ၿပီးေတာ့ တခ်ဳိ႕ ေနရပ္စြန္႔ခြာရတဲ့ လူေတြဟာ ကုိယ့္ျပည္တြင္းမွာသာ မကပဲနဲ႔ ကိုယ့္အိမ္းနီးခ်င္း ႏို္င္ငံေတြဆီကိုပါ ထြက္ခြာလာရတဲ့ အေနအထားမ်ဳိး ေရာက္တယ္ဆုိရင္ သူတို႔အတြက္ shelter ေပါ့ေနာ္ ေနစရာထုိင္စရာေတြ ပံ့ပုိးေပးၾကဖို႔ ေတာင္းဆိုတယ္။

အဲဒီအခ်က္ရယ္ ေနာက္ၿပီးေတာ့ တပ္မေတာ္ကို လက္နက္ ေရာင္းခ်တာေတြ မလုပ္ဖို႔ ဆိုတဲ့အခ်က္ရယ္၊ ေနာက္ၿပီးေတာ့ တပ္နဲ႔ႏႊယ္တဲ့ စီးပြားေရးေတြ အကုန္လုံးကိုေပါ့ေနာ္...targeted sanctions ပစ္မွတ္ထား ဒဏ္ခတ္ပိတ္ဆို႔မႈေပါ့ ၊ ေနာက္ coordinated sanction ေပါ့အားလုံးပူးေပါင္ၿပီးေတာ့ ျပင္းထန္တဲ့ ပစ္မွတ္ထား ပိတ္ဆုိ႔မႈ လုပ္ဖို႔ဆိုတဲ့ ဥစၥာရယ္၊ ေနာက္ၿပီး သူတို႔ေတြရဲ႕ေငြေၾကးစီးဆင္းမႈေပါ့ ႏိုင္ငံျခားမွာရွိတဲ့ ဘဏ္စာရင္းေတြရယ္၊ တပ္ဖက္ကို ေငြစီးဆင္းမႈေတြ မျဖစ္ေစဖို႔အတြက္ တားဆီးေပးဖို႔ဆိုတဲ့ဥစၥာရယ္၊ ေနာက္ၿပီးေတာ့ နို္င္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈေပါ့ ၊ က်ေနာ္တို႔ ေရြးခ်ယ္ခံ ဒီမုိကေရစီအစိုးရ မတက္မခ်င္း ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ထားတဲ့ဟာေတြကို suspend လုပ္ဖို႔၊ ရပ္ဆိုင္းထားေပးဖို႔ ဆုိတဲ့ဥစၥာကို က်ေနာ္ အဓိက ေတာင္းဆိုထားပါတယ္။

ဒါနဲ႔ ဆက္စပ္ၿပီးေတာ့ အစည္းအေဝးမွာ က်ေနာ္ ေထာက္ျပတာကေတာ့ က်ေနာ္တို႔က အသက္ေတြ ဆုံးရႈံးမႈ မရွိေစဖို႔အတြက္ ကာကြယ္ေပးဖို႔ ၊ ေနာက္ၿပီး လူသားခ်င္းစာနာမႈ အကူအညီေပးတဲ့ဟာေတြ ရရွိေစဖို႔ ဒါေတြကို က်ေနာ္တုိ႔က ထိပ္တန္းဦးစားေပး အေနနဲ႔ လုပ္ေနတယ္ဆိုတဲ့အေၾကာင္း ေပါ့ေနာ္၊ ဒါေၾကာင့္မို႔လို႔ေပါ့ လုံၿခဳံေရးေကာင္စီအေနနဲ႔ မဆိုင္းမတြပဲ ျပင္းထန္တဲ့ အေရးယူမႈ လုပ္ေပးဖို႔ ဆိုတဲ့ဥစၥာကို ေတာင္းဆိုထားပါတယ္။

စစ္တပ္ကေနၿပီး မတရား သတ္ျဖတ္ေနတာေတြကေန ကာကြယ္ေပးဖို႔မွာ ႏိုင္ငံတကာအေနနဲ႔ တာဝန္ရွိတယ္ဆုိတဲ့ဟာကိုလည္း က်ေနာ္ေထာက္ျပၿပီးေတာ့ ခ်က္ခ်င္း အေရးယူေပးဖို႔ ဆိုတဲ့ဥစၥာကို ေတာင္းဆိုထားပါတယ္။

ကုိဉာဏ္ဝင္းေအာင္ ။ ။ဟုတ္ကဲ့ခင္ဗ်ကုလသမဂၢလုံၿခဳံေရးေကာင္စီနဲ႔ ပတ္သက္လာရင္ ျမန္မာျပည္သူေတြက အရင္တုန္းက အမ်ားႀကီး ေမွ်ာ္လင့္ခဲ့တာေတြ ရွိတာေပါ့ေလ။ တကယ္တမ္းက်ေတာ့ ဘာမွ ထိထိေရာက္ေရာက္ ျဖစ္လာတာမ်ဳိး မရွိတဲ့အခါက်ေတာ့ လူေတြအေတာ္မ်ားမ်ားမွာ စိတ္ပ်က္ေနတာေတြ ေတြ႔ရပါတယ္။ ဒီအေပၚမွာ ျမန္မာျပည္သူေတြကို သံအမတ္ႀကီးအေနနဲ႔ ဘယ္လိုသတင္းစကားမ်ဳိး ေျပာၾကားလိုတာ ရွိပါသလဲ။

သံအမတ္ႀကီး ဦးေက်ာ္မုိးထြန္း ။ ။ဟုတ္ကဲ့ ေက်းဇူးပါ ၊ ကုလသမဂၢ အထူးသျဖင့္ေပါ့ေနာ္ လုံၿခဳံေရးေကာင္စီရဲ႕ လုပ္ပုံကိုင္ပုံ သြားေနတဲ့ လမ္းေၾကာင္းကိုေတာ့ အတုိင္းအတာ တခုထိ နားလည္ဖို႔ေတာ့ လုိတာေပါ့ေနာ္။ ဘာလို႔လည္းဆိုေတာ့ တခ်ဳိ႕ ဥစၥာေတြမွာ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္က လုပ္ခ်င္ေပမယ့္လည္း လုပ္လို႔ မရတဲ့ဟာေတြ ရွိတာေပါ့ေနာ္၊ အကန္႔အသတ္ေတြ ရွိတယ္။ လုံၿခဳံေရးေကာင္စီအေနနဲ႔ ဆုံးျဖတ္ခ်က္ အဆိုတခုခု ခ်မွပဲ လက္ေတြ႔အေရးယူမႈေတြ လုပ္ႏိုင္တဲ့ အေနအထားမ်ဳိး ရွိပါတယ္။ ခုေတာ့ လုံၿခဳံေရးေကာင္စီ အေနနဲ႔ ျမန္မာျပည္နဲ႔ပတ္သက္လို႔ ေၾကညာခ်က္ ၂ ေစာင္ ထုတ္ခဲ့ၿပီးၿပီ။ Presidential Statement ဥကၠဌရဲ႕ေၾကညာခ်က္ တခု ထုတ္ၿပီးၿပီေပါ့ေနာ္။

ဒါေတြကို ထုတ္ႏိုင္ျခင္းကလည္း အားလုံးသေဘာတူညီခ်က္နဲ႔ ထုတ္လို႔ရတဲ့ဟာေတြ ျဖစ္တဲ့အတြက္ေၾကာင့္ တဖက္ကျပန္ၾကည့္ရင္ေတာ့ ဒါက လုံၿခဳံေကာင္စီအေနနဲ႔ ျမန္မာႏိုင္ငံနဲ႔ ပတ္သက္ၿပီးေတာ့ Unified Voice တညီတညြတ္ထဲ တသံထဲ ရွိတယ္ဆိုတာေတာ့ ေျပာလို႔ရပါတယ္။ ဒါေၾကာင့္ အဲဒီထဲမွာပါတဲ့ အခ်က္အလက္ေတြကေတာ့ အဖြဲ႔ဝင္ႏိုင္ငံေတြအေနနဲ႔ ေဆာင္ရြက္ရမယ့္ Legal Obligation (မျဖစ္မေန လုပ္ေဆာင္ရမယ့္ တာဝန္မ်ဳိး) မရွိေပမယ့္ ၊ Moral Obligation (ကုိယ္က်င့္တရားအရ တာဝန္ရွိမႈ) မ်ဳိးေတာ့ ရွိလာတာေပါ့။

တခ်ိန္ထဲမွာပဲ အဲဒီေၾကညာခ်က္ေတြထဲမွာပါတဲ့ အခ်က္ေတြကေတာ့ က်ေနာ္တုိ႔ လိုခ်င္တဲ့ အေနအထားမ်ဳိးေတာ့ မရွိေသးပါဘူးခင္ဗ်။ ဒါေၾကာင့္ က်ေနာ္တုိ႔ ျပည္သူေတြအေနနဲ႔ အားမလိုအားမရ ျဖစ္ေနတယ္ဆိုတဲ့ဥစၥာကလည္း ျဖစ္သင့္တဲ့ကိစၥပါ။ တခ်ိန္ထဲမွာပဲ က်ေနာ္တို႔အေနနဲ႔ ကိုယ္လိုခ်င္တဲ့ဟာကို မရေသးလို႔ လက္ေလွ်ာ့လိုက္မယ္ ဆိုတဲ့ဟာကေတာ့ မလုပ္သင့္ေသးပါဘူးခင္ဗ်၊ က်ေနာ္တို႔ကႏိုင္ငံတကာနဲ႔ ဆက္ႏႊယ္လုပ္ေနရတဲ့ အပိုင္းျဖစ္တဲ့အတြက္ေၾကာင့္ တဦးတေယာက္ထဲ ဆုံးျဖတ္လို႔ မရတဲ့ဥစၥာ ျဖစ္ေနပါတယ္။

ဒါေၾကာင့္ က်ေနာ္တုိ႔ လိုခ်င္တာအတြက္ ဆက္လက္တိုက္ပဲြ ဝင္သြားဖို႔ လိုပါမယ္။ ဒါေၾကာင့္ Action အေရးယူေဆာင္ရြက္မႈေတြ ခ်က္ခ်င္းလုပ္ေပးဖို႔ ၊ အျမန္ဆုံးလုပ္ေပးဖို႔ ဆိုတာကို က်ေနာ္တို႔ တိုက္တြန္းေနရတာပါ။

ကုိဉာဏ္ဝင္းေအာင္ ။ ။သံအမတ္ႀကီး ေက်းဇူးအမ်ားႀကီး တင္ပါတယ္။

သံအမတ္ႀကီး ဦးေက်ာ္မုိးထြန္း ။ ။ဟုတ္ကဲ့ ရပါတယ္ခင္ဗ်။


............

မြန်မာစစ်တပ် လေကြောင်းထိုးစစ်တွေ ဟန့်တားဖို့ လုံခြုံရေးကောင်စီကို သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်း

(Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်သူတွေအပေါ် အကြမ်းဖက် နှိမ်နင်းမှုတွေနဲ့ နိုင်ငံရေး အကျပ်အတည်းတွေကို ဖြေရှင်းနိုင်အောင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ထိရောက်တဲ့ အရေးယူမှုတွေလုပ်ဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။ မြန်မာ့အရေး လုံခြုံရေးကောင်စီမှာ အလွတ်သဘော ဆွေးနွေးရာမှာ အသက်ဘေးအန္တရာယ်နဲ့ပါ ရင်ဆိုင်နေရတဲ့ ပြည်သူတွေကို အကာအကွယ်ပေးဖို့ အရေးတကြီး ဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့တာပါ။ လုံခြုံရေးကောင်စီမှာ တိုက်တွန်းခဲ့တာတွေနဲ့ ပတ်သက်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုဉာဏ်ဝင်းအောင် ။ ။သံအမတ်ကြီးခင်ဗျာ ဒီ သောကြာနေ့မှာ ကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ သီးသန့်အထူး အစည်းအဝေးပွဲမှာ လေယာဉ်ပျံသန်းမှုနဲ့ပတ်သက်လို့မြန်မာနိုင်ငံတွင်း No Fly Zone (လေယာဉ်မပျံသန်းရ နယ်မြေ) သတ်မှတ်ပေးဖို့ သံအမတ်ကြီးက တောင်းဆိုတာ ကြားသိရပါတယ်။ ဘာအတွက်ကြောင့် တောင်းဆိုတာပါလဲ။ ကုလသမဂ္ဂဘက်က ဘယ်လို ဆောင်ရွက်နိုင်စွမ်း ရှိပါသလဲခင်ဗျ။

သံအမတ်ကြီး ဦးကျော်မိုးထွန်း ။ ။ဟုတ်ကဲ့ ၊ မတ်လ ၂၉ ရက်နေ့ကလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဆီကို ကျနော် စာရေးထားတယ်။ အဲဒီစာထဲမှာလည်းNo Fly Zoneသတ်မှတ်ကြေညာပေးဖို့ ပေါ့နော်၊ ဘာလို့လည်းဆိုတော့ အခု ကရင်ပြည်နယ်ထဲမှာ လေယာဉ်သုံးပြီးတော့ ဗုံးကြဲတာတို့ ဘာတို့ ရှိတယ်လေ။ ရှိတော့ .. အပြစ်မဲ့ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာ ၊ သေကြေတာ နောက်ပြီးတော့ သူတို့နေရာကနေ ရှောင်ပြေးရတာမျိုးတွေ ဖြစ်တယ်ပေါ့။ ဆိုတော့ ဒါတွေကို မဖြစ်စေချင်ဘူးပေါ့နော် ။

ဒါကြောင့်မို့လို့ တကယ်လို့များ လုံခြုံရေးကောင်စီ အနေနဲ့No Fly Zone သဘောမျိုးပေါ့၊ မြန်မာပြည်မှာ တနိုင်ငံလုံးတော့ မဟုတ်ပါဘူး ကျနော်ပြောတဲ့အထဲမှာလည်း အချို့နေရာတွေလို့ပဲ ပြောတာပေါ့နော်။ အဲဒီနေရာတွေကိုNo Fly Zone ကြောညာပေးနိုင်မယ်ဆိုရင် တပ်ကနေ လာပြီးတော့ စစ်လေယာဉ်သုံးပြီးတော့ ဗုံးကြဲတာမျိုး air strike လုပ်တဲ့ဟာကို ကာကွယ်ပေးနိုင်မယ်ပေါ့။လုံခြုံရေးကောင်စီမှာတော့ သူတို့မှာ ဆုံးဖြတ်ချက်ချပြီးတော့ ဒီလိုမျိုးကိစ္စတွေကို တားဆီးလို့ရတဲ့ လုပ်ပိုင်ခွင့် ရှိပါတယ်ခင်ဗျ။ ဒါကြောင့်လည်း ဒါနဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီရဲ့ Arria Formula (လုံခြုံကောင်စီအဖွဲ့ဝင်နိုင်ငံ တခုက ကမကထပြုခေါ်ယူတဲ့ သီးသန့်)အစည်းအဝေးမှာ တောင်းဆိုရခြင်း ဖြစ်ပါတယ်ခင်ဗျ။

ကိုဉာဏ်ဝင်းအောင် ။ ။ဟုတ်ကဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဒီနေ့ အထူးအစည်းအဝေးပွဲမှာပဲ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ သံအမတ်ကြီးက အခြား ဘာတွေများ ထပ်မံတောင်းဆို တိုက်တွန်းတာ ရှိပါသလဲခင်ဗျ။

သံအမတ်ကြီး ဦးကျော်မိုးထွန်း ။ ။ဟုတ်ကဲ့ အဓိကတော့ အချက်(၈)ချက်ကို ကျနော် အဓိက တောင်းဆိုခဲ့တာရှိပါတယ်။ အထူးသဖြင့် ကျနော်တို့ ပြည်သူတွေ စစ်တပ်ကနေပြီးတော့ မတရား၊ လူမဆန်စွာ ဆောင်ရွက်တဲ့ အချက်တွေကနေပြီးတော့ ပြည်သူတွေကို ကာကွယ်ပေးနိုင်ဖို့ ဆိုတာကို ချက်ချင်း ဆောင်ရွက်ဖို့ ၊ နောက်ပြီးတော့ လူသားချင်းစာနာတဲ့ အကူအညီတွေ လိုအပ်တဲ့လူတွေကို ပေးဖို့အတွက် ချက်ချင်းဆောင်ရွက်ပေးဖို့ ၊ နောက်ပြီးတော့ တချို့ နေရပ်စွန့်ခွာရတဲ့ လူတွေဟာ ကိုယ့်ပြည်တွင်းမှာသာ မကပဲနဲ့ ကိုယ့်အိမ်းနီးချင်း နိုင်ငံတွေဆီကိုပါ ထွက်ခွာလာရတဲ့ အနေအထားမျိုး ရောက်တယ်ဆိုရင် သူတို့အတွက် shelter ပေါ့နော် နေစရာထိုင်စရာတွေ ပံ့ပိုးပေးကြဖို့ တောင်းဆိုတယ်။

အဲဒီအချက်ရယ် နောက်ပြီးတော့ တပ်မတော်ကို လက်နက် ရောင်းချတာတွေ မလုပ်ဖို့ ဆိုတဲ့အချက်ရယ်၊ နောက်ပြီးတော့ တပ်နဲ့နွှယ်တဲ့ စီးပွားရေးတွေ အကုန်လုံးကိုပေါ့နော်...targeted sanctions ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုပေါ့ ၊ နောက် coordinated sanction ပေါ့အားလုံးပူးပေါင်ပြီးတော့ ပြင်းထန်တဲ့ ပစ်မှတ်ထား ပိတ်ဆို့မှု လုပ်ဖို့ဆိုတဲ့ ဥစ္စာရယ်၊ နောက်ပြီး သူတို့တွေရဲ့ငွေကြေးစီးဆင်းမှုပေါ့ နိုင်ငံခြားမှာရှိတဲ့ ဘဏ်စာရင်းတွေရယ်၊ တပ်ဖက်ကို ငွေစီးဆင်းမှုတွေ မဖြစ်စေဖို့အတွက် တားဆီးပေးဖို့ဆိုတဲ့ဥစ္စာရယ်၊ နောက်ပြီးတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပေါ့ ၊ ကျနော်တို့ ရွေးချယ်ခံ ဒီမိုကရေစီအစိုးရ မတက်မချင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ထားတဲ့ဟာတွေကို suspend လုပ်ဖို့၊ ရပ်ဆိုင်းထားပေးဖို့ ဆိုတဲ့ဥစ္စာကို ကျနော် အဓိက တောင်းဆိုထားပါတယ်။

ဒါနဲ့ ဆက်စပ်ပြီးတော့ အစည်းအဝေးမှာ ကျနော် ထောက်ပြတာကတော့ ကျနော်တို့က အသက်တွေ ဆုံးရှုံးမှု မရှိစေဖို့အတွက် ကာကွယ်ပေးဖို့ ၊ နောက်ပြီး လူသားချင်းစာနာမှု အကူအညီပေးတဲ့ဟာတွေ ရရှိစေဖို့ ဒါတွေကို ကျနော်တို့က ထိပ်တန်းဦးစားပေး အနေနဲ့ လုပ်နေတယ်ဆိုတဲ့အကြောင်း ပေါ့နော်၊ ဒါကြောင့်မို့လို့ပေါ့ လုံခြုံရေးကောင်စီအနေနဲ့ မဆိုင်းမတွပဲ ပြင်းထန်တဲ့ အရေးယူမှု လုပ်ပေးဖို့ ဆိုတဲ့ဥစ္စာကို တောင်းဆိုထားပါတယ်။

စစ်တပ်ကနေပြီး မတရား သတ်ဖြတ်နေတာတွေကနေ ကာကွယ်ပေးဖို့မှာ နိုင်ငံတကာအနေနဲ့ တာဝန်ရှိတယ်ဆိုတဲ့ဟာကိုလည်း ကျနော်ထောက်ပြပြီးတော့ ချက်ချင်း အရေးယူပေးဖို့ ဆိုတဲ့ဥစ္စာကို တောင်းဆိုထားပါတယ်။

ကိုဉာဏ်ဝင်းအောင် ။ ။ဟုတ်ကဲ့ခင်ဗျကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ ပတ်သက်လာရင် မြန်မာပြည်သူတွေက အရင်တုန်းက အများကြီး မျှော်လင့်ခဲ့တာတွေ ရှိတာပေါ့လေ။ တကယ်တမ်းကျတော့ ဘာမှ ထိထိရောက်ရောက် ဖြစ်လာတာမျိုး မရှိတဲ့အခါကျတော့ လူတွေအတော်များများမှာ စိတ်ပျက်နေတာတွေ တွေ့ရပါတယ်။ ဒီအပေါ်မှာ မြန်မာပြည်သူတွေကို သံအမတ်ကြီးအနေနဲ့ ဘယ်လိုသတင်းစကားမျိုး ပြောကြားလိုတာ ရှိပါသလဲ။

သံအမတ်ကြီး ဦးကျော်မိုးထွန်း ။ ။ဟုတ်ကဲ့ ကျေးဇူးပါ ၊ ကုလသမဂ္ဂ အထူးသဖြင့်ပေါ့နော် လုံခြုံရေးကောင်စီရဲ့ လုပ်ပုံကိုင်ပုံ သွားနေတဲ့ လမ်းကြောင်းကိုတော့ အတိုင်းအတာ တခုထိ နားလည်ဖို့တော့ လိုတာပေါ့နော်။ ဘာလို့လည်းဆိုတော့ တချို့ ဥစ္စာတွေမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က လုပ်ချင်ပေမယ့်လည်း လုပ်လို့ မရတဲ့ဟာတွေ ရှိတာပေါ့နော်၊ အကန့်အသတ်တွေ ရှိတယ်။ လုံခြုံရေးကောင်စီအနေနဲ့ ဆုံးဖြတ်ချက် အဆိုတခုခု ချမှပဲ လက်တွေ့အရေးယူမှုတွေ လုပ်နိုင်တဲ့ အနေအထားမျိုး ရှိပါတယ်။ ခုတော့ လုံခြုံရေးကောင်စီ အနေနဲ့ မြန်မာပြည်နဲ့ပတ်သက်လို့ ကြေညာချက် ၂ စောင် ထုတ်ခဲ့ပြီးပြီ။ Presidential Statement ဥက္ကဌရဲ့ကြေညာချက် တခု ထုတ်ပြီးပြီပေါ့နော်။

ဒါတွေကို ထုတ်နိုင်ခြင်းကလည်း အားလုံးသဘောတူညီချက်နဲ့ ထုတ်လို့ရတဲ့ဟာတွေ ဖြစ်တဲ့အတွက်ကြောင့် တဖက်ကပြန်ကြည့်ရင်တော့ ဒါက လုံခြုံကောင်စီအနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ Unified Voice တညီတညွတ်ထဲ တသံထဲ ရှိတယ်ဆိုတာတော့ ပြောလို့ရပါတယ်။ ဒါကြောင့် အဲဒီထဲမှာပါတဲ့ အချက်အလက်တွေကတော့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဆောင်ရွက်ရမယ့် Legal Obligation (မဖြစ်မနေ လုပ်ဆောင်ရမယ့် တာဝန်မျိုး) မရှိပေမယ့် ၊ Moral Obligation (ကိုယ်ကျင့်တရားအရ တာဝန်ရှိမှု) မျိုးတော့ ရှိလာတာပေါ့။

တချိန်ထဲမှာပဲ အဲဒီကြေညာချက်တွေထဲမှာပါတဲ့ အချက်တွေကတော့ ကျနော်တို့ လိုချင်တဲ့ အနေအထားမျိုးတော့ မရှိသေးပါဘူးခင်ဗျ။ ဒါကြောင့် ကျနော်တို့ ပြည်သူတွေအနေနဲ့ အားမလိုအားမရ ဖြစ်နေတယ်ဆိုတဲ့ဥစ္စာကလည်း ဖြစ်သင့်တဲ့ကိစ္စပါ။ တချိန်ထဲမှာပဲ ကျနော်တို့အနေနဲ့ ကိုယ်လိုချင်တဲ့ဟာကို မရသေးလို့ လက်လျှော့လိုက်မယ် ဆိုတဲ့ဟာကတော့ မလုပ်သင့်သေးပါဘူးခင်ဗျ၊ ကျနော်တို့ကနိုင်ငံတကာနဲ့ ဆက်နွှယ်လုပ်နေရတဲ့ အပိုင်းဖြစ်တဲ့အတွက်ကြောင့် တဦးတယောက်ထဲ ဆုံးဖြတ်လို့ မရတဲ့ဥစ္စာ ဖြစ်နေပါတယ်။

ဒါကြောင့် ကျနော်တို့ လိုချင်တာအတွက် ဆက်လက်တိုက်ပွဲ ဝင်သွားဖို့ လိုပါမယ်။ ဒါကြောင့် Action အရေးယူဆောင်ရွက်မှုတွေ ချက်ချင်းလုပ်ပေးဖို့ ၊ အမြန်ဆုံးလုပ်ပေးဖို့ ဆိုတာကို ကျနော်တို့ တိုက်တွန်းနေရတာပါ။

ကိုဉာဏ်ဝင်းအောင် ။ ။သံအမတ်ကြီး ကျေးဇူးအများကြီး တင်ပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်း ။ ။ဟုတ်ကဲ့ ရပါတယ်ခင်ဗျ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG