သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုလအထူးကိုယ္စားလွယ္ ထိုင္းႏိုင္ငံေရာက္


ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္ Christine Schraner Burgener

{{Zawgyi/Unicode}}

ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schraner Burgener က ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ေတာ္ကို ဒီကေန႔ သူေရာက္သြားၿပီျဖစ္တဲ့အေၾကာင္း တြစ္တာမွာ ေရးပါတယ္။

ျမန္မာအာဏာသိမ္း စစ္ေကာင္စီဘက္က သူ႔ကိုလက္ခံဖို႔ အဆင္သင့္မျဖစ္ေသးဘူးလို႔ မေန႔က ေျပာထားတဲ့အေပၚ စိတ္မေကာင္းျဖစ္ရတယ္လို႔လည္း ေရးပါတယ္။ သူ႔အေနနဲ႔ ေနျပည္ေတာ္ကို အခ်ိန္မေ႐ြးသြားႏိုင္တဲ့အေၾကာင္းနဲ႔ အဆင္သင့္ပါပဲလို႔ေျပာပါတယ္။

ေတြ႕ဆုံေဆြးေႏြးျခင္းက အၾကမ္းဖက္နည္းလမ္းထက္ ပိုၿပီးသာလြန္ေကာင္းမြန္ပါတယ္၊ အၾကမ္းဖက္မႈဆိုတာ ေရရွည္တည္တံ့တဲ့ၿငိမ္းခ်မ္းေရးအေျဖကို ဘယ္ေသာအခါမွ မေပးႏိုင္ပါဘူးလို႔ အထူးသံတမန္က ေရးထားပါတယ္။

အထူးကိုယ္စားလွယ္ Christine Burgener ဟာ ျမန္မာ့အေရး အာဆီယံႏိုင္ငံေတြအျပင္ တ႐ုတ္ႏိုင္ငံနဲ႔ပါ ေတြ႕ဆုံေဆြးေႏြးဖို႔ရွိၿပီး ဒါဟာျဖင့္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ စစ္အာဏာသိမ္းၿပီးကတည္းကဆိုရင္ သူ႔ရဲ႕ ေဒသတြင္း ပထမဆုံးခရီးစဥ္ျဖစ္ပါတယ္။

..............................................

{{Unicode}}

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ကို ဒီကနေ့ သူရောက်သွားပြီဖြစ်တဲ့အကြောင်း တွစ်တာမှာ ရေးပါတယ်။

မြန်မာအာဏာသိမ်း စစ်ကောင်စီဘက်က သူ့ကိုလက်ခံဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ မနေ့က ပြောထားတဲ့အပေါ် စိတ်မကောင်းဖြစ်ရတယ်လို့လည်း ရေးပါတယ်။ သူ့အနေနဲ့ နေပြည်တော်ကို အချိန်မရွေးသွားနိုင်တဲ့အကြောင်းနဲ့ အဆင်သင့်ပါပဲလို့ပြောပါတယ်။

တွေ့ဆုံဆွေးနွေးခြင်းက အကြမ်းဖက်နည်းလမ်းထက် ပိုပြီးသာလွန်ကောင်းမွန်ပါတယ်၊ အကြမ်းဖက်မှုဆိုတာ ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးအဖြေကို ဘယ်သောအခါမှ မပေးနိုင်ပါဘူးလို့ အထူးသံတမန်က ရေးထားပါတယ်။

အထူးကိုယ်စားလှယ် Christine Burgener ဟာ မြန်မာ့အရေး အာဆီယံနိုင်ငံတွေအပြင် တရုတ်နိုင်ငံနဲ့ပါ တွေ့ဆုံဆွေးနွေးဖို့ရှိပြီး ဒါဟာဖြင့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်အာဏာသိမ်းပြီးကတည်းကဆိုရင် သူ့ရဲ့ ဒေသတွင်း ပထမဆုံးခရီးစဉ်ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG